Part-3
ကဗျာဆရာ မောင်သိင်္ဂါ
မလင်းပြာ
ငါ ရိုဒီးရှားကို သွားရမယ်။
အဲဒီမှာ လူဖြူ လက်တစ်ဆုပ်စာက
ငါတကော မင်းလုပ်
ပြည်သူတွေကို ခြယ်လှယ်သွေးစုပ်ပြီး
ကျွန်လုပ်ညှဉ်းဆဲ နေကြရာ
ရရာလက်နက် ကိုင်စွဲ
ပြည်သူတွေ တော်လှန်စစ်ကိုဆင်နွှဲနေကြရာ
အသားမည်းတွေဘက်က ငါဝင်ကူတိုက်ပေးမယ်။
မလင်းပြာ
မိုဇမ်ဘစ် အန်ဂိုလာ
ဇင်ဘာဘွေ ကွန်ဂိုး
အာဖရိက တရိုးမယ်
နိုးကြား လက်နက်စွဲ တိုက်ပွဲဝင်နေသူလူမည်းတွေရဲ့
ခြိမ့်ခြိမ့်သဲ စစ်ဗုံသံ
ဘဝဂ်သို့ ညံနေရာ
ငါ စစ်ချီတေးတွေ သွားဆိုမယ်။

မလင်းပြာ
ငါ လက်တင်အမေရိကားကို သွားရမယ်။
အဲဒီမှာ ဗင်နီဇွီးလားကင်ယွန်
ရေတံခွန် လျှိုအကြား
ပြောက်ကျားစခန်းတစ်ခုကနေ
လှုပ်ရှားမှုရေးရာများနဲ့ ပတ်သက်လို့
ရဲဘော် ‘ချေ’ ဂွေဗားရားရဲ့
ညွှန်ကြားချက်တစ်စောင်ကို
တောင်တွေဖြတ်သန်း
မြိုင်တန်းတွေ လျှိုးဝင်
လွင်ပြင်မှာ ဝပ်တွား
ပြေးလွှားပို့ပေးမယ့်
တော်လှန်ရေးဆက်သားတွေလိုနေသတဲ့ကွယ်။

#ဆက်ရန်ရှိ

အမျိုးသားအားကစားပွဲတော်
ပြည်နယ်နှင့်တိုင်း အမျိုးသားဘောလုံးပြိုင်ပွဲ ပထမဆုရ နေပြည်တော်အသင်းအား
ဆိုင်ကယ် ၁ စီးစီနှင့် ဖုန်း ၁ လုံး စီ ဆုချီးမြှင့်

Credit - Local Sports Activities

#သတင်းဟင်းလေးအိုးကြီး

imageimage
17 w - Translate

~~~ အမှတ်တရ ~~~{ ၇ }
ဂျူး
ကျွန်မ သည် ရွှဲစိုနေသော ကိုယ်ဖြင့် မိုးသည်းသည်း ကြားတွင် တုန်လှုပ်စွာ နာကျင်ထိခိုက်စွာ ကားမှတ်တိုင်အထိ လမ်းလျှောက်လာခဲ့သည်။ မောင့်ရင်ခွင်မှာ တိုး၀င်၍ ၀မ်းနည်းတနည်း ၊ ရှိုက်ကြီး တငင် ငိုပစ်လိုက်ချင်သော ဆန္ဒဖြင့် မျက်ရည်များ လိမ့်ဆင်းကျလာသည်။ ယိမ်းယိုင်နေသော ခြေထောက်များသည် စိုကပ်သော ထဘီဖြင့် တွန့်ဆုတ်တုံ့နှေးစွာ လျှောက်နေ၏။
ထိုနေ့က ဘာစိတ်ကူးဖြင့် အမှတ်(၅) စီး၍ မောင့်အိမ်ပြန်ခဲ့မိကြောင်း ကျွန်မ မသိ။ အိမ်ရောက်တော့ ကျွန်မ ခုတင်ပေါ်သို့ ရေစိုရွှဲသော ခန္ဓာကိုယ်နှင့်ပင် ပစ်လှဲလိုက်၏။ ဘေးနားက ဂစ်တာကိုဆွဲ ၊ ပက်လက်အိပ်ရင်း တီးနေခဲ့သည်။ ဘာတွေ တီးမိသလဲ မမှတ်မိပါ။ ကျွန်မစိတ်အထင်တော့ ခါတိုင်းတီးနေကျ ကိုနေ၀င်း၏ “လွမ်းရေးခက်ခက်” သီချင်းနှင့် “နောက်ဆုံး အိပ်မက်” တစ်ခုခုပဲ ဖြစ်မည်။ အစအဆုံးလည်း ဟုတ်မည်မထင် ၊ ဟိုတစ်ပိုဒ် ၊ သည်တစ်ပိုဒ်ပဲ ဖြစ်မှာ … ။
လမ်းထိပ် ကင်းတဲဆီမှ ၆ နာရီ သံချောင်းခေါက်သံကိုပင် သဲ့သဲ့ကြားနေရသေး၏ ။
မှေးခနဲ အိပ်ပျော်သွားသလား မသိ။ ကျွန်မကို တစ်ယောက်ယောက်က ပွေ့ထူသလို ခံစားရမှ နိုးလာသည်။
ကျွန်မ အပေါ်မှာ အုပ်မိုးနေသော မောင့်မျက်နှာ … ။
“ချစ် … ချစ်ရယ်”
“ချစ် မဟုတ်ပါဘူးကွယ် … နန်းပါ”
ထိုနေ့ညက မောင့်ကို ပြောခဲ့သော တစ်ခွန်းတည်းသော ခနဲ့စကားပါ။ မောင်က ကျွန်မ ကိုယ်ပေါ်သို့ မောင်၏ မွေးပွ တစ်ဘက်စောင်ဖြင့် ခြုံကာ ရေစိုသော ခန္ဓာကိုယ်ကို ခြောက်သွေ့စေသည်။ ကျေးဇူးတင်ကြောင်းပြောဖို့ သတိရသေး၏ ။ မပြောဖြစ်ဘူး ထင်တယ်။ ထို့နောက် စိုကပ်နေသော ဆံပင်များကို ရေသုတ်ပေးသည်။ ရုန်းထွက်လိုက်ဖို့ ကောင်းသည်နော်။
မောင်က ကျွန်မ ကိုယ်ပေါ်သို့ မောင့်အင်္ကျီကို ၀တ်ပေးသည်။ စပို့ရှပ်တစ်ထည် ဖြစ်၏ ။ ထို့နောက် မောင့်ပုဆိုးကို ၀တ်ပေးသည် ။ ထဘီ၀တ်သလို မ၀တ်တတ် သောကြောင့် ခါးတွင် ဖြစ်သလို စုချည်ပေးထားခဲ့သည်။ ထို့နောက် ရေစိုအ၀တ်များကို အပြင်ဘက် ကြိုးတန်း မှာ သွားလှမ်းဟန် ရှိသည်။
“ချစ် ….”
“ဟင့်အင်း ……. ”
ကျွန်မ မျက်လုံးဖွင့်ကြည့်သောအခါ မောင့်ရင်ခွင်ထဲ ရောက်နေခဲ့ပြီ။
“အိပ်မယ်”
“အိပ်လေ ကိုယ်ပွေ့ထားမယ်”
ကျွန်မ မောင့်စကားကြောင့် ရယ်မော မဆုံးတော့ချေ။ ရယ်ရင်း ရယ်ရင်း ရယ်မောရတာကို အရသာ တွေ့ပြီး ရယ်နေပြန်တော့သည်။ မောင့်ကို ဘာစကားမျှ မပြောခဲ့ကြောင်း သေချာပါသည်။မောင်က ကျွန်မ မျက်နှာကို စိုက်ကြည့်ရင်း ….
“ဟန်ဆောင် ကောင်းလှချည်လား ချစ်ရယ်”
ဟူသော စကားကို ကယောင်ကတန်းပြောသလို ခဏ ခဏ ညည်းညူနေ၏။
“မောင့်ကို တစ်ခုခု ပြောပါဦး ။ မောင့်ကို ရက်ရက်စက်စက် ရိုက်စမ်းပါ”
“ဟင့်အင်း”
“ဟန်ဆောင်ကောင်းလှချည်လားဟင်”
“ဘာဖြစ်စေချင်လဲ ၊ ကိုယ်ဘာလုပ်ပေးရမလဲ ။ ဘယ်လိုဖြစ်မှ ကျေနပ်မှာလဲ”
“ဟင့်အင်း”
ထိုနေ့ညသည် ကျွန်မနှင့် မောင်၏ နောက်ဆုံးညသာ ဖြစ်ပါသည်။
~~~~~~~
အခန်း ၈ ဆက်ရန်>>>

image

" ခရမ်းသီးထောင်း "..... နည်း " 🍚🍆🌶😋
- ပါဝင်ပစ္စည်းများ -
ခရမ်းသီး ၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ ၊
ငရုတ်သီးစိမ်းလေးတွေကို မီးကင် ပါ ။
မီးကင် ဖို့ မလွယ်သူက ပြုတ်ယူပါ ။
ပြီးရင် ​ငရုတ်ဆုံထဲမှာ ထည့်ထောင်းပါ ။
အရသာ အတွက် ငပိရည် ၊ ငါးငံပြာရည်
အချိုမူန့် ( စားရင်ထည့် )ပြီး
ကြက်သွန်မြိတ် နဲ့ နံနံပင် ကို နူတ်နူတ်စင်းထည့်ပါ ။
ဒါဆို အရသာရှိတဲ့ ခရမ်းသီးထောင်း စားလို့ရပါပြီး 🤤
Crd

image

ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး ဒေါ်နယ်ထရန့်နဲ့ အပေးအယူလုပ်ဖို့ အသင့်ရှိတယ်လို့ ပူတင်ပြော

မော်စကို၊ ဒီဇင်ဘာ၂၀

ယူကရိန်းစစ်ပွဲအဆုံးသတ်ရေးအတွက် ဖြစ်နို်ငခြေရှိတဲ့ ဆွေးနွေးမှုတွေမှာ အမေရိကန်ရွေးကောက်ခံသမ္မတနဲ့ အပေးအယူလုပ်ဖို့ အသင့်ရှိကြောင်း ရုရှားသမ္မတပူတင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ဒါပေမယ့်လည်း ယူကရိန်းအာဏာပိုင်တွေနဲ့ ဆွေးနွေးပွဲတွေစတင်ဖို့တော့ အခြေအနေတွေမရှိသေးဘူးလို့ သူကဆိုပါတယ်။ ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်ကတော့ ယူကရိန်းစစ်ပွဲကို အမြန်ဆုံး အဆုံးသတ်မယ်လို့ ကတိပြုထားပြီး ဘယ်လိုနည်းလမ်းသုံးမယ်ဆိုတာကိုတော့ ထုတ်ဖော်ပြောဆိုထားတာမရှိပါဘူး။

နှစ်ပေါင်းများစွာ မတွေ့ဆုံဖြစ်ခဲ့တဲ့ ဒေါ်နယ်ထရန့်နဲ့ တွေ့ဆုံဖို့လည်း အသင့်ရှိတယ်လို့ ရုရှားသမ္မတပူတင်က သူ့ရဲ့နှစ်ပတ်လည်မိန့်ခွန်းမှာပြောပါတယ်။ရုရှားဟာ အင်အားနည်းလာတယ်ဆိုတဲ့ ပြောဆိုချက်တွေအပေါ် ပူတင်က ပယ်ချခဲ့ပြီး ၂၀၂၂ ခုနှစ် ယူကရိန်းစစ်ပွဲနောက်ပိုင်း ပိုမိုအားကောင်းလာတယ်လို့ သူကဆိုပါတယ်။

ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းအရှေ့ဘက်စစ်မျက်နှာတခုလုံးကို ဖြတ်ကျော်ချီတက်နေပြီး မူလရည်မှန်းချက်တွ ေအောင်မြင်ဖို့ ကြိုးပမ်းနေပြီး စေ့စပ်ညှိနှိုင်းမှုတွေနဲ့ အပေးအယူလို့ဖို့ အမြဲအသင့်ရှိတယ်ဆိုတာ ကြိမ်ဖန်များစွာ ပြောဆိုခဲ့ပြီဖြစ်ကြောင်း ပူတင်ကပြောပါတယ်။

ယူကရိန်းစစ်ပွဲအပစ်ရပ်ရေးအတွက် ဒေါ်နယ်ထရန့်နဲ့ ဆွေးနွေးရေး လမ်းဖွင့်ထားကြောင်း ပူတင်ကပြောဆိုခဲ့ပေမယ့် နယ်မြေပိုင်ဆိုင်မှုတွေကို စွန့်လွှတ်ဖို့ ငြင်းဆန်ခဲ့ပြီး ယူကရိန်းအနေနဲ့ နေတိုးအဖွဲ့မှာ ပါဝင်ဖို့ ကြိုးပမ်းမှုတွေကို စွန့်လွှတ်ဖို့ သူက တိုက်တွန်းထားပါတယ်။

Ref:CNA
Photo:AP

Credit - VOM News Agency

#သတင်းဟင်းလေးအိုးကြီး

image

ဘန်ကောက်မှာ မြန်မာ့အရေး အာဆီယံဥက္ကဋ္ဌ ၃ နိုင်ငံနဲ့ ထိုင်းဦးဆောင်ပြီး ဆက်ဆွေးနွေးမယ်

ဒီဇင်ဘာ ၂၀

အာဆီယံ ၆ နိုင်ငံပါဝင်တဲ့ မြန်မာ့အရေး အလွတ်သဘောဆွေးနွေးပွဲ ဒုတိယနေ့ကို ဒီကနေ့ ဒီဇင်ဘာ ၂၀ ရက်၊ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ဆက်ပြီး ကျင်းပဖို့ရှိနေပါတယ်။

ဒီနေ့ ဆွေးနွေးပွဲ ဒုတိယနေ့မှာတော့ မနေ့ ပထမနေ့ အစည်းအဝေးက ဆွေးနွေးချက်တွေကို အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက ထည့်သွင်းဆွေးနွေးသွားဖို့ရှိနေပါတယ်။

ဒုတိယနေ့ အစည်းအဝေးမတိုင်ခင်ထွက်ပေါ်လာတဲ့ သတင်းတွေအရ အာဆီယံအလှည့်ကျ အရင်ဥက္ကဋ္ဌဟောင်း အင်ဒိုနီးရှားရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးသံတမန်က ဦးဆောင်ဆွေးနွေးသွားမယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒီဆွေးနွေးပွဲကို ဦးဆောင်ကျင်းပတဲ့ အိမ်ရှင်ထိုင်းနိုင်ငံ အပါအဝင်၊ ပြီးခဲ့တဲ့နှစ် အာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှား၊ လက်ရှိအာဆီယံအလှည့်ကျ ဥက္ကဋ္ဌ လာအို၊ လာမယ့်အလှည့်ကျ ဥက္ကဋ္ဌ မလေးရှား တို့အပြင် ဖိလစ်ပိုင်၊ စင်္ကာပူ၊ ဗီယက်နမ်၊ ဘရူနိုင်း၊ ကမ္ဘောဒီးယားစတဲ့ အာဆီယံ နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ကိုယ်စားပြုသူတွေ တက်ရောက်ကြဖို့ရှိနေပါတယ်။

နိုင်ငံရဲ့ နယ်စပ်တွေမှာ ပြင်းထန်တိုက်ပွဲတွေစစ်ရေးတင်းမာမှုတွေကြောင့် ဒေသတွင်းနိုင်ငံတွေ အပေါ် ရိုက်ခတ်မှုတွေရှိလာချိန်မှာ ဒီဆွေးနွေးပွဲဖြစ်ပေါ်လာတာပါ။

ကုလသမဂ္ဂကလည်း မြန်မာမှာ ပဋိပက္ခတွေကြောင့်လူဦးရေ ၃ သန်းခွဲလောက် အိုးမဲ့အိမ်မဲ့ထွက်ပြေးနေရပြီး နိုင်ငံလူဦးရေရဲ့ သုံးပုံတပုံ လူသားချင်းစာနာမှု အကူအညီလိုအပ်နေတယ်လို့ ထုတ်ပြန်ထားတာကြောင့် ဒီဆွေးနွေးပွဲမှာလူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးရေးကိုလည်းဆွေးနွေးကြဖို့ရှိနေပါတယ်။

ဒီနေ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အလွတ်သဘော ညှိနှိုင်း အစည်းအဝေးတက်ရောက်မယ့်စာရင်းမှာ မနေ့က ပထမနေ့အစည်းအဝေးကို တက်ရောက်ခဲ့တဲ့ နစကရဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေရဲ့ စာရင်းကိုတော့ မတွေ့ရပါဘူး။

ဒါကြောင့် ဒီဇင်ဘာ ၂၀ ဒုတိယနေ့ အစည်းအ‌ဝေးကို ဦးသန်းဆွေ တက်ရောက်မယ်၊ မတက်ရောက်ဘူးဆိုတာကိုတော့ အတိအကျသိရတာမရှိသေးပါဘူး။

နစက ကတော့ ဘန်ကောက်မြို့မှာ ဒီဇင်ဘာ ၁၉ ရက် ကျင်းပမယ့်အစည်းအဝေးကို တက်ရောက်ဖို့ ဝန်ကြီး ဦးသန်းဆွေနဲ့အဖွဲ့ ထိုင်းနိုင်ငံကို သွားရောက်တယ်လို့ပဲ သတင်းထုတ်ပြန်ထားပါတယ်။

#centralnewsnaypyitaw

image
17 w - Translate

နေခြည်ဦးရဲ့ မင်္ဂလာပွဲမှာ ပန်းကြဲခဲ့တဲ့ ညီမဖြစ်သူ စိမ်းလဲ့ရတနာ 🥰🥰🥰
နေခြည်ဦးရဲ့ ညီမလေး စိမ်းလဲ့ရတနာကတော့ အရွယ်တစ်ခုကိုရောက်ရှိလာခဲ့ပါပြီ။ အမဖြစ်သူနေခြည်ဦးရဲ့ မင်္ဂလာပွဲလေးကို ပန်းကြဲအဖြစ်ပါဝင်ပေးခဲ့တာပါ။ နေခြည်ဦး ဘလော့ဂါအဖြစ် ပရိသတ်တွေကြားနာမည်ကြီးစဉ်ခါကလည်း ညီမဖြစ်သူစိမ်းလဲ့ရတနာကို ပရိသတ်တွေအားပေးမှု အတော်အသင့်ရရှိခဲ့သူဖြစ်ပါတယ်။ လှပပြောင်းလဲလာတဲ့ စိမ်းလဲ့ရတနာရဲ့ ပုံရိပ်လေးတွေကိုဖော်ပြပေးလိုက်ပါတယ်။

#crd

image
Apu Lay shared a post  
17 w

17 w

"တိတ်တိတ်ကလေး ဝင်ရောက်လာတဲ့ Depression"
◾လူတိုင်းလိုလိုက စိတ်ဓာတ်ကျတယ်ဆိုတာဟာ ငိုချင်စရာကောင်းတဲ့ နေ့တစ်နေ့၊ စိတ်ပျက်စရာ အဖြစ်အပျက်တစ်ခု၊ ဒါမှမဟုတ် ဝမ်းနည်းစရာ အခြေအနေတစ်ရပ်ကနေ စတင်တယ်လို့ ထင်ကြပါတယ်။ အမှန်တကယ်တော့ စိတ်ဓာတ်ကျခြင်းဟာ ငှက်ဖျားရောဂါလို တဖြည်းဖြည်း၊ တစ်စတစ်စ ခန္ဓာကိုယ်ထဲ စိမ့်ဝင်လာတတ်ပါတယ်။ ဒီဆောင်းပါးမှာတော့ တော်တော်များများ သတိမထားလိုက်မိတဲ့ စိတ်ဓာတ်ကျခြင်းရဲ့ လက္ခဏာလေးတွေအကြောင်း ပြောပြချင်ပါတယ်။
🔳 ပထမဆုံး လက္ခဏာတစ်ခုက နေ့စဉ်လုပ်ငန်းတွေကို စိတ်မပါဘဲ အလိုအလျောက်လုပ်နေတာပါ။ အိပ်ယာထ၊ မျက်နှာသစ်၊ အလုပ်သွား၊ အလုပ်လုပ်၊ အိမ်ပြန်။ Robot လို လုပ်နေရတဲ့ ခံစားချက်မျိုး။ ဒီထက်ပိုအဓိပ္ပါယ်ရှိတဲ့ ဘဝမျိုး ရှိရမယ်လို့ ခံစားနေရပေမယ့် အဲဒီအထိ မရောက်နိုင်သေးတဲ့ ခံစားချက်မျိုး။
လုပ်ရိုးလုပ်စဉ်အတိုင်း အားတင်းပြီး နေ့စဉ်လုပ်ငန်းတွေကို လုပ်နေရတယ်။ တစ်ခါတစ်လေ လမ်းလျှောက်နေရင်း ရပ်လိုက်မိတယ်။ ဘာဆက်လုပ်ရမယ်ဆိုတာ မေ့နေသလိုမျိုး။ စက်ရုပ်တစ်ရုပ်လို ဖြစ်နေတယ်။
ဘာလို့ အရင်လို မပျော်တော့မှန်း မသိဘူး။ ဘာလို့ နေ့တိုင်း ပင်ပန်းနေမှန်း မသိဘူး။ ဘာလို့ ဘာလုပ်လုပ် အဓိပ္ပါယ်မရှိသလိုခံစားနေရမှန်း မသိဘူး။
🔳 နောက်တစ်ခုက စိတ်ဝင်စားမှုတွေ ပြောင်းလဲလာတာပါ။ အရင်က ကြိုက်နှစ်သက်တဲ့ ဝါသနာတွေ၊ အပန်းဖြေနည်းတွေက အခု စိတ်မဝင်စားတော့ဘူး။ ရုပ်ရှင်ကြည့်တာ၊ စာဖတ်တာ၊ သီချင်းနားထောင်တာတွေတောင် အရသာမရှိတော့သလို ခံစားလာရတယ်။
ရုပ်ရှင်ကြည့်နေရင်းလည်း ဇာတ်လမ်းထဲကို စီးမျောမသွားနိုင်တော့ဘူး။ သီချင်းတွေကလည်း အရင်လို နှလုံးသားကို မထိရှတော့သလို။ အနုပညာတွေ၊ ရသတွေ၊ အလှအပတွေအပေါ် စိတ်ဝင်စားမှု ပျောက်ဆုံးလာတယ်။
တစ်ချိန်က စွဲလမ်းနှစ်မြှုပ်ခဲ့တဲ့ ဝါသနာတွေဟာ အရသာမဲ့လာတယ်။ စာအုပ်တွေကို အရင်က တစ်ညလုံး အိပ်ရေးပျက်ပြီး ဖတ်နိုင်ခဲ့ပေမယ့် အခုတော့ တစ်မျက်နှာတောင် မဖတ်နိုင်တော့ဘူး။ ရယ်မောသံတွေ၊ လှုပ်ခတ်တဲ့ ခံစားချက်လေးတွေ အားလုံး တိတ်ဆိတ်ပြီး ငြိမ်သက်နေတယ်။
🔳 တစ်ခါတလေ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားမှု လျော့နည်းလာတတ်ပါတယ်။ ကိုယ်ပိုင်ဆိုင်တဲ့ အရည်အချင်းတွေကို မမြင်တော့ဘူး။ အားလုံးက ကိုယ့်ထက် တော်နေသလိုပဲ။ တစ်ချိန်က အရည်အချင်းပြည့်ဝတယ်လို့ ထင်ခဲ့တဲ့ ကိုယ့်ကိုယ်ကိုယ် အခု ဘာမှမဟုတ်တဲ့သူလို ဖြစ်လာတယ်။ လုပ်ဖော်ကိုင်ဖက်တွေကြားမှာ ကိုယ်က နောက်ကောက်ကျကျန်သလိုမျိုး ခံစားလာရတယ်။
အစားအသောက် အပြောင်းအလဲတွေလည်း ဖြစ်တတ်ပါတယ်။ မနက်စာ စားချင်စိတ် မရှိတော့ဘူး။ ညနေရောက်တော့လည်း မဆာချင်သေးဘူးဆိုပြီး ညဘက်ရောက်မှ အစာအလွန်အကျွံ စားမိတယ်။ တစ်ခါတစ်လေ နာရီနဲ့ချီပြီး ဘာမှမစားဘဲနေမိတယ်။ တစ်ခါတလေ ဘာကြောင့်မှန်းမသိ ချိုတဲ့အစားအစာတွေကိုပဲ မက်မောလာတယ်။
🔳 အိပ်စက်ခြင်းမှာလည်း ပြဿနာတွေ ဖြစ်လာတတ်ပါတယ်။ ညဘက်ဆို အိပ်ယာထဲ လှဲနေပေမယ့် မအိပ်နိုင်ဘူး။ မနက်လင်းတော့လည်း မထချင်ဘူး။ အိပ်ပျော်သွားရင်တောင် အိပ်မက်ဆိုးတွေကြောင့် လန့်နိုးလာတယ်။ တစ်နေကုန် အိပ်ချင်မူးတူးနဲ့ ဆက်လက်ရှင်သန်နေရတယ်။
အသေးအမွှားလေးတွေကို စိတ်ညစ်လွယ်လာတယ်။ ရုတ်တရက် စိတ်ဆိုးလွယ်လာတယ်။ လူတွေနဲ့ တွေ့ဆုံဆက်ဆံရတာကို ရှောင်ရှားလာတယ်။ ဖုန်းမြည်လာရင် မကိုင်ချင်တော့ဘူး။ Message တွေကို ဖတ်ရုံဖတ်ပြီး ပြန်မဖြေချင်တော့ဘူး။ ဘယ်သူ့ကိုမှ မတွေ့ချင်တော့ဘူး။ တိတ်တိတ်ဆိတ်ဆိတ် တစ်ယောက်တည်းနေချင်လာတယ်။
ဆုံးဖြတ်ချက်တွေ မချနိုင်တော့ဘူး။ အသေးအဖွဲ့လေးတွေတောင် ရွေးချယ်ရခက်လာတယ်။ ဒီနေ့ ဘာစားမလဲ၊ ဘာဝတ်မလဲ စတဲ့ ရိုးရှင်းတဲ့ကိစ္စလေးတွေတောင် ဆုံးဖြတ်ဖို့ ခက်ခဲလာတယ်။
🔳 ခန္ဓာကိုယ်မှာလည်း ပြောင်းလဲမှုတွေ ဖြစ်လာတတ်ပါတယ်။ ခေါင်းကိုက်တာ၊ ကျောပိုးတာ၊ ဗိုက်အောင့်တာ၊ နှလုံးခုန်မြန်တာ စတဲ့ ရုပ်ပိုင်းဆိုင်ရာ ရောဂါလက္ခဏာတွေ ဖြစ်လာတတ်ပါတယ်။
ကိုယ်လက်ကိုက်ခဲမှုတွေက မကြာခဏ ဖြစ်လာတယ်။ ခေါင်းတွေ မကြာခဏ ကိုက်လာတယ်။ ရင်ထဲမှာ မကောင်းသလိုလို။ အသက်ရှူကြပ်သလိုလို။ ဒါပေမယ့် ဆရာဝန်ပြတော့ ဘာရောဂါမှ မရှိဘူးတဲ့။
📌ဒါတွေအားလုံးဟာ စိတ်ဓာတ်ကျခြင်း (Depression) ရဲ့ လက္ခဏာတွေပါ။ ကိုယ့်ဆီမှာ ပုံမှန်မဟုတ်တော့ဘဲ တစ်ခုခု ချို့ယွင်းနေပြီဆိုတာကို သတိပေးနေတဲ့ အချက်ပြသံတွေပါ။
တကယ်လို့ သင့်မှာလည်း အထက်ပါ လက္ခဏာတွေ တွေ့လာရင် ရှက်စရာ၊ ဖုံးကွယ်စရာ မလိုပါဘူး။ စိတ်ဓာတ်ကျခြင်းဟာ စိတ်ပိုင်းဆိုင်ရာ ရောဂါတစ်ခုပါ။ ကုသလို့ရပါတယ်။
ခန္ဓာကိုယ်က နေထိုင်မကောင်းတဲ့အခါ ဆရာဝန်ဆီ သွားသလိုပဲ၊ စိတ်က နေမကောင်းဖြစ်တဲ့အခါမှာလည်း ကုသနိုင်ဖို့အရေးကြီးပါတယ်။ အချိန်မီ သတိထားမိပြီး စိတ်ပိုင်းဆိုင်ရာပညာရှင်တွေနဲ့ ဆွေးနွေးကုသမှုခံယူမယ်ဆိုရင် ပိုကောင်းတဲ့ဘဝကို ပြန်လည်ရရှိနိုင်မှာ ဖြစ်ပါတယ်။
#ဉာဏ
December 2, 2024

မန္တလေးမှာ လူငယ်ဆရာဝန်တစ်ဦး ပြန်ပေးဆွဲ သ တ်ဖြတ်ခံရ၊ ငွေကျပ် သိန်း ၃၀၀၀ တောင်းလို့ ငွေပေးပြီး ပြန်ရွေးပေမယ့် အလောင်းသာ ပြန်ရ

ဒီဇင်ဘာ ၂၀

မန္တလေးမြို့မှာ နေထိုင်တဲ့ အသက် ၃၀ ဝန်းကျင်အရွယ် လူငယ်ဆရာဝန်တစ်ဦး ပြန်ပေးဆွဲ ငွေညှစ်ခံရပြီးနောက် သတ်ဖြတ်၊ အလောင်းစွန့်ပစ်ခံရတယ်လို့ နီးစပ်သူတချို့က ပြောပါတယ်။

လွန်ခဲ့တဲ့ နှစ်ရက်ခန့်က မန္တလေးမြို့ရှိ နေအိမ်ကနေ ဆေးရုံကို အသွားမှာ မီနီအိုးဝေနဲ့ ပြန်ပေးဆွဲ ဖမ်းခေါ်ခံရပြီး ငွေကျပ်သိန်း ၃၀၀၀ တောင်းလို့ ငွေလွှဲပေးခဲ့ပေမယ့် ဒီကနေ့ မနက်ပိုင်း လမ်းဘေး စွန့်ပစ်ထားတဲ့ ဆရာဝန်ရဲ့ အလောင်းကို ပြန်တွေ့ရတာလို့ နီးစပ်သူတွေက ဆိုပါတယ်။

“မနက်ပိုင်း ဆေးခန်းအသွားမှာ ပြန်ပေးဆွဲ ခံရပြီး အသ တ် ခံလိုက်ရတာပါ။ သိန်း ၃၀၀၀ ပေးလိုက်ရတယ်လို့ ကြားပါတယ်။ အလောင်းကို ဒီနေ့ မနက် ၄ နာရီလောက်မှာ (မန္တလေး - ကန်တော်ကြီး) ကန်ပတ်လမ်းဘက်မှာ ပြန်တွေ့တာပါ"

ဒီဇင်ဘာလ ၁၇ရက် မနက်ပိုင်းက ဆေးရုံသွားရင်း ပျောက်ဆုံးသွားတာလို့ ကြားသိရပြီး ဒီကနေ့ ဒီဇင်ဘာ ၁၉ရက် မနက်ပိုင်းမှာ အလောင်း ပြန်တွေ့လို့ သင်္ဂြိုဟ်လိုက်ပြီလို့ နီးစပ်သူတစ်ဦးက ဆိုပါတယ်။

ဆရာဝန်သေဆုံးတာ မှန်ကန်ကြောင်း မိသားစုဝင်နဲ့ မိတ်ဆွေတွေက လူမှုကွန်ယက်မှာ ဖော်ပြပါတယ်။

“မိုးလင်းလင်းချင်းကြားလိုက်ရတာ စိတ်မချမ်းသာစရာ RIP ပါဆရာ။ Case တွေ အတူတူလုပ်ခဲ့ဖူးတဲ့ တော်ပြီး သဘောကောင်းတဲ့သူမို့ ပိုပြီး နှမြောမိ ယူကြုံးမရဖြစ်ရပါတယ်” လို့ လုပ်ဖော်ကိုင်ဘက် တစ်ဦးက ဆိုပါတယ်။

သေဆုံးသူ လူငယ် ဆရာဝန်ဟာ မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်ထဲက နာမည်ကြီး ပုဂ္ဂလိက ဆေးရုံတစ်ခုမှာ လုပ်ကိုင်နေတဲ့ OG (သားဖွား) ဆရာဝန်တစ်ဦး ဖြစ်ပြီး သတ်ဖြတ်မှု ကျူးလွန်သူဟာ လုပ်ငန်းခွင်တူ ဆေးရုံက ဝန်ထမ်း ဖြစ်တယ်လို့ သတင်းထွက်နေသလို အဲ့ဒီ ကျူးလွန်သူကို ဖမ်းမိထားပြီလို့ သတင်းထွက်နေပါတယ်။

“(ပြန်ပေးဆွဲမှု) လုပ်ခိုင်းတဲ့သူက သူနဲ့အသိ ဆရာဝန်လို့လည်း ကြားပါတယ်။ ငွေကြေးကိစ္စကြောင့်လို့ ကြားတယ်။ လူမိုက် ငှါးပြီး ပြန်ပေးဆွဲ၊ ပိုက်ဆံတောင်းတာ လက်လွန်သွားတာလို့ ကြားပါတယ်” လို့ သတင်းပြန့် နေကြောင်း သိရပါတယ်။

#centralnewsnaypyitaw

image