Relationship အစစ်ဆိုတာ...
စကားပြောခွင့်ရချိန်တွေမှာ အချစ်ကြောင်းတွေ
ပြောကိုပြောရမယ်။ (မေ့မနေရဘူး)
ဂရုစိုက်ပေးရမယ့်အချိန်မှာ ဂရုကိုစိုက်ပေးရမယ်။
(ပစ်မထားရဘူး)
"နေမကောင်းတာဖြစ်ဖြစ် အဆင်မပြေတာဖြစ်ဖြစ်"
မေးခွင့်ရချိန်တွေမှာ မေးကိုမေးရမယ်။
(လစ်လျူရှုမထားရဘူး)
ရွေးချယ်ထားပြီးတဲ့အရာကို အဆုံးထိဆက်ရွေးချယ်ရတယ်။ (ပြောင်းလဲမလွယ်ရဘူး)
သတိရတာ၊လွမ်းတာတွေကို
ခဏခဏ ပြောရမယ့်အချိန်မှာ ပြောကိုပြောရမယ်။
(မအေးစက်ရဘူး)
အချစ်ဆိုတာ အချစ်နဲ့တူရတယ်။
လက်တွဲဖော်ဆိုတာလည်း လက်တွဲဖော်နဲ့တူရတယ်။
သွေးကြောင်ဖို့မဟုတ်..ဘေးရှောင်ဖို့မဟုတ်ဘူး။
ရဲရဲ ချစ်၊ ရဲရဲရှေ့ဆက်ရတယ်။
ပြီးတော့
မလိုအပ်တော့တာဖြစ်ဖြစ်၊မုန်းတာဖြစ်ဖြစ်
ပြောရမယ့်အချိန်မှာ ပြောကိုပြောရတယ်။
(လိုအပ်သလိုလို ချစ်သလိုလို မနေရဘူး)
#ရဲသူလွင် (အင်ပင်မြို့)
