3 w - Translate

နောက်ဆက်တွဲ ငလျင်များ လှုပ်ခတ်လာနိုင်ကြောင်း ဆရာဦးဝင်းနိုင် သတိပေး
======
နောက်ဆက်တွဲအနေဖြင့် အင်အား ၆.၄ ရှိတဲ့ ပြင်းအားက မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်(တံတားဦး)အနီး ကို ဗဟိုပြုနေကြောင်း တွေ့ရပါတယ်လို့ အခုလိုပဲ အသိပေးလာခဲ့တာပဲ ဖြစ်ပါတယ်။
ဆိုတော့
အရေးကြီးစာရွက်စာတမ်းတွေကို လုံလုံခြုံခြုံနဲ့ယူရလွယ်အောင်ထုတ်ပိုးပြင်ဆင်ထားတာ
မိသားစုတွေ လူစုကွဲသွားရင်၊ အဆက်အသွယ်ပြတ်သွားရင် ပြန်ဆုံနိုင်မယ့် "ဆုံရပ်" ၂ နေရာ ၃ နေရာလောက် သတ်မှတ်အသိပေးထားတာ
ညအချိန်မတော် သဘာဝဘေးအန္တရာယ် တစ်ခုခုနဲ့ ကြုံလာရင် မြင်ရအောင် ဓာတ်မီး၊ ဘက်ထရီမီးချောင်းစသည်ဖြင့် အားသွင်းပြင်ဆင်ထားတာ
အပေါ်က ပြုတ်ကျလာနိုင်တဲ့ပစ္စည်းတွေကြောင့် အန္တရာယ်မဖြစ်အောင် နေရာရွှေ့ထားတာ
အဆောက်အဦနံရံတွေနဲ့ အုတ်စည်းရိုးတွေ ခိုင်ခန့်မှု ရှိ/မရှိ စစ်ဆေးတာ
အရေးပေါ်ဝင်ပုန်းလို့ရမယ့် ခိုင်ခန့်တဲ့ ခုံ/ခုတင်တို့လိုပစ္စည်းမျိုးတွေအောက်ကို လွယ်လွယ်ဝင်လို့ ရအောင်ရှင်းလင်းထားတာစသည်ဖြင့်
ကိုယ့်စိတ်ထဲမှာ ဖြစ်လာတဲ့အတိုင်း လိုအပ်မယ်ထင်တာကိုပြင်ဆင်ထားတာတော့ မမှားပါဘူး။
စိုးရိမ်စိတ်/ကြောက်စိတ်လွန်ကဲလို့လည်း မရပါ။
ကြောက်စရာမလိုဘူးဆိုပြီး အတင့်ရဲလို့လည်း မရပါ။
သဘာဝဘေးအန္တရာယ်တစ်ခုနဲ့ ကြုံရင် သတိလွတ်မသွားအောင် ထိန်းသိမ်းရင်း တစ်ခုတော့မှတ်ထား​ပါ။
"အသက်ကို ဉာဏ်စောင့်ပါတယ်"
အစိမ်းရောင်လမ်းက မိတ်ဆွေများ သဘာဝဘေးရန်မှ ကင်းရှင်းကြပါစေ 🙏
Crd# ဆရာဦးဝင်းနိုင်

imageimage