လူတစ်ယောက်ကို မင်းမေ့လို့ မရသေးတာဟာ
စိတ်ပညာအလိုရ ဆိုရင်
ထိုလူရဲ့ ရင်ထဲမှာလည်း မင်းရှိနေသေးလို့ပါ
မြတ်ဗုဒ္ဓရဲ့ အလိုအရ ဆိုရင်တော့
ဝဋ်ကြီးတာပေါ့ ။
#လွမ်းနောင်

Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
လူတစ်ယောက်ကို မင်းမေ့လို့ မရသေးတာဟာ
စိတ်ပညာအလိုရ ဆိုရင်
ထိုလူရဲ့ ရင်ထဲမှာလည်း မင်းရှိနေသေးလို့ပါ
မြတ်ဗုဒ္ဓရဲ့ အလိုအရ ဆိုရင်တော့
ဝဋ်ကြီးတာပေါ့ ။
#လွမ်းနောင်
ငါမကောင်းတာမလုပ်ဘူးသီလကိုဖြူဖြူစင်စင်
စောင့်ခဲ့တယ်သိပ်ကောင်းတဲ့ဘဝနေထိုင်ခြင်းပါဗျာ
သတိထားစရာက " ငါ "ပဲ ငါသီလကိုအဖြူစင်ဆုံးစောင့်ခဲ့တယ်ဆိုတာကိုမစွဲနေဖို့လိုတာ သီလကိုလေ့လာတဲ့အခါမှာသီလယူရတယ်ဆိုတာ သီလမရှိလို့လား ?အခုချိန်မှာကော စိတ်ထဲမှာသူ့ဟာသူပေါ်လာတာမဟုတ်ပဲကိုယ်ကလုပ်ယူတွေးပြီး လိမ်မှု ခိုးမှု သတ်မှု လုပ်နေလား ?
အဲဒီလိုသီလပျက်တဲ့အမှုတွေဘာတစ်ခုမှမလုပ်နေဘူးမတွေးနေဘူးဆိုရင် သီလရှိနေတဲ့သူပဲလို့ပြောလို့ရပါတယ်သီလပျက်အောင်တော့ကျူးလွန်မှုတွေကိုလုပ်ရတာဖြစ်ပေမယ့်
သီလရှိနေဖို့က ဘာလုပ်စရာတွေလိုသလဲ ?
ကာယကံတွေ ဝစီကံ မနောကံတွေ မကျူးလွန်ဘူးဆိုရင်သီလရှိသူလို့ပဲပြောလို့ရပါတယ်
ဘုရားရှေ့မှာသွားယူလို့ရတဲ့သီလလည်းမဟုတ်သလို ဘုန်းကြီးကတိုင်ပေးလို့ရတဲ့သီလလည်းမဟုတ်ပါဘူး
ဒါဟာဘယ်သူကပေးထားလို့မှလည်းမဟုတ်ဘူး
ငါကစောင့်ထိန်းထားလို့လည်းမဟုတ်ဘူး...
မကောင်းတဲ့အတွေးတွေ လိမ်မှု ခိုးမှု စတဲ့
မကောင်းမှုဒုစရိုက်တွေမပြုလုပ်ပဲဒီအတိုင်းလေး
သိနေတဲ့စိတ်လေးကို သတိပညာနဲ့စိတ်ကိုသိသိပေးနေရင်သီလကလည်းသူ့နဂိုအတိုင်းရှိနေတဲ့အတွက်
အဲဒီသီလကိုအနတ္တသီလလို့သတ်မှတ်လို့ရသလို
အဲလိုသိတဲ့ဥာဏ်ကိုအနတ္တလက္ခဏာဥာဏ်လို့ခေါ်လို့ရတယ်
အဲ့ဒီဥာဏ်ကလဲနိဗ္ဗာန်ကိုကျေးဇူးပြုမယ့်ဥာဏ်ထဲက
ဉာဏ်တဉာဏ်လို့ဆိုနိုင်ပါတယ်ဗျာ
သီလပျက်အောင်သာလုပ်ရတာ
သီလရှိဖို့ဆိုတာကဒီအတိုင်းအသာလေးသိနေတတ်တဲ့စိတ်သဘောသဘာဝကိုသတိနဲ့သိနေရင်းမကောင်းတာဖြစ်ဖြစ်ကောင်းတာဖြစ်ဖြစ်ကိုယ်ကအလ်ိုနဲ့ပြုမပေးတွေးမပေးနဲ့သီလကရှိနေတာပါလားဆိုတာကိုသေသေချာချာသိသွားတဲ့အခါကျတော့သီလရှိအောင်
ဘယ်လိုမှမလုပ်လိုက်ရပါလား ...
ငါလုပ်ထားတာလည်းမဟုတ်...
ငါ့သီလလည်းမဟုတ် ဘယ်သူမှပေးတဲ့သီလလည်းမဟုတ်သူ့အလိုလို သူ့နဂိုရှိနေတဲ့စိတ်သဘောလေးတွေကိုကောင်းတာလုပ်တဲ့အခါ
ကောင်းစိတ်ကို(ကုသိုလ်)
မကောင်းစိတ်ကို( အကုသိုလ်)လို့သတ်မှတ်ပြီး
သီလလို့နာမည်သတ်မှတ်ခေါ်ထားတာပါလားလို့သဘောပေါက်ဥာဏ်ရောက်သွားပြီး သီလတရားဟာသီလတရားပဲဖြစ်တယ်အဲဒီအထဲမှာငါမပါဘူး ငါမပါတဲ့အတွက်သီလစောင့်တာငါဆိုတဲ့အသိမှာ ဒီသီလစောင့်တဲ့အကျိုးကိုငါခံစားရမယ်ဆိုတဲ့သက္ကယအသိမှားငါမို့လို့စောင့်နိုင်တယ်ဆိုတဲ့အသိမှားတွေအားလုံးရပ်တန့်သွားပြီး
( ဒိဋ္ဌိငါ )ဆိုတဲ့ဒိဋ္ဌိပြုတ်သွားပါတယ်
သက္ကာယဒိဋ္ဌိမပြုတ်သေးဘဲ အတ္တနဲ့စောင့်တဲ့သီလဖြစ်နေခဲ့ရင်မဂ်ဝင်မယ့်သီလမဟုတ်ပါဘူးသက္ကာယဒိဋ္ဌိဖြုတ်ပြီးအပါယ်ပိတ်ပြီး
နိဗ္ဗာန်မြင်ပြီးမှသာမဂ်ဝင်သီလဖြစ်ပါတယ်အဲဒီသီလကိုအနတ္တသီလလို့ခေါ်သလိုအဓိပတိတပ်နိုင်တဲ့အတွက်အဓိသီလလို့ခေါ်ပါတယ်
အဓိသီလဖြစ်မှသာအနတ္တသီလလို့ခေါ်ထိုက်ပြီပေါ့ဗျာ...
လွှတ်လပ်စွာသဘောထားကွဲလွဲခွင့်ရှိပါတယ်...
သတ္တဝါခပ်သိမ်းတရားကိန်းအေးငြိမ်းကြပါစေ
✍️မေတ္တာဖြင့် - Aria Piano
တောင်ကြီးမြို့ရှိ ပဒေသရာဇ်ရှမ်းပြည်ဒါဘာခန်းမဆောင်ကြီး(1922)
"H. E. The Governor conferring decorations at the opening of the Federated Shan States Durbar Hall, Taunggyi" from Rangoon Times, 1922.
▸'ပဒေသရာဇ်ရှမ်းပြည်' ဒါဘာခန်းမဖွင့်ပွဲတွင် ရှမ်းစော်ဘွားတို့ကို အင်္ဂလိပ်ဘုရင်ခံက အဆောင်အယောင်အပ်နှင်းနေပုံဖြစ်သည်။ ရှမ်းပြည်နယ်ရေးရာကိစ္စများဆွေးနွေးရန် ဗြိတိသျှအာဏာပိုင်များက တောင်ကြီးဒါဘာပွဲကိုကျင်းပ၍ ရှမ်းစော်ဘွားတို့နှင့် နှစ်စဉ်တွေ့ဆုံသည်။
#taunggyi_durbar #federated_shan_states #saopha #sawbwa #burma #colorized
#crd
မထူးတော့ပါဘူးလေဆိုပြီး
ကိုယ့်ဘဝကို အမျောမခံနဲ့
သံမဏိကြိုးတစ်ချောင်းလို အားတင်းထား
ကွန်ကရစ်တုံးကြီးတွေလို ကြံ့ကြံ့ခံ
လက်ဖြောင့်သေ/နတ်သမားရဲ့ ကျည်ဆန်လို
ဆုံးဖြတ်ချက်တွေ ဖြောင့်မတ်မှန်ကန်ပါစေ
ကမ္ဘာကြီးဟာ
အနိဋ္ဌာရုံတွေချည်းပဲ မဟုတ်ဘူး
လတ်ဆတ်တဲ့ သစ်သီးဝလံတွေနဲ့
ပျော်စရာသီချင်းသံလေးတွေလည်း ရှိတယ်ကွယ်။
▪ မိုဃ်းဇော်
▪ [မိုးတိတ်တေး]
#မိုဃ်းဇော်