124 နှစ်များ - ဘာသာပြန်ပါ။

ဒေါ်လာ ၁၀၀၀ ကျော်တန် အပါးဆုံး ပရီမီယမ်ဖုန်း Galaxy S25 Edge
Slim ဖက်ရှင် Trend ကို Apple အရင် Samsung က စတင်လိုက်တာပါ။
ကြေညာထားတဲ့အတိုင်း Samsung ရဲ့ မေလ Unpacked ပွဲမှာ ပါးပေါ့ပေါ့အထူးထုတ် ပရီမီယမ်ဖက်ရှင်ဖုန်းဖြစ်တဲ့ Galaxy S25 Edge ကို မိတ်ဆက်သွားပါတယ်။ ဒီဖုန်းရဲ့ အဓိက specs တွေက Samsung ရဲ့ လက်ရှိအမြင့်ဆုံး Galaxy S25 Ultra နဲ့ အတူတူပါပဲ။
ဖုန်းဘော်ဒီကို ၅.၈ မီလီမီတာပဲ ထူအောင် ဆိုဒ်လျှော့ချပစ်တာနဲ့ ဖုန်းဝိတ် ၁၆၃ ဂရမ် ဖြစ်လာတာက Galaxy S25 Edge ရဲ့ ထူးခြားမှုပါ။ ပါးလျပ်လျပ်ဖုန်းတစ်လုံးကို အကြမ်းခံအောင် Galaxy S25 Ultra မှာ သုံးတဲ့ Gorilla Glass Armor 2 ထက် နှစ်ဆတောင် ပိုအကြမ်းခံတယ်ဆိုတဲ့ Gorilla Glass Ceramic 2 သစ် သုံးပေးထားတယ်လို့ ဆိုပါတယ်။
Screen quality ကလည်း ထိပ်တန်းပါပဲ။ မျက်နှာပြင် Size ၆.၇ လက်မ Dynamic AMOLED 2X display က QHD+ resolution နဲ့ 1-120Hz variable refresh rate ထည့်သုံးထားတာပါ။ flagship ဖုန်းဖြစ်လို့ Galaxy အတွက် ထုတ်ထားတဲ့ Snapdragon 8 Elite SoC နဲ့ လာပြီး RAM 12GB နဲ့အတူ 256GB/512GB storage တွေနဲ့ ထွက်ပါတယ်။
ကျောဘက်မှာ ကင်မရာနှစ်လုံး သုံးပြီး တစ်လုံးက Ultra မော်ဒယ်မှာ သုံးတဲ့ 200MP main lens နဲ့ ကျန်တာက macro shots တွေလည်း ရိုက်နိုင်တဲ့ 12MP Ultrawide lens နဲ့လာပါတယ်။ selfie အတွက်တော့ f/2.2 aperture ပါ 12MP ထည့်ပေးထားပါတယ်။
Slim ဖုန်းဖြစ်လို့ ဘက်ထရီပါဝါကတော့ ဒီနေ့ခေတ်စံအနေနဲ့ဆို နည်းပါတယ်။ Galaxy S25 Edge မှာက 3900 Ah ဘက်ထရီဆဲလ် သုံးထားပြီး wireless charging နဲ့ 25W charging တွေ ရပါတယ်။ adapter ကတော့ သီးသန့်ဝယ်ရမှာပါ။
flagship ဖုန်းတွေမှာ တွေ့ရတဲ့ IP68 rating ရေစိုဖုန်ဝင်ဒဏ်ကာကွယ်မှု ၊ နောက်ဆုံးပေါ် Mobile AI tools တွေနဲ့ လာပြီး တိုက်တေနီယမ်ဖရိမ်သုံးထားတဲ့ Galaxy S25 Edge ကို Titanium Silver , Titanium Jetblack , Titanium Icyblue ကာလာဆန်းတွေနဲ့ ရနိုင်မှာပါ။
preorder လက်ခံနေပြီး 256GB ဗားရှင်းအတွက် ၁၀၉၉ ဒေါ်လာ ၊ 512GB မော်ဒယ်အတွက်တော့ ၁၂၁၉ ဒေါ်လာ ကျသင့်မယ်လို့ ဆိုပါတယ်။

image
124 နှစ်များ - ဘာသာပြန်ပါ။

ကင်မရာကောင်းသလောက် ဈေးမြောက်တဲ့ Sony Xperia 1 VII
Sony ဖုန်းတွေက လူတိုင်းအတွက် မဟုတ်ဘူးလို့ ပြောကြပါတယ်။ ဒါလည်း မှန်တာပါပဲ။
Trend နောက် မလိုက်ဘဲ ကိုယ်ပိုင်ဒီဇိုင်း ၊ ကိုယ်ပိုင်ရပ်တည်ချက်နဲ့ ထိုးဖောက်တဲ့ ရှားပါး ဖုန်း brand တစ်မျိုးဖြစ်တဲ့ Sony က သူ့ရဲ့ တန်ဖိုးမြင့် Xperial 1 VII သစ်ကို ကြေညာပါတယ်။ iPhone 16 Pro Max ထက်တောင် ဈေးမြင့်တဲ့ဖုန်းပါ။
Xperai 1 VII ကိုက ကင်မရာတစ်ပိုင်းဖုန်းပါပဲ။ တစ်ခါကလို 4K display နဲ့ 21:9 aspect ratio မပါတော့တာကလွဲရင် ကင်မရာ ပိုတောင်ကောင်းလာပါတယ်။ လက်ရှိအမြင့်ဆုံး chipset ဖြစ်တဲ့ Snapdragon 8 Elite SoC နဲ့ လာပြီး RAM 12GB ၊ vapor chamber cooling တွေ သုံးလာတာပါ။
ကင်မရာပိုင်းမှာ Ultrawide lens သစ် 48MP 1/1.56 inch sensor က Xperia 1 VI ထက် ၂.၁ ဆ ပိုကြီးပြီး full-frame ကင်မရာတစ်လုံးနဲ့ ပိုတူလာပါမယ်။ ဒီ lens က ရုပ်ထွက်မကောင်းတာကို အနည်းဆုံး လျှော့ချနိုင်ပြီး 5cm macro shots တွေ ဖမ်းယူနိုင်ပါတယ်။
main နဲ့ zoom lens ကို အရင်မော်ဒယ်တွေလိုပဲ 24mm/48mm Exmor T lens နဲ့ dual pixel PDAF , OIS ပါ 48MP wide lens နဲ့ 12MP 3.5x-7.1x continuous optical zoom တွေနဲ့ လာပါတယ်။ telephoto lens က 1/3.5" Exmor RS imager နဲ့ လာတဲ့ 85mm-170mm f/2.3-f/3.5 lens ဖြစ်ပြီး 4cm telemacro လုပ်ဆောင်ချက်လည်း ပါပါတယ်။
ကင်မရာစနစ်မှာ AI သုံး Alpha smarts တွေ ဖြစ်တဲ့ လူနဲ့ တိရစ္ဆာန်တွေအတွက် Sony ရဲ့ real-time eye AF ၊ AI နဲ့ အဓိက subject မှတ်သားမှု ၊ AI white balance , AI exposure နဲ့ AI depth တွေ ပါပါမယ်။
AI ကင်မရာပိုင်းမှာ AI Camera Work လိုမျိုး subject တစ်ခု ရိုက်မိမရိုက်မိပြန်စစ်စရာမလိုဘဲ ဗွီဒီယိုရုပ်ထွက်အဆင်ပြေစေမယ့် နည်းပညာ နဲ့ အပြေးအလွှား ရိုက်ချက်တွေ auto crops လုပ်ပေးသလို အနီးကပ်ရော အဝေး wide shots ပါ တပြိုင်တည်း ဖမ်းနိုင်မယ့် Auto Framing လို အဆင့်မြင့်စနစ်တွေ ပါလာပါတယ်။
Sony Xperial 1 VII မှာ 3.5mm audio jack ဆက်သုံးထားပြီး 360 Rality Audio, Spatial Sound, Full-Stage စတီရီယိုစပီကာလိုမျိုး အသံနည်းပညာတွေ ပါပါတယ်။ microSD card slot ပါပြီး IP68 rating ၊ Gorilla Glass Victus 2 မှန်ကာကွယ်မှု ၊ ဘေးဘောင်လက်ဗွေဖတ် sensor ၊ 30W fast cahrging နဲ့ Qi Wireless charging ပါ 5000mAh ဘက်ထရီတို့လည်း သုံးထားပါတယ်။
အရင် Xperia 1 မျိုးဆက်အတိုင်း ၆.၅ လက်မ 1-120Hz FHD+ OLED panel နဲ့ လာပါတယ်။ Android 15 သုံး Xperia 1 VII က OS Update ၄ နှစ် နဲ့ Security Update ၆ နှစ် ရမှာပါ။ အရောင်အနေနဲ့ Slate Black , Moss Green နဲ့ Orchid Purple သုံးရောင်နဲ့ ထွက်ပါတယ်။

image
8 ပတ် - ဘာသာပြန်ပါ။

"ဟယ်ရီနဲ့ ကျွန်တော်က ခုချိန်ထိ သူငယ်ချင်းကောင်းတွေပါပဲ။ သူ ဘိုင်ယန်နဲ့ ဖလားရတော့လည်း စာပို့ဖြစ်သလို ဗီဒီယိုကော နဲ့လည်း စကားပြောဖြစ်ကြပါတယ်။ သူတော်တော်ပျော်နေတာဗျ။ ကျွန်တော်လည်း ဟယ်ရီ ဘယ်လောက်တောင် ဆုဖလားတွေနဲ့ ထိုက်တန်လဲ သိတာမို့ သူဖလားရတာပျော်ရပါတယ်" 🤍
🗣️ဆွန်ဟောင်မင်

image
8 ပတ် - ဘာသာပြန်ပါ။

ဖုန်းပဲ ပါးမယ်.. စျေးတော့မပါးဘူး 🫥
.
Samsung ကနေ Galaxy S25 Edge ဖုန်းကို တရားဝင်မိတ်ဆက်လိုက်ပါပြီ။ ဒီဖုန်းက သတင်းတွေထွက်ထား၊ အရင်ကလည်း ပုံစံကို ပြပြီးသားဆိုတော့ တကယ်ထွက်လာတဲ့အချိန်မှာလည်း ထူးခြားတဲ့ ပြောင်းလဲမှုအသစ်တွေ၊ Surprise တွေ မပါဘူးလို့တောင် ပြောလို့ရတယ်။
အရင်ဆုံး Galaxy S25 Edge ရဲ့ အထူက 5.8mm ပဲရှိမယ်၊ ဒါက Screen Size တူတဲ့ Galaxy S25+ ရဲ့ 7.3mm ထက် ပိုပါးမယ်၊ Galaxy S25 Ultra က 8.2mm ဆိုတော့ ပိုပြီး ပါးတာက သိသာသွားမယ်။ အထူကလည်း 163g ပဲရှိမယ်။ S25+ တောင် 190g ဆိုတော့ ကိုင်ရတာ S25 ရိုးရိုး ကိုင်ရသလို အလေးချိန်ကို Screen Size က 6.7" ဖြစ်သွားတာပဲ။ ဒီလိုပါးပြီး ပေါ့အောင် Titanium Body Chassis ကို သုံးပေးထားတယ်။
ဒီနေရာမှာ Samsung က နည်းနည်း Apple အချိုးလိုက်ချိုးတာက Weight နဲ့ Thickness Comparison လုပ်တဲ့နေရာမှာ S24+ | S23+ ကိုပဲ​ရွေးလို့ရမယ်။ ပြောရရင် S25 ရိုးရိုးက 7.2mm နဲ့ 162g ပဲရှိတော့ Screen Size 6.2" နဲ့ အရွယ်အစားပိုသေးပေမယ့် ပေါ့ပေါးပါးပါးကိုင်ချင်ရင် S25 က ပိုကိုင်လို့ကောင်း၊ ပိုပေါ့ဦးမယ် - ပါးတာပဲ နည်းနည်းလေးကွာမယ်။
ဒါပေမယ့် Galaxy S25 နဲ့ S25+ ထက် ပိုသာသွားတာက Galaxy S25 Edge မှာ 200MP camera ကို သုံးထားလိုက်တယ်၊ အဲ့အပြင် 12MP Ultrawide Camera ကိုလည်း ထည့်ပေးထားတယ်။ Galaxy S25 Series မှာသုံးထားတဲ့ ProVisual Engine တွေ၊​ AI Feature - Audio Eraser ၊​ Drawing Assist တွေလည်း အကုန်သုံးလို့ရမယ်။
Performance ပိုင်းမှာ Snapdragon 8 Elite for Galaxy ကိုပဲ သုံးထားတယ်၊ Vapor Chamber Cooling Design အသစ်ကို သုံးထားတော့ Cooling လည်း နိုင်မလားကတော့ တကယ့် Review တွေစောင့်ကြည့်ရမယ်။ RAM 12GB နဲ့ 256GB Storage က စရောင်းမယ်။
Battery အနေနဲ့ဆိုရင် 3900mAh Battery ပါမယ်၊ 25W Charging ပဲဖြစ်ဦးမယ်။ IP68 Rating တွေ၊ Wireless Charging တွေလည်း ပုံမှန်အတိုင်း ပါမယ်။
ဆိုတော့ $1,099 ဆိုတဲ့စျေးမှာ Galaxy S25 Edge က S25+ လို Screen Size နဲ့ဖုန်းမျိုးကို Tele လျော့ပြီး Main Camera ပိုကောင်း၊ Titanium Body နဲ့ ပိုပါး၊ ပိုပေါ့တာကို ကိုင်ချင်ရင်တော့ ရွေးလို့ရမယ်။ စျေးအရတော့ အရမ်းကြီး Recommend ပေးလို့ကောင်းတဲ့ ဖုန်းမဟုတ်နေဘူး - Samsung ကလည်း ဒီ ဖုန်းအပါးစျေးကွက်ကို Foldable တုန်းကလို ငါတို့အရင်ဆုံး ထုတ်ပြနိုင်တယ်ဆိုပြီး ထုတ်တာနဲ့တောင် ပိုတူတယ်။

image
124 နှစ်များ - ဘာသာပြန်ပါ။

Students and teachers at two Maryland elementary school had to be evacuated on Tuesday, officials said, as a flash flood emergency was issued for parts of the state.
A flash flood emergency was issued for Westernport, Luke and Barton in Allegany County, where up to 5 inches of rain had fallen as of Tuesday afternoon. Rainfall rates were up to 1 to 2 inches an hour.
About 200 students and faculty members were evacuated from Westernport Elementary School in Westernport by motorized boats to a nearby church, according to Allegany County officials, who said students at Georges Creek Elementary in Lonaconing were also being evacuated to a nearby high school.
Read more: https://abcnews.visitlink.me/maMpxl

image
8 ပတ် - ဘာသာပြန်ပါ။

BREAKING: Erik and Lyle Menendez were resentenced on Tuesday to 50 years to life in prison — which will make them eligible for parole at some point.
The brothers were previously sentenced to life without the possibility of parole for the 1989 murders of their parents, Jose and Kitty Menendez.
Read more: https://abcnews.visitlink.me/vL5ACV

image
8 ပတ် - ဘာသာပြန်ပါ။

hello May

8 ပတ် - ဘာသာပြန်ပါ။

ချန်ပီယံ လီဗာပူးလ်ရဲ့ဒီရာသီပရီးမီးယားလိဂ်ရမှတ် - 83 မှတ်
မန်ယူ နဲ့ စပါး နှစ်သင်းပေါင်းပရီးမီးယားလိဂ်ရမှတ် - 77 မှတ်
🥲

image

#နိုင်ငံတကာသတင်း
◼ကာတာ၏လေယာဉ်လက်ဆောင်ကို လက်မခံလျှင် မိုက်မဲရာကျမည်ဟု ထရန့်ပြောကြား
ကာတာတော်ဝင်မိသားစု ထံမှ လေယာဉ်ပျံတစ်စင်းကို လက်ဆောင်အဖြစ် လက်ခံမည့် ၎င်း၏ အစီအစဉ်အပေါ် ကျင့်ဝတ်ပိုင်းဆိုင်ရာ စိုးရိမ်မှုများကို အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပယ်ချလိုက်ကာ ယင်းသို့ ရက်ရော သောကမ်းလှမ်းမှုအား ပယ်ချခြင်းမှာ မိုက်မဲရာကျမည်ဖြစ်ကြောင်း ပြောသည်။
သမ္မတလေယာဉ် Air Force One အဖြစ် အသုံးပြုရန် ပြင်ဆင်သွားမည်ဖြစ်သော ကန်ဒေါ်လာ သန်း ၄၀၀ တန် လေယာဉ်သည် အမေရိကန်အစိုးရက လက်ခံရရှိခဲ့သမျှ လက်ဆောင်များတွင် တန်ဖိုးအကြီးဆုံးတစ်ခုဖြစ်သည်။
လေယာဉ်ကမ်းလှမ်းမှုသတင်းများ နှင့် အတူ ဒီမိုကရက်များနှင့် ကောင်း မွန် သောအစိုးရမူကို ထောက်ခံသူများထံမှ ဝေဖန်မှုများလည်း ထွက်ပေါ်လာခဲ့ပြီး ယင်းမှာ သမ္မတ၏ဆုံးဖြတ်ချက်များအပေါ် လွှမ်းမိုးမှုရှိနိုင်ကာ အကျိုး စီး ပွားပဋိပက္ခလည်း ဖြစ်နိုင်ကြောင်း ၎င်းတို့က ပြောကြားကြသည်။
Boeing 747-8 လေယာဉ်အား နောက်ပိုင်းတွင် ၎င်း၏သမ္မတရုံးစာကြည့်တိုက်ထံ လှူဒါန်းသွားမည်ဖြစ်ကြောင်း နှင့် သမ္မတရုံးမှ ထွက်ခွာချိန်၌ ယင်း‌လေယာဉ်ကို အသုံးပြုရန်အစီအစဉ်မရှိကြောင်း ထရန့် က ပြောကြားသည်။
“ ဒါဟာ ကာတာအစိုးရဆီက ကြီးကျယ်တဲ့လုပ်ရပ်ပါ။ အလွန်ပဲ တန်ဖိုးထားပါတယ်။ ကျွန်တော်က ဒီလို ကမ်း လှမ်းမှုမျိုးကို ဘယ်တော့မှ ပယ်ချမယ့်လူ မ ဟုတ်ပါဘူး ။ ဆိုလိုတာက အိုး ၊ နိုး ဒီလိုတန်ဖိုးကြီးတဲ့ လေယာဉ် ကြီးကို အ လကား မလိုချင်ဘူး လို့ ပြောလိုက်ရင် ကျွန်တော် က မိုက်မဲတဲ့သူဖြစ်သွားနိုင်ပါတယ်” ဟု ထရန့်က အရှေ့အလယ်ပိုင်းသို့ တရားဝင်ခရီးမထွက်ခွာမီ အိမ်ဖြူတော်၌ သတင်းထောက်များအား ပြောကြားသည်။
ကာတာ၊ ဆော်ဒီအာရေဗျ နှင့် ယူအေအီးအပါအဝင် ယင်းဒေသမှ နိုင်ငံများအား ကာကွယ်ရာ၌ အ မေ ရိကန်၏ အကူအညီကို ကျေးဇူးတင်သောကြောင့် လေ ယာဉ်ကမ်းလှမ်းမှုရရှိခြင်းဖြစ်ကြောင်း ရီပက်ဘလီကန်သမ္မတ ကဆိုသည်။
ယင်းသုံးနိုင်ငံမှာ ၎င်း၏အရှေ့အလယ်ပိုင်း ခရီးစဉ်တွင် ပါဝင်သော နိုင်ငံများလည်းဖြစ်သည်။
လေယာဉ်ကို လက်သင့်ခံခြင်းမှာ လက်တွေ့ကျသော ဆုံးဖြတ်ချက်ဖြစ်ကြောင်း ထရန့်က ထပ်လောင်းပြော ကြား ခဲ့ကာ ၎င်း၏ပထမသမ္မတသက်တမ်းအတွင်း မှာယူထားခဲ့သော Air Force One လေယာဉ်သစ်ကို ပေးပို့ရန် ဘိုး ရင်းကုမ္ပဏီက အချိန်ယူလွန်းခြင်းကိုလည်း စိတ်ပျက်ကြောင်းဆိုသည်။
ကမ်းလှမ်းမှုကို ဝေဖန်သူများကမူ ကျင့်ဝတ်နှင့်မညီကြောင်း ၊ အခြေခံဥပဒေနှင့်ပင် ညီညွတ်ဖွယ်မရှိကြောင်း ပြော ကြားကြသည်။
လေယာဉ် လက်ဆောင်အား ထရန့်လက်ခံခြင်းသည် အကျိုးစီးပွားပဋိပက္ခဖြစ်စေပြီး လေးနက်သော အမျိုးသားလုံ ခြုံ ရေးမေးခွန်းများ ထွက်ပေါ်လာစေကာ နိုင်ငံရပ်ခြားဩဇာလွှမ်းမိုးမှုကို ဖိတ်ခေါ်နေကြောင်း ဒီမိုကရက် အ ထက်လွှတ် တော် အမတ်များဖြစ်သော ဘရိုင်ယန်ရှက်ဇ်၊ ခရစ်မာဖီ ၊ ကိုရီဘွတ်ကာ နှင့် ခရစ်ကွန်းစ် တို့ က ထုတ်ပြန်ချက်တစ်ရပ်၌ပြောကြားသည်။
သတင်း-ရဲမင်း
ကိုးကား-Reuters

image
124 နှစ်များ - ဘာသာပြန်ပါ။

#ပြည်တွင်းသတင်း
◼မြန်မာနိုင်ငံတောင်ပိုင်းဒေသများသို့ အနောက်တောင်မုတ်သုံလေ၀င်ရောက်
မြန်မာနိုင်ငံတောင်ပိုင်း‌ဒေသများ၊ ကပ္ပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းသို့ အနောက်တောင်မုတ်သုံလေ၀င်ရောက်ခဲ့ပြီဖြစ်ကြောင်း မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့(မေ ၁၃ ရက်) မွန်းလွဲပိုင်းတွင်ထုတ်ပြန်သည်။
အနောက်တောင်မုတ်သုံလေသည်(မေ ၁၅ ရက်မှမေ ၁၈ ရက်)အတွင်းမြစ်ဝကျွန်းပေါ်ဒေသနှင့် (မေ ၁၉ ရက်မှမေ ၂၄ ရက်) အတွင်း မြန်မာနိုင်ငံအလယ်ပိုင်းဒေသများသို့ ဆက်လက်ဝင်ရောက်နိုင်ကြောင်း ထုတ်ပြန်ထားသည်။
မနက်ဖြန်နံနက်အထိခန့်မှန်းချက်များအရ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာအနှံ့အပြား၊ ရန်ကုန်တိုင်း၊ စစ်ကိုင်းတိုင်း(အထက်ပိုင်း)၊ ဧရာဝတီတိုင်းနှင့် ကရင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းနှင့်ပြည်နယ်တို့တွင် နေရာကျဲကျဲမိုးထစ်ချုန်းရွာပြီး၊ တနင်္သာရီတိုင်းနှင့် မွန်ပြည်နယ်တို့တွင်နေရာကွက်၍မိုးကြီးနိုင်ကာ ရွာရန်ရာနှုန်းပြည့်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။
ထို့ပြင်ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း ၊တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တို့တွင် မိုးတိမ်တောင်များဖြစ်ထွန်းလျက်ရှိပြီး၊ အဆိုပါမိုးတိမ်တောင်များ ရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည်တို့ ဖြစ်ပေါ်နိုင်၍သတိပြုနေထိုင်ရန် မိုးဇလကအသိပေးထားသည်။
သတင်း - အင်ကြင်း

image