ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
-နှစ်ရှည်လများ ကြာမှ မဟုတ်ပါဘူး
စိတ်အလိုမကျရင် ခနလေးနဲ့လည်း မေတ္တာကုန်သွားနိုင်မှန်း
ခများနဲ့ တွေ့မှ ကျုပ်လည်း သိလာခဲ့တာ ။
-ပိုနေတဲ့ ပေးတဲ့ မေတ္တာမှ မဟုတ်ဘဲ
မင်းဖြစ်နေလို့ ပေးထားတဲ့ မာနတွေပါ ။
-ဝဋ်ကြွေးဖြစ်ဖြစ် ရေစက်ဖြစ်ဖြစ်
ဒီဘဝ ဒီမျှနဲ့ ကျေ-ပါရစေတော့ ။
#နေညိုရောင်ခြည်
#ပြန်မရနိုင်တော့သောအရာများ
ငါအိမ်မှာနေတုန်းက
ငါ့ခြေထောက်တွေဟာ အိမ်ရဲ့အဝေးကို
အမြဲတမ်း ရောက်ချင်ခဲ့တယ်။
အိမ်ရဲ့အဝေးကို တကယ်ရောက်သွားတော့
ငါ့ခြေထောက်ဟာ အိမ်ဆီကို
ထွက်ပြေးချင်နေတော့တာပဲ။
နောက်ဆုံးတော့ အိမ်ဟာ အိမ်ပါပဲ။
နွေးထွေးမှုနှင့်ကြင်နာမှုတွေကို
လိုအပ်တဲ့အချိန်တိုင်း မငြိုမငြင်ဘဲ ရမြဲရနေတဲ့
နေရာတစ်ခုပါပဲ။
ကျနော်အိမ်ကို လွမ်းတယ်။
အတိအကျပြောရရင် အမေရှိနေတဲ့ အမေ့အိမ်လေးကို
ကျနော် လွမ်းတယ်❣️
ရန်ဖြစ်တဲ့အခါလဲရှိတယ်
စိတ်ကောက်ပီးစကားမပြောဖြစ်တဲ့ရက်တွေလဲရှိတယ်
အူတိုတာတွေများပြီး စကားများကြတာလဲရှိမယ်
စိတ်မချလို့သိပ်အားမရတဲ့အခါလဲရှိတယ်
ပီးတော့လည်း ကိုယ်ကမုန်းလိုက်
သူကပြုံးလိုက်
သူကရစ်လိုက် ကိုယ်ကချစ်လိုက်နဲ့
တစ်ရက်ထက် တစ်ရက်တောင်ပိုလို့ပို၍
အချစ်တွေကတိုးလာ ခိုင်မြဲလာတယ်...။
#သက်တန့်ရောင်