17 w - Translate

အခြားတစ်ယောက်က လုယူမယ်ဆိုရင်တောင်
"ရရင်ယူပေါ့" ဆိုပြီး ခပ်ချေချေ
ပြန်ပြောနိုင်တဲ့အထိ
စိတ်လုံခြုံမှု ပေးနိုင်တဲ့
အချစ်မျိုးကိုပဲ ပိုင်ဆိုင်ချင်တယ် ။

💭 || 4.9.2024

image
17 w - Translate

ပြန်လဲမလာစေချင်သလို မေ့လို့လဲ မရဘူး ...

ချစ်ခဲ့တုန်းက အတတ်နိုင်ဆုံး ချစ်ခဲ့ကြသလို ကျန်ခဲ့ရမယ်ဆိုတဲ့ အချိန်မှာလဲ ငြိမ်ငြိမ်သက်သက်လေး ကျန်ခဲ့တာပါပဲ ဘာလို့လဲဆိုတဲ့ မေးခွန်းတွေတောင် ပြန်မမေးခဲ့သလို နည်းနည်းလေးတောင် ဆွဲထားဖို့မတွေးခဲ့ဘူး ... မချစ်ခဲ့လို့မဟုတ်ဘူးနော် သေလောက်အောင်ချစ်ခဲ့လို့ပဲ နောက်ဆုံး ဖြေရခက်မယ်ထင်တဲ့ မေးခွန်းတွေတောင် မမေးခဲ့တာလေ ။ ညာနေရဦးမယ် ပြီးရင် လိမ်နေရဦးမယ် ပင်ပန်းမှာပေါ့ ... ထားပါ ချစ်ခဲ့ကြပြီပဲ ငါတို့ချစ်ခဲ့ကြတာပဲဆိုတဲ့ အတိတ်ကိုပဲ မှတ်မိချင်ပါတယ် ။

ပြန်လာခဲ့ပါဆိုတဲ့ စကားတွေ မပါးဖြစ်ခဲ့သလို ပြန်လာစေချင်တယ်ဆိုတဲ့ စိတ်တွေလဲ ရှိမနေတော့ပါဘူး ။ သူပြန်လာမယ်ဆိုရင်တောင် လက်သင့်မခံဖြစ်တော့တဲ့ အကြောင်းပြချက်တွေက အများကြီးရှိနေခဲ့ပြီလေ ။ ဆက်ထုံး ... ရှိပြီးသားကြိုးက ဘယ်လောက်ပဲ မြဲမြဲ အဲ့ဒီဆက်ထုံးလေးကို အမှတ်ရတိုင်း ပြန်နာကျင်ရမှာကို ကြောက်တယ် ။ ကိုယ်က တော်ရုံ မေ့မသွားတတ်တဲ့သူဆိုတဲ့ ပိုဆိုးတာပေါ့ ။ တကယ်လို့ ... သူပြန်လာလို့ ကိုယ့်ကို အရမ်းချစ်ပြနေရင်တောင် တစ်ချိန်ကျ သူ ငါ့ကိုထားသွားဦးမှာဆိုတဲ့ အတွေးတွေနဲ့ တစ်ချိန်လုံး တွေးကြောက်နေရမှာ ။

ခြေလှမ်းပျက်သွားရင် ...တချိန်က ချန်ထားခံရခြင်းဆိုတဲ့ အတိတ်တွေကို ခဏခဏပြန်ပြောနေမိမှာ ...သိတယ် ကိုယ့်အကြောင်းကိုယ် သိနေမိတယ် ။ အမှားတွေကို ခွင့်လွှတ်လိုက်တယ်ဆိုရင်တောင်လေ အဲ့ဒီအမှားတွေကို မေ့နိုင်သွားလို့မဟုတ်ပဲ အဲ့ဒီလူတစ်ယောက်ကို မစွန့်လွှတ်နိုင်လို့ဆိုတဲ့ အကြောင်းတစ်ခုပဲရှိတာလေ ။ ကိုယ် အမြဲတမ်း အမှတ်ရပြီး အမြဲတမ်းနာကျင်နေရမှာ ကြောက်တယ် ။ အဲ့တာကြောင့် ပြန်လာပါဆိုတဲ့ စကားတွေ မမှာခဲ့မိသလို ပြန်လာစေချင်တယ်ဆိုတဲ့ အတွေးတွေဟာလဲ ရှိမနေတော့ပါဘူး ။

မေ့နိုင်သွားလို့ နေနိုင်သွားလို့ဆိုတဲ့ စကားတွေပြန်ကြားရပေမယ့် ဒီနေ့ဒီအချိန်ထိ မမေ့နိုင်သေးပါဘူးဆိုတဲ့ အမှန်တရားတွေကိုတော့ ဘယ်သူ့ကိုမှ မပြောပြဖြစ်တော့ဘူးလေ ။ တချို့ရက်တွေမှာဆို တမ်းတမ်းတတကို လွမ်းတယ် ဒါပေမယ့် သူ့ကိုဆိုတာထက် ကိုယ်တို့ချစ်ခဲ့ကြတဲ့အတိတ်ကို လွမ်းတာ ။ သူ့ကိုပြန်လိုချင်တယ်ဆိုတာထက် အဲ့ဒီတုန်းက ပျော်ရွှင်မှု ကြည်နူးမှုကို ပြန်လိုချင်နေခဲ့တာ ဒီလိုပါပဲ တစ်ခါတစ်လေကျတော့ ကိုယ့်အတွေးတွေက နားလည်ရခက်တယ် ...

လူတစ်ယောက်ကို ဘယ်တော့မှ မေ့မှာမဟုတ်သလို ဘယ်တော့မှ ပြန်လိုချင်မှာမဟုတ်တဲ့ လူတစ်ယောက်ပေါ့ ။

#ကျေးကို

image
17 w - Translate

ကျွန်တော်ထပ်မချစ်ချင်တော့ဘူး

မချစ်တတ်ဘူး ဆိုတာထက်
ကျွန်တော့်ရဲ့ အတ္တဆန်တဲ့ ကမ္ဘာလေးထဲကို
ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ မခေါ်ရက်တော့တာ

ကျွန်တော်ဟာ တစ်ကိုယ်ကောင်းဆန်တယ်
ကျွန်တော်မြတ်နိုးတဲ့ အရာလေးတွေဆို ဆုံးရှုံးမှာ
သိပ်ကြောက်တော့ ထပ်ပြီးမဖက်တွယ်ချင်တော့တာ

အတွေးလွန်တယ်လို့ သမုတ်တဲ့အပေါ်
စောတကတက်စရာမရှိတဲ့ ကျွန်တော့်အနေအထားမှာ
တစ်စုံတစ်ဦးအပေါ်မှာမှ ကျွန်တော်စိတ်မနှစ်ချင်တော့ဘူး

ကျွန်တော့်ရဲ့အချစ်ဒါဏ်
တချို့လူတွေ ခေါ်ဝေါ်တဲ့ ချုပ်ခြယ်မှုဒဏ်ကို မခံနိုင်လို့ ထွက်ခွာသွားကြတဲ့ မည်သူ့ကိုမှလည်း အပြစ်မဆိုပါဘူး

ကျွန်တော့်ကိုကျွန်တော်သိပြီး နောက်ပိုင်း
တစ်စုံတစ်ယောက်ကိုမှ ဒဏ်ရာတွေအပြည့်နဲ့
ကျွန်တော့် ဘယ်ဘက်ရင်အုံကို ဝင်မလာစေချင်တော့ဘူး

ကျွန်တော်ချစ်ခဲ့တယ် ဆုံးရှုံးခဲ့တယ် နာကျင်ခဲ့တယ်
ဒါကြောင့်ထပ်ပြီး ဘာကိုမှ မဖက်တွယ်လိုတော့တာ...

နောင်တရသွားတာလား နေသားကျသွားတာလားမသိပေမဲ့
ကျွန်တော့်အချစ်ကြောင့် ဘယ်သူ့မှ အနှောက်အယှက်မဖြစ်လိုတော့ဘူး

#2001
//crd

image
17 w - Translate

ဘဝမှာ
နောက်ကျသွားပြီ ဆိုတာ
တကယ်ရှိတယ်

ပြောရမဲ့အချိန်မှာ
ပြောသင့်တဲ့စကားကို
ပြောဖြစ်အောင် ပြောပါ

ချစ်တဲ့အကြောင်းပဲဖြစ်ဖြစ်
မချစ်ချင်တော့တဲ့ အကြောင်းပဲဖြစ်ဖြစ် ။

#လူခေး

💭 || 2.9.2024

image
17 w - Translate

"Silent breàkdown, because no one knows how tíred, míserable and exhàusted i am." 🖤

image
17 w - Translate

သစ္စာရှိခြင်းနဲ့ မြတ်နိုးခြင်းတွေ
ထပ်တူကျလာတဲ့အခါ
တစ်စုံတစ်ယောက်ကို ချစ်နေရခြင်းမှာ
ငြီးငွေ့သွားတယ်ဆိုတာမျိုးတွေ မရှိတော့ဘူး ။
#ᗩᒪoᑎᗴ

image
17 w - Translate

တစ်ယောက်ယောက်ကို ရင်ထဲမှာ သိမ်းထားရင်
မည်သူတစ်ဦးတစ်ယောက်ကိုမှ ချစ်ကြောင်းမပြောရဘူး
ဒါဟာ ကိုယ်မြတ်နိုးတဲ့လူတစ်ယောက်အပေါ်မှာရော
ကိုယ့်ကို ချစ်မြတ်နိုးတဲ့လူတစ်ယောက်အပေါ်မှာရော
စောင့်ထိန်းရမဲ့စည်းပဲ။

#ဖားစည်ရည်ကျော်

💭 || 3.9.2024

image
17 w - Translate

လူတစ်ယောက် ကိုယ့်ဘဝထဲအမြဲရှိနေဖို့
ဘာအကြောင်းပြချက်မှမလိုပါဘူး
ဘာဆွဲဆောင်မှုမှလဲမလိုပါဘူး
သူကိုယ်တိုင်က ရှိချင်တဲ့အခါ
သင်ကသူ့ရဲ့အကြောင်းပြချက်ပါပဲ။

💭 || 4.9.2024

image
17 w - Translate

ခဏတာ ဆုံခဲ့ပေမယ့်
တစ်သက်စာအတွက်ချစ်တယ် ...
တစ်ရေးနိုးပဲထမေးထမေး
နောင် ဆယ်နှစ်ကြာမှ မေးမေး
သေချာတဲ့ အဖြေကတော့
မင်းကို ချစ်ပါတယ် ဆိုတာပါပဲ
သေချာလှချည်လားတဲ့
အင်း ...
ဘယ်တော့မှ မဝေးတော့သလိုမျိုး
အစကတည်းက
ချစ်ခဲ့တာလေ ...
ဒီကမ္ဘာမှာ မင်းတစ်ယောက်တည်း
ရှိသလိုမျိုး
မင်းကို ချစ်ခဲ့တာ
တစ်နည်းပြောရရင်
မင်း တစ်ယောက်တည်းကိုပဲ
လူထင်တာပေါ့ ...
ဒါပေမယ့်
ငါတို့က ခဏပဲ ဆုံခဲ့ကြတယ်နော်
ရေစက်ပါသလောက်ပေါ့လို့ ပြောပြီး
ဝေးသွားကြရတယ်
ခဏပဲဆုံခဲ့ရပေမယ့်
တစ်သက်စာအတွက်
မင်းကို ချစ်တယ် ...
#ကျေးကို

17 w - Translate

ဘဝမှာဘယ်တော့မှမကြိုးစားသင့်တဲ့
အရာတစ်ခုရှိတယ်

အဲ့တာ အချစ်ခံရဖို့ပဲ

ဘာလို့လဲဆိုတော့
လူဆိုတာ သူချစ်ချင်တဲ့သူကိုကျ
ဘယ်လောက်ဆိုးဆိုး ချစ်နေတတ်ပြီး

မချစ်ချင်တဲ့သူများကျတော့
ဘယ်လောက်ကောင်းကောင်း
မချစ်လာနိုင်တတ်တာမျိုး

ဆိုးလို့မချစ်တာ ကောင်းလို့ချစ်တာဆိုတာ
အလကားအကြောင်းပြချက်တွေပဲ

ချစ်တဲ့လူက ချစ်ကိုချစ်တယ် ။

💭 || 6.9.2024

image