22 w - Translate

သရုပ်ဆောင် နန်းမြတ်ဖြိုးသင်း ရဲ့ အရမ်း ချစ်စရာကောင်းတဲ့ သမီးလေး ဂျူးဂျူး❤️❤️❤️
#celenews

image

တရုတ်မယားအဖြစ် တရုတ်နိုင်ငံသို့ပို့ဆောင်ရန် စီစဉ်ခဲ့သည့် တရုတ်လူမျိုး(၂)ဦးနှင့် မြန်မာလူမျိုး (၂) ဦးတို့ကို အလုပ်နှင့်ထောင်ဒဏ်များ ချမှတ်

ဖေဖော်ဝါရီ ၃

တရုတ်မယားအဖြစ် တရုတ်နိုင်ငံသို့ ပို့ဆောင်ရန်စီစဉ်ခဲ့သည့် တရုတ်လူမျိုး(၂)ဦး နှင့် မြန်မာလူမျိုး (၂)ဦးတို့ကို အလုပ်နှင့် ထောင်ဒဏ်များ ချမှတ်ခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ရွာကြီးမြောက် ရပ်ကွက်နေ ရွှေနုစိန်နှင့် မိမိခိုင်တို့သည် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နေ အသက် (၂၀)၊ (၂၂) နှင့် (၂၉) နှစ်အရွယ် အမျိုးသမီး(၃)ဦးကို တရုတ်နိုင်ငံတွင် တရုတ်အမျိုးသားနှင့်လက်ထပ်ပါက ငွေကျပ်သိန်း (၇၀) ရရှိမည်ဖြစ်ပြီး ကလေးယူပြီးပါက နေရပ်သို့ပြန်ရမည်၊ ကား၊ ခြံနှင့် နေရမည်ဟု စည်းရုံးပြောဆိုခဲ့ကြောင်း သိရသည်။

ထိုသို့ ပြောဆိုစည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ရန် စီစဉ်ဆောင်ရွက်ခဲ့သဖြင့် စစ်တွေနယ်မြေရဲစခန်းတွင် (ပ) ၂၈/ ၂၀၂၄၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၅/၄၄ ဖြင့် အမှုဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အဆိုပါအမှုအား စစ်တွေခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ ဇန်နဝါရီလ ၂၇ ရက်တွင် တရားခံ ရွှေနုစိန်ကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ(၃၅)အရ အလုပ်နှင့်ထောင်ဒဏ် (၁၅) နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

အလားတူ တရုတ်နိုင်ငံ၊ ရွှေလီမြို့၊ နောင်ငင်ရွာနေ နန်းဆိုင်ခမ်း (ခ) မားမား၊ တရုတ်နိုင်ငံ အန်းဟွေးပြည်နယ်၊ ဖုရန်းမြို့နေ Gao Fengying (ကောင်းဖိန်းရင်)၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ရပ်ကွက်ကြီး (၁) နေ ဇင်သူခိုင်နှင့် မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ သံလျက်မော်တောင်ရပ်ကွက်နေ မေထက်နိုင်ဦး (ခ) ထက်ထက်တို့ (၄) ဦးသည် နေပြည်တော်၊ လယ်ဝေးမြို့နယ်နေ အသက်(၁၉) နှစ်အရွယ် အမျိုးသမီးတစ်ဦးကို တရုတ်နိုင်ငံတွင် တရုတ်မယားအဖြစ် ဆောင်ရွက်ပါက ငွေကျပ်သိန်း (၁၀၀) ရရှိမည်၊ တစ်နှစ်နေပြီးပါက မြန်မာနိုင်ငံသို့ ပြန်လာရမည်။ ကလေးမွေးပေးရမည်ဟု စည်းရုံးပြီး တရုတ်မယားအဖြစ် ပို့ဆောင်ရောင်းစားရန် စီစဉ်ခဲ့ကြောင်း သိရသည်။

ထို့သို့ ပို့ဆောင်ရောင်းစားရန် စီစဉ်ခဲ့မှုကို လေဆိပ်နယ်မြေရဲစခန်းတွင် (ပ) ၂၃/ ၂၀၂၄၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၈ (က)/ ၄၄ ဖြင့် အမှုဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ထို့နောက် အဆိုပါအမှုကို တံတားဦးခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ ဇန်နဝါရီ ၃၀ ရက်တွင် တရားခံ နန်းဆိုင်ခမ်း (ခ) မားမားနှင့် ကောင်းဖိန်းရင်တို့ နှစ်ဦးအား လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၈ (က) အရ အလုပ်နှင့် ထောင်ဒဏ်နှစ် (၂၀) စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်းလည်း သိရသည်။

ထို့အတူ တရုတ်နိုင်ငံ၊ ရွှေလီမြို့၊ နောင်ငင်ရွာနေ နန်းဆိုင်ခမ်း(ခ) မားမား၊ မကွေးတိုင်းဒေသကြီး ဆင်ပေါင်ဝဲမြို့နယ်နေ ချစ်ထူး၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ရပ်ကွက်ကြီး (၁) နေ ဇင်သူခိုင်၊ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ သံလျက်မော်တောင်ရပ်ကွက်နေ မေထက်နိုင်ဦး (ခ) ထက်ထက်နှင့် မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် သံလျက်မော်အရှေ့ရပ်ကွက်နေ ကောင်းထက်ကျော် (ခ) ဖိုးစည်တို့ ငါးဦးသည် ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်နေ အသက်(၂၈) နှစ်အရွယ် အမျိုးသမီး တစ်ဦးနှင့် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံမြို့နယ်နေ အသက် (၂၃) နှစ်အရွယ် အမျိုးသမီး (၂)ဦးကို တရုတ်မယားအဖြစ် ဆောင်ရွက်ပါက ငွေကျပ်သိန်း (၈၀) ရမည်၊ ပတ်စ်ပို့ပြုလုပ်ပေးမည်၊ ခရီးစရိတ်ကုန်ကျခံမည်ဟု ပြောဆိုစည်းရုံးခဲ့ကြောင်း သိရသည်။

#သတင်းဟင်းလေးအိုးကြီး

image

ညနေစောင်းလေးတခုမှာပေါ့😁

image
22 w - Translate

100% horror စစ်စစ် Jessabelle (2014)....
မိခင်ဖြစ်သူ ဆုံးပါးသွားပီးထဲက အိမ်က ထွက်လာခဲ့တဲ့ Jessbelle တစ်ယောက်
အိမ်နဲ့ ဝေးရာ သူမကိုယ်ပိုင် ဘဝမှာ ကောင်းမွန်စွာ နေထိုင်နေခဲ့တယ်
ဒါမဲ့ တစ်နေ့မှာပဲ Jessabelle တစ်ယောက် ဆိုးဝါးတဲ့ ကား accident ဖြစ်ပွားခဲ့ပီး အောက်ပိုင်း လုံးဝ မလှုပ်နိုင်တော့အထိ ဒဏ်ရာ အပြင်းအထန် ရသွားခဲ့တယ်
ဝှီးချဲနဲ့ နေနေရတဲ့ သူမကို ပြုစုမယ့် သူ မရှိတော့ ဖခင်ကြီး ရှိနေတဲ့ သူမ ငယ်ဘဝ အိမ်ကို ပြန်လာခဲ့ရတယ်
Jessabelle တို​့အိမ်ကြီး​က တောစပ်မှာ တည်ရှိနေပီးတော့ ရေကန်ကြီးရဲ​့ တစ်ဖက်မှာ ရှိနေတဲ့ တောကြီးကလဲ ခြောက်ခြားစရာ အပြည့်...
Jessabelle အိမ်ပြန်ရောက်ပီး မကြာခင်မှာပဲ သူမတို​့ အိမ်မှာ ထူးဆန်းတာတွေ ဖြစ်နေတယ်ဆိုတာကို သတိထားမိခဲ့တယ်
ဒီလို သတိထားမိပီး မကြာခင်မှာပဲ သူမအဖေဟာလဲ အဲ့ ထူးဆန်းတဲ့ ပယောဂကြောင့် သေဆုံးသွားခဲ့တယ်
ဒီလိုနဲ့ ဘေးနားမှာ ဘယ်သူမှ မရှိတော့တဲ့ Jessabelle ကို စောင့်ရှောက်ဖို့ ငယ်ဘဝက သူမကို ကြိတ် crush ခဲ့တဲ့ ကောင်​ေလး တစ်ယောက် ​ေရာက်လာခဲ့တယ်
ဝှီးချဲနဲ့ နေနေရတဲ့ Jessabelle အတွက် အိမ်ကြီးထဲက ခြောက်လှန့်မှုတွေက ပိုပိုဆိုးလာခဲ့တယ်
နောက်ပီး နေဝင်ချိန်တိုင်းမှာ Jessabelle တစ်ယောက် မသိုးမသန့် ခံစားနေရတာက ရေကန်ကြီးရဲ့ ဟိုဘက်ကမ်းက စိမ့်ရေတောကြီး...
အဲ့တောကြီးထဲက သူမကို တစ်ခုခုက လှမ်းကြည့်နေတယ်လို့ Jessabelle တစ်ယောက် ခံစားနေရတယ်
သူမရဲ့ ငယ်သူငယ်ချင်း ဖြစ်သူနဲ့ အတူ ရေကန်ကြီးရဲ့ တစ်ဖက်ကမ်းက တောကြီးထဲကို သွားကြည့်လိုက်တဲ့ အခါ တောကြီးထဲမှာ ရှိနေတာတွေက Jessabelle ကို ဘယ်လောက်ထိ ထိတ်လန့်သွားစေမှာလဲ...?
ဒီ ခြောက်လှန့်မှုတွေက အားလုံးက သူမနဲ့ ဘယ်လို ပတ်သတ် ဆက်နွယ်နေတာလဲ ဆိုတာကို Jessabelle တူးဖော်ကြည့်မိတဲ့ အခါ
နောက်ဆုံး သူမ သိလိုက်ရတာကတော့ တကယ်ကို ကျွတ်ဆင်ကြီးလို့ ထအော်ရတဲ့ အထိပဲ...
Jump scare တွေ ပါဝင်နေပေမယ်​့ ဒီကားက insidious နီးပါးကို pure horror vibe ကို ပေးနိုင်တဲ့ ကား ဖြစ်ခဲ့ပါတယ်
Horror ကား ဖြစ်ပေမယ့် မင်းသမီး Sarah Snook ရဲ့ အလှအပတွေကိုလဲ တော်တော်လေး ပေါ်လွင်အောင် ရိုက်ထားတဲ့ ကားလို့ ဆိုရပါမယ်
Horror ကားတွေထဲက Old but Gold ရုပ်ရှင် တစ်ကား အဖြစ် horror ချစ်သူ ပရိတ်သတ်ကြီးအတွက် ညွှန်းဆိုပေးလိုက်ပါတယ်နော်....

image
22 w - Translate

Studio Ghibli ရဲ့နာမည်ကြီးကားတွေကြားထဲမှာ လူသိပ်မသိကြပေမယ့်

ချစ်ဖိုကောင်းပြီး အသစ်အဆန်းဖြစ်တဲ့ ဇာတ်ကားဟောင်းလေးနဲ့ မိတ်ဆက်ပေးပါရစေ။

ဇာတ်လမ်းအကျဥ်းကတော့ တစ်နေ့မှာ ဟရုဆိုတဲ့ အထက်တန်းကျောင်းသူလေးဟာ
ကျောင်းသွားတဲ့လမ်းမှာ လမ်းဖြတ်ကူးနေတဲ့ကြောင်လေးကို ကားတိုက်ခံရမှာကနေ ကယ်ပေးခဲ့ပါတယ်

။ဒါပေမဲ့ သူကယ်ခဲ့တဲ့ကြောင်လေးဟာ စကားပြောတတ်တဲ့အပြင်ကြောင်တိုင်းပြည်ရဲ့အိမ်ရှေ့စံမင်းသားလေးဖြစ်နေပါတော့တယ်။

အဲဒီကနေစလို ဟရုရဲ့နေ့စဥ်ဘဝမှာ ကြောင်တွေနဲ့ပတ်သက်လိုထူးဆန်းဆန်းတွေ စဖြစ်လာပြီး နောက်ဆုံးမှာ ကြောင်တိုင်းပြည်ကို ခေါ်ဆောင်သွားခံရဖို ဖြစ်လာတဲ့အခါမှာတော့…

ဒီဇာတ်လမ်းဟာ Whisper of the heart ရဲ့ MC ဖြစ်တဲ့ Shizuku ရေးခဲ့တဲ့ fiction ဆိုပြီး fan theory လည်းရှိပါတယ်။

အဓိကကတော့ WOTH မှာပါတဲ့ Baron ဆိုတဲ့ကြောင်ရုပ်တုလေးကဒီမှာအသက်ဝင်နေတဲ့အပြင် နာမည်ရော ရုပ်ပါအတူတူပါပဲ။

ဒါ့အပြင် သေချာသတိထားကြည့်ရင် ဒီနှစ်ကားရဲ့ဆက်စပ်နေတဲ့scene တော်တော်များများကိုလည်း တွေ့ရမှာမို

image
22 w - Translate

ဖိုက်တာကြီးရဲ့မိန်းမကိုမှ သွားပြီးပြန်ပေးဆွဲမိသောအခါ..

➪➪➪➪➪➪➪➪➪➪➪➪➪➪

ပရိတ်သတ်တိုရဲ့အချစ်တော်ဆုန်းဂျီဟိုနဲ့လူသန်ကြီးမာဒုံဆော့တိုရဲ့ဇာတ်လမ်းလေးလာပါပြီ။

အိမ်ထောင်မကျခင်အထိလူမိုက်ဆန်ဆန်နေလာခဲ့တဲ့ဂန်ဒုံချောဟာ ကင်ဂျီဆူးဆိုတဲ့နတ်သမီးလေးနဲ့လက်ထပ်ပြီးတဲ့နောက်မှာ တစ်နိုင်စီးပွားရေးလုပ်ပြီးတော့ဘဝကိုအေးအေးဆေးဆေးဖြတ်သန်းခဲ့ပါတယ်။

တစ်နေ့မှာလင်မယားနှစ်ယောက်အလုပ်ကနေအိမ်ကိုအတူတူပြန်လာတော့လမ်းမှာနောက်ကနေဝင်တိုက်တဲ့ကားနဲ့ပြသနာရှင်းရာကနေဘယ်လိုတွေဆက်ဖြစ်မလဲ။ လူမိုက်လောကကနေအနားယူထားတဲ့လူကိုသွားထိမိလိုဘယ်လိုတွေဖြစ်မလဲ။

ချေးငွေလုပ်ငန်းကနေတစ်ဖက်လှည့်နဲ့အမျိုးသမီးတွေကိုအတင်းပြည့်တန်ဆာလုပ်ငန်းလုပ်ခိုင်းတရားမဝင်လူကုန်ကူးနေတဲ့ဂိုဏ်းနဲ့လူမိုက်လောကကနေအနားယူထားတဲ့ဂန်ဒုံချောတိုတွေ့ကြတဲ့အခါဘာတွေဘယ်လိုဆက်ဖြစ်ကြမလဲဆိုတာတော့

လူသန်ကြီးမှာလည်းအသည်းနဲ့ပါဆိုသလိုဇနီးအပေါ်မှာထားတဲ့မေတ္တာကိုလည်းမြင်တွေ့ရမှာပါ။

Comedy အနည်းငယ်ပါဝင်တဲ့ Action ကားကောင်းတစ်ကောင်းဖြစ်ပါတယ်။ လက်မလွှတ်သင့်တဲ့ဇာတ်ကားကောင်းတစ်ကားလိုပြောပါရစေ

image

ဟော

image

伊洛瓦底 ကျောက်ကလပ် 海滩
🏖🏖🌊🌊

image

伊洛瓦底 ကျောက်ကလပ် 海滩
🏖🏖🌊🌊

image

伊洛瓦底 ကျောက်ကလပ် 海滩
🏖🏖🌊🌊

image