8 w - Translate

- နွေစာဆိုတာ သူမှသူ အစစ်ပါ ချစ်တို့ရေ
- အေးအေးမွှေးမွှေးလေးနဲ့ Texture ကျဲကျဲ
SpF အပြည့်ပါတဲ့ Lotion လေး ရှာနေတာဆို
ဒါလေးသာ ယူချနော်
- အရင် Refreshing ထက် 3ဆ ပိုအေးတာ
လေးမို့ ဘယ်လောက် လိမ်းမကောင်းမလဲ
စဉ်းစားသာ ကြည့်တော့ရှင်
- Ice menthol နဲ့ ပြုလုပ်ထားတာ ဖြစ်လို့
ခန္ဓာကိုယ်ကို အေးမြစေတယ် ။
- SPF 50+ PA++++ ပါလို့ နေရောင်ခြည်
ဒဏ်မှ အပြည့်အဝ ကာကွယ်ပေးတယ် ။
- Brightening Effect ပါလို့ ညိုညစ်နေတဲ့
အသားရည်ကို နှစ်ပတ် အတွင်း သိသိသာသာ
လင်းလာစေပါတယ်ရှင် ။
အရင် 155ml တောင် 19000 နီးပါးရှိတာ
အခု 265ml အကိတ်ဆိုဒ်ကြီးမှ 23500k ပဲရှင့်
Exp date - 2027
Direct From Bkk

image
8 w - Translate

- နွေစာဆိုတာ သူမှသူ အစစ်ပါ ချစ်တို့ရေ
- အေးအေးမွှေးမွှေးလေးနဲ့ Texture ကျဲကျဲ
SpF အပြည့်ပါတဲ့ Lotion လေး ရှာနေတာဆို
ဒါလေးသာ ယူချနော်
- အရင် Refreshing ထက် 3ဆ ပိုအေးတာ
လေးမို့ ဘယ်လောက် လိမ်းမကောင်းမလဲ
စဉ်းစားသာ ကြည့်တော့ရှင်
- Ice menthol နဲ့ ပြုလုပ်ထားတာ ဖြစ်လို့
ခန္ဓာကိုယ်ကို အေးမြစေတယ် ။
- SPF 50+ PA++++ ပါလို့ နေရောင်ခြည်
ဒဏ်မှ အပြည့်အဝ ကာကွယ်ပေးတယ် ။
- Brightening Effect ပါလို့ ညိုညစ်နေတဲ့
အသားရည်ကို နှစ်ပတ် အတွင်း သိသိသာသာ
လင်းလာစေပါတယ်ရှင် ။
အရင် 155ml တောင် 19000 နီးပါးရှိတာ
အခု 265ml အကိတ်ဆိုဒ်ကြီးမှ 23500k ပဲရှင့်
Exp date - 2027
Direct From Bkk

image
8 w - Translate

- နွေစာဆိုတာ သူမှသူ အစစ်ပါ ချစ်တို့ရေ
- အေးအေးမွှေးမွှေးလေးနဲ့ Texture ကျဲကျဲ
SpF အပြည့်ပါတဲ့ Lotion လေး ရှာနေတာဆို
ဒါလေးသာ ယူချနော်
- အရင် Refreshing ထက် 3ဆ ပိုအေးတာ
လေးမို့ ဘယ်လောက် လိမ်းမကောင်းမလဲ
စဉ်းစားသာ ကြည့်တော့ရှင်
- Ice menthol နဲ့ ပြုလုပ်ထားတာ ဖြစ်လို့
ခန္ဓာကိုယ်ကို အေးမြစေတယ် ။
- SPF 50+ PA++++ ပါလို့ နေရောင်ခြည်
ဒဏ်မှ အပြည့်အဝ ကာကွယ်ပေးတယ် ။
- Brightening Effect ပါလို့ ညိုညစ်နေတဲ့
အသားရည်ကို နှစ်ပတ် အတွင်း သိသိသာသာ
လင်းလာစေပါတယ်ရှင် ။
အရင် 155ml တောင် 19000 နီးပါးရှိတာ
အခု 265ml အကိတ်ဆိုဒ်ကြီးမှ 23500k ပဲရှင့်
Exp date - 2027
Direct From Bkk

image
8 w - Translate

- နွေစာဆိုတာ သူမှသူ အစစ်ပါ ချစ်တို့ရေ
- အေးအေးမွှေးမွှေးလေးနဲ့ Texture ကျဲကျဲ
SpF အပြည့်ပါတဲ့ Lotion လေး ရှာနေတာဆို
ဒါလေးသာ ယူချနော်
- အရင် Refreshing ထက် 3ဆ ပိုအေးတာ
လေးမို့ ဘယ်လောက် လိမ်းမကောင်းမလဲ
စဉ်းစားသာ ကြည့်တော့ရှင်
- Ice menthol နဲ့ ပြုလုပ်ထားတာ ဖြစ်လို့
ခန္ဓာကိုယ်ကို အေးမြစေတယ် ။
- SPF 50+ PA++++ ပါလို့ နေရောင်ခြည်
ဒဏ်မှ အပြည့်အဝ ကာကွယ်ပေးတယ် ။
- Brightening Effect ပါလို့ ညိုညစ်နေတဲ့
အသားရည်ကို နှစ်ပတ် အတွင်း သိသိသာသာ
လင်းလာစေပါတယ်ရှင် ။
အရင် 155ml တောင် 19000 နီးပါးရှိတာ
အခု 265ml အကိတ်ဆိုဒ်ကြီးမှ 23500k ပဲရှင့်
Exp date - 2027
Direct From Bkk

image
image
image
image
8 w - Translate

A high-profile case against prominent real estate moguls took a new turn this week as federal prosecutors filed new charges against Oren and Tal Alexander, as well as their brother Alon, on May 8.
Filed as part of a superseding indictment, which overrides the first indictment, the charges against the Alexander brothers include additional counts of alleged sex trafficking — one of which involves a minor.
Read more: https://abcnews.visitlink.me/XEeWkt

image
8 w - Translate

Tennessee Highway Patrol responded to a fiery, multi-vehicle crash on I-75 near the Tennessee-Georgia border on Sunday, saying there were fatalities.
The incident involved six passenger vehicles and a tractor-trailer, with two vehicles "actively on fire" after the crash, according to officials.
The total number of deaths has not yet been released.
Read more: https://abcnews.visitlink.me/EKOQEe

image
8 w - Translate

အသက် ၈၅ နှစ် ပြည့်ပြီးတဲ့ သက်ကြီးရွယ်အိုတွေကို လူမှုရေးပင်စင် ထောက်ပံ့မယ်
မေ ၁၂ - ၂၀၂၅
SN (VOM)
၁၉၄၀ ခုနှစ်၊ ဧပြီ ၁ ရက်နေ့ (၁၃၀၁ ခုနှစ်၊ တပေါင်းလဆုတ် ၁၀ ရက်) မတိုင်မီ မွေးဖွားခဲ့တဲ့ အသက် ၈၅ နှစ် ပြည့်ပြီး သက်ကြီးရွယ်အိုတွေကို လူမှုရေးပင်စင် ထောက်ပံ့မယ်လို့ နစက က ထုတ်ပြန် ကြေညာထားပါတယ်။
၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ် ဘတ်ဂျက်နဲ့ လူမှုရေးပင်စင် ထောက်ပံ့ပေးမှာဖြစ်ပြီး အခု မေလမှာ စာရင်းတောင်းယူခြင်းဖြစ်ကာ အဲဒီစာရင်းကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး (ဒါမှမဟုတ်) နီးစပ်ရာ လူမှုဝန်ထမ်းရုံးတွေမှာ လာမယ့် မေ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး စာရင်းပေးသွင်းရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
အသက် ၈၅ နှစ် ပြည့်ပြီးသူတွေ အနေနဲ့ လူမှုရေးပင်စင် ခံစားခွင့်အတွက် တလ တသောင်းကျပ် ရရှိမှာဖြစ်ပြီး အဲဒီငွေကို သုံးလ တကြိမ် စုပေါင်း ထုတ်ယူရမှာဖြစ်တယ်လို့ သိရပါတယ်။
“ဒီပိုက်ဆံ ပမာဏကလည်း တကယ်တမ်း တွက်ကြည့်၊ ဒီခေတ် ကုန်ဈေးနှုန်းနဲ့ဆို တရက်စာ ဈေးဖိုးတောင် မရှိဘူး။ ပြီးတော့ ၈၅ နှစ်ကျော်မှ ဆိုတော့ ဒီအသက်အရွယ်တွေက ရှိနိုင်ခြေ နည်းတယ်လေ။ တကယ် ထောက်ပံ့ချင်တယ်ဆိုရင် ၆၀ ကျော်ဝန်းကျင်လောက်ဆို တော်သေးတယ်။ မစားနိုင်၊ မသွားနိုင် အရွယ်တွေ ပေးတာထက် စားနိုင်၊ သွားနိုင်တုန်းလေး ပေးတာတော်သေးတယ်။ ဒါပေမယ့် သူတို့က ပေးမယ်သာ ပြောပြောပြီး စာရင်းတွေ တောင်းနေတာ။ အရင်တခေါက်ကလည်း ဒီလိုပဲ စာရင်းတောင်းပြီး ခုထိ မပေးသေးဘူး” လို့ ပြည်သူတယောက်က ပြောပါတယ်။
မြန်မာနိုင်ငံမှာ သက်ကြီးရွယ်အို ဦးရေ ၆ ဒသမ ၃ သန်းကျော်ရှိပြီး အဲဒီထဲက အသက် ၈၅ နှစ်နဲ့အထက် သက်ကြီးရွယ်အို နှစ်သိန်းလေးသောင်း ရှစ်ထောင့်ကိုးရာ တဆယ့်တယောက် ရှိတယ်လို့ ပြည်သူ့အင်အား ဦးစီးဌာနမှ သိရပါတယ်။
ဒါအပြင် နစကအနေနဲ့ ကိုယ်ဝန်ဆောင်မိခင်နဲ့ ၎င်းမှ မွေးဖွားထားတဲ့ အသက် ၂ နှစ်အောက် ကလေးသူငယ်တွေကိုလည်း ငွေကြေးထောက်ပံ့‌ခြင်း အစီအစဉ် (MCCT) ပြုလုပ်ပေးသွားမှာဖြစ်တယ်လို့ ကြေညာထားပြီး ကိုယ်ဝန်ဆောင် မိခင်တွေဟာ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့အထိ ကိုယ်ဝန်ဆောင် အဖြစ် ရှိနေသူတွေ ဖြစ်ရမှာဖြစ်တယ်လို့ သိရပါတယ်။
ဒီအစီအစဉ်မှာ တိုင်းဒေသကြီး၊ ပြည်နယ် ငါးခုဖြစ်တဲ့ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ရှမ်းပြည်နယ်နဲ့ ဧရာဝတီတိုင်းအတွင်း နေထိုင်သူတွေ ပါဝင်မှာဖြစ်ပြီး တယောက်ကို တလ ကျပ် တသောင်းခွဲနှုန်းနဲ့ သုံးလစာ ထောက်ပံ့ကြေး ရရှိမှာဖြစ်တယ်လို့ သိရပါတယ်။
MCCT အစီအစဉ် ခံစားခွင့်ရရှိနိုင်ဖို့ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး (ဒါမှမဟုတ်) နီးစပ်ရာ လူမှုဝန်ထမ်းရုံးတွေမှာ လာမယ့် ဇွန်လ ၂၅ ရက်နေ့ နောက်ဆုံးထားပြီး စာရင်းပေးသွင်းနိုင်တယ်လို့ သိရပါတယ်။
“ပြီးခဲ့တဲ့ တခေါက်တုန်းကလည်း ထောက်ပံ့ကြေးရမယ်ဆိုလို့ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို သွားပြီး စာရင်း ပေးခဲ့ရသေးတယ်။ ကလေးကို သူတို့ဖုန်းနဲ့ ဓာတ်ပုံရိုက်တယ်။ ကလေး နာမည်၊ မွေးနေ့ ၊ အဖေ၊ အမေ နာမည်၊ အိမ်လိပ်စာတွေ မေးတယ်။ ပြီးတော့ ဖုန်းနံပါတ်တောင်းတယ်။ ဒါပေမယ့် အခုထိ ထောက်ပံ့ကြေး လုံးဝ မရသေးဘူး။ အုပ်ချုပ်ရေးမှူးရုံးကို မေးကြည့်တော့လည်း ရရင် အကြောင်းကြားမယ်၊ ဖုန်းဆက်မယ်ပဲ ပြောတာ။ တိတိကျကျ ဘာမှ မေးလို့မရဘူး။ ဒီတခေါက်လည်း လာပြန်ပြီ။ အရင်တခေါက် ထောက်ပံ့ကြေးတောင် စာရင်းတွေအကုန်မှတ်သွားပြီး ခုထိ မပေးသေးတာ။ ဒီတခေါက်ကရော ဘာလုပ်ကြဦးမလဲ မသိဘူး” လို့ ကလေးမိခင်တယောက်က ပြောပါတယ်။
နစကအနေနဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းက အသက် ၇၀ ကျော်အရွယ် သက်ကြီးရွယ်အိုတွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေ၊ အသက် ၅ နှစ်အောက် ကလေးသူငယ်တွေကို ထောက်ပံ့ကြေး ပေးမယ်လို့ ကြေညာခဲ့ပြီး ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွေမှာ စာရင်းပေးသွင်းဖို့ အသိပေးခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် စာရင်း ပေးသွင်းပြီးသူတွေ အနေနဲ့ လက်ရှိ အချိန်အထိ ထောက်ပံ့ကြေး တစုံတရာ မရရှိသေးဘူးလို့ ပြောဆိုကြပါတယ်။
Photo - CJ

image
8 w - Translate

၄ လအတွင်း စားဆီဈေး ၆၆၀ ကျပ် ကျဆင်းလာ
ရန်ကုန်၊ မေ ၁၂
၄ လတာကာလအတွင်း ပြည်တွင်း စားအုန်းဆီတစ်ပိဿာ လက်ကားရည်ညွှန်းဈေး ၆၆၀ ကျပ်ခန့် ကျဆင်းလာကြောင်း စားသုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီကနေ သိရပါတယ်။
စားအုန်းဆီအဓိကထုတ်လုပ်တဲ့ အင်ဒိုနီးရှားနဲ့ မလေးရှားနိုင်ငံတို့မှ မြန်မာနိုင်ငံကို CIF စနစ်အရ တင်သွင်းနေတဲ့ စားအုန်းဆီ တစ်တန်ဈေးနှုန်းက ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဆက်တိုက်ကျဆင်းလာခဲ့ရာ ပြည်တွင်းဈေးလည်း လိုက်ပါကျဆင်းလာတာပါ။
ကော်မတီအနေနဲ့ ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့ စားအုန်းဆီကို ပြည်ပမှ ဝယ်ယူတင်သွင်းရာမှာ စားအုန်းဆီတင်ပို့တဲ့ နိုင်ငံတွေရဲ့ ဈေးနှုန်းအတက်အကျပေါ် မူတည်ပြီး ပြည်တွင်းမှာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဈေးနှုန်းတွေ ဖြစ်ပေါ်စေရေးကို ထိန်းကျောင်းဆောင်ရွက်လျက်ရှိတယ်လို့ ဆိုပါတယ်။
ပြည်ပမှာ စားအုန်းဆီထုတ်လုပ်တင်ပို့တဲ့ နိုင်ငံတွေမှာ ဈေးကွက်နဲ့ ဈေးနှုန်းဖြစ်ပေါ်မှုတွေအရ မေလ ၁၂ ရက်မှ ၁၈ ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းအဖြစ် တစ်ပိဿာကို ၆၆၂၀ ကျပ် သတ်မှတ်ကြောင်း ကော်မတီက အသိပေး ထုတ်ပြန်ကြေညာထားပါတယ်။
ပြည်တွင်းဈေးကွက်အတွင်း အဆိုပါထုတ်ပြန်ကြေညာထားတဲ့ ဈေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားဖို့ ရည်ရွယ်ချက်နဲ့ သိုလှောင်ခြင်းအပါအဝင် မသမာတဲ့ လုပ်ဆောင်မှုတွေ ပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
စားအုန်းဆီလက်ကားရည်ညွှန်းဈေးနှုန်းကို အပတ်စဉ်တနင်္လာနေ့တိုင်း ထုတ်ပြန်ကြေညာလျက်ရှိပြီး စားသုံးသူပြည်သူတွေအနေနဲ့ စားသုံးသူရေးရာဦးစီးဌာနရဲ့ Website : www.doca.gov.mm နဲ့ Facebook Page တွေမှာ ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ကြောင်း သိရပါတယ်။

image

#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ ပါရှန်ပင်လယ်ကွေ့ကို အမည်ပြောင်းခေါ်ရန် သမ္မတ ဒေါ်နယ်ထရန့် စီစဉ်ထား
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် လာမည့်သီတင်းပတ် အတွင်း သွားရောက်မည့် ဆော်ဒီအာရေဗျခရီးစဉ်အတွင်း ပါရှန်ပင်လယ်ကွေ့ဒေသကို အမေရိကန်ပြည်ထောင်စုအနေဖြင့် အာရေးဗီးယန်းပင်လယ်ကွေ့ဟူ၍သာ ရည်ညွှန်းသတ်မှတ်မည့် အစီအစဉ်ကို ကြေညာဖွယ်ရှိကြောင်းအမေရိကန်မီဒီယာများက မေ ၁၀ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
အရှေ့အလယ်ပိုင်းဒေသနိုင်ငံအများအပြား၌ ပါရှန်ပင်လယ်ကွေ့ကို အာရေးဗီးယန်းပင်လယ်ကွေ့ဟူ၍ အများအားဖြင့်သုံးစွဲလေ့ရှိသော်လည်း ပါရှန်ပင်လယ်ကွေ့ဟူသောအမည် မှာ ၁၆ ရာစုနှစ်ကပင် ကမ္ဘာတစ်ဝန်းသိခဲ့ကြသည့် နာမည်ဖြစ်သည်။
သမ္မတဒေါ်နယ်ထရန့်အနေဖြင့်လာမည့်အရှေ့အလယ်ပိုင်းဒေသ ခရီးစဉ်အတွင်း ပါရှန်ပင်လယ်ကွေ့ကို အာရေးဗီးယန်းပင်လယ်ကွေ့အဖြစ် အမေရိကန်ပြည်ထောင်စုက ရည်ညွှန်းသတ်မှတ်မည့် အစီအစဉ်ကိုကြေညာရန်စီစဉ်ထားကြောင်း အမေ ရိကန်အစိုးရ သတင်းအရင်းအမြစ်များကမီဒီယာများသို့ ထုတ်ဖော်ပြောကြားထားသည်။
ပါရှန်ပင်လယ်ကွေ့ကို အမည်ပြောင်းရန် သမ္မတဒေါ်နယ်ထရန့်က စီစဉ်ထားသည်ဟူသော သတင်းနှင့်ပတ်သက်၍ အိမ်ဖြူတော်နှင့် အမျိုးသားလုံခြုံရေးကောင်စီ တာဝန်ရှိသူများက တစ်စုံတစ်ရာ တုံ့ပြန်မှုမရှိသေးပေ။
သို့ရာတွင် အထက်ပါသတင်းကို အီရန်အစိုးရကဝေဖန်ခဲ့ပြီး သမိုင်းကြောင်းအရ အခိုင်အမာရှိထားပြီးဖြစ်သော ပါရှန်ပင်လယ်ကွေ့အမည်ကို နိုင်ငံရေးရည်ရွယ်ချက်ဖြင့် ပြောင်းလဲရန် ကြိုးပမ်းမှုများသည် အီရန်နိုင်ငံနှင့် အီရန်ပြည်သူများကို ရန်စခြင်းဖြစ်ကြောင်း ပြောကြားထားသည်။
အမေရိကန်သမ္မတဒေါ်နယ်ထရန့်သည် အရှေ့အလယ်ပိုင်းဒေသ ခရီးစဉ်တွင် ပါရှန်ပင်လယ်ကွေ့ဒေသ၌ တည်ရှိသော ကာတာနိုင်ငံ၊ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး)နိုင်ငံများသို့လည်း ဝင်ရောက်မည်ဖြစ်ကြောင်း သိရသည်။

image

#နိုင်ငံတကာသတင်း
◼အပစ်ရပ်မှုဆက်လက်တည်မြဲနေပြီး အိန္ဒိယနှင့်ပါကစ္စတန်အရာရှိများ ရှေ့လာမည့် အဆင့်များကို ဆက်ဆွေးနွေးမည်
နှစ်ပေါင်း ၃၀ နီးပါးကာလအတွင်း အပြင်းထန်ဆုံးသောတိုက်ခိုက်မှုများ ဖြစ်ပေါ်ခဲ့ကာ အပစ်အခတ်ရပ်စဲမှုကြောင့် နယ်စပ်တွင် တည်ငြိမ်‌အေးချမ်းမှု ပြန်လည်ရရှိခဲ့ပြီးနောက် နျူကလီးယားပိုင်ဆိုင်သော အိမ်နီးချင်းနှစ်နိုင်ငံကြား ရှေ့ဆက်လုပ်ဆောင်မည့်အဆင့်များအတွက် အိန္ဒိယနှင့်ပါကစ္စတန်စစ်ဘက် အရာရှိများကြား ယနေ့ ဆွေးနွေးသွားကြမည်ဖြစ်ကြောင်း သိရသည်။
အပစ်အခတ်ရပ်စဲမှုအား ကနဦး ချိုးဖောက်မှုများရှိခဲ့ပြီးနောက် ယမန်နေ့ညက ပေါက်ကွဲမှုသို့မဟုတ် လက်နက်ကြီးပစ်ခတ်မှု သတင်းများမကြားရဘဲ မကြာသေးမီရက်များအတွင်း ပထမဆုံးငြိမ်သက်သောညတစ်ည ဖြစ်ခဲ့ကြောင်း အိန္ဒိယစစ်ဘက် ပြောကြားပြီး စာသင်ကျောင်းတချို့ကိုမူ ပိတ်ထားဆဲဖြစ်သည်။
လေးရက်ကြာကာလအတွင်း တစ်ဖက်နှင့်တစ်ဖက်စစ်စခန်းများကိုပါ ပစ်မှတ်ထားခဲ့သည့် ပြင်းထန်သော ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပေါ်ခဲ့ပြီး ဝါရှင်တန်ထံမှ သံတမန်ရေး နှင့် ဖိအားများရှိခဲ့ပြီးနောက် စနေနေ့က စတင်သည့် အပစ်ရပ်စဲမှုကို အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် က ကြေညာခဲ့သည်။
စနေနေ့က အပစ်ရပ်ချိုးဖောက်မှုများနှင့် ပတ်သက်၍ အိန္ဒိယစစ်ဘက် က ပါကစ္စတန်ထံသို့ သတင်းစကားတစ်ရပ် တိုက်ရိုက်ပေးပို့ခဲ့ကာ ချိုးဖောက်မှုများ ထပ်မံဖြစ်ပေါ်ခဲ့ပါက လက်တုံ့ပြန်မည့်အကြောင်းကို ပြောကြားခဲ့ကြောင်း အိန္ဒိယစစ်ဘက် အရာရှိကြီးတစ်ဦး က ပြောကြားသည်။
နှစ်ဖက်စလုံးမှ စစ်ဆင်ရေးဆိုင်ရာ ကွပ်ကဲရေးမှူးချုပ်နှစ်ဦး က ယနေ့ နေ့လယ် ၁၂ နာရီ၌ ဆက်သွယ်စကားပြောကြမည်ဖြစ်ကြောင်း စနေနေ့က ထုတ်ပြန်ချက်တစ်ရပ်တွင် အိန္ဒိယ နိုင်ငံခြား‌ရေးဝန်ကြီး ဌာနက ပြောကြားသည်။ ပါကစ္စတန်ဘက်ကမူ ယင်းအစီအစဉ်နှင့်ပတ်သက်၍ မှတ်ချက်ပေးခြင်းမရှိပေ။
ခရီးသွား ၂၆ ဦးသေဆုံးခဲ့သော တိုက်ခိုက်မှုအတွက် အိန္ဒိယက ပါကစ္စတန်အား အပြစ်တင်ခဲ့ပြီးနောက် နှစ်ဖက်ကြားဆက်ဆံရေးဆိုးရွားသွားခဲ့ပြီး မဟာပြိုင်ဘက်နှစ်ဦး က စစ်စခန်းများကိုပါ ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြပြီး အရပ်သားများလည်း ဒါဇင်နှင့်ချီ၍ သေဆုံးခဲ့သည်။
အဆိုပါ စွပ်စွဲမှုများကို ပါကစ္စတန် က ငြင်းဆိုပြီး ဘက်မလိုက်သော စုံစမ်းစစ်ဆေးမှုလုပ်ရန် တောင်းဆိုခဲ့သည်။
ပါကစ္စတန်နှင့် ပါကစ္စတန်ပိုင်ကက်ရှ်မီးယားဒေသမှ အကြမ်းဖက် အခြေခံအဆောက်အဦးများအား တိုက်ခိုက်ခဲ့ကြောင်း အိန္ဒိယက ပြောကြားသော်လည်း ယင်းနေရာများမှာ အရပ်သားနေရာဌာနများဖြစ်ကြောင်း ပါကစ္စတန်အစိုးရ က ပြောကြားသည်။
အပစ်အခတ်ရပ်စဲမှုရရှိအောင် စွမ်းဆောင်ပေးခဲ့ခြင်းအတွက် ဝါရှင်တန်ကို ကျေးဇူးတင်ကြောင်း အစ္စလာမာဘတ် က ပြောပြီး အိန္ဒိယနှင့်ဖြစ်နေသည့် ကက်ရှ်မီးယားအငြင်းပွားမှုအား ကြားဝင်စေ့စပ်ပေးမည်ဟူသော ထရန့်၏ ကမ်းလှမ်းမှုကို ကြိုဆိုခဲ့သော်လည်း နယူးဒေလီက အမေရိကန်ပါဝင်ပတ်သက်မှုအကြောင်း သို့မဟုတ် ကြားခံနေရာတစ်ခု၌ဆွေးနွေးမည့်ကြောင်းကို ဖွင့်ဟ ပြောဆိုခြင်းမရှိကြောင်း ရိုက်တာသတင်းက ဖော်ပြသည်။
ပါကစ္စတန်နှင့် အငြင်းပွားမှုများကို နှစ်ဖက်ကြားတိုက်ရိုက်ဖြေရှင်းရမည် ဖြစ်ကြောင်း အိန္ဒိယ က ပြောကြား‌ကာ ကြားလူပါဝင်ပတ်သက်မှုများကို ပယ်ချခဲ့ကြောင်း သိရသည်။
သတင်း-ရဲမင်း

image