Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
အမျိုးသမီးစစ်မှုထမ်းများကို ဆင့်ခေါ်ရန် အစီအစဉ်မရှိသေးကြောင်းနှင့် စစ်မှုထမ်းရန်အကျုံးဝင်သည့် အမျိုးသမီးအသက်များ ဖော်ပြထားမှုကို အခွင့်ကောင်းယူကာ ခြိမ်းခြောက်နေမှုများသာဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောကြား
ဖေဖော်ဝါရီ ၈
အမျိုးသမီးစစ်မှုထမ်းများကို ဆင့်ခေါ်ရန် အစီအစဉ်မရှိသေးကြောင်းနှင့် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် နည်းဥပဒေတို့တွင် စစ်မှုထမ်းရန် အကျုံးဝင်သည့် အမျိုးသမီးများ၏အသက် ဖော်ပြထားမှုအပေါ် အခွင့်ကောင်းယူပြီး ခြိမ်းခြောက်နေမှုများသာဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)၏ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
“ပြည်သူ့စစ်မှုထမ်းဥပဒေမှာရော နည်းဥပဒေမှာရော အမျိုးသမီး အသက်ဘယ်လောက်၊ အမျိုးသားအသက်ဘယ်လောက်ဆိုတာ ပြောခဲ့ပြီးဖြစ်ပါတယ်။ ဒါကိုမူတည် ပြီးတော့ အမျိုးသမီးများကို ခြိမ်းခြောက်နေတာမျိုးတွေရှိကြောင်းလည်း တွေ့ရှိရပါတယ်။ ဒါနဲ့ပတ်သက်ပြီး ကျွန်တော့်အနေနဲ့ အတိအလင်းပြောကြားလိုတာကတော့ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေမှာ အမျိုးသမီးများ စစ်မှုထမ်းရန်အတွက် အကျုံးဝင်သော်လည်း အမျိုးသမီးပြည်သူ့ စစ်မှုထမ်းများကို ဆင့်ခေါ်ရန်အစီအစဉ် မရှိသေးကြောင်း ကျွန်တော့်အနေနဲ့ပြောကြားလိုပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ထို့ပြင် ယင်းအခြေအများအပေါ် ပြည်ဖျက်မီဒီယာများ၊ အကြမ်းဖက်လှုဆော်သူများအနေဖြင့် ပြည်သူလူထုကို ထင်ယောင်ထင်မှားဖြစ်အောင်၊ ကြောက်လန့်အောင် လုပ်ဆောင်လျက်ရှိကြောင်းကိုလည်း တွေ့ရှိရကြောင်း၊ ပြည်သူ့စစ်မှုထမ်းနည်းဥပဒေနှင့်ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် ဖတ်ရှုလေ့လာနိုင်စေရေး ဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ပြည်သူ့စစ်မှုထမ်းနည်းဥပဒေနှင့်ပတ်သက်ပြီး ကာကွယ်ရေဝန်ကြီး၊ ဥပဒေရေးရာဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာနနှင့် Myawaddy Webportal၊ Myanmar National Portal တို့တွင် ဖတ်ရှု့လေ့လာနိုင်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
“ဒါ့အပြင် ပြည်သူ့စစ်မှုထမ်း ကိစ္စတွေနဲ့ပတ်သက်ပြီး ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဆိုင်ရာ ကိစ္စတွေနဲ့စပ်လျဉ်းပြီး စုံစမ်းမေးမြန်းတာတွေ မသမာမှုများနဲ့ပတ်သက်ပြီး တိုင်ကြားခြင်းတွေကို တိကျစွာဆက်သွယ် သတင်းပေးပို့ နိုင်ကြောင်းနှင့် မမှန်မကန်သတင်းပို့ခြင်း၊ တိုင်းကြားခြင်းများပြုလုပ်ပါက ဖော်ထုတ်ပြီး တည်ဆဲဥပဒေများနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း အသိပေးထားတာကို ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဗဟိုအဖွဲ့က ထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်။ ထိုနေရာမှာလည်း Update ပြုလုပ်ပေးထားတဲ့ ဖုန်းနံပါတ်များကို ဖော်ပြထားပြီးဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
Credit - Myanmar Transparency News Agency
#သတင်းဟင်းလေးအိုးကြီး
" မျိုသိပ်စရာတွေများလွန်းလို
ဆွံအသွားတယ်ထင်ပါတယ်
ဒီကာလတွေမှာ
ပျော်အောင်မနေဖြစ်တာကြာပြီ "
#စာတို