Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
Cristiano Ronaldo:
“ကျွန်တော် Real Madrid မှာရှိခဲ့ရင် Mbappé ကို နံပါတ် ၉ တာဝန်မှာ ဘယ်လိုကစားရမလဲ လေ့ကျင့်ပေးခဲ့မှာပါ။”
“သူ့အတွက် ခက်ခဲတာက သူ Striker တစ်ဦးလို မကစားတတ်ဘူးဆိုတာပါ။ ကျွန်ုပ်ထင်တဲ့အရ Striker ဖြစ်ဖို့ မသင့်တော်ပါဘူး။”
“ကျွန်တော် Striker မဟုတ်ပေမယ့် Striker အနေနဲ့ ကစားတတ်ခဲ့တယ်။ ကျွန်ုပ် Wing မှာလည်းရှိခဲ့တယ်။ လူတွေက Cristiano ဘာကြောင့် ဂိုး များများ သွင်းနိုင်လဲဆိုတာ မမြင်ကြဘူး။ ကျွန်တော် Striker တစ်ဦး ဖြစ်ပေမယ့် တကယ့် Striker တစ်ဦး မဟုတ်ပါဘူး။”
“Mbappé ဟာလည်း ဒီအတိုင်းပဲ လုပ်ဖို့ လိုပါတယ်။ Striker တစ်ဦး ဖြစ်ဖို့ မဟုတ်ပဲ တကယ့် Striker တစ်ဦး မဖြစ်ပဲ ကစားနိုင်ရမယ်။”
ဒါကတော့ Cristiano Ronaldo က Real Madrid ပရိတ်သတ်တွေက်ို Mbappé အပေါ်စိတ်ရှည်ရှည် ထားပြီး မဝေဖန်ကြဖို့ပြောြကားခဲ့တာပါ။
"မျက်နှာနဲ့ ရယ်ပြီး"
"စိတ်နဲ့ ငိုတဲ့ အခါ"
"အဆင်ပြေနေတယ်" လို့
လူတိုင်းက ထင်ကြတယ်.........
#poem(siren)
မိုးအေးအေးနဲ့ လိုက်ဖက်တဲ့ ဟင်းတစ်ခွက်
ကြက်ဗူးရခိုင်ချက်
ကြက်သွန်ဖြူနီ၊ ဂျင်း၊ ငရုတ်သီးကိုထောင်းပြီး ဆီသပ်
ဆနွင်းလုံးထားတဲ့ကြက်သားထည့်
ရေ ထည့်ပြီးတည်ပါ
တစ်ရေခမ်းပြီဆိုမှ ရေ ဗူးသီး၊
ငရုတ်ကောင်း၊ ဆား၊ အချိုမှုန့် ထည့်ပြီးချက်ပါ
အချဉ်ကြိုက်ရင် မန်းကျီးရည်ထည့်ပါ။
#crd
February 15 ရက်နေ့ Myanmar Plaza ( 4th Floor Outdoor Area ) မှာ ကျင်းပပြုလုပ်သွားမယ့် 𝐏𝐥𝐞𝐚𝐬𝐢𝐧𝐠 𝐒𝐞𝐧𝐬𝐞𝐬 𝐁𝐚𝐬𝐬 𝐌𝐮𝐬𝐢𝐜 𝐅𝐞𝐬𝐭𝐢𝐯𝐚𝐥 ရဲ့ အခင်းအကျင်း Preview ကို ဖော်ပြပေးလိုက်ပါတယ်။
A new chapter in bass music is about to unfold.
Here’s a first look at what’s coming❗️
The energy, the chaos, and moments you’ll never forget— brought to life by the stage design from Art of Nature
Are you ready? 🚀
For more info: page messenger 📥
📍Venue : Myanmar Plaza 4th Floor
(Outdoor Garden Area)
Door Open : 030 pm
#pleasingsenses #festival #yangon
#echo
ဝက်ကောက်ညှင်း၊ ကြက်ကောက်ညှင်း
ထမင်းပေါင်းအိုး နဲ့ချက်နည်းလေးကိုမျှဝေပေးလိုက်ပါတယ်
၁။ကောက်ညှင်းဆန်(ထမင်းပေါင်းအိုးခွက်၂ခွက်)ကို ည တစ်ညရေစိမ်ထားရပါမယ်။
၂ ။ကြက်ဥ (၃)လုံးပြုတ်ပါမယ်။ကြက်ဥပြုတ်ပါတ်လည်မှာဒါးနဲ့အရာသေးသေးလှီးထားပါ။
၃။ဝက်ခြေထောက်/ကြက်ပေါင်လုံးသား ကို Vinegar နဲ့ဆေးပါတယ်။ ဆား/သကြား(brown Sugar)/တရုတ်မဆလာ အနည်းငယ်၊seasoning sauce ၊ပဲငန်ပြာရည်အကြည်အနည်းငယ်တို့နဲ့သမအောင်ရောမွှေပြီး(၁၅)မိနစ်နှပ်ထားပါ။
၄။Pressure Cooker နဲ့(၃၅)မိနစ်ပိုပိုပေါင်းပြီး အပူရှိန်ကျန်နေသေးတဲ့ဝက်ပေါင်းရည်ထဲကြက်ဥပြုတ်တွေထည့်ပြီးအဖုံးပြန်အုပ်ထားပါ။ ပြုတ်ရည် အရသာနဲ့ကြက်ဥ လည်းပြုတ်ရည်အရောင်ဖြစ်လာပါတယ်။
၅။ဝက်သားတုံးကိုဆယ်ပြီးအရိုးထုတ်ထားရပါမယ်။ကြက်ဥပြုတ်ကိုလည်း ထက်ခြမ်းခွဲထားရပါမယ်။
၆။ Rice Cooker ထဲ တစ်ည ရေစိမ်ထားတဲ့ ကောက်ညှင်းဆန်ထည့်ပြီး ဝက် ပေါင်းရည် ထမင်းပေါင်းအိုးခွက် (၃)ခွက်ထည့်ပါမယ်။
မိမိသုံးတဲ့ကောက်ညှင်းဆန်ပေါ်မူတည်ပြီး အတိုး/အဆုတ်လုပ်ရပါမယ်။
၇။ ဆူပွက်လာရင်မိမိနှစ်သက်သည့်အစေ့အဆံ၊ပါးပါးလှီးထားတဲ့ဝက်အူချောင်းထည့် မွှေပေးရပါမယ်။ အရိုးထုတ်ထားတဲ့ဝက်သားပေါင်း အနေတော်အရွယ်၊ခြမ်းထားတဲ့ကြက်ဥပြုတ်တလုံးပါထည့်ပြီးခလုတ်တက်လာရင်ကျက်ပါပြီ။အပူရှိန်အကျန်နဲ့ဆက်ထားပေးပြီး သေချာနပ်သွားရင်စားလို့ရပါပြီ😋😋
😋ကြက်သားနဲ့လည်းထိုနည်းတူစွာလုပ်လို့ရပါတယ်နော်
ကြက်ကောက်ညှင်း
ဝက်ကောက်ညှင်း
Project Dorathy (2018) ✅
ဂျိမ်းစ်နဲ့ဘလိတ်ခ်တိုဟာ ဓားပြတိုက်ပြီး ထွက်ရာမှာ ရဲတွေဆီကလွတ်အောင်ပုန်းဖိုလိုအပ်လာပါတယ်။ အသက်ကြီးနေပြီဖြစ်တဲ့ ဂျိမ်းစ်ရဲ့ခြေထောက်မှာလည်း သေနတ်မှန်ထားတာကြောင့် အဆောက်အအုံပျက်ကြီးတစ်ခုမှာ ပုန်းဖိုဝင်လိုက်ပါတယ်။အဆောက်အအုံထဲကိုဝင်သွားတာ ဖြစ်နိုင်ကြောင်း စခန်းကိုအစီရင်ခံတဲ့အခါ အဲ့ဒီအဆောက်အအုံဟာ ကန့်သတ်နယ်မြေဖြစ်တာကြောင့် ဝင်မသွားဖို ရဲတပ်သားကို သတိပေးဟန့်တားပါတယ်။
ဒါကြောင့် အဲ့ရဲလည်း လှည့်ပြန်လာခဲ့ပါတယ်။ဘာမှမသိဘဲ အထဲကိုဝင်သွားခဲ့တဲ့ သူတိုကရော အဆောက်အအုံကြီးထဲမှာဘာတွေနဲ့ရင်ဆိုင်ရမလဲ။အဆောက်အအုံကြီးကို ဘာလိုကန့်သတ်နယ်မြေအဖြစ် သတ်မှတ်ထားတာလဲဆိုတာ ကြည့်ရှုလိုက်ရအောင်ပါ။
{ဆေးဘက်ဝင်မှန်းတော့သိတယ် အဲလောက်
အကျိုးကျေးဇူးကြီးမှန်းမသိခဲ့}
ကြောင်လျှာပင် (Indian Trumpet Flower , Raw Material , Oroxylum indicun Vent ,
Bignoniaceae)။ မြန်မာ့တိုင်ရင်းဆေးပညာ အသစ် တဖန် ပြန်လည် ထွန်းကားပါစေသော်။
ကြောင်လေးပင် မြွေနှင့် အဆိပ်မျိုးမျိုး နိုင်နင်းသော ဆေး ဖော်စပ်ရာ၌ အသုံးပြု ကြောင် တစ်ကောင် ခေါ်သည့် ကြောင်လျှာရွက်
(က) ကြောင်လျှာအခေါက်အမှုန့်ပြု ၍ ချင်း(ဂျင်း)ရည် ၊ ပျားရည်တို့နှင့် ရောစပ်လျက်
သောက်သော် ပန်းနာ ချောင်းဆိုးရောဂါ ပျောက်၏
(ခ) အခေါက်မှုန့်ကို ရေနွေးတွင် ၂ နာရီခန့်စိမ်၍ စစ်ပြီး နံနက် ည သောက်သော်
အစာမကြေရောဂါ ပျောက်၏
(ဂ) ကြောင်လျှာခေါက် ကို ရေစိမ်၍ ၎င်းရေနှင့် ပလုတ်ကျင်း ပေးသော် ခံတွင်း ခြောက်
ကွဲနာ ပျောက်ပါတယ်
(ဃ) သားဖွားပြီး နာကျင်ကိုက်ခဲသည့်ရောဂါ ၊ ခေါင်းတစ်ခြမ်း
ကိုက်ရောဂါများအတွက်လည်း ကြောင်လျှာခေါက်ကို သုံးနိုင်သေးသည်။
(င) အမြစ်ခေါက်ကို အဆစ်အမျက်ရောဂါဖျားရောဂါ ၊ ၀မ်းဖော ၊ ၀မ်းရောင် ၊
၀မ်းကိုက်ရောဂါများအတွက် အသုံးပြု၏
(စ) ကြောင်လျှာရွက် ညှစ်ရေကို သောက်သော် ဘိန်းဆိပ်သင့် ခြင်း ပျောက်၏
(ဆ) ကြောင်လျှာရွက်ပြုတ်တို့စားက ၀မ်းမီးကောင်း၏။ နားအူ နားကိုက်ကောင်း၏
(ဇ) ကြောင်လျှာ အသီးကို ပြုတ်၍ လည်းကောင်း ၊ ဖုတ်၍ လည်းကောင်းစားခြင်းဖြင့်
အစာမကြေရောဂါ ၊ လည်ပင်းကြီးရောဂါ ၊ သရိုက်ရောဂါ ပျောက်၏။ သုပ်စားခြင်းဖြင့်
လည်ချောင်းတွင်း အပူဖုပေါက်သောရောဂါ ပျောက်သည်။
(စျ) ကြောင်လျှာသီး နှင့် ကြက်သား ရော ချက်စားပါက ပန်းနာရင်ကြပ်ရောဂါ ပျောက်၏
(ည) ကြောင်လျှာသီး နှင့် ငါးရံ့ဖြင့်ချက်စားပါက ကာလ၀မ်းရောဂါပျောက်၏ ။ အားကို
ဖြစ်စေပြီး အစာမကြေရောဂါ ၀မ်းပျက်ရောဂါပျောက်၏။
(ဋ) ကြောင်လျှာသီး နှင့် ပုစွန် ချက်စားက နှလုံးလေရိုက်ရောဂါ ၊ နှလုံးတုန် ၊ ရင်တုန်ရောဂါ
ပျောက်၏။
(ဌ) ကြောင်လျှာသီး နှင့် ငါးသလောက် ချက်စားက အဖောရောဂါကို ကျစေ၍ လူကို
၀ဖြိုးစေပြီး နှလုံးအားနည်းခြင်း ကို ပျောက်စေသည်။
(ဍ) ကြောင်လျှာသီး နှင့် ငါးမြွေထိုး ချက်စားက ဒူလာသွေး၀မ်း မီးယပ်သွေး၀မ်း နှင့်
မြင်းသရိုက် ရောဂါတို့ကို ပျောက်ကင်းစေ၏။
(ဎ) ကြောင်လျှာ အမြစ်ကိုသွေး၍ လိမ်းပေးခြင်းဖြင့် အနာ၀င် မန်းလိုက်ခြင်း
ပျောက်ကင်းသည်
(ဏ) ကြောင်လျှာသီးကို (၇) ရက် နှစ်ခါ စားသော် သုတ်ခွန်အား တိုးပွားစေ၏၊
ဒေါသသုံးပါးကို ငြိမ်းစေ၏
(တ) ကြောင်လျှာ အခေါက်အမြစ် တို့ကို သွေးလိမ်းသော် လေဖြတ်လေငန်း တခြမ်းသေ၊
တပိုင်းသေ၊ သွေးမလျှောက် လေမလျှောက်၊ ထုံနာကျင်နာ၊ ချိနဲ့သောသူများ
သက်သာပျောက်ကင်း၏။
(ထ) ကြောင်လျှာခေါက် ၆ ရွေးသား၊ ချင်းခြောက် ၆ ဆရွးသား၊ ထန်းလျက် ၁၂
ရွေးသားတို့ကိုရော၍ အလုံး သုံးလုံးရအောင် လုံး၍ နံနက် နေ့ ည ဒသမှုပြုတ်ရည်နှင့်
သောက်သော် သားဖွားမီးယပ်ရောဂါဖြစ်သည့် အမျိုး သမီးများသားဖွားပြီးနောက် ၄-၅-၆
ရက်တိုင်အောင် ကြောက်မက်ဖွယ်ကောင်းသည့် ကိုက်ခဲနာကျင်ခြင်းတို့ကို
အံ့သြဖွယ်ကောင်းအောင် ပျောက်ကင်းသည်။
(ဒ) ကြောင်လျှာခေါက်ကို အမှုန့်ပြု၍ ချင်း (ဂျင်း)သတ္ထုရည်နှင့်လည်းကောင်း၊ ပျားရည်နှင့်
လည်းကောင်း၊ ရောစပ်၍ လျက်စားသော် ပန်းနာချောင်းဆိုးရောဂါသည် ပျောက်ကင်း၏။
(ဓ) ကြောင်လျှာခေါက်ရေနှင့် စပ်၍ နွားနို့၊ ပဲစင်းငုံရွက် သတ္ထုရည်ရောပြီး ရှူပေးခဲ့သော်
ခေါင်းတစ်ခြမ်းကိုက်ရောဂါ ပျောက်ကင်း၏
(န) ကြောင်လျှာ အခေါက်မှုန့်ကို ရေနွေးတွင် နှစ်နာရီကြာမျှ စိမ်၍စစ်ပြီးနောက်
တစ်ကြိမ်လျှင် ၁ ကျပ်သားမျှ နံနက်ည သောက်ခဲ့သော် ၀မ်းမီးနုံ့ခြင်းကြောင့်ဖြစ်သော
အစာမကြေရောဂါ ပျောက်ကင်း၏
(ပ) ကြောင်လျှာရွက် သတ္ထုရည်ကို တိုက်သော်ဘိန်းဆိပ်သင့်သူများ
သက်သာပျောက်ကင်းသည်
(ဖ) ကြောင်လျှာရွက်ကို သို့မဟုတ် ကြောင်လျှာခေါက်ကို ရေနှင့်စိမ်၍ ၎င်းရေကို
ပလုတ်ကျင်းပေးခဲ့သော် ခံတွင်းခြောက်ကွဲနာ ပျောက်ကင်း၏။
(ဗ) ကြောင်လျှာပွင့်ကို သုတ်စားခြင်း၊ ရေနွေးဖျောြပီး တို့ပြုတ်စားခြင်း ဖြင့် နှုတ်မမြိန်နာ အတွက် ပျောက်ကင်း ၏
🕊❤️ညာဏ်ကြွယ်
#credit