Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
နှစ်ဘဝကလဲ့စားဇာတ်ကားနဲ့ ပုရိသတို့အသည်းစွဲဖြစ်ခဲ့တဲ့ မင်းသမီး Shruti Haasanပါဝင်တဲ့ဇာတ်ကားအသစ်စက်စက်လေး ထွက်ရှိလာပါပြီ။ ဘက်ဂျက်၅ဆလောက်ကိုပြန်မြတ်ခဲ့တဲ့ကားလည်းဖြစ်လို့ ကြည့်ဖြစ်အောင်ကြည့်ဖို့တိုက်တွန်းချင်ပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ ဂျေးနဲ့မီနက်ရှီတို့သားအမိနှစ်ယောက်ဟာ အစ္စတန်ဘူလ်မှာအခြေချနေထိုင်ရင်း ဘဝကို အေးချမ်းစွာဖြတ်သန်းနေတာပါ။ တစ်ရက်မှာတော့ဂျေးတစ်ယောက် သီးချိန်တန်သီး ပွင့်ချိန်တန်ပွင့်ဆိုသလို ချစ်ရတဲ့မိန်းကလေးနဲ့အိမ်ထောင်တစ်ခုထူထောင်ဖို့ ဖြစ်လာပါတော့တယ်။ အဲဒီအချိန်မှာကိုယ့်ကိုယ်ကိုမိတဆိုးသားလေးလို့ထင်နေခဲ့တဲ့ ဂျေးကို မီနက်ရှီကဖခင်ဖြစ်သူအကြောင်းထုတ်ပြောပြလာပါတော့တယ်။
ဖခင်ဖြစ်သူဟာ စီမာဒေသနဲ့လူထုကို တရားသောနည်းလမ်းနဲ့အုပ်ချုပ်နေပြီး
ရဲစွမ်းသတ္တိနဲ့ပြည့်စုံတဲ့ ဗီရာဆင်းမ်ဟာရတ်ဒီဖြစ်ကြောင်း ဂျေးသိပြီးတဲ့အခါမှာတော့...
ဖခင်ရဲ့ဆန္ဒကို ဘယ်လိုတွေဖြည့်ဆည်းပေးမလဲဆိုတာကို စိတ်ဝင်တစားကြည့်ရှုကြရမှာဖြစ်ပါတယ်
#crd
#storymode
INJURY NEWS: Man United အနေဖြင့် Lizandro Martinez ရာသီကုန်ထိ အနားယူရမည်ဟု စိုးရိမ်နေပြီဖြစ်ကြောင်း သိရှိရသည်။
[men]
#ဘောလုံးသတင်းစုံ
သီလဝါနှင့် ကနောင်မင်းသားအိမ်ရာများမှ အိမ်အခန်းများအား ယာယီနေထိုင်ခွင့်ထုတ်ပေးမည်
ဖေဖော်ဝါရီ ၃
အိမ်ရာချေးငွေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းအဖြစ် ရောင်းချခဲ့သော သီလဝါနှင့် ကနောင်မင်းသားအိမ်ရာများမှ အခန်းများကို ယာယီနေထိုင်ခွင့်ထုတ်ပေးသွားမည်ဟု မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှသိရသည်။
ယခင် ၂၀၂၄ ခုနှစ် ဇွန်လအတွင်းရောင်းချခဲ့သည့် အခန်းများ၏ချေးငွေနှင့်ပတ်သက်သည့်လုပ်ငန်းစဉ်များအား CHID Bank မှတဆင့်ဆောင်ရွက်ပြီးဖြစ်သောကြောင့် အခန်းများအား ယာယီနေထိုင်ခွင့်ထုတ်ပေးသွားမည် ဖြစ်သည်။
" ၂၀၂၄ ခုနှစ်၊ ဇွန် ၂၁ ရက်က ရောင်းချခဲ့ပြီးတဲ့သီလဝါနဲ့ ကနောင်မင်းသားအိမ်ရာအခန်းတွေရဲ့ ချေးငွေနဲ့ပတ်သက်တဲ့လုပ်ငန်းတွေကို CHID Bank ကနေဆောင်ရွက်ပြီးစီးလို့ ဌာနကို အမည်စာရင်းပေးပို့လာတာဖြစ်ပါတယ်။အဲအတွက် အခန်းဝယ်ယူခွင့် ရရှိထားသူတွေကို ယာယီနေထိုင်ခွင့်ပြုပေးသွားမှာဖြစ်ပါတယ်" ဟု မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှအရာရှိတစ်ဦးကပြောသည်။
ယာယီနေထိုင်ခွင့်များကို ဖေဖော်ဝါရီ ၄ ရက်ကနေ ၁၄ ရက်အထိ ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ် ၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှာ ရုံးချိန်အတွင်း ပြုလုပ်ပေးသွားမည်ဟုသိရသည်။
ယာယီနေထိုင်ခွင့်ထုတ်ယူမည့်သူများသည် ကိုယ်တိုင်ထုတ်ယူမည်ဆိုပါက မှတ်ပုံတင်မူရင်းနှင့်မိတ္တူ၊သန်းခေါင်စာရင်းမိတ္တူလိုအပ်ပြီး၊ ကိုယ်စားထုတ်ယူမည်ဆိုပါက ကိုယ်စားလှယ်လွှဲစာမူရင်း၊ ကာယကံရှင်နှင့် ကိုယ်စားလှယ်၏ မှတ်ပုံတင်မူရင်းနှင့်မိတ္တူ၊ သန်းခေါင်စာရင်းမိတ္တူ များပါရှိရမည်ဟုသိရသည်။
အဆိုပါယာယီနေထိုင်ခွင့်အပေါ် အသေးစိတ်စုံစမ်းမည်ဆိုပါက မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၌ ရုံးချိန်အတွင်းဆက်သွယ်မေးမြန်းနိုင်ကြောင်း အသိပေးထုတ်ပြန်ထားသည်။
"L
သီလဝါအိမ်ရာသည် ရန်ကုန်တိုင်းဒသကြီး၊ သန်လျင်မြို့နယ်တွင်တည်ရှိပြီး ကနောင်မင်းသားအိမ်ရာသည် ရန်ကုန်တိုင်းဒေသကြီး၊ဒဂုံမြို့ဆိပ်ကမ်းမြို့နယ်တွင် တည်ရှိသည်။ ယင်းအိမ်ရာတိုက်ခန်းများသည် တစ်ခန်းလျှင် သိန်း ၁၀၀ မှ သိန်း ၁၄၀ ကြား ပေါက်ဈေးဖြင့် နိုင်ငံတော်မှရောင်းချပေးနေခြင်းဖြစ်သည်။
#centralnewsnaypyitaw
သရုပ်ဆောင်တွေရဲ့ လှူဒါန်းမှုဟာ အကယ်ဒမီကြောင့် မဟုတ်ဘူးလို့ ရုပ်ရှင်အစည်းအရုံး ဒုဥက္ကဋ္ဌ ပြော
ဖေဖော်ဝါရီ ၃
လက်ရှိ သရုပ်ဆောင်တွေရဲ့ လှူဒါန်းမှုဟာ အကယ်ဒမီကြောင့် မဟုတ်ဘူးလို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဒုတိယဥက္ကဋ္ဌ ဦးအေးကြူလေးက ပြောပါတယ်။
လက်ရှိမှာ တချို့သော မီဒီယာတွေဟာ “ရုပ်ရှင်ထူးချွန်ဆုပေးကာနီးတွင် ရုပ်ရှင်သရုပ်ဆောင်များ ရုပ်ရှင်အစည်းအရုံးသို့ အပြိုင်အဆိုင်လှူဒါန်းကြ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ပရိသတ်အထင်မှားစရာ၊ အထင်သေးစရာ သတင်းဆိုးတွေကို ဖော်ပြလျက်ရှိတယ်လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး က ထုတ်ပြန် အသိပေးထားပါတယ်။
ဒီအကြောင်းအရာနဲ့ ပတ်သက်လို့ ဦးအေးကြူလေးက “လှူတာက ဆန်၊ ဆီဝေတဲ့ကိစ္စ လှူတာလေ။ အကယ်ဒမီပေးပွဲနဲ့ နည်းနည်းနီးတဲ့အခါကျတော့ လူတွေက အကယ်ဒမီကြောင့် လှူတယ်ဆိုပြီး ပြောနေကြတာ။ တကယ်က လုပ်လို့မှမရတာ။ လှူလည်း သူ့ဘာသာသူ လှူတာပဲရှိတာပဲ။ ကျွန်တော်တို့ဒီဘက်က ဘုတ်အဖွဲ့က ၂၀ ကျော်ရှိတယ်။ အဲဒီ ၂၀ ကျော်မဲနဲ့ သွားတာလေ။ အဲဒီလိုဆိုတော့ ဘယ်သူရမယ်ဆိုတာ ဘုတ်အဖွဲ့ဝင်တွေတောင် မသိဘူး။ သပ်သပ်စီဖြစ်နေတာပေါ့။ အဲဒီတော့ သူတို့ ဒီလိုပြောလိုက်တဲ့အတွက် ရုပ်ရှင်အစည်းအရုံးကို နောက်ပိုင်း လှူမယ့်သူတွေက ဘာပဲဖြစ်ဖြစ် တွန့်သွားတာပေါ့။ အဲဒီအတွက်တော့ မကောင်းဘူး” လို့ ပြောပါတယ်။
ရုပ်ရှင်လောကသားတွေကို ဆန်၊ဆီ၊ ကြက်သွန်နီ၊ ပဲ၊ ငါးသေတ္တာ အစရှိတဲ့ စားသောက်ကုန်တွေကို ဖြန့်ချိ လှူဒါန်းတဲ့အလှူမှာ ထုတ်လုပ်သူတွေ၊ သရုပ်ဆောင်တွေနဲ့ စေတနာရှင်တွေက ရုပ်ရှင်အစည်းအရုံးမှတဆင့် ကူညီ လှူဒါန်းပေးခြင်းဖြစ်ပြီး လက်ရှိ လှူဒါန်းမှုဟာ ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အချိန်နဲ့ တိုက်ဆိုင်သွားခြင်းမျှသာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။
“မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဆိုတာကလည်း ပိုက်ဆံ သီးခြား ရှိတာမှမဟုတ်တာ။ အလှူငွေလေးနဲ့ ရပ်တည်ပြီးတော့ ဆန်၊ ဆီဝေတာ အခုဆို ၁၆ ကြိမ်တောင် ရှိနေပြီ။ အဲဒီလို တခါဝေဖို့ဆိုရင် အခုအချိန်ဆိုရင် ကုန်ကျစရိတ်က သိန်း ၈၀၀ ၊ ၁၀၀၀ ကုန်တာလေ။ အဲဒီလို သုံးလ တခါ ဝေနိုင်ဖို့ဆိုတာ ရေရှည်ကျတော့ တော်တော်ခက်တာ။ မနည်းရုန်းရတာ။ အခုလို အလှူလေးတွေ လာတာနဲ့ဆိုတော့ ရုပ်ရှင်အစည်းအရုံးက စိုက်ရတာ နည်းသွားတဲ့အခါကျတော့ တော်တော်သက်သာတာပေါ့။ အဲဒါမျိုးလေးတွေက နောက်ပိုင်း ကြားထဲမှာ အပိတ်အပင်တွေ ရှိလာလို့ရှိရင် လျော့သွားမှာပေါ့။ အဲဒီအတွက်က ဆုတ်ယုတ်မှုတွေ ဖြစ်လာနိုင်တယ်” လို့ ဦးအေးကြူလေးက ပြောပါတယ်။
မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဟာ အစိုးရမဟုတ်တဲ့ လူမှုရေးအဖွဲ့အစည်းတခုမျှသာဖြစ်ပြီး ရုပ်ရှင်ဖခင်ကြီးတွေ ဦးဆောင် ဖွဲ့စည်းခဲ့တာဟာ ၂၀၂၆ ခုနှစ်၊ မတ်လ ၈ ရက်နေ့မှာ သက်တမ်း (၈၀) ပြည့်မြောက်တော့မှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
အစည်းအရုံး ရေရှည်ရပ်တည်နိုင်ဖို့အတွက် နိုင်ငံတော်အစိုးရ၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းအစိုးရ၊ ဆန်နှင့် ဆီကုန်သည်ကြီးများအသင်းနဲ့ စေတနာရှင်ပုဂ္ဂိုလ်တွေ၊ ရုပ်ရှင်ရုံပိုင်ရှင်တွေ၊ ထုတ်လုပ်သူတွေ၊ သရုပ်ဆောင်တွေရဲ့ ပံ့ပိုးမှုမှ ရရှိတာဖြစ်တယ်လို့ ဆိုပါတယ်။
ရုပ်ရှင်အစည်းအရုံးဟာ အာဏာပိုင်အဖွဲ့အစည်း မဟုတ်တဲ့အတွက် အာဏာလည်းမရှိ၊ လုပ်ပိုင်ခွင့်လည်း နည်းပါးတာကြောင့် ရုပ်ရှင်ထူးချွန်ဆုတွေကိုလည်း မိမိစိတ်၊ မိမိသဘောတခုတည်းနဲ့ ဆုံးဖြတ်ပြီး ပေးဆောင်ခြင်းမျိုးလည်း လုပ်ခွင့်မရှိဘူးလို့ ဆိုပါတယ်။
ဒါကြောင့် တချို့သော မီဒီယာတွေအနေနဲ့ ရုပ်ရှင်အစည်းအရုံးရဲ့ လှူဒါန်းကူညီရေးနဲ့ စည်းရုံးရေးကို ကူညီသောအားဖြင့် သတင်းဆိုး၊ သတင်းမှားတွေကို ဖော်ပြခြင်းမပြုကြဖို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက မေတ္တာရပ်ခံထားပါတယ်။
Photo:CJ
Credit - VOM News Agency
#သတင်းဟင်းလေးအိုးကြီး
ရန်ကုန်မြို့ရဲ့ လေထုညစ်ညမ်းမှု အခြေအနေအဆင့် လျော့ကျသွားပြီ၊ သို့သော် လေထုထဲ ကာဗွန်ဒိုင်အောက်ဆိုဒ် ပါဝင်မှု မြင့်မားနေဆဲ
IQAir ရဲ့ လေထုညစ်ညမ်းမှု အခြေအနေအဆင့် (LIVE Ranking) က ဒီနေ့ (ဖေဖေါ်ဝါရီ ၃ ရက်) နေ့လည် ၂ နာရီမှာ မြန်မာပြည် ရန်ကုန်မြို့ဟာ အဆင့် ၂ မှ ၁၄ သို့ လျော့ကျသွားတာကို တွေ့ရပါတယ်။ AQI Index ကတော့ ၁၆၀ ရှိနေသေးတာကြောင့် လေထုညစ်ညမ်းမှု အခြေအနေကတော့ ရှိနေဆဲပဲ ဖြစ်ပါတယ်။ မနက် ၈ နာရီခွဲအချိန်ခန့်က ရန်ကုန်မြို့ဟာ AQI Index ၂၂၆ နဲ့ အဆိုးဆုံးသော နေ့တနေ့အဖြစ် အဆင့် ၂ နေရာမှာ ရှိနေခဲ့တာပါ။
မင်္ဂလာဒုံ Weather Station က အချက်အလက်တွေအရဆိုရင်တော့ AQI Index 112 နဲ့ လေထုအတွင်း ကာဗွန်ဒိုင်အောက်ဆိုက် CO2 ပါဝင်မှုအခြေအနေတွေက မြင့်မားနေဆဲဖြစ်နေတာ တွေ့ရပါတယ်။
မိုးလေဝသပညာရှင် ဦးဝင်နိုင်
အရှေ့တောင်အာရှ သင်္ချာပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရခဲ့တဲ့ ရခိုင်ကလေးငယ်လေး
#celedia
#rakhineculture