Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
“ဒီကောင့် ကို နင် ယူရင် အိမ် ပြန်မလာနဲ့" လို့ Mary အဖေက Mary ကို ဒေါသကြီးကြီးနဲ့ အော်ထုတ်လိုက်တယ်
Mary ကတော့ ဘာမှ ပြန်မပြောပဲ သူ့ချစ်သူ Jake ဆီ ထွက်လာလိုက်တယ်
အဲ့ဒီနေ့ထဲက Mary အိမ်က ထွက်လာလိုက်တာ ဒီနေ့အထိ Mary အိမ်မပြန်ဖြစ်တော့ပါ။
မကြာမီမှာပဲ Mary နဲ့ Jake တို့ လင်မယားဟာ Birmingham မြို့မှာ ပြောင်းရွေ့ အခြေချ နေထိုင်ကြပေမယ့် ပထမ အိမ်ထောင်သက်မှာတော့ Mary ရဲ့ ယောကျာ်း Jake က လူမည်းဖြစ်နေတာကြောင့် Jake ကို အလုပ် လက်မခံတာရယ် Mary ကို လူမည်းနဲ့ ယူထားလို့ ပတ်ဝန်းကျင်က စကားမပြောကြတာရယ်ကြောင့် အိမ်ထောင် တစ်နှစ်က Mary နဲ့ Jake တို့ ဘဝငရဲပါပဲ။ဒါပေမယ့် Mary က Jake နားက ထွက်ခွာမသွားခဲ့ပဲ အရာရာကို ရင်ဆိုင်ခဲ့ပါတယ် အဲ့အချိန်ကာလက လူမည်းဆို အိမ် မငှားကြတော့ Mary နဲ့ Jake တို့ဟာ နှစ်ဦးသား ပါလာသမျှကို ကျစ်လစ်နေအောင်သုံးစွဲခဲ့ကြပြီးနောက်ဆုံးမှာတော့ Mary ဟာ အငယ်တန်း ကျောင်းဆရာမ အလုပ်ကို လျှောက်လို့ရသွားခဲ့ပြီး Jake ကလဲ စက်ရုံအလုပ်ရသွားခဲ့ပါတယ်
Mary က အိမ်ကို ဖိတ်မယ့် သူငယ်ချင်းတွေကို သေချာလား နင်တို့ အိမ်လိုက်လည်ချင်တာ ငါ့ ယောကျာ်းက လူမည်းနော်ဆိုပြီး ပြောဖိတ်ရပါတယ်။
တချို့လဲ Mary ကို စကားမပြောကြတော့ဘူး တချို့ကလဲ ရင်းနှီးမှု မရှိဖြစ်လာကြတယ် နောက်ဆုံးမှာတော့ သူငယ်ချင်းတချို့ရလာခဲ့ပါတယ်
မနှစ်က သူတို့ လင်မယားရဲ့ အနှစ် ၇၀ပြည့် မင်္ဂလာနှစ်ပါတဲ့
#knowledge
နေ့ရက်တိုင်းကို ပျော်ရွှင်စွာ
ဖြတ်သန်းနိုင်မယ့် နည်းလမ်း (၈) ခု💙
၁။ သူတို့မှာ ပန်းတိုင်တွေရှိတယ်
၂။ သင့်အတွက် ကျေးဇူးတင်စရာကောင်းတဲ့ အရာတစ်ခုကို နေ့တစ်နေ့စီတိုင်းအတွက် ရွေးချယ်မှတ်သားထားပါ
၃။ အနည်းဆုံး မိနစ် (၂၀) လောက် သဘာဝတရားနဲ့ တွေ့ထိပါ
၄။ သင့်ကိုယ်သင် နံပါတ် (၁) နေရာမှာထားပါ
၅။ မနက်စာ အလွတ်မခံပါနဲ့
၆။ ရေများများသောက်ပါ
၇။ သီချင်းနားထောင်ပါ
၈။ ည ၁၀:၀၀ နာရီ နောက်ဆုံးထားအိပ်ပါ
ဘိုင်ယန်၊ လီဗာပူးလ်တို့လို အသင်းအကောင်းစားတွေနဲ့ အလုပ်တွဲလုပ်ခွင့် ရနိုင်မယ့် အခွင့်အရေးတွေ ရှိပေမယ့်လည်း အလွန်ဆိုကတော့ နောက်နှစ်မှာ လေဗာကူဆင် မှာပဲ ဆက်နေမယ်လို့ ဆုံးဖြတ်ချက် ချခဲ့ပါတယ်။
ဒါဟာ အံ့အားသင့်ဖွယ် ခက်ခဲတဲ့ ဆုံးဖြတ်ချက် ဆိုပေမယ့်လည်း တဖက်မှာ အလွန်ဆိုဟာ သူ့ရဲ့ အရည်အသွေးကို တဆင့်ချင်းဆီ တည်ဆောက်ချင်တဲ့ စိတ် ရှိနေပုံပါပဲ။
အနည်းဆုံး နောက်နှစ် လေဗာကူဆင်မှာ တခုခု ထပ်လုပ်ပြနိုင်ရင် အသင်းကြီးတွေဆီ သွားဖို့ လိုအပ်တဲ့ အရည်အသွေးတွေ အသင့်ဖြစ်နေပြီလို့ ယုံကြည်ရမှာပါ။