အမေရိကန်မှာ လေယာဉ်တစင်းပျက်ကျမှုဖြစ်ပွားပြန်လို့ လိုက်ပါသူအားလုံး သေဆုံး

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၈

အမေရိကန်နိုင်ငံ အလက်စကာမှာ မနေ့က ပျက်ကျပျောက်ဆုံးသွားတဲ့ လေယာဉ်ငယ်ရဲ့ အပျက်အစီးတွေကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ကမ်းခြေစောင့်တပ်ဖွဲ့က ပြောပါတယ်။

မနေ့က မွန်းလိုင်းပိုင်းက ပျောက်ဆုံးသွားတဲ့ အဲဒီလေယာဉ်အတွင်းမှာ အခြားအလောင်း ခုနှစ်လောင်းရှိတယ်လို့ ယူဆရပေမယ့် လေယာဉ်အပျက်အစီးတွေရဲ့ အခြေအနေကြောင့် ဆယ်ယူလို့မရသေးပါဘူးလို့ ဆိုပါတယ်။ သေဆုံးသူသုံးယောက်ရဲ့အလောင်းတွေကိုတာ့ ဆယ်ယူထားပြီးဖြစ်ပါတယ်။

ကမ်းလွန်ပင်လယ်ပြင်ကနေ ၁၂ မိုင်အကွာမှာ ပျက်ကျခဲ့တဲ့ လေယာဉ်ပေါ်မှာ လူ ၁၀ ယောက်လိုက်ပါခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ လေယာဉ်အပျက်အစီးတွေဟာ နိုမီမြို့အရှေ့တောင်ဘက် ၃၄ မိုင်အကွာမှာ တွေ့ရှိခဲ့တာပါ။

လေယာဉ်ဟာ ရေဒါကနေမပျောက်ကွယ်မီ အမြင့်နဲ့ အရှိန်အလျင်အမြန်ကျဆင်းသွားခဲ့တယ်လို့ တာဝန်ရှိသူတွေက နောက်ပိုင်းမှာ ပြောပါတယ်။ လေယာဉ်ပေါ်မှာ လိုက်ပါသွားသူတွေကို အသေးစိတ်ထုတ်ပြန်တာမျိုးမရှိပေမယ့် မိသားစုကို အကြောင်းကြားပြီးဖြစ်တယ်လို့ ဆိုပါတယ်။

ရာသီဥတုဆိုးရွားမှုကြောင့် ရှာဖွေကယ်ဆယ်ရေးတွေ အဟန့်အတားဖြစ်နေပြီး လေယာဉ်ပေါ်မှာ လိုက်ပါသွားသူတွေမှာ ကိုးယောက်နဲ့ လေယာဉ်မှူးတယောက်တို့ ပါဝင်တယ်လို့ ပြည်နယ်လေကြောင်း အာဏာပိုင်တွေကပြောပါတယ်။

မကြာသေးမီကလည်း ဝါရှင်တန်ဒီစီမှာ စစ်ရဟတ်ယာဉ်နဲ့ ခရီးသည်တင်လေယာဉ် တိုက်မိမှုကြောင့် လူ ၆၀ ကျော်သေဆုံးခဲ့ပြီး ရက်ပိုင်းအကြာမှာ ဆေးဘက်ဆိုင်ရာ ရဟတ်ယာဉ်ပျက်ကျမှုကြောင့် လူ ၇ယောက်သေဆုံးခဲ့ပါတယ်။

Ref:BBC
Photo:Getty Images

#သတင်းဟင်းလေးအိုးကြီး

imageimage
21 ပတ် - ဘာသာပြန်ပါ။

မိုးကုတ်Spinelစိန်ချွန်း (သဘာဝ)🌸🌸🌸

#gems

image
21 ပတ် - ဘာသာပြန်ပါ။

မိုးကုတ်Spinelစိန်ချွန်း (သဘာဝ)🌸🌸🌸

#gems

image
21 ပတ် - ဘာသာပြန်ပါ။

မိုးကုတ်Spinelစိန်ချွန်း (သဘာဝ)🌸🌸🌸

#gems

imageimage
21 ပတ် - ဘာသာပြန်ပါ။

တဖြေးဖြေးခြင်းနဲ့မှသိလာတာက
လူ့ဘောင်အသိုင်းအဝိုင်းမှာ
Quality people တွေလိုအပ်တယ်ဆိုတာပါပဲ။
"လူများပြီးပွဲမစည်ဘူး"ဆိုတဲ့စကားဟာ
အသက်ကြီးလေ ပိုမှန်လာလေပါ။
မိသားစုထဲမှာဆို နေတတ်သလိုနေတဲ့သူ
သူနိုင်တဲ့တာဝန် သူထမ်းနေတဲ့သူ
နိုင်တာထက်ပိုထမ်းနေတဲ့သူတွေရှိကြမှာပါ
အိမ်မှာနေရက်နဲ့ ဘာတာဝန်မှမယူ ဘာဝန်မှကူမထမ်းတဲ့အခါ
ကျန်တဲ့သူတွေက ဝန်ထုပ်ကိုပိုထမ်းရပါတယ်။
မိတ်ဆွေအသိုင်းအဝိုင်းမှာလည်းဒီလိုပါပဲ
လူအများကြီးနဲ့တော့ သိကျွမ်းပါရဲ့။
ဒုက္ခပေးတဲ့သူတွေများနေရင် သိပ်အဆင်မပြေပါဘူးလေ။
ကိုယ့်အတွက် စိတ်ပိုင်းဆိုင်ရာအကူအညီ
ရုပ်ပိုင်းဆိုင်ရာ အကူအညီတွေအမြဲပေးနေတဲ့
Quality people တွေရှိနေရင်တော့ ပိုအဆင်ပြေတာပေါ့။
ဒီလိုပဲ
ချစ်သူတွေ အိမ်ထောင်သည်တွေမှာလည်း
Quality ရှိတဲ့လူနဲ့ဆုံရတဲ့အခါ
ပိုပြီးပျော်ရွှင်စရာကောင်းပါတယ်။
အခက်အခဲတွေသိပ်မရှိဘူး
ညှိနှိုင်းရတာတွေ သိပ်မရှိဘူး
ပြဿနာတွေနည်းလာမယ်
တစ်ဦးအပေါ်တစ်ဦးအပြန်အလှန် support ပေးနိုင်လို့
ချစ်ခြင်းမေတ္တာဟာ ပိုပြီးလေးနက်လာပါတယ်။
ငယ်တုန်းအခါတုန်းကတော့
ကိုယ်ပျော်သလိုနေရင်း ကြုံတဲ့တွေ့တဲ့လူနဲ့ပေါင်းလို့
သူတို့ရဲ့ပြောင်းလဲမှုတွေကြား
ကိုယ့်ရဲ့ စိတ်အတက်အကျတွေနဲ့ပင်ပန်းခဲ့တာပေါ့။
အသက်ကြီးလာတဲ့အခါ
ကိုယ့်ဘဝမှာ လူအများကြီးရှိဖို့မလိုဘူးဆိုတာသိလာတဲ့အခါ
Quality ရှိတဲ့လူနည်းနည်းလေးနဲ့
ကျစ်ကျစ်လျစ်လျစ်လေးနေရတာကို
ပိုပြီးကျေနပ်လာတယ်။
Quantity ထက် Quality က ပိုအရေးကြီးတယ်ဆိုတာ
ဒါမျိုးထင်ပါရဲ့။
crd copy

image
21 ပတ် - ဘာသာပြန်ပါ။

အသစ်လာဖို့ရှိတဲ့ Skin များ
🤩

image
21 ပတ် - ဘာသာပြန်ပါ။

အသစ်လာဖို့ရှိတဲ့ Skin များ
🤩

image
21 ပတ် - ဘာသာပြန်ပါ။

အသစ်လာဖို့ရှိတဲ့ Skin များ
🤩

image
21 ပတ် - ဘာသာပြန်ပါ။

အသစ်လာဖို့ရှိတဲ့ Skin များ
🤩

image
image
image
21 ပတ် - ဘာသာပြန်ပါ။

Lunox ရဲ့အသစ်လာမဲ့ Squad Skin 💥

image