17 w - Translate

ကိုယ့်ဘက်က မပြတ်သားနိုင်မှန်းသိရင်
တစ်ဖက်က အရမ်းကို ပြတ်သားပြကြတယ်

လူတချို့က အားနည်းချက်ကိုသိရင်
သိပ်ပြီးအနိုင်ယူချင်ကြတယ်

အမြဲတမ်း သည်းခံခွင့်လွှတ်ပေးနေတဲ့
လူတစ်ယောက်ဟာလည်း တစ်သက်လုံး
စိတ်နာသွားနိုင်ပါတယ်

နေနိုင်အောင် ကြိုးစားနေပါတယ်
နေနိုင်သွားတဲ့အခါ ခင်ဗျာလို ကျွန်တော်လည်း
ခပ်ချေချေလေး နေပြပါဦးမယ်

image
17 w - Translate

ဘယ်လက်နဲ့ ညာလက်လိုပေါ့။
အတူတူနေတာ ကြာလာတဲ့အခါ
တဖက်ကို တဖက်က ဆုပ်ကိုင်ထားရင်
ဘာမှမခံစားရဘူးလို့ ထင်ရပေမယ့်
တဖက်ကိုသာ ဖြတ်လိုက်မယ်ဆိုရင်
နာကျင်ခံစားရမှာပါပဲ။

တစ်နေ့ ဘယ်ဖက်လက်
ဒဏ်ရာရလို့ သွေးထွက်တဲ့အခါ
ညာဖက်လက်က ဆေးသိပ်ပေးတယ်။

တစ်နေ့ ညာဖက်လက်က
ယားနေတဲ့အခါ ဘယ်ဖက်လက်က
အယားပြေအောင် ကုတ်ပေးတယ်။

တစ်နေ့ ဘယ်ဖက်လက်က
ပစ္စည်းသယ်ရတာ
လက်ညောင်းလာတဲ့အခါ
ညာဖက်လက်က
အညောင်းသက်သာအောင်
ကူသယ်ပေးပြန်တယ်။

ဒါကြောင့်
ဘယ်ဖက်လက်ကို မငြို ငြင်မိပါစေနဲ့။
ညာဖက်လက်ကိုလည်း မငြို ငြင်မိပါစေနဲ့။

ဘယ်လက်နဲ့ ညာလက်
စည်းချက်ညီရိုက်မှသာ
သာယာတဲ့ လက်ခုပ်သံ ဆိုတာ
ပေါ်လာနိူင်တာပါ...

#ဒါကြောင့် #ဘဝအတွေအကြုံတွေ #စကားလက်ဆောသ်

image
17 w - Translate

တန်ဖိုး မမဲ့ချင်ဘူး။

ကိုယ့်ဘက်က ပေးနိုင်သလောက် ပေးရခြင်းဟာ
ပျော်စရာကောင်းတယ်ဆိုတာ လက်ခံတယ်။ ရယူလိုမှုမပါတဲ့ ပေးဆပ်မှုတိုင်းဟာ ကိုယ့်အတွက် ကြည်နူးပီတိကို ပြန်ရတတ်ပါတယ်။

အသ" က်ကို ပေးဖို့လည်း တွေးဖူးတယ်။
အချိန်တွေလည်း ပေးခဲ့တယ်။
နားလည်မှုတွေလည်း ပေးခဲ့တယ်။
စေတနာတွေလည်း ပုံအောမိတာပေါ့။

တန်ဖိုးမထားသူဆီကို ဦးတည်မိရင်တော့
အားလုံးဟာ တန်ဖိုးမဲ့တာပါပဲ။
ကိုယ် တန်ဖိုးမမဲ့ချင်ဘူး။

-kuzan-

image
17 w - Translate

အသက်တွေ တစ်နှစ်ပြီး တစ်နှစ် ကြီးလာပြီး
ဘာတွေ သိလာလဲ မေးရင်
ဖြေစရာက နည်းပါတယ်။

ပိုက်ဆံက အသံတိတ်စကားပြောတဲ့အကြောင်းရယ်
အချိန်တွေကြာရင် လူတွေက
ပြောင်းလဲသွားတတ်တယ် ဆိုတာရယ်

ဒီလောက်ပါပဲ။

image
17 w - Translate

တန်ဖိုးရှိတဲ့ အရာကို
တန်ဖိုးသိတဲ့လူတွေကိုပဲ ပေးပါ

ပစ္စည်းဥစ္စာဖြစ်ဖြစ်
ချစ်ခြင်းမေတ္တာပဲ ဖြစ်ဖြစ်...။

#ဦးလေးကြီး
#crd

image
17 w - Translate

ချစ်ရင်လေ တားမြစ်ကြတာပါပဲ
ညနက်ထိအပြင်မနေနဲ့
အသောက်အစားပဲအမြဲမလုပ်နဲ့
မကောင်းတဲ့သူတွေနဲ့မပေါင်းနဲ့
စသဖြင့်လေးတွေဟာ
ချုပ်ချယ်တာမဟုတ်ပဲ မေတ္တာတွေပါ

ဂရုစိုက်ရင်လေ မေးကြတာပါပဲ
ဘာလုပ်နေတာလဲ ဘယ်ပျောက်နေတာလဲ ဘယ်သွားနေတာလဲ ဘယ်သူတွေနဲ့လဲ
စသဖြင့်သောမေးခွန်းတွေဟာ
စပ်စုတာရစ်တာမဟုတ်တဲ့ မေတ္တာတွေပါပဲ

ဖြစ်ထွန်းစေချင်ရင်လေ တိုက်တွန်းကြပါတယ်
အလုပ်လေးအာရုံစိုက်လုပ်ပါ
ကိုယ့်ကိုယ်ကိုယ်ကောင်းအောင်နေပါ
စသဖြင့်လေးတွေဟာ
အပြစ်တင်တာမဟုတ်ပဲ မေတ္တာတွေပါ

မေတ္တာတွေရလာတဲ့အခါ နားလည်လာပါလိမ့်မယ်

ဒီစာကိုဖတ်မိတဲ့အချိန်
တယောက်ယောက်ကိုပြေးမြင်ရင်
အဲ့ဒီလူဟာမင်းကို မေတ္တာထားတဲ့သူပါပဲ

တန်ဖိုးထားစေချင် ။

💭 || 6.9.2024

image
17 w - Translate

တစ်နေ့ထက်တစ်နေ့ ကမ္ဘာမှာရှင်သန်ရတာ
တစ်ခါတစ်လေမှာသိပ်ကိုနာကျင်စရာကောင်းတယ်
စိတ်တွေ အနာတရဖြစ်လိုက်
နှလုံးသားတွေ နာကျင်လိုက်
မြင်သမျှ ကြားသမျှ ကမ္ဘာမှာနာကျင်စရာတွေချည်း
ဘာနဲ့ဖျော်ဖျော် မပျော်တော့တဲ့စိတ်တွေနဲ့
အသက်ကလေးရှိနေရတယ်ဆိုရုံလေးပဲ...။

#lone
#pinterest

image
17 w - Translate

ပုံမှန်ဖြစ်ရိုးဖြစ်စဥ်ပါပဲ ...
လူတစ်ယောက်
ဘဝထဲကို
၀င်လာမယ်
သည်းသည်းလှုပ်ချစ်ပြမယ်
အစစအရာရာ ဂရုစိုက်ပေးမယ်
အချိန်တွေ အများကြီး ပေးမယ်
ဒီလူကတော့ ....
ငါ့ကို တကယ်ချစ်တာပဲဆိုပြိး
တွေးမိသွားတဲ့အချိန်
ဒီလူကတော့...
ငါ့ကို နာကျင်အောင်
မလုပ်လောက်ပါဘူးဆိုပြီး
ယုံကြည်မိသွားတဲ့အချိန်
အချိုးတွေစပြောင်းတော့တာပဲ
အလုပ်တွေများလာတတ်သလို
စိတ်ရှုပ်စရာတွေလည်း
တဖြေးဖြေး ပိုလာတတ်တယ်လေ ...
ကိုယ်ရှိမှ ပျော်တယ်ဆိုတဲ့
လူက
တဖြေးဖြေး
တစ်ယောက်တည်း နေတတ်ချင်လာလိမ့်မယ် ...
ဒါက ...
ဖြစ်ရိုးဖြစ်စဥ်ပါပဲ ...
#ကျေးကို

image
17 w - Translate

Original ဖုန်းအားသွင်းကြိုးလေး ပျက်သွားတော့
ကိုယ့်မှာ ဝမ်းနည်းလိုက်တာ ။

သေချာပြန်စဉ်းစားကြည့်တော့မှ
ကိုယ်လုပ်ခဲ့တာတွေ သတိရတယ် ။

အားသွင်းရင်း ဖုန်းသုံးတယ်
ဖုန်းအားသွင်းထားရင်လည်း တစ်ညလုံးပဲ ။
မနက်မှ ပိတ်မိတယ် ။

တစ်ညလုံး မလိုအပ်ဘဲ ကြိုးတပ်ပြီး power on ထားတော့
ကြာတော့ အဆင်မပြေတော့ဘူး ။

နောက်ဆုံးကျတော့ အား လုံးဝမဝင်တော့ဘူး ။

အဲ့တော့မှ original ကြိုးလေးကို
ပြန်လိုချင်နေတယ် ။

Made in china မဟုတ်တဲ့
အားသွင်းရင် မြန်မြန်ဝင်တဲ့ ကြိုးလေးကို သတိရတယ် ။

ငါဘာလို့ ပေါ့ပေါ့ဆဆကိုင်ခဲ့တာလဲဆိုပြီး
အပြစ်တင်မိတယ် ။

လူတွေလည်း အဲ့လိုပဲ ။

ကိုယ့်ကိုတကယ်ချစ်တဲ့သူတွေဆိုရင်
အနိုင်လိုချင်တယ်၊ အနိုင်နဲ့ ပိုင်းချင်တယ် ။
ခိုင်းလို့ရတာ အကုန်ခိုင်းချင်တယ် ။

လူဆိုတာ အားသွင်းကြိုးလိုပဲ
သူသည်းခံနိုင်တဲ့အတိုင်းအတာ
သူ အနစ်နာခံနိုင်တဲ့အတိုင်းအတာ ဆိုတာရှိတယ် ။

အရမ်း နာရလွန်းရင်
ကြာလာတာနဲ့ ထွက်သွားမှာပဲ ။

အဲ့အခါကျမှ
အတုအယောင်မိတ်ဆွေတွေကြားကနေ
အစစ်အမှန်ကို မတမ်းတပါနဲ့ ။

ချစ်တဲ့သူတွေကတော့ အကြိမ်ကြိမ်
သည်းခံမှာပဲ ။
သည်းမခံနိုင်တော့ရင်လည်း
အပြစ်ပြောလို့မရဘူး ။
ကိုယ်ဂရုမစိုက်ခဲ့တဲ့အတွက်
ကိုယ် တန်ဖိုးမသိတဲ့အတွက်ဖြစ်ရတာ ။

အကြောင်းရှိလို့ အကျိုးဆိုတာဖြစ်တာ ။
ကောင်းကျိုးလား ဆိုးကျိုးလားဆိုတာ
ကိုယ့်အပေါ်ပဲမူတည်တယ် ။

Don't let the real ones leave you. 🤍

image
17 w - Translate

စိတ်ထဲမှာနာကျင်နေတဲ့အရာကို
မျက်နှာမှာ လာမပေါ်အောင် ထိန်းထားဖို့

စိတ်ကူးတည်ဆောက်ထားတဲ့အရာတွေ
ပြိုလဲသွားခဲ့ရင်တောင်
ခြေလှမ်းတွေ ချော်မသွားဖို့

ကိုယ့်ပေါ် မကောင်းမှန်းသိတဲ့ ဆက်ဆံရေးတွေကို
အပြုံးမပျက် ခေါ်နေ ပြောနေနိုင်ဖို့

ဘဝကြီးက ပြိုလဲခဲ့ဖူးတယ်ဆိုရင်တောင်
အဆင်ပြေနေတဲ့ ပုံစံမျိုးနဲ့ နေတတ်ဖို့

တစ်ခုခု ဖြစ်ခဲ့ဖူးတယ် ဆိုရင်တောင်
ဘာမှမဖြစ်ခဲ့သလို နေတတ်ဖို့ဆိုတာ
ငါ့မှာ အများကြီး ဖြတ်သန်းခဲ့ရတာ

တကယ်တော့
ဘယ်လောက် ရင့်ကျက်လာသလဲ ဆိုတာက

ပျော်ရွှင်ခြင်း နာကျင်ခြင်းတွေကို
လူမြင်အောင် ထုတ်ခံစားမပြဘဲ

မင်းရင်ထဲမှာ
ဘယ်လိုထားတတ်လာသလဲဆိုတာနဲ့ပဲ ဆိုင်တယ်

ပျော့ကွက်ကို ချနင်းမယ့်သူရှေ့မှာ
အားနည်းချက်ကို ထုတ်မပြရဘူး

ပြီးတော့
ဒဏ်ရာအသစ်တွေ ထပ်ပေးမယ့်သူတွေကို
ဒဏ်ရာအဟောင်းတွေ အကြောင်း
ဘယ်တော့မှ ပြောမပြရဘူးသိလား ။

တကယ်တော့
စိတ်သက်သာရာ သက်သာကြောင်းဆိုတာ
ငါတို့ ကိုယ်တိုင်ဆီမှာက လွဲရင်
တစ်ခြား ဘယ်သူ့ဆီမှာမှ တကယ်မရှိဘူး ။

#အရှင်ဇဝန
#credit

image