14 w - Translate

အချိန်ရရင်ကလောမြို့လေးကိုအလည်တစ်ခေါက်အရောက်လာခဲ့ပါ🍀

Kalaw Villaထဲမှာရှိတဲ့ချစ်စရာအိမ်လေးတစ်အိမ်ဖြစ်တဲ့The Blue Cottage💙

The Blue Cottageဆိုတဲ့အတိုင်းပဲအိမ်လေးကသပ်ရပ်လှပပြီးနေချင်စရာအိမ်လေးပါ🏡

ကလောမြို့ကိုအလည်လာတဲ့အခါသူငယ်ချင်းတွေနဲ့စုစုစည်းစည်းနေချင်တဲ့သူတွေအတွက်၊မိသားစု၊မိတ်​ဆွေများနဲ့အေးအေးဆေးဆေး ချက်ပြုတ်စားသောက်ပြီး The Blue Cottageအိမ်မှာတည်းခိုကြည့်ပါ🏡

Kalaw Villaက `ကလော´အိုးစည်တောင်နဲ့ နီးပြီးကလောမြို့နဲ့ အောင်ပန်းမြို့ကြား အလယ်မှာရှိတာဆိုတော့ မြို့မဈေးနဲ့က ၁၀ မိနစ် ၁၅ မိနစ် လောက်ပဲသွားရတယ်☘️

The Blue Cottage🏠
Tue, Wed, Thu များအတွက် တခြားညတွေထက်လျော့စျေးပေးထားတယ်နော်

‌တည်းခိုနေ့များကို ညဆက်၍ထပ်တိုးတည်းခိုလိုသူများအတွက် Special Package Promotion များလည်းပေးထားပါသေးတယ်

The Blue Cottageမှာ အေးဆေးတည်းပြီး လည်ချင်သူများအတွက်လည်းအဆင်ပြေတယ် ဒါနဲ့အခုလို
မိုးရာသီအချိန်ခါမှာ အိမ်ကိုလာတည်းတဲ့ဧည့်သည်တွေအတွက်လည်း Promotionလည်းပေးထားတယ် Promotionပေးတုန်းလက်မလွတ်ပဲနဲ့သူငယ်ချင်းတွေနဲ့အတူသွားပြီးတည်းခိုဖို့သင့်တော်တဲ့အိမ်လေးပါ🏠

Package ဈေးနှုန်းများ Special Discount အကျုံးမဝင်ပါ

🌲ထင်ရှူးတောအလှတွေနဲ့ကာရံထားတဲ့အလှတရားရယ်...သဘာဝတိုင်းထိမ်းသိမ်းထားတဲ့တောတန်းအလှလေးတွေရယ် တိတ်ဆိတ်ငြိမ်သက်ပြီးအေးအေးဆေးဆေးလေးနဲ့နေလို့ကောင်းတဲ့နေရာလေးတခုမှာပေါ့❤️

🏡ကြည်လင်တဲ့ ရှုခင်းတွေရှိပြီး ရိုးရိုးရှင်းရှင်း သဘာဝအလှကိုပိုင်ဆိုင်ထားတဲ့ ကလောမြို့လေးမှာရှိတဲ့ Relax Kalaw Home

တောင်ပေါ်မြို့လေးက မိမိကိုယ်ပိုင် အပန်းဖြေအိမ်လေးကဲ့သို့ ဖွဲ့စည်းတည်ဆောက်ထားတဲ့အတွက် ကိုယ်ပိုင်အိမ်လေးကဲ့သို့ နွေးထွေးမှု နဲ့ တောတောင်သဘာဝအလှများရဲ့ အေးချမ်းတိတ်ဆိတ်မှုကို တစ်ပြိုင်တည်းခံစားနိုင်မှာဖြစ်ပါတယ်

အခုလိုမိုးရာသီချိန်မှာ The Blue Cottageအိမ်လေးမှာပဲ အေးအေးဆေးဆေးလေးအနားယူပြီး ကလောမြို့ရဲ့မိုးရာသီအလှကိုခံစားကြရအောင်လေနော်💙

⏱️24 hrs Security လည်းရှိပါတယ်
The Blue Cottageအိမ်လေးမှာ(၃) ရက်ထပ်ပိုနေတဲ့ဧည့်သည်တော်များအတွက်လည်း 40% Discount ပေးထားတယ်😍

🌧️September လကုန်အထိ မိုးရာသီ အထူး Promotion ရှိတယ်ဆိုတဲ့အကြောင်းသတင်းကောင်းပါးလိုက်ပါရစေ💧

The Blue Cottageအိမ်လေးမှာ
(၆)ဦးအထိတည်းခိုနိုင်ပြီး Extra Bedထိုးမယ်ဆိုရင်(၁၀)ဦးအထိတည်းခိုနိုင်ပါတယ်🏡

Master Bed Room - 2 Rooms
Normal Bed Room - 1 Room
Common Bath Room - 1 Room
Living Room - 2 Rooms

Telephone provided ☎️
Wi-Fi Provided
Shower Gels + Shampoo Provided
Towel Provided
Almost 24 hrs EPC Electricity with Stabilizer
Chargeable LED Light Rods Provided in case of the power cut

*Tooth brushes & Tooth pastes are not provided*

The Blue Cottage - ပုံမှန်ဈေးနှုန်း နှင့် Special Package ဈေးနှုန်းဆိုပြီးနှစ်မျိုးရှိတယ်

စျေးနှုန်းများသိရှိလိုပါကအောက်ပါဖုန်းနံပါတ်ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်

For more details and booking
Call 📞 to 09789506327
viber - 09789506327

🗺️ Address- The blue Cottage, C Road, Kalaw Villa, Myinka Village, Near Oh Si Mountain 🏔️

image

imageimage
14 w - Translate

ဘောလုံးကစားသမားဘဝမှ ဗာရန်း အနားယူ
---------------------
ပြီးခဲ့တဲ့ဘောလုံးရာသီအကုန်မှာ မန်ယူအသင်းကနေ ထွက်ခွာခဲ့ပြီးနောက် စီးရီးအေကလပ် ကိုမိုအသင်းကို ပြောင်းရွှေ့သွားခဲ့တဲ့ ပြင်သစ်နောက်ခံလူ ဗာရန်းဟာ စက်တင်ဘာလ(၂၅)ရက်နေ့မှာ ကစားသမားဘဝကနေ ရုတ်တရက် အနားယူသွားခဲ့ပါတယ်။ ဗာရန်းဟာ ကိုမို ကစားသမားဘဝ ပထမဆုံးပွဲစဉ်ဖြစ်တဲ့ ဆမ်ဒိုးရီးယား အသင်းနဲ့ပွဲစဉ်မှာတင် ဒူးဒဏ်ရာရရှိခဲ့တာကြောင့် အနားယူနေခဲ့ရတာပါ။

အခုအချိန်မှာ အသက်(၃၁)နှစ်အရွယ် သာ ရှိသေးပေမယ့်လည်း ဗာရန်းဟာ ဒဏ်ရာပြဿနာတွေကြောင့် ကစား သမားဘဝကနေ အနားယူဖို့အတွက် အခုလို ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ကစားသမားဘဝမှာ အနိမ့်အမြင့်၊ အတက်အကျတွေကို ကြုံတွေ့ခဲ့ရပေမယ့် လည်း အခုချိန်မှာတော့ ကစားသမားဘဝကနေ အနားယူဖို့အတွက် ဆုံးဖြတ်လိုက်ပြီလို့ ဗာရန်းက သူ့ရဲ့ကိုယ်ပိုင် ဆိုရှယ်မီဒီယာအကောင့်မှာ ရေးသားခဲ့ပါတယ်။

ဖြတ်သန်းခဲ့ရတဲ့ ကစားသမားဘဝတစ်လျှောက်လုံးမှာ မျှော်လင့် ထားတဲ့အရာတွေထက် ပိုပြီးတော့အောင်မြင် ခဲ့တာဖြစ်လို့ ကစားသမားဘဝကနေ အနားယူဖို့ ဆုံးဖြတ်ခဲ့တဲ့အပေါ် နောင်တရနေမှာ မဟုတ်ဘူးလို့လည်း ဗာရန်းက ဆက်လက်ရေးသားခဲ့ပါတယ်။ ဗာရန်းဟာ သူ့ရဲ့ကစားသမား ဘဝမှာ လန်းစ်၊ ရီးရဲလ်မက်ဒရစ်နဲ့ မန်ယူ အသင်းတို့မှာ ကစားခဲ့ဖူးသလို ပြင်သစ်အသင်းနဲ့ ကမ္ဘာ့ဖလား အပါအဝင် တခြားဆုဖလားပေါင်းများစွာကို ကလပ် အသင်းနဲ့အတူ ရယူနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

image
14 w - Translate

ဘာတဲ့

image

မုန်လာဥ ချည်ရည် ချက်နည်း

မုန်လာဥကို ပါးပါးလှီး ရေးဆေး
စစ်ထားပါ မုန်ညှင်းဖူးကို လဲ သင်ပီး
ရေဆေး စစ်ထားပါ မန်ကျည်းစိမ်းကို ရေဆေးပီး ပြုတ်ထားပါ
အိုးထဲသို့ မုန်လာဥ မုန်ညှင်းရွက်
ဆီနဲနဲ နနွမ်း ငပိအနည်းငယ် ခရမ်းချဉ်သီး သုံးလုံးလောက်နဲ့ ထဲ့လုံးပါ ခရမ်းသီး လိပ်သွားမှ
မန်ကျည်းရည် ထဲ့ပီး ကြာကြာလေး လုံးပါ လုံးပီးမှ ရေထဲ့ပါ
ကြာကြာလေး ပွက်မှ ဆား အရသာမှုန့် ထဲ့ပါ ချဉ်ရည်က ကျမှ
မြိန်တာပါ နံနံထဲ့လိုက်ပါ
ခရမ်းသီး ပေါရင် ခရမ်းချဉ်သီး များများနဲ့ ချက်တာ ပို မြိန်ပါတယ်
မန်ကျည်းရည် ထဲ့စရာ မလိုတော့ဖူးပေါ့ ...
မုန်လာဥ အနံ့မွှေးမွှေး လေးနဲ့
ထမင်း မြန်စေတဲ့ ချည်ရည် တစ်ခွက်ပါရှင် .....

image

image
14 w - Translate

ဘယ်သူလဲ ဘယ်သူလဲ😐😐

image
14 w - Translate

my fri:နင်တို့ အတွဲလေးအားကျလိုက်တာ?
me:

image
14 w - Translate

အပူပိုင်းမုန်တိုင်း မက္ကဆီကိုသို့ တစ်ကျော့ပြန်ဝင်ရောက်ဖွယ်ရှိ
----------------------------
မက္ကဆီကိုနိုင်ငံ တောင်ပိုင်းကမ်းရိုးတန်းကို ဝင်ရောက်တိုက်ခတ်ပြီးနောက် ပိုမိုအားကောင်းလာတဲ့ အပူပိုင်း မုန်တိုင်း ဂျွန်ဟာ ပစိဖိတ်သမုဒ္ဒရာအတွင်းကို ပြန်လည်ရွေ့လျားသွားပေမယ့် စက်တင်ဘာ ၂၅ ရက် ညနေပိုင်းမှာ မက္ကဆီကိုပြည်မကြီးကို ထပ်မံဝင်ရောက်မယ်လို့ ခန့်မှန်းထားကြောင်း အမေရိကန် အမျိုးသားဟာရီကိန်းစင်တာ က ပြောပါတယ်။

ဂျွန်ဟာ စက်တင်ဘာ ၂၃ ရက်က အင်အားပြင်း ဟာရီကိန်းမုန်တိုင်းအနေနဲ့ ကုန်းတွင်းပိုင်းကို စတင်ဝင်ရောက်ခဲ့ ရာမှာ ရေကြီးမှုနဲ့ မြေပြိုမှုတွေကြောင့် လူငါးယောက်ထက်မနည်း သေဆုံးခဲ့ပြီး နေအိမ်တွေ ပြိုကျခဲ့ပါတယ်။ နေ အိမ်တစ်သိန်းလောက် လျှပ်စစ်မီး ပြတ်တောက်ခဲ့ပြီး အဓိကဆိပ်ကမ်းတွေနဲ့ ကမ်းခြေ အပန်းဖြေစခန်းတွေရှိရာ ပြည်နယ်အများအပြားမှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပါတယ်။ သောကြာနေ့အထိ ပြင်းထန်တဲ့ မိုးရွာသွန်းမှု ထပ်မံဖြစ်ပွားနိုင်တယ်လို့ မိုးလေဝသပညာရှင်တစ်ယောက်က ခန့်မှန်းထားပါတယ်။

မက္ကဆီကိုရဲ့ ပစိဖိတ်ကမ်းရိုးတန်းတစ်လျှောက်က ပြည်နယ်လေးခုမှာ လျှပ်တစ်ပြက် ရေလျှံမှုနဲ့ ရွှံ့ပြိုမှုတွေ ဖြစ် နိုင်ဖွယ်ရှိကြောင်းလည်း သတိပေးထားပါတယ်။ ဟာရီကိန်းတွေဟာ လူသားတွေ ပယောဂကြောင့် ရာသီဥတု ပြောင်းလဲရာက ဖြစ်ပေါ်လာတဲ့ ပင်လယ်ရေ အပူချိန်မြင့်မားမှုကြောင့် ပိုမိုအားကောင်းလာပြီး လူမှုအသိုင်းအဝိုင်း တွေမှာ မုန်တိုင်းသက်ရောက်မှုကို ထိန်းကျောင်းရန် အချိန်နည်းပါးသွားစေတယ်လို့ သိပ္ပံပညာရှင်တွေက ပြောပါ တယ်။

image
14 w - Translate

ဂျော်ဂျီယာပြည်နယ်တွင် မကြုံစဖူး မုန်တိုင်းဒဏ်ခံရနိုင်ကြောင်း သတိပေး
----------------------------------
ဟာရီကိန်း ဟယ်လင်းန်ဟာ အမေရိကန်နိုင်ငံ ဂျော်ဂျီယာပြည်နယ်အပေါ် သိသိသာသာ သက်ရောက်မှု ရှိလိမ့် မယ်လို့ ပြည်နယ်အရေးပေါ် စီမံခန့်ခွဲရေး အေဂျင်စီက စက်တင်ဘာ ၂၅ ရက်မှာ သတိပေးလိုက်ပါတယ်။ ဂျော်ဂျီ ယာပြည်နယ်က ခရိုင် ၁၅၉ ခုကို ကိုဗစ်ကပ်ဘေးကလွဲလို့ ပြင်းပြင်းထန်ထန် သက်ရောက်ခဲ့တာ မတွေ့ခဲ့ ဘူးလို့ ဂျော်ဂျီယာ အရေးပေါ် စီမံမှုအေဂျင်စီနဲ့ အမိမြေလုံခြုံရေးဌာန အကြီးအကဲက အတ္တလန္တာမှာ ပြုလုပ်တဲ့ သတင်း စာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဖလော်ရီဒါ၊ ဂျော်ဂျီယာနဲ့ အယ်လ်ဘားမားတို့က လူသန်း ၄၀ ကျော်ကို ဟာရီကိန်းနဲ့ အပူပိုင်းမုန်တိုင်း သတိပေး ချက်တွေ ထုတ်ပြန်ထားပြီး ယူကာတန်ကျွန်းဆွယ်ရဲ့ ကမ်းရိုးတန်းအနီး အနောက်မြောက်ဘက်မှာ အပူပိုင်းမုန် တိုင်း ဟယ်လင်းန် ဝင်ရောက်တိုက်ခတ်ခဲ့တယ်လို့ အမျိုးသား မိုးလေဝသ ဌာနက ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်ပါတယ်။

ဂျော်ဂျီယာပြည်နယ်ရဲ့ မိုးလေဝသပညာရှင် ဝီလ် လန်စတန်က မုန်တိုင်း ရဲ့ အရှိန်အဟုန်ဟာ ဂျော်ဂျီယာတစ်ခွင် ပြင်းထန်စွာ ရိုက်ခတ်နိုင်ပြီး ပြည်နယ်တောင်ပိုင်း၊ အနောက်တောင်နဲ့ အလယ်ပိုင်းတို့မှာ အမျိုးအစား ၃ အဆင့် ရှိတဲ့ ဟာရီကိန်း သက်ရောက်နိုင်တယ်လို့ သတိပေးပါတယ်။ မုန်တိုင်း ကြောင့် အသက်အန္တရာယ်ကို ခြိမ်းခြောက် နိုင်တဲ့ ၁၅ ပေအမြင့် မုန်တိုင်းဒီရေလှိုင်းတွေ ဖြစ်ပေါ်နိုင်တယ်လို့ ခန့်မှန်းထား ပါတယ်။ ဒေသတွင်း သီးခြားနေရာ တချို့မှာ မိုးရေချိန် ၁၅ လက်မအထိ ရွာချနိုင်လို့ ရုတ်တရက် မြို့ပြရေလျှံမှုတွေ ဖြစ်ပေါ်နိုင်တယ်လို့ အမျိုးသား ဟာရီကိန်းစင်တာက ထုတ်ပြန်ထားပါတယ်။

image