15 w - Translate

ဒီပုံလေးကိုကြည့်ပြီး ကိုယ်သိလိုက်ရတာလေးက😇တန်ဖိုးကြီးအဆင်တန်ဆာများ ကော့ညွတ်နေအောင်ဆင်ထားသော်လည်း🤗
Skin မ careခဲ့၍ အရွယ်တင်နုပျိုမှုမရှိရင်လည်း😇
ဘယ်လိုမှ ကြည့်လို့အဆင်မပြေဘူးဆိုတာကိုယ်သိလိုက်ရပြီ😏

ထို့ကြောင့် Skin care မည်😊😘
Cosmetic ကောင်းကို နှမြောတသစွာသုံးရမှာ👈
သုံးရင်းအဆက်ပြတ်သွားမှာ👈
အကြောင်းအမျိုးမျိုးကြောင့် မသုံးဖြစ်မှာစိုး၍ သုံးရင်းရောင်းရင်းဖြင့်😍
ကိုယ်တိုင်လည်း တဝကြီးညတိုင်းSkin care နေသည်😁

image
15 w - Translate

နည်းပြဆီမြွန်နီရဲ့ အသင်းကို ဟက်ထရစ်သွင်းနိုင်တဲ့ ကစားသမား လေးယောက်သာရှိပါတယ်။

👉ခရစ္စတီယာနိုရော်နယ်ဒိုလ်

👉ခရစ္စတီယာနိုရော်နယ်ဒိုလ်

👉ခရစ္စတီယာနိုရော်နယ်ဒိုလ်

👉ခရစ္စတီယာနိုရော်နယ်ဒိုလ်

ဆီမြွန်နီအတွက်တော့ ရော်နယ်လ်ဒိုကအိမ်မက်ဆိုးပါပဲ..

image
15 w - Translate

သုံးစရာ ပိုက်ဆံလေးပဲမရှိတာပါ 😁

image

#ဆီတိုဟူးကြက်သားကြော်
.......................................
တရုတ်ကြက်သားကြော် နောက်တစ်မျိုးပါ။ အပြင်မှာ ကြွပ်ရွပြီး အတွင်းဖက်ပိုင်းအသားက ခြောက်မနေတဲ့ ကြက်သားမျိုးပါ။ Iam Yee (ဆီတိုဟူးအနီ) ရဲ့အနံ့အရသာကို စိမ်းတဲ့ နိုင်ငံခြားသားတွေအတွက်ဆိုရင် Iam Yee နဲနဲလျော့ထည့်ရပါ့မယ်၊ ဆီတိုဟူးရဲ့အရသာကို ကြိုက်နှစ်သက်သူတွေကတော့ ခုပြောပြမယ့် Recipe လေးအတိုင်းကြော်ပါ။

ပါဝင်ပစ္စည်းတွေကတော့
............................
- ကြက်သား - 450 gm
(အနေတော်အရွယ်တုံးထားပါ)
- ကြက်ဥ - ၁ လုံး
- ပြောင်းဖူးမှုန့် - ၁ ခွက်
- ဆီတိုဟူးအနီ (Iam Yee) - ၁ တုံး
- တရုတ်နှမ်းဆီမွှေး - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
- တရုတ်ဆန်အရက် - စားပွဲဇွန်း ၁ ဇွန်း
- ငရုတ်ကောင်းမှုန့်အဖြူ - လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း
.............

ကြက်သားကို ဆီတိုဟူးအနီ၊ တရုတ်ဆန်အရက်၊ ငရုတ်ကောင်းမှုန့်၊ နှမ်းဆီမွှေး၊ ဆား၊ ကြက်သားမှုန့်၊ ပြောင်းဖူးမှုန့်၊ ကြက်ဥဖောက်ထည့်ပြီးနယ်ပါ။ အနည်းဆုံး ၃-၄ နာရီခန့် နှပ်ထားပေးပါ။ ပြီးရင် ဆီအိုးတည်ပြီး ကြော်ပါ။

image
15 w - Translate

အမေတို့ခေတ်က စိတ်ဆိုးနည်း

image
15 w - Translate

2!9 က top fan တွေကို မဲဖောက်ပေးမယ့်ကား

image
15 w - Translate

အန္တရာယ်ရှိအဆင့်သို့ ဟာရီကိန်း ဟယ်လန်နာ ရောက်ရှိ
--------------------------
အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်ကို ဝင်ရောက်မယ်လို့ ခန့်မှန်းရတဲ့ ဟာရီကိန်း ဟယ်လန်နာဟာ အန္တရာယ်ရှိ ဟာရီကိန်း မုန်တိုင်းကြီးတစ်ခုအဖြစ်ကို အားကောင်းလာနေတယ်လို့ အမေရိကန် အမျိုးသား ဟာရီကိန်းစင်တာ က ကြာသပတေးနေ့မှာ ပြောပါတယ်။

အဲဒီ ဟာရီကိန်းမုန်တိုင်းကြီး ဟယ်လန်နာဟာ တစ်နာရီကို လေတိုက်နှုန်း မိုင်(၁၃၀)အထိရှိနေပြီး ဖလော်ရီဒါ ပြည်နယ် ကမ်းရိုးတန်တစ်လျှောက်မှာ ကြောက်စရာကောင်းတဲ့ မုန်တိုင်းဒီရေ တက်မှုတစ်ခု ဖြစ်ပေါ်နိုင်ခြေရှိနေ တယ်လို့လည်း သတိပေးထားပါတယ်။ လက်ရှိမှာ ဟာရီကိန်းရဲ့ အရှိန်ကြောင့် ဖလော်ရီဒါပြည်နယ်ထဲက လေဆိပ် တွေကို ပိတ်ထားရသလို သည်းထွန်စွာ ရွာသွန်းနေတဲ့မိုးကြောင့် လမ်းတွေမှာ လည်း ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ် နေပါတယ်။

ဖလော်ရီဒါပြည်နယ် တမ်ပါးမြို့အနောက်ဘက် မိုင်(၁၃၀) အကွာ ကို ရောက်ရှိနေတဲ့ ဟာရီကိန်း ဟယ်လန်နာဟာ အခုထက် အားပိုကောင်းလာမယ်လို့ ခန့်မှန်းရပြီး ဒေသစံတော် ချိန် သောကြာနေ့ည (၁၁)နာရီဝန်းကျင်လောက် မှာ ကုန်တွင်းပိုင်းကို စတင်ဝင်ရောက်မယ်လို့လည်း ခန့်မှန်းထား ကြပါတယ်။ ဒါကြောင့် မုန်တိုင်းလမ်းကြောင်း ပေါ် ကျရောက်နေတဲ့ ဒေသတွေက ပြည်သူတွေကို အသက်ဘေး စိုးရိမ်ရကြောင်းနဲ့ မဖြစ်မနေ နေရပ်ရွှေ့ပြောင်း ကြဖို့ အမေရိကန် အာဏာပိုင်တွေက သတိပေးညွှန်ကြားထားပါတယ်။

image
15 w - Translate

တရုတ်၏ နျူစွမ်းအင်သုံး ရေငုပ်သင်္ဘော နစ်မြုပ်ခဲ့ဟု အမေရိကန်ပြော
-------------------------
တရုတ်ရဲ့ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောသစ် တစ်စင်းဟာ အခုနှစ်ဆန်းပိုင်းတုန်းက နစ်မြုပ်ပျက်စီး သွားခဲ့တယ်လို့ အမေရိကန် ကာကွယ်ရေးတာဝန်ရှိသူတွေက ကြာသပတေးနေ့က ပြောလိုက်ပါတယ်။ ဒါဟာ ပေကျင်းက သူရဲ့ ရေတပ်အင်အားကို တိုးချဲ့တည်ဆောက်ဖို့ လုံးပမ်းနေချိန်မှာ ပေါ်ပေါက်လာတဲ့ အရှက်ရဖွယ် ဆုံးရှုံးမှု တစ်ခုပါ။

Planet Labs က ထုတ်ပြန်တဲ့ ဂြိုဟ်တုဓာတ်ပုံမှာ အဲဒီရေငုပ်သင်္ဘော ကမ်းကပ်ခဲ့ဖွယ်ရှိတဲ့ ၀ူချန်မြို့ သင်္ဘောကျင်း နဲ့ ကရိန်းစက်ယန္တရားတွေကို အခုလို တွေ့ရပါတယ်။ အဲဒီ ပထမတန်းစား တိုက်ခိုက်ရေး ရေငုပ်သင်္ဘောဟာ သင်္ဘောဆိပ်ခံတစ်ခုနဲ့အတူ ပြီးခဲ့တဲ့ မေလနဲ့ ဇွန်လအတွင်းမှာ နစ်မြုပ်သွားခဲ့တယ်လို့ အမည်မဖော်လိုတဲ့ အမေရိ ကန် ကာကွယ်ရေးအရာရှိတစ်ယောက်ကို ကိုးကားပြီး ရိုက်တာက ရေးသားဖော်ပြပါတယ်။

ဝါရှင်တန်မြို့တော်အခြေစိုက် တရုတ်သံရုံးကတော့ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ပြောဖို့ သတင်းအချက်အလက် မရှိ သေးကြောင်း ပြောပါတယ်။ တရုတ်နိုင်ငံ ရေတပ်မှာ သင်္ဘောအစင်းပေါင်း (၇၃၀)နဲ့ ကမ္ဘာ့အကြီးဆုံး ရေတပ်ကို ပိုင်ဆိုင်ထားပြီး နျူလက်နက်တပ်ဆင် ပစ်ခတ်နိုင်တဲ့ ရေငုပ်သင်္ဘောမျိုးဆက်သစ်တွေကို အများအပြား ထုတ်လုပ် နေချိန် ဖြစ်ပါတယ်။

image
15 w - Translate

ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ် ထမ်းစမ်းဂူ၌ဟိုပုံးကိုရင်လေး ရှင်ပေါရိဿ၏ မယ်တော် သာသနာ့မိခင်​ကြီးဒေါ်မွိုးနင့်ကျောင်းဆောင်

ဟိုပုံးမြို့ရောက်တဲ့အခါ
ရှင်ပေါရိဿ၏ မယ်တော် သာသနာ့မိခင်​ကြီးဒေါ်မွိုးနင့်ကျောင်းဆောင်ကိုတော်တော်များများမရောက်ခဲ့ကြဘူး ဒီတစ်ခါထမ်းစမ်းဂူရောက်ခဲ့ရင်
ရှင်ပေါရိဿ၏ မယ်တော် သာသနာ့မိခင်​ကြီးဒေါ်မွိုးနင့်ကျောင်းဆောင်ကိုရောက်အောင်ဝင်လေ့လာခဲ့ပါနော်☘️

ရှမ်းပြည်တောင်ပိုင်း ထမ်းစမ်းရွေတိဂုံစေတီတော်တည်ရှိရာနေရာ၌ မကြာသေးခင်က တည်ဆောက်ထားတဲ့ ဟိုပုံးကိုရင်လေး ရှင်ပေါရိဿ၏ မယ်တော် သာသနာ့မိခင်​ကြီးဒေါ်မွိုးနင့်ကျောင်းဆောင်ဖြစ်ပါတယ်။

လက်‌ရာ‌‌မြောက် ပန်းပုလက်ရာများနဲ့ လှပခန့်နားစွာတည်ရှိတဲ့ ကျောင်းဆောင်တော်ကြီးဘဲဖြစ်ပါတယ်

image
15 w - Translate

ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ် ထမ်းစမ်းဂူ၌ဟိုပုံးကိုရင်လေး ရှင်ပေါရိဿ၏ မယ်တော် သာသနာ့မိခင်​ကြီးဒေါ်မွိုးနင့်ကျောင်းဆောင်

ဟိုပုံးမြို့ရောက်တဲ့အခါ
ရှင်ပေါရိဿ၏ မယ်တော် သာသနာ့မိခင်​ကြီးဒေါ်မွိုးနင့်ကျောင်းဆောင်ကိုတော်တော်များများမရောက်ခဲ့ကြဘူး ဒီတစ်ခါထမ်းစမ်းဂူရောက်ခဲ့ရင်
ရှင်ပေါရိဿ၏ မယ်တော် သာသနာ့မိခင်​ကြီးဒေါ်မွိုးနင့်ကျောင်းဆောင်ကိုရောက်အောင်ဝင်လေ့လာခဲ့ပါနော်☘️

ရှမ်းပြည်တောင်ပိုင်း ထမ်းစမ်းရွေတိဂုံစေတီတော်တည်ရှိရာနေရာ၌ မကြာသေးခင်က တည်ဆောက်ထားတဲ့ ဟိုပုံးကိုရင်လေး ရှင်ပေါရိဿ၏ မယ်တော် သာသနာ့မိခင်​ကြီးဒေါ်မွိုးနင့်ကျောင်းဆောင်ဖြစ်ပါတယ်။

လက်‌ရာ‌‌မြောက် ပန်းပုလက်ရာများနဲ့ လှပခန့်နားစွာတည်ရှိတဲ့ ကျောင်းဆောင်တော်ကြီးဘဲဖြစ်ပါတယ်

image