ဗဟိုဘဏ်မှ သွင်းကုန်လုပ်ငန်းရှင်များအတွက် ဒေါ်လာ ၂၃ သန်း ရောင်းချပေး၍ ယခုဖေဖော်ဝါရီလအတွင်း ဒေါ်လာ ၄၆ သန်းခွဲကျော် ထုတ်ရောင်းပေးထား

ဖေဖော်ဝါရီ ၈

ဗဟိုဘဏ်မှ သွင်းကုန်လုပ်ငန်းရှင်များအတွက် ဒေါ်လာ ၂၃ သန်းနှင့် တရုတ်ယွမ် ၆၀၀,၀၀၀ ထပ်မံထုတ်ရောင်း‌ပေးခဲ့၍ ယခုဖေဖော်ဝါရီလ တစ်ပတ်အတွင်း ဒေါ်လာ ၄၆ သန်းခွဲကျော် ရောင်းချပေးထားကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ယမန်နေ့တွင် ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

ယခုဖေဖော်ဝါရီလအတွင်း ဗဟိုဘဏ်မှ စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဒေါ်လာ ၂၃ သန်း ထုတ်ရောင်းပေးခဲ့သလို ယခုထပ်မံထုတ်ရောင်းပေးမှုအပါအဝင် ဖေဖော်ဝါရီလ ၃ ရက်မှ ၇ ရက်အထိ တစ်ပတ်အတွင်း ဒေါ်လာ ၄၆ ဒသမ ၆၄၀ သန်းနှင့် တရုတ်ယွမ် ၁ ဒသမ ၉၂၀ သန်း ထုတ်ရောင်းပေးထားသည်။

ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း ဗဟိုဘဏ်မှ စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဒေါ်လာ ၄၅ သန်း သီးသန့်ထုတ်ရောင်းပေးမှုအပါအဝင် စုစုပေါင်းဒေါ်လာ ၁၇၃ သန်းကျော်၊ ထိုင်းဘတ် ၁၄ သန်းနီးပါးနှင့် တရုတ်ယွမ် ၁၅ သန်းကျော်အထိ ထုတ်ရောင်းပေးခဲ့ခြင်းဖြစ်သည်။

ထိုပြင် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင်လည်း ဒေါ်လာ ၁၄၃ သန်းကျော်၊ ထိုင်းဘတ် ၃၂၁ သန်းကျော်နှင့် တရုတ်ယွမ် ၁၁ သန်းနီးပါးအထိ ထုတ်ရောင်းပေးထားသလို ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁ ရက်မှ နိုဝင်ဘာလ ၂၉ ရက်အထိ လေးလအတွင်း ဒေါ်လာ ၃၃၅ သန်းကျော်၊ ထိုင်းဘတ် ၁ ဒသမ ၂၇၄ ဘီလျံကျော်နှင့် တရုတ်ယွမ် ၅၆ သန်းခန့်အထိ ထုတ်ရောင်းပေးထားသည်။ ထို့ပြင် ယခုဘဏ္ဍာနှစ် ခုနစ်လအတွင်း စက်သုံးဆီ၊ စားသုံးဆီနှင့် သွင်းကုန်လုပ်ငန်းရှင်များအတွက် ဒေါ်လာတစ်ဘီလျံ သီးသန့်ထုတ်ရောင်းပေးထားသည်။

#centralnewsnaypyitaw

image

လူကျွံဘောဂိုးကြောင့် ယူနိုက်တက်ကို အရေးနိမ့်ခဲ့တယ်လို့ နစ္စတယ်ရွိုင်းပြော

ဖေဖော်ဝါရီ ၈

လက်စတာအသင်းဟာ FA ဖလား စတုတ္တအဆင့် ပွဲစဉ်မှာ ယူနိုက်တက်အသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အရေးနိမ့်ပြီး နောက် လက်စတာအသင်းနည်းပြ နစ္စတယ်ရွိုင်းက သူတို့ဟာ လူကျွံဘောသွင်းဂိုးကြောင့် အရေးနိမ့်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။

နစ္စတယ်ရွိုင်းက “ကျနော်တို့ဟာ ဖာဂီအချိန်မှာ အရေးနိမ့်တာ မဟုတ်ပါဘူး။ လူကျွံဘောဖြစ်ချိန်မှာ အရေးနိမ့်ခဲ့ တာပါ။ ပွဲက အမှားတစ်ခုနဲ့ ဆုံးဖြတ်ခဲ့တယ်ဆိုတာ ရှင်းပါတယ်။ ဒီလိုရှုံးနိမ့်မှုမျိုးကို မလိုချင်ပါဘူး။ ဒါက လူကျွံဘောပါ။ ကျနော်တို့ဟာ အချိန်ပိုအထိ သွားဖို့ထိုက်တန်ပြီး ပင်နယ်တီကိုလည်း ရောက်ရှိသွားနိုင်ပါတယ်။ ဒီလို ဆုံးဖြတ်ချက်တွေဟာ လက်ခံဖို့ခက်ခဲတယ်”လို့ ပြောခဲ့တာပါ။

ပြီးခဲ့တဲ့နွေရာသီက ယူနိုက်တက်အသင်းကို လက်ထောက်နည်းပြအဖြစ်နဲ့ ရောက်ရှိလာပြီး ဒတ်ချ်လူမျိုးနည်းပြ အဲရစ်တန်ဟတ် ရာထူးကနေ ထုတ်ပယ်ခံရချိန်မှာ ယာယီနည်းပြအဖြစ် ကိုင်တွယ်ခဲ့တဲ့ နစ္စတယ်ရွိုင်းဟာ ဒီပွဲမှာ လက်စတာအသင်းနည်းပြအဖြစ်နဲ့ အသင်းဟောင်းကို ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။

ဒီပွဲစဉ်မှာ လက်စတာအသင်းဟာ ရိဒ်ရဲ့သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ယူနိုက်တက်အသင်းအတွက် ဇက်ခ်ဇီက ချေပဂိုး၊ မက်ဂွဲယားက အနိုင်ဂိုး သွင်းယူပေးခဲ့တာပါ။

မိနစ် ၉၀ ပြည့်ပြီး နာကျင်အချိန်ပို ၃ မိနစ်မှာ သွင်းယူခဲ့တဲ့ မက်ဂွဲယားရဲ့ သွင်းဂိုးကို အနှေးပြကွက်တွေနဲ့ ကြည့်ရှုခဲ့တာမှာ လူကျွံဘော ဖြစ်နေခဲ့တာကို တွေ့ခဲ့ရပါတယ်။

ဒါပေမယ့် FA ဖလားပြိုင်ပွဲ စတုတ္ထအဆင့်မှာ VAR အသုံးမပြုတာကြောင့် မက်ဂွဲယားရဲ့ သွင်းဂိုးကို ကွင်းလယ်ဒိုင်က ဂိုးအဖြစ်ခွင့်ပြုခဲ့တာပါ။

အဲဒါကြောင့် ယူနိုက်တက်အသင်းဟာ FA ဖလား ချန်ပီယံဆုကို ကာကွယ်ဖို့ ပဉ္စမအဆင့်ကို တက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

လက်စတာအသင်းနည်းပြ နစ္စတယ်ရွိုင်းကတော့ ဒီသွင်းဂိုးကို ခွင့်ပြုခဲ့တဲ့အပေါ် အလွန်စိတ်ပျက်နေခဲ့တာပါ။

ယူနိုက်တက်အသင်းနည်းပြ အာမိုရင်က သူတို့ဟာ ဒီပွဲမှာ ရလဒ်ကောင်း ရခဲ့ပေမယ့် စွမ်းဆောင်ရည်ကတော့ ကောင်းမွန်မှု မရှိဘူးလို့ ဝန်ခံခဲ့ပါတယ်။

VAR ကိုလာမယ့် FA ဖလားပဉ္စမအဆင့်မှာ အသုံးပြုသွားမယ်လို့ သိရပါတယ်။

Source: Dailymail

ပုံ - နစ္စတယ်ရွိုင်းကို တွေ့ရစဉ်

#ဘောလုံးသတင်းစုံ

image

နိုင်ငံပိုင်အပါအဝင် ပုဂ္ဂလိက သတင်းစာ၊ ဂျာနယ်တွေရဲ့ရောင်းအား ၆ဝ ရာခိုင်နှုန်းထိ ကျဆင်းလာ

ဖေဖော်ဝါရီ ၈

ယခုနှစ်ပိုင်းမှာ နိုင်ငံပိုင်သတင်းစာတွေ အပါအဝင်ပြည်တွင်းထုတ် ပုဂ္ဂလိက သတင်းစာ၊ဂျာနယ်၊စာစောင်တွေရဲ့ရောင်းအားဟာ ၆ဝ ရာခိုင်နှုန်းအထိ ကျဆင်းလာတယ်လို့ ဖြန့်ချိရေးလုပ်ငန်း လုပ်ကိုင်သူတွေထံကနေ သိရပါတယ်။

ဒါအပြင် လက်ရှိကာလမှာ ထုတ်လုပ်မှုစရိတ်နဲ့ အထွေထွေစရိတ်စကတွေ မြင့်မားလာလို့ပြည်တွင်းထုတ်ပုဂ္ဂလိက သတင်းစာတစောင်ရဲ့ရောင်းဈေးဟာ ဈေးကွက်မှာကျပ် ၁ဝဝဝ အထိဖြစ်လာပြီး ဝယ်ဖတ်သူလည်းမရှိဖြစ်နေတယ်လို့ ဖြန့်ချိရေးကိုယ်စား လှယ်တွေက ပြောပါတယ်။

"သတင်းစာကိုယ်စားလှယ်တွေ လက်ပွေ့ သမားတွေ အရောင်းဆိုင်တွေကို အခုဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး စံတော်ချိန်သတင်းစာတစောင်ကို ကိုယ်စားလှယ်ပေးဈေး ၇၅၀ အထိဖြစ်လာတယ်။နောက် Daily Eleven က တစောင်ကိုကိုယ်စားလှယ်ပေးဈေး ၈၀၀ အထိဖြစ်လာတယ်။အခုဈေးကွက်မှာ လက်လီရောင်းဈေးက ၁၀၀၀ အထိဖြစ်လာတယ်။ဘောလုံးဂျာနယ်တောင်တစောင်ကို ၁၅ဝဝ လောက်အထိဈေးဖြစ်လာတယ်။အရင်က ပြည်တွင်းထုတ် ပုဂ္ဂလိကထသတင်းစာတစောင်မှကျပ် ၂ဝဝ လေ၊အခုဈေးနဲ့ဆိုအများကြီးကွာသွားတာပေါ့။ပြည် တွင်းထုတ် နေ့စဉ်သတင်းစာတွေကို အခုဘယ်သူ့မှဝယ်မဖတ်ကြတော့ဘူး။ယခင်ကတည်းက သတင်းစာ၊ဂျာနယ်၊စာစောင်ဈေးကွက်ကယိုင်နဲ့နဲ့ဖြစ်နေတာပါ။အခုတော့ပိုဆိုးတော့မယ့်အခြေအနေဖြစ်နေပါပြီ"လို့ ရန်ကုန်မြို့က သတင်းစာ၊ဂျာနယ်၊စာစောင် ဖြန့်ချိရေးလုပ်ငန်း လုပ်ကိုင်သူတယောက်က ပြောပါတယ်။

ဒါအပြင် လက်ရှိကာလမှာ နိုင်ငံတော်ပိုင် အစိုးရထုတ်သတင်းစာတွေဖြစ်တဲ့ ကြေးမုံနဲ့ မြန်မာ့အလင်းသတင်းစာတွေရဲ့ရောင်းအားဟာလည်းကျဆင်းနေတာဖြစ်တယ်လို့ ဖြန့်ချိရေးလုပ်ငန်း လုပ်ကိုင်သူတွေက ဆိုပါတယ်။

"အစိုးရထုတ်သတင်းစာတွေဖြစ်တဲ့ကြေးမုံ၊မြန်မာ့အလင်းကလည်းရောင်းအားရော၊ လပေးယူတဲ့သူတွေရောစောင်ရေကျနေတာပါ။ အခုကလပေးယူတဲ့သူတွေကိုပဲလိုက် ပို့ပေးနေရတာပေါ့၊ဆိုင်မှာ ဗန်းပေါ်မှာ ဂျာနယ်၊စာစောင်တွေကိုတင်ရောင်းတာမျိုးမရှိတော့ဘူး။လပေးယူတဲ့ အိမ်တွေကိုပဲပို့ပေးတာရှိတော့တယ်။အရင်လို ဖြန့်ချိရေးသမားတွေကယူပြီးရောင်းရင် မကုန်ရင်ရှုံးမှာလေ၊ဒီ စာစောင်၊ဂျာနယ်လောက က ကိုယ်စား လှယ်တွေအနေနဲ့ တချို့ကနားကုန်ကြပြီ။ ကျန်တဲ့သူတွေလည်းအဆင်မပြေကြတော့ဘူး။နောက်ဆုံးပြောရရင် ဂျာနယ်၊စာစောင် ဖြန့်ချိရေးလောက က အဆိုးဝါးဆုံးအခြေ အနေကိုစတင်ဖြတ်သန်းနေရတာပါ"လို့ ဖြန့်ချိရေးသမားတယောက်က ထပ်လောင်းပြောပြပါတယ်။

ဒီလိုအခြေအနေတွေကြောင့် တဖက်မှာ သတင်းစာ၊ဂျာနယ်ဖြန့်ချိရေးလုပ်ငန်း လုပ်ကိုင်သူတွေရဲ့စားဝတ်နေရေးဟာ ခက်ခဲလာသလို သတင်း၊ဂျာနယ် ထုတ်ဝေသူတွေအနေနဲ့လည်း ထုတ်လုပ်မှုစရိတ်နဲ့ အထွေထွေစရိတ်စကတွေမြင့်မားလာလို့ အပတ်စဉ်ထုတ် ဂျာနယ်တွေကို အလျင်မီအောင် မထုတ်ဝေနိုင်တာတွေ နှစ်ပတ်တခါထုတ် ဂျာနယ်၊စာစောင်တွေကို ထုတ်ဝေဖြန့်ချိမှု ခေတ္တရပ်နားလိုက်ရတာတွေလည်း များစွာရှိနေတာဖြစ်တယ်လို့ ထုတ်ဝေသူတွေက ပြောကြပါတယ်။

အဲဒါအပြင် ပုံနှိပ်မီဒီယာတွေရဲ့အဓိကဝင်ငွေရလမ်းတခုဖြစ်တဲ့ ကြော်ငြာလုပ်ငန်းကနေ ဝင်ငွေရရှိမှု အပိုင်းဟာ မရှိသလောက်နည်းနေလို့ သတင်း စာ၊ဂျာနယ်၊စာစောင်ရဲ့ရပ်တည်မှုနဲ့ ဒီလုပ်ငန်းကိုလုပ်ကိုင်ဖို့ဆိုတာက တနေ့တခြား ပိုမိုခက်ခဲလာတယ်လို့ ထုတ်ဝေသူတွေက ဆိုပါတယ်။

"အခုက တချို့သတင်းတိုက်ကြီးတွေက စပွန်ဆာရှိလို့ နောက်ခံကောင်းလို့သာ ဆက်လက်ရပ်တည်နိုင်တာလေ၊အရင်လို ဂျာနယ်ရောင်းအား ကြော်ငြာက ရတဲ့ဝင်ငွေနဲ့ ရပ်တည်မယ်ဆို အတော်မလွယ်ပါဘူး။အခုအထိ ပုံနှိပ်မီဒီယာလောကက နာလန်မထူနိူင်ဘူးလို့ ပြောရင်ရပါတယ်။ဟိုတလောက ဂျာနယ်အသစ်တစောင်ထွက်လာသေးတယ်။နှစ်လပဲထုတ်ပြီးပျောက်သွားတယ်။ထပ်မထွက်လာတော့ဘူး။ကျွန်တော်တို့ထုတ်နေတဲ့ ဘောလုံးဂျာနယ်ဆိုလည်း အဲဒီလိုပါပဲ၊ ကြော်ငြာလုံးလုံးမရတော့လို့ အခုအထိ ဆက်မထုတ်နိုင်တော့ဘူး။နားထားရတယ်။ကြော်ငြာလေးရလာရင်ထုတ်လိုက်၊မရတဲ့အခါ ရပ်ထားလိုက်နဲ့ ဒီလိုပဲသွားနေရတယ်"လို့ပြည်တွင်းက ဘောလုံးဂျာနယ် ထုတ်ဝေရေးလုပ်ငန်း လုပ်ကိုင်သူတယောက်က ပြောပြပါတယ်။

လက်ရှိကာလမှာ သတင်းစာ၊ဂျာ နယ်တွေရဲ့ထုတ်လုပ်မှုရော ရောင်းအားရော ကျဆင်းလာပြီး မိသားစု စားဝတ်နေရေးခက်ခဲလာလို့ဖြန့်ချိ ရေးလောကကိုစွန့်ခွာသွားကြသူတွေ လည်း အများအပြားရှိနေတယ်လို့ ဖြန့်ချိရေးကိုယ်စားလှယ်လောကကနေ သိရပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ထုတ်ဝေရေးနဲ့ စာပေစိစစ်ရေးဌာနရဲ့စာရင်းတွေအရ လက်ရှိ ပြည်တွင်းမှာ နေ့စဉ်ထုတ်သတင်းစာစောင်တွေ အနေနဲ့ စံတော်ချိန်နဲ့ Daily Eleven၊ပုဂ္ဂလိက ပြည်တွင်းအပတ်စဥ်ထုတ် သတင်းဂျာနယ်တွေအနေနဲ့ Weekly Eleven ၊ ပြည်မြန်မာ၊ Bullet Journal ၊ The Statesman Journal၊Trend Journal၊ကျန်းမာရေးစာစောင်အနေနဲ့ Good Health Journal ၊ ဂမ္ဘီရဂျာနယ်အနေနဲ့ မနောမယ အားကစားဘောလုံးဂျာနယ်အချို့ အစရှိတဲ့ စာစောင်တွေကို လည်ပတ်လုပ်ကိုင်လျက်ရှိတယ်လို့ သိရပါတယ်။

ဒါအပြင် ပြည်တွင်းမှာ အွန်လိုင်း သတင်းမီဒီယာအေဂျင်စီအဖြစ် မှတ်ပုံတင်ထားတဲ့ သတင်းမီဒီယာအေဂျင်စီ အရေအတွက်က ၄ဝဝ အထိရှိနေပြီး ထိုစာရင်းရှိ ၄ဝဝ အနက် အမှန်တကယ်လည်ပတ်လုပ်ကိုင်ပြီး Update ဖြစ်နေတဲ့ အွန်လိုင်းမီဒီယာအရေအတွက်က ၅ဝ ခန့်အထိ ရှိနေတယ်လို့ သိရပါတယ်။

Photo - CJ

Credit - VOM News Agency

#သတင်းဟင်းလေးအိုးကြီး

image

သရဲနီအသင်းဟာ မားကပ်စ်ရက်ရှ်ဖို့ဒ်နဲ့တိုင်လာလာမာစီယာတို့ကို ဇန်နဝါရီကာလစျေးကွက်မှာအသင်းကနေ လက်လွှတ်ခဲ့ပါတယ်။ သူတို့အသင်းဆီကိုတော့ ကစားသမားအဝင်အဖြစ် ပက်ထရက်ခ်ဒွန်လ်ကူတယောက်သာ ရောက်လာခဲ့ပါတယ်။

ကျနော်ဒီအသက်မွေးလမ်းကြောင်းကို ကျနော်ရွေးချယ်တုန်းက မင်းအနေနဲ့ ယှဉ်ပြိုင်မှုနဲ့ပတ်သက်ပြီး အမြဲတမ်းစိန်ခေါ်မှုတွေရှိနေမယ်ဆိုတာ ကျနော်သိပါတယ်။ ဒီနေရာကိုလာတဲ့အချိန်တုန်းကလည်း ရင်ဆိုင်ရမဲ့ပွဲစဉ်ဇယားတွေနဲ့ ရာသီကြားကာလမှာ အပြောင်းအလဲအတွက်ကစားသမားတွေမှာ ဆုံးဖြတ်ချက်တွေရှိလာမယ်ဆိုတာ ကျနော်သိပါတယ်။ ကစားသမားသစ်မခေါ်ယူနိုင်ခဲ့တာဟာ အရမ်းကိုအန္တရာယ်များပါတယ်။

ကျနော်သိတဲ့အရာကတော့ ဒီကလပ်အသင်းဟာ အချိန်ယူရပါမယ်။ အမြန်လုပ်ဆောင်ရမယ်ဆိုတာသိပေမဲ့ လူတိုင်းက အတိတ်တုန်းကလို မလွဲချော်ချင်ကြပါဘူး။ ငါတို့ဒီနွေရာသီကာလမှာစောင့်ကြည့်ရမှာဖြစ်ပေမဲ့ ကျနော်ပြောခဲ့သလိုပဲ ကစားသမားဝယ်ရောင်းနဲ့ ပတ်သက်ပြီး ငါတို့သတိထားရပါမယ်။ငါတို့အတိတ်မှာအများကြီးမှားယွင်းဖူးခဲ့ပါတယ်။

ဒီအချိန်ကာလမှာတော့ ဒီဟာက ပွဲဘယ်လောက်မှမရှိသေးတဲ့ကာလမျိုးမှာ အရာအားလုံးကို အပြောင်းအလဲလုပ်ချင်တဲ့ကိစ္စက ခက်ခဲပါတယ်။ အမှန်တကယ်မှာလည်း ဒီရာသီကုန်အထိခက်ခဲနေတုန်းပါပဲ့။ ငါတို့စွန့်စားမှုတွေကို လက်ခံဖို့အဆင်သင့်ဖြစ်နေပါတယ်။ အသင်းမှာ မတူညီတဲ့အရာတွေကို ငါတို့လိုအပ်ပြီး ဒီကိစ္စကိုလုပ်ဆောင်ရမဲ့ကျနော့်ရဲ့ဆုံးဖြတ်ချက်ဖြစ်ပါတယ်။

မတူညီတဲ့အရည်အသွေးတွေနဲ့ ကစားဖို့အဆင်သင့်ဖြစ်နေတဲ့ကစားသမားမျိုးကို ကျနော်တို့လိုချင်တာ သေချာပေါတယ်။ ငါတို့အနေနဲ့ မှန်ကန်တဲ့လမ်းကြောင်းနဲ့ အပြောင်းအလဲလုပ်ဆောင်နေပါတယ်လို့ အာမိုရင်ကပြောဆိုခဲ့ပါတယ်။

#ဘောလုံးသတင်းစုံ

image

ပြည်တွင်း၌ ဘိလပ်မြေ တိုးမြှင့်ထုတ်လုပ်နိုင်ရန် ဘိလပ်မြေစက်ရုံများအတွက် လိုအပ်သောကုန်ကြမ်း ကျောက်မီးသွေးများ ပြည်ပမှ တင်သွင်းခွင့်ပြုမည်

ဖေဖော်ဝါရီ ၈
ပြည်တွင်း၌ ဘိလပ်မြေများ တိုးမြှင့်ထုတ်လုပ်နိုင်ရန် ပြည်တွင်းရှိ ဘိလပ်မြေစက်ရုံများအတွက် လိုအပ်သောစက်မှုကုန်ကြမ်း ကျောက်မီးသွေးများကို ဖေဖော်ဝါရီလမှစတင်၍ ပြည်ပမှ တင်သွင်းခွင့်ပြုသွားမည်ဖြစ်ကြောင်း ဘိလပ်မြေတင်သွင်းမှုနှင့်သက်ဆိုင်သည့် တာဝန်ရှိသူများက ယမန်နေ့တွင် အသိပေးထုတ်ပြန်ထားသည်။

ပြည်တွင်းရှိစက်ရုံများ၏ ကုန်ထုတ်လုပ်မှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရန်နှင့် ဘိလပ်မြေစက်ရုံများ စဉ်ဆက်မပြတ် ကုန်ထုတ်လုပ်နိုင်ရေးအတွက် လိုအပ်သော စက်မှုကုန်ကြမ်းဖြစ်သည့် ကျောက်မီးသွေးများအား ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလမှစတင်၍ ပြည်ပမှ တင်သွင်းခွင့်ပြုပေးမည် ဖြစ်ကြောင်းနှင့် လိုအပ်သော ဘိလပ်မြေစက်ရုံများအနေဖြင့် သွင်းကုန်လိုင်စင်များ လျှောက်ထားနိုင်ကြောင်း အသိပေးထားသည်။

ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် နိုင်ငံတစ်ဝန်းတွင် ဆောက်လုပ်ရေးလုပ်ငန်းများအား အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ ဆောက်လုပ်ရေးလုပ်ငန်းများအတွက် ပြည်တွင်း ဘိလပ်မြေ ထုတ်လုပ်မှုများကို အားဖြည့်ရန်အတွက် ကော့သောင်းနယ်စပ် ကုန်သွယ်ရေးစခန်းမှ လည်းကောင်း၊ ပင်လယ်ရေကြောင်းမှလည်းကောင်း ဘိလပ်မြေများအား ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ နောက်ဆုံးအပတ်မှစတင်၍လည်း တင်သွင်းခွင့်ပြုခွင့်ထားသည်။

#သတင်းဟင်းလေးအိုးကြီး

image

အမျိုးသမီးများကို စစ်မှုထမ်းရန် ခေါ်ယူခြင်းမရှိသေး

ဖေဖော်ဝါရီ ၈

ပြည်သူ့စစ်မှုထမ်းဥပဒေတွင် အမျိုးသမီးများ စစ်မှုထမ်းရန် အကျုံးဝင်သော်လည်း အမျိုးသမီးပြည်သူ့ စစ်မှုထမ်း များအား ဆင့်ခေါ်ရန် အစီအစဉ်မရှိသေးကြောင်း နစကသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်း ထွန်းက ပြောသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ်က အသက်ဝင်ကြောင်း နစက-က အမိန့်ထုတ်ပြန် ကြေညာခဲ့ပြီးနောက် အမျိုးသမီး/အမျိုးသား စစ်မှုထမ်းရန် အကျုံးဝင်သူ စုစုပေါင်း ၇ သန်းနီးပါးရှိသည်။

ထို့နောက် အမျိုးသားများကို ပြည်သူ့စစ်မှုထမ်းဥပ‌ဒေအရ စစ်မှုထမ်းရန် ဆင့်ခေါ်လာခဲ့ရာမှာ အပတ်စဉ်(၉)အထိ ရှိပြီးဖြစ်သော်လည်း အမျိုးသမီးများကို ယနေ့အချိန်ထိ စစ်မှုထမ်းရန် ဆင့်ခေါ်ခြင်းမရှိသေးပေ။

သို့သော် လူမှုကွန်ရက်စာမျက်နှာများနှင့် ရပ်ကွက်တွင်း သတင်းများမှာတော့ အမျိုးသမီးများကို စစ်မှုထမ်းရန် ဆင့်ခေါ်နေသည်ဟု သတင်းများထွက်ပေါ်နေသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက “ ကျနော့် အနေနဲ့ အတိအလင်း ပြောကြားလိုတာကတော့ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေမှာ အမျိုးသမီးများ စစ်မှုထမ်းရန်အတွက် အကျုံးဝင်သော်လည်း အမျိုးသမီးပြည်သူ့စစ်မှုထမ်းများကို ဆင့်ခေါ်ရန်အစီအစီ မရှိသေးကြောင်း ကျနော့်အနေနဲ့ ပြောကြားလိုပါတယ်”ဟု ပြောသည်။

ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဆိုင်ရာကိစ္စများနှင့် ပတ်သက်ပြီး စုံစမ်းမေးမြန်းခြင်းများ မသမာမှုများနှင့် ပတ်သက်ပြီး တိုင်ကြားခြင်းများကို တိကျစွာ ဆက်သွယ် သတင်းပေးပို့နိုင်ကြောင်းလည်း ၎င်းက ပြောသည်။

#centralnewsnaypyitaw

image
21 w - Translate

AI Chatbot တွေကိုတစ်နေရာတည်းမှာတင်စုံလင်စွာစိတ်ကြိုက်အသုံးပြုနိုင်တဲ့ Poe AI ??
ယခုခေတ်မှာ AI ဟာ လူကြီးမင်းတို့ရဲ့ နေ့စဉ်လုပ်ငန်းစဉ်များ၊ သုတေသနဆိုင်ရာများ၊ Coding နှင့် Content Creation တို့တွင် အရေးပါလာပြီးသားဖြစ်ပါတယ်။ Poe (Platform for Open Exploration) ဟာဆိုရင် Quora ကနေထုတ်လုပ်ထားတဲ့ AI Chatbot တွေကို တစ်နေရာတည်းမှာ စုစည်းပေးထားတဲ့ပလက်ဖောင်းတစ်ခုဖြစ်ပြီး၊ အမျိုးမျိုးသော AI Model များကို စမ်းသပ်အသုံးပြုနိုင်ပါတယ်။ Poe မှာဆိုရင် OpenAI ရဲ့ ChatGPT, Anthropic ရဲ့ Claude, Google ရဲ့ Gemini, Meta ရဲ့ Llama စတဲ့ မတူညီတဲ့ AI Model တွေအားလုံးကို တပြိုင်နက်အသုံးပြုနိုင်တာကြောင့် တခြား AI Chatbot Platforms တွေနဲ့မတူပဲ မျိုးစုံစမ်းသပ်နိုင်တဲ့ အခွင့်အရေးရှိလာပါတယ်။
AI ကိုသုံးတဲ့သူတွေအတွက် Poe ရဲ့ အားသာချက်တွေကလည်း အလွန်သိသာပါတယ်။ ပထမဆုံးအနေနဲ့ Poe ဟာ AI Chatbot များစွာကို တစ်နေရာတည်းမှာပဲ ထားပေးလိုက်တာကြောင့် တစ်ခုချင်းစီကို သီးခြားဝင်စရာမလိုဘဲ မျိုးစုံစမ်းသပ်နိုင်တာက အကျိုးရှိဆုံးပါပဲ။ ဥပမာပြောရရင် ChatGPT ကိုသုံးမယ်ဆိုရင် OpenAI Website ကိုသွားရမယ်၊ Claude ကိုသုံးမယ်ဆိုရင် Anthropic Website ကိုသွားရမယ်၊ Gemini ကိုသုံးမယ်ဆိုရင် Google Bard ကိုသွားရမယ်ပေါ့။ ဒါပေမယ့် Poe မှာတော့ AI အားလုံးကို တပြိုင်နက်လွယ်ကူစွာအသုံးပြုနိုင်ပါတယ်။
AI Chatbot တွေရဲ့ ကွဲပြားချက်တွေကိုလည်း Poe မှာ အသေးစိတ်စမ်းသပ်နိုင်ပါတယ်။ ဥပမာ - ChatGPT ဟာ Natural Language Processing (NLP) ပိုင်းမှာ တော်ပြီး ဗဟုသုတ အထွေအထူးကောင်းပါတယ်။ Claude ဟာ Reasoning, Analysis, Summarization တွေအတွက် ထူးခြားပြီး AI Alignment ပိုင်းမှာလည်း မြင့်မားပါတယ်။ Gemini ဟာ Google Search ကို ပေါင်းစပ်အသုံးပြုနိုင်တဲ့အတွက် လက်ရှိအချက်အလက်တွေကို သိမ်းဆည်းနိုင်ပါတယ်။ Llama ဟာ open-source AI တစ်ခုဖြစ်တဲ့အတွက် customization များစွာပြုလုပ်နိုင်ပါတယ်။ Poe မှာတော့ AI တွေအားလုံးကို စမ်းသပ်ပြီး ကိုယ့်အတွက် အကောင်းဆုံးကို ရွေးနိုင်တာဖြစ်ပါတယ်။
AI ကို သုံးတဲ့အခါ Poe ဟာ Content Creation, Coding, Research, Brainstorming, Translation စတဲ့ အလုပ်တွေမှာ အထူးအသုံးဝင်ပါတယ်။ Poe မှာ ကိုယ့်ရဲ့ ကိုယ်ပိုင် AI Bot ကိုပါ ဖန်တီးနိုင်တဲ့အတွက် AI Prompt Engineering ကို စိတ်ဝင်စားတဲ့သူတွေ၊ AI Model တစ်ခုခုကို စမ်းသပ်လိုသူတွေအတွက်လည်း အထူးအသုံးဝင်ပါတယ်။
Poe ရဲ့ User Interface ကလည်း တော်တော်လှပါတယ်။ Messenger, Telegram, WhatsApp လိုမျိုး လွယ်ကူပြီး သုံးရတာမြန်ဆန်ပါတယ်။ Poe ဟာ Web Version (poe.com) တင်မကဘဲ iOS, Android App တွေကနေလည်း သုံးနိုင်တာမို့ Mobile User တွေအတွက်ပါ အလွယ်တကူအသုံးပြုနိုင်ပါတယ်။
Poe ကိုသုံးမယ်ဆိုရင် Google, Apple, Quora Account နဲ့ Login ဝင်ပြီး AI Bot ကိုရွေးချယ်ပြီး စတင်အသုံးပြုနိုင်ပါတယ်။ Poe ရဲ့ အဓိကအချက်က AI တွေစုံလင်တာဖြစ်လို့ ChatGPT သုံးနေတဲ့သူထက် Poe ကိုသုံးပြီး ChatGPT, Claude, Gemini, Llama တို့ကို နှိုင်းယှဉ်အသုံးပြုနိုင်တဲ့သူဟာ AI မှန်သမျှကို နားလည်သွားနိုင်မှာပါ။ Poe ဟာ AI ကို သုံးချင်သူတွေအတွက် မဖြစ်မနေရှိထားသင့်တဲ့ပလက်ဖောင်းတစ်ခုလို့ ပြောလို့ရပါတယ်။

image
21 w - Translate

မန္တလေး - လားရှိုး ယာဉ်စီးခ အရင်က နှစ်သောင်း၊ အခု ၇ သိန်း မှ ၁၂ သိန်းထိ ပေါက်စျေးရှိ
မန္တလေးမြို့မှ ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့ကို ပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ်များ၏ ယာဉ်စီးခများမှာ တဦးလျှင် ကျပ် ၇ သိန်းမှ ၁၂ သိန်းရှိနေကြောင်း ဒေသခံများထံမှ သိရသည်။
လက်ရှိ နယ်မြေအခြေအနေကြောင့် မန္တလေး - လားရှိုး ပြည်ထောင်စုလမ်းကို အသုံးပြုနိုင်ခြင်း မရှိဘဲ အခြားလမ်းပိုင်းများကိုသာ အသုံးပြုရသည့်အတွက် ခရီးလမ်းပိုင်းရှည်ပြီး အချိန်ကြာမြင့်မှုများကြောင့် ယာဉ်စီးခများ စျေးနှုန်းမြင့်မားနေခြင်းဖြစ်သည်။ လမ်းမှာ ဘာအခက်အခဲမှမရှိလျှင် အနည်းဆုံး ၂ ညအိပ်ရပြီး မဟုတ်ရင် ၄ ရက်လောက်ကြာသည်။
မိုင်ပေါင်း ၁၇၀ ကျော်သာ ကွာဝေးသည့် မန္တလေးနှင့် လားရှိုးမှာ ယခင်က ပြည်ထောင်စုလမ်းကို အသုံးပြု၍ ခရီးသည်တင် Express များပြေးဆွဲလေ့ရှိပြီး ယာဉ်စီးခမှာလည်း တဦးလျှင် ၂၀၀၀၀ ကျပ်ဝန်းကျင်သာရှိသည်။ လက်ရှိအချိန်တွင် Express များပြေးဆွဲမှု ရပ်ဆိုင်းနေပြီး အိမ်စီးကားငယ်လေးများသာ ပြေးဆွဲပေးနေကြောင်း သိရသည်။

image

လီဗာပူးလ်အသင်းနည်းပြအာလ်နေးစလော့ဒ်က အကောင်းမွန်ဆုံးခြေစွမ်းပြကစားနေတဲ့ကိုဒီဂတ်ပိုရဲ့ကစားပုံကိုထုတ်ဖော်ချီးကျူးပြောဆိုလိုက်ပါတယ်။

နယ်သာလန်တိုက်စစ်မှူးဟာ ဒီရာသီကာလမှာတော့နည်းပြအာလ်နေးစလော့ဒ်လက်အောက်မှာအကောင်းမွန်ဆုံးခြေစွမ်းပြကစားနေပြီး ပြိုင်ပွဲစုံ ၃၅ ပွဲပါဝင်ကစားထားခဲ့ရာမှာ ၁၆ ဂိုးသွင်းယူထားနိုင်ခဲ့တာဖြစ်ပါတယ်။

အဆိုပါအသက် ၂၅ နှစ်အရွယ်ကစားသမားရဲ့ကစားပုံဟာတိုက်ဆိုင်မှုမဟုတ်ဘဲ ကစားသမားအနေနဲ့ဒီမတိုင်ခင်ကာလမှာကလပ်အသင်းမှာရောလက်ရွေးစင်အသင်းမှာပါတလျှောက်လုံးရှိနေတဲ့ခဲ့တဲ့အရာကြောင့်ဖြစ်ပါတယ်လို့ ကြိုးကြာနီအသင်းနည်းပြကထောက်ပြပြောဆိုလာခဲ့ပါတယ်။

ဂတ်ပိုအနေနဲ့ ၂၅ ဂိုးလောက်သွင်းယူမှာလားဆိုတာနဲ့ပတ်သက်ပြီး မေးမြန်းခံရတဲ့အခါမှာတော့ ကျနော်မသိပါဘူး။သူတို့ဂိုးဘယ်လောက်များများသွင်းယူလိမ့်မယ်ဆိုတာမျိုးကျနော်သိပ်စိတ်မဝင်စားပါဘူး။

တကယ်လို့သူတို့လုပ်ဆောင်ဖူးခဲ့တဲ့အတိုင်းအပြင်းအထန်လုပ်ဆောင်ပြီး ခံစစ်ပိုင်းကနေဘောလုံးကောင်းကောင်းထွက်လာအောင်လုပ်ဆောင်နိုင်မယ်ဆိုရင်ငါတို့လည်းဂိုးတွေသွင်းယူနိုင်ပါလိမ့်မယ်။ဘာလို့လဲဆိုတော့ငါတို့မှာအရည်အသွေးရှိတဲ့ကစားသမားတွေရှိပါတယ်။

ကိုဒီအတွက်တော့ထူးခြားတဲ့ရာသီကာလရှိနေပါတယ်။ဒါပေမဲ့ရာသီနှောင်းပိုင်းကာလကပိုထူးခြားပါတယ်။သူ့အနေနဲ့ဟော်လန်အသင်းအတွက်လည်းထူးခြားတဲ့သူဖြစ်တာကြောင့်ဒီကိစ္စတွေကကောင်းကင်နေကျလာတဲ့တိုက်ဆိုင်မှုတွေမဟုတ်ပါဘူး။ဒီဟာကအရင်တုန်းကလည်းဖြစ်ပေါ်ဖူးခဲ့တဲ့အရာတွေဖြစ်ပါတယ်လို့ စလော့ဒ်ကပြောဆိုခဲ့ပါတယ်။

#ဘောလုံးသတင်းစုံ

image

🍂ပုဂံအလှ🍂

image