စာအုပ်တအုပ်မှာ ဖတ်ခဲ့ဖူးတယ်
မေတ္တာတွေ အပေးလွန်သွားတဲ့အခါ
တဖက်လူရဲ့ မသိစိတ်မှာ
မတောင်းလဲရနေတာပဲလို့ တွေးတတ်ပြီး
မသိမသာ တန်ဖိုးမဲ့သွားတတ်တယ်...တဲ့။
#crd_to_owner
Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
စာအုပ်တအုပ်မှာ ဖတ်ခဲ့ဖူးတယ်
မေတ္တာတွေ အပေးလွန်သွားတဲ့အခါ
တဖက်လူရဲ့ မသိစိတ်မှာ
မတောင်းလဲရနေတာပဲလို့ တွေးတတ်ပြီး
မသိမသာ တန်ဖိုးမဲ့သွားတတ်တယ်...တဲ့။
#crd_to_owner
စိတ်မပျော်တဲ့အခါ
စကားသိပ်မပြောဘဲ များများအိပ်တာက
ပိုကောင်းတယ်။
ညမှာရှိတဲ့ နွေးထွေးတဲ့ စောင်တစ်ထည်နဲ့
အိပ်မက်ကောင်းတစ်ခုကသာ
နေ့တိုင်း အဆင်မပြေမှုတွေနဲ့ ကြုံရတဲ့ ငါတို့ကို
နှစ်သိမ့်ပေးနိုင်တာပါ။
—
#နိုင်းနိုင်းစနေ
ခွဲခွာရခြင်းတွေကို ခံနိုင်ရည်မရှိလို့
တွေ့ဆုံရမယ့်ကံတွေကို ရှောင်လွှဲချင်ယုံပါ...
ဝေးဖို့ကံပါလာရင် ဝေးကိုဝေးကြရမှာလို့
လူတွေပြောကြတယ်...
ဒီကမ္ဘာမှာ သံသရာလည်နေသမျှတော့
နီးရလည်းခဏ ဝေးသွားတဲ့အခါတစ်ဘဝလုံးပဲတဲ့...
ဖြစ်သမျှတွေက ပျက်လွယ်တယ်လို့ပြောရမလား
ချစ်သမျှတွေဟာလည်း ပျောက်ရှလွယ်ပြန်တယ်...
သစ်ရွက်ဖျားလေးက ရေစက်လေးလို
မျက်စိရှေ့မှာမြင်နေရတဲ့ တိမ်ကလေးလို
ကိုယ်တို့ရေစက်လေးက ဒီဘဝဒီမျှပဲထင်ပါတယ်...။
#လုံးလုံးလေး
#တိမ်လိုလေလို
#pinterest
မက်မက်မောမော ဖြစ်ခဲ့ရသမျှတွေ
အကုန် လွှတ်ချ ပြီးတဲ့နောက်
အရာရာဟာ မခက်ခဲတော့ဘူး
ပေါ့ပါးသွားတာလား အဓိပ္ပာယ်မဲ့သွားတာလား
မသဲကွဲပေမယ့်
ဘာကိုမှ မဖမ်းဆုပ်နိုင်မှန်း သိတဲ့အခါ
လွှတ်ချခြင်းကသာ တစ်ခုတည်းသော
ရွေးချယ်စရာပဲ မဟုတ်ဘူးလား
သေချာတာကတော့ တစ်ကယ်ပင်ပန်းခဲ့ပါတယ်
- Lionel Sn -
#crd #crdphoto
ကျွန်တော်လေတစ်ယောက်တည်း ဆက်လျှောက်ခဲ့တယ်
ဒါပေမယ့်..
မင်းမွေးနေ့ကို ငါမှတ်မိနေသေးတယ်။
ကျွန်တော့ကဲ့ ပြခန်းထဲတွင်
မင်းရဲ့ ဓာတ်ပုံလေးတွေ ရှိနေတုန်းပဲ
မင်းရဲ့အသံကို ငါခုထိမှတ်မိနေတုန်းပဲ
ကျွန်တော်တို့ရဲ့ စကားဝိုင်းဟောင်းကို
အခုထိ ကျွန်တော်ပြန်ပြန်ဖတ်နေတုန်းပါပဲ။
မင်းနာမည်ကြားတဲ့အခါ ငါ့နှလုံးသားက ခုန်နေတုန်းပဲ။
ဒီအရာတွေသည် ကျွန်တော်ဘဝမှာ အစဉ်ထာဝရရှိနေမှာပါ
#1997b