Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ကြက်ခြေထောက်ငုံးဥပြုတ်ချိုချဉ်ငန်စပ်လေးသောက်ကြစို့လေ😷😷😷
ရေဆူဆူမှာကြက်ခြေထောက်၁၀ချောင်းကိုအိုးထဲတွင်ထည့်ပြီးမီးအေးအေးနဲ့တနာရီတည်ထားပါအမြုတ်တွေခပ်ထုပ်ပေးပါ၁နာရီကြာတည်ထားတဲ့ကြက်ခြေထောက်ပြုတ်ထဲကိုပဲငံပြာရည်အကြည်ထမင်းစားဇွန်း၂ဇွန်းခရုဆီထမင်းစာဇွန်း၁ဇွန်းထန်းညက်၁ခဲသကြားကော်ဖီဖွန်းနဲ့၁ဇွန်းငရုတ်သီးစိမ်းအတောင့်၂၀ဒါးပြားရိုက်မန်ကျည်းရည်ဖျော်ထမင်းစားဇွန်း၃ဇွန်းသံပုရာသီး၁လုံးအရည်ညှစ်ထည့်ဆူအောင်ထပ်တည်ပြီးရင်ငါးငံပြာရည်အငန်ထမင်းသားဇွန်း၁ဇွန်းထည့်ပြီးထပ်ဆူလာရင်ရပါပြီရှင်😷😷😷အရည်နဲနေရင်ရေနွေးထပ်ထည့်ပေးပါရန်😷😷😷
ရွှေဘတောင်🏞️
ဘာနည်းပညာ အကူအညီမှမပါပဲ ကျောက်တောင်ကြီးတစ်ခုလုံးကို လက်နဲ့သာ ထွင်းထုပုံဖော်ထားတဲ့ ရွှေဘတောင်🏞️
လွန်ခဲ့တဲ့နှစ်ပေါင်း ၉၀၀ ကျော်က တောင်ကြီးတစ်ခုလုံးကိုထွင်းထုထားတဲ့ မြန်မာဗိသုကာပညာရှင်တွေရဲ့လက်ရာကိုဂုဏ်ယူစွာမြင်တွေ့ရမဲ့
ရွှေဘတောင် 🏞️
ပုဂံခေတ် အလောင်းစည်သူမင်းလက်ထက် ကျောက်ထွင်း အနုပညာဆရာကြီး သူဌေးမင်းဦးရွှေဘ မှ ထိုကျောက်တောင် အကြီးကြီးတွင် ကျောက်နံရံများ၊ ကျောက်ရုပ်ထုများ၊ ကျောက်ဂူများ၊ ကျောက်ဘုရားများနှင့် ကျောက်ပန်းပုလက်ရာများကို ထွင်းထုပြီး ကျောက်လူသွားလမ်း ဖောက်လုပ်ရာမှ ရွှေဘတောင်ဟူ၍ အမည်တွင်ရခြင်းပါ🏞️
ကျောက်ထွင်းအနုပညာရှင် ဦးရွှေဘနှင့် တပည့်များမှ ထို ကျောက်တောင်ကြီးကို ပုံဖော်ရာတွင်လည်း မည်သည့် နည်းပညာမှမပါဝင်ပဲ လက်နှင့်ဆောက်ကိုသာသုံး၍
ကျောက်သားများကိုထွင်းထုခဲ့ကျတယ်လို့ မှတ်သားရပါတယ်🏞️
မြန်မာတို့ရဲ့စေတီဘုရားတွေဟာပုံမှန် အုတ်တွေသဲတွေနဲ့သာ တည်ထားကိုးကွယ်ကြသော်လည်း ရွှေဘတောင်မှာရှိတဲ့ ဘုရားတွေကတော့ ကျောက်တွေနဲ့သာထွင်းထုထားပါတယ်
ကျောက်သားနံရံများကို အင်္ဂတေ
လုံးဝမပါပဲမြန်မာမှုလက်ရာ ကျောက်ပန်းတမော့နှင့် ကျောက်လက်မှုပညာစ.စ်စ.စ်တွေနဲ့သာ
ထွင်းထုထားပါတယ်
ရွှေဘတောင်မှာ နာမည်ကြီး ကျောက်လှေကားကတော့ နာမည်ကြီး နေရာဖြစ်ပြီး ကျောက်နံရံကို
ကျောက်ရေအိုးစဉ် အဖြစ် အသက်သွင်းထားမှုတွေ
ကျောက်တောင်ကြီးကို ကျောက်လှိုဏ်ဂူအဖြစ်ဆောက်
လုပ်ထားပြီးအတွင်းမှာစေတီနှင့်ဘုရားများကို တည်ထားပါတယ်
အထင်ကရနေရာကတော့ ကျောက်ဆင်ရုပ်ကြီးပါ
ကျောက်ဆင်ရုပ်ကြီးဟာ ကျောက်တုံးအကြီးကြီးကို ထွင်းထုထားပြီး ဆင်ကြီးရဲ့အတွင်းဂူထဲမှာတော့ ဘုရားများကို ပူဇော်ထားပါတယ်
မုံရွာတစ်ဘက်ကမ်း
ဆားလင်းကြီးမြို့နယ်၊ ယင်းမာပင်ခရိုင်၊ စစ်ကိုင်းတိုင်းဒေသကြီး
■ ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းဆဲလ်၏ အရှိန်ကြောင့် နေပြည်တော်၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ တနသ်ာရီ၊ ရခိုင်၊ ကရင်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးခြင်းများနှင့် လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ် နိုင်
ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းဆဲလ်၏အရှိန်ကြောင့် နေပြည်တော်၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ တနသ်ာရီ၊ ရခိုင်၊ ကရင်နှင့် မွန်ပြည်နယ်တို့တွင် စက်တင်ဘာ ၂၂ ရက်မှ ၂၅ ရက်အတွင်း နေရာကွက်၍ မိုးကြီးခြင်းများနှင့် လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ် နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အထူးမိုးလေဝသသတင်းအနေဖြင့် ထုတ်ပြန်သည်။
ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းတို့တွင် ဖြစ်ပေါ် နေသော လေဖိအားနည်းဆဲလ်သည် ဆက်လက်တည်ရှိနေကြောင်း၊ အဆိုပါ လေဖိအားနည်းဆဲလ်သည် အနောက်ဘက်သို့ ရွေ့လျားနိုင်ပြီး စက်တင်ဘာ ၂၃ ရက်တွင် ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်း၌ လေဖိအားနည်းရပ်ဝန်းအဖြစ် ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရကြောင်း သိရသည်။
အဆိုပါ လေဖိအားနည်းဆဲလ်၏အရှိန်ကြောင့်လည်းကောင်း၊ မုတ်သုံလေ အားကောင်းလာနိုင် ခြင်းကြောင့်လည်းကောင်း စက်တင်ဘာ ၂၂ ရက်နေ့လယ်မှ ၂၅ ရက်အတွင်း နေပြည်တော်၊ မကွေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက်နှင့် မန္တလေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာပြီး၊ နေရာကွက်၍ မိုးကြီးခြင်းများနှင့် လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ် နိုင်ကြောင်း သိရသည်။
သို့ဖြစ်ပါ၍ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တစ်ပြက် ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသ အနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြ သူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်နှင့် ပြည်တွင်းရေကြောင်း သွားလာရေးနှင့် လေကြောင်းပျံသန်းရေးအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် မိုးဇလက သတိပေးနှိုးဆော်ထားသည်။
ပေါင်းလောင်းဆည်ခိုင်ခံမှု စိုးရိမ်ဖွယ်ရာမရှိဟုထုတ်ပြန်
+++++++++++++++++++++++
ပြည်ထောင်စုနယ်မြေနေပြည်တော်မှာရှိတဲ့ ပေါင်းလောင်းဆည်ဟာ ခိုင်ခံမှုအနေနဲ့ စိုးရိမ်ဖွယ်ရာမရှိဘူးလို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
လတ်တလောထွက်ပေါ်နေတဲ့ ပေါင်းလောင်းဆည်ကျိုးမယ်ဆိုတဲ့သတင်းဟာ လုံးဝဖြစ်နိုင်ချေမရှိဘူးလို့ထုတ်ပြန်ပါတယ်။ တမံဟာ ကျောက်သားနဲ့တည်ဆောက်ထားတဲ့ Rock Fill Dam အမျိုးအစားတမံဖြစ်တယ်လို့ဆိုပါတယ်။
တမံ အမြင့် ပေ၄၃၀ နဲ့ အလျား ပေ ၃၁၀၀ ရှိပြီးတော့ ရေကျော်နေတဲ့ ရေပိုလွှဲကလည်း အကျယ် ၄၆၁ ပေရှိတယ်လို့သိရပါတယ်။ရေပိုလွှဲရဲ့ ရေကျော်နိုင်တဲ့ ခံနိုင်ရည်အားဒီဇိုင်းတွက်ချက်မှုအရ ၂၁ ပေ ရေကျော်နိုင်တာဖြစ်ပြီး လက်ရှိရေကျော်နေတာက ၆.၃ ပေ ရှိတာကြောင့် စိုးရိမ်ဖွယ်မရှိဘူးလို့ ထုတ်ပြန်ထားပါတယ်။
လက်ရှိအခြေအနေမှာ တမံထိပ်ပြင်ရောက်ဖို့ဆိုရင် အမြင့် ၃၆ ပေလောက် လိုနေသေးရာ အခုလောက်အထိတက်လာဖို့လည်း မဖြစ်နိုင်ဘူးလို့တယ်လို့ဆိုပါတယ်။ ရေပိုလွှဲမှာ ရေကျော်နေတဲ့ အသိပေးတဲ့ အလံအစိမ်းသာထောင်ထားတာဖြစ်ပြီး အလံအနီနဲ့ Red Alert လုပ်ထားတာလုံးဝမရှိဘူးလို့ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရပါတယ်။
ဆည်မှာ ရာဂီမုန်တိုင်းမိုးကြောင့် ရေပိုလွှဲပေါ်က ၁၁.၈၇ ပေအထိ အမြင့်ဆုံးကျော်ခဲ့ပြီး အခုရေပြန်ကျနေပြီလို့သိရပါတယ်။
နေပြည်တော်မှာ ဆည်တမံ ၁၂ခုရှိတဲ့အနက် မုန်၊ ငလိုက်နဲ့ ပေါင်းလောင်း တို့ဟာရေကျော်နေပြီး ပေါင်းလောင်းဆည်ဟာ အများဆုံးရေကျော်နေတာဖြစ်ပါတယ်။