25 w - Translate

Diwali Decoration Ideas 🪔

image
25 w - Translate

Diwali Decoration Ideas 🪔

image
25 w - Translate

Diwali Decoration Ideas 🪔

image
25 w - Translate

Diwali Decoration Ideas 🪔

image
25 w - Translate

Diwali Decoration Ideas 🪔

image
25 w - Translate

Diwali Decoration Ideas 🪔

image
25 w - Translate

Diwali Decoration Ideas 🪔

imageimage
+7
25 w - Translate

စားအုန်းဆီများ စျေးသက်သက်သာသာဖြင့် အိမ်အရောက်ပို့စနစ်ဖြင့် မှာယူနိုင်

စားသုံးသူပြည်သူများအနေဖြင့် စားအုန်းဆီကို စျေးသက်သက်သာသာဖြင့် အိမ်အရောက်ပို့စနစ်ဖြင့် မှာယူနိုင်ကြောင်း မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းထံမှသိရသည်။

ယင်းသို့ ပို့ဆောင်ရာတွင် တိုက်ကြီး၊ လှည်းကူး၊ မှော်ဘီ၊ သန်လျင်၊ တွံ့တေးခရိုင်များထဲမှ အဝေးဆုံးမြို့နယ်များအတွက် သယ်ယူပို့ဆောင်ခအပါအဝင် စုစုပေါင်းကျသင့်ငွေ (၂၃၆၀၀)ကျပ်သာ ကျသင့်မည်ဖြစ်ပြီး ကျန်မြို့နယ်များအတွက် စုစုပေါင်း(၂၃၁၀၀)ကျပ်ဖြင့် အိမ်အရောက်ပို့ဆောင်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ် (၄၄) မြို့နယ်ကိုပို့ဆောင်ပေးနေပြီး ယခုတစ်ပတ် အောက်တိုဘာလ (၂၈) ရက်မှ နိုဝင်ဘာလ (၂) ရက်အထိ ပို့ဆောင်ပေးနေကြောင်း သိရသည်။

မှာယူလိုပါက ဖုန်းနံပါတ် ၀၁-၄၇၀၅၅၆၆၊၀၉-၇၇၁၀၀၂၇၂၂၊၀၁-၄၇၀၆၇၂ သို့ ဆက်သွယ်မှာယူနိုင်ကြောင်း သိရသည်။

image
25 w - Translate

လာမည့်နှစ်တွင် YPS ကတ်များကို Mobile Money Application များမှတစ်ဆင့် ငွေဖြည့်သွင်းနိုင်မည်

YPS ကတ်များကို KBZ Pay ၊ Wave Money စသည့် Mobile Money Application များမှတစ်ဆင့် ငွေဖြည့်သွင်းနိုင်ရန် လာမည့် ၂၀၂၅ ခုနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း Asia Starmar Transport Intelligent ကုမ္ပဏီလီမိတက်ထံမှ သိရသည်။

YPS ကတ်စနစ်ကို YBS ယာဉ်လိုင်းများ၌ ယာဉ်စီးခပေးချေရာတွင် အကြွေပြဿနာမရှိစေရန် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ယခုအခါ ခရီးသည်များ ယာဉ်စီးခပေးချေရာတွင် ပိုမိုအဆင်ပြေစေနိုင်ရန်အတွက် YPS ကတ်စနစ်အပြင် QR Code စနစ်ကိုပါ ပြုလုပ်ပေးထားပြီး လက်ရှိတွင် YPS ကတ်အား တစ်လသုံးပြုသူ (၂၃၀၀၀၀) ကျော်နှင့် QR Code စနစ် အသုံးပြုသူ (၂၀၀၀) ကျော်ရှိကြောင်း သိရသည်။

သို့သော် ခရီးသည်အများစုသည် YPS ကတ်စနစ်ကိုအသုံးပြုမှုများလာ‌သော်လည်း ယာဉ်လိုင်းအချို့သည် စက်များကိုပိတ်ထား၍ ယာဉ်စီးခကောက်ခံနေမှုများရှိနေသည့်အတွက် YRTC ထံသို့ ယာဉ်နံပါတ်နှင့်တကွတိုင်ကြားရန် အသိပေးထားသည်။

image
25 w - Translate

အယ်နာဆာအသင်း လိဂ်ဖလားပြိုင်ပွဲမှ ထွက်ခဲ့ရ
-------------------
အောက်တိုဘာလ(၂၉)ရက်နေ့က ကစားခဲ့တဲ့ အယ်နာဆာအသင်းနဲ့ အယ်တာဝန်အသင်းတို့ရဲ့ လိဂ်ဖလား (၁၆) သင်း ရှုံးထွက်ပွဲစဉ်မှာ အယ်နာဆာအသင်းက ရှုံးနိမ့်ခဲ့တာကြောင့် ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါတယ်။ အယ်နာဆာ အသင်းဟာ အယ်တာဝန်အသင်းကို အိမ်ကွင်းမှာ ဖိအားပေးကစားနိုင်ခဲ့ပေမယ့်လည်း နောက်ကျဂိုးပေးခဲ့ရတာ ကြောင့် (၁)ဂိုး၊ ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တာပါ။

ရော်နယ်ဒို ဦးဆောင်လာတဲ့ အယ်နာဆာအသင်းရဲ့ ပွဲထွက်စာရင်းမှာ မာနေး မပါဝင်လာခဲ့ပေမယ့် အသင်းရဲ့ အဓိက ကစားသမားတွေကို အသုံးပြုလာခဲ့တာကို တွေ့ရပါတယ်။ ဒီပွဲစဉ်မှာ အယ်နာဆာအသင်းရဲ့ ဖိအားပေး ကစားလာတာကို အယ်တာဝန်အသင်းက ဂိုးမပေးရအောင် အကောင်းဆုံး ကစားနိုင်ခဲ့ပြီး အယ်တာဝန် အသင်း အတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို ပွဲချိန်(၇၁)မိနစ်မှာ အယ်အာမက်က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ပွဲချိန်မိနစ်(၉၀)ပြည့်လို့ နာကျင်အချိန်ပို (၆)မိနစ်မှာ အယ်နာဆာ အသင်းက ပင်နယ်တီရခဲ့ပေမယ့် တိုက်စစ်မှူး ရော်နယ်ဒိုက ဂိုးအဖြစ်မပြောင်းလဲနိုင်ခဲ့တာကြောင့် ပွဲအပြီးမှာ အယ်တာဝန်အသင်းက အနိုင်ရခဲ့တာဖြစ်ပါတယ်။ အယ်နာဆာအသင်းဟာ ပြီးခဲ့တဲ့ရာသီက လိဂ်ဖလားပြိုင်ပွဲမှာ ဗိုလ်လုပွဲထိ တက်ရောက်နိုင်ခဲ့ပေမယ့် အခုဘောလုံး ရာသီမှာတော့ (၁၆)သင်းရှုံးထွက်အဆင့်မှာတင် ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာလည်း ဖြစ်ပါတယ်။

image