ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
အာချောင်မိလို့ ဖောရက်စ် တဂိုး သွင်းတိုင်း၊ တဆိုင်လုံးကို ဘီယာ တခွက်စီ free တိုက်ခဲ့ရတဲ့ ဆိုင်ပိုင်ရှင်
စနေနေ့က ကစားခဲ့တဲ့ အစောပိုင်း ပရီးမီးယားလိဂ်ပွဲမှာ နော်တင်ဟမ်ဖောရက်စ် အသင်းဟာ ဘရိုက်တန် အသင်းကို ၇ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပြီး၊ ချန်ပီယံလိဂ် မျှော်လင့်ချက် အိပ်မက်ကို ဆက်လက် အသက်သွင်းနိုင်ခဲ့ပါတယ်။
ဖောရက်စ် ပရိသတ်တွေဟာ ဒီနိုင်ပွဲ အပေါ် လုံးဝ နှစ်ထောင်းအားရခဲ့ကြပေမယ့်၊ ‘ The Gedding Inn ‘ လို့ ခေါ်တဲ့ ဘီယာဆိုင် ပိုင်ရှင်ကတော့ အရှုံးပေါ်ခဲ့တယ်ပဲ ဆိုရမှာ ဖြစ်ပါတယ်။
ဖောရက်စ် ပရိသတ် တဦးလည်း ဖြစ်တဲ့ ယင်းဆိုင်ပိုင်ရှင်ဟာ ထိုပွဲမစမီ သူ့ရဲ့ဆိုင်မှာ လာထိုင်ကြတဲ့ customer တိုင်းကို ဖောရက်စ် တဂိုးသွင်းတိုင်း ဘီယာတခွက် free တိုက်မယ်ဆိုပြီး ပရိုမိုးရှင်း ဆင်းခဲ့ပါတယ်။
အဆုံးမှာတော့ ဖောရက်စ်တို့ ၇ဂိုးပြတ်နဲ့ နိုင်ခဲ့တာကြောင့် ထိုဆိုင်ပိုင်ရှင်ဟာ ဘီယာ အခွက် ၃၀၀နီးနီး free တိုက်ခဲ့ရတယ်လို့ သိရပါတယ်။
ဆိုင်ပိုင်ရှင်ရဲ့ ဇနီးဖြစ်သူကတော့ ဖောရက်စ်က ၃ဂိုး ဦးဆောင်နိုင်လိုက်တဲ့အချိန်မှာ ဘီယာ အမုန်းတိုက်ရတော့မယ် ဆိုတာ သိလိုက်ရကြောင်းနဲ့ ပွဲသိမ်းခရာသံ ကြားမှပဲ စိတ်သက်သာရာ ရခဲ့ကြောင်း ဖွင့်ဟခဲ့ပါတယ်။