124 yrs - Translate

Pil’s Adventures (2021)

တိုင်းပြည်တစ်ပြည်ရဲ့မင်းကြီးနတ်ရွာလားသွားပြီးတဲ့နောက် အဲဒီတိုင်းပြည်က မင်းသားလေးအရွယ်မရောက်ခင်အထိ မှော်ဆရာတစ်ယောက်က ရင်ခွင်ပိုက်အုပ်ချုပ်ခဲ့ပါတယ်။ မင်းသားလေးအရွယ်ရောက်လို ထီးနန်းလွှပေးရမယ့်အချိန်ဟာာ မှော်ဆရာဟာ အရင်မင်းကြီးကို အဆိပ်ခတ်လုပ်ကြံခဲ့သလို မင်းသားလေးကို သတ်ဖိုကြံပါတယ်။ အဲဒီအချိန်မှာ Pil ဟာ အဆိပ်ဖော်တဲ့နေရာကို ခိုးဝင်လာပြီး ဆေးတွေကို ဗြောင်းဆန်အောင်လုပ်ပစ်တာမို မင်းသားလေးဟာ ဆေးသောက်မိတဲ့နောက် မသေသွားဘဲ ကြက်ကြောင်ဖြစ်သွားပါတယ်။ ကြက်ခေါင်း ကြောင်ကိုယ်နဲ့ ကြက်ကြောင်ပါ။
ကြက်ကြောင်ဖြစ်သွားတဲ့မင်းသားလေးကို Pil က မှော်ဆရာရဲ့  Maleficient ဆန်ဆန် မွေးစားအမေ‌နေတဲ့ ကျိန်စာသင့်တောအုပ်ကြီးထဲ ခေါ်သွားပြီး ဖြေဆေးရအောင်ကူညီပေးပါတယ်။ အပြန်အလှန်အနေနဲ့ပေးရမှာကတော့ အရင်မင်းကြီးချန်ထားခဲ့တဲ့ ရတနာသိုက်ကြီးပါ။
ဒီလိုနဲ့ ကူကယ်ရာမဲ့ ကချော်ကချွတ်ဖြစ်နေတဲ့ ကြက်ကြောင်ကြီးဟာ ကြောင်တိကြောင်တောင်အစောင့်ရယ် ကိုယ့်အားကိုယ်ကိုး နေနေရတဲ့ ကလေးမလေးရယ် ၊ ကက်ကက်လန်အောင် ကန့်လန့်ဖီလာတိုက် ကန်းမစကားဆိုနေတဲ့ ရုပ်သေးရုပ်ရယ်။ ကိုရိုးကားရား ကိုးလိုးကန့်လန့် အကောင်လေး၃ကောင်နဲ့အတူ ကျိန်စာကျိန်ချက်မိနေတဲ့ ကြီးကြီးမားမား တောအုပ်ကြီးထဲ ကောင်းကောင်းကန်းကန်း ပြန်ဖြစ်အောင်လုပ်ပေးမယ့် စုန်းမကြီးဆီ ကတ်သီးကတ်သတ် ကတ်ဖိုးကတ်ဖဲ့ ကုတ်ကုတ်ကျစ်ကျစ်သွားကြပါတယ်။
သူတိုနောက်ကို မှော်ဆရာက လွှတ်သတ်ခိုင်းထားတဲ့ ကြေးစားလူသတ်သမားတွေရော ယူနီကွန်းကိုမှ ဗလကောင်းကောင်းယူနီကွန်းတွေရော ခွေးပျံကြီးနဲ့ရော ရင်ဆိုင်ကြရမှာပါ။ မက်ဆေ့လိုချင်သူတွေအတွက်လည်း ဖရန့်ရှစ် မေတ္တာ အုပ်ချုပ်ရေး မက်ဆေ့အကုန်ပေးနိုင်သလို ရုပ်ရှင်ကို ရုပ်ရှင်လိုပဲ စိတ်ကျေနပ်ရုံကြည့်ချင်တဲ့သူတွေအတွက်လည်း ဇာတ်လမ်းက တော်တော်ကြည့်ပျော်ပါတယ်၊။ ရယ်လည်းရယ်ရပါတယ်။ ကယောင်ကချောင်နဲ့ ကမောက်ကမဖြစ်နေတဲ့ ကြောင်တိကြောင်တောင်ခေတ်ကြီးမှာ တစ်ခါငိုပြီးတိုင်း တစ်ခါပြန်ပြုံးနိုင်ဖို ကြည့်ထားသင့်တဲ့ ချစ်စရာဟာသကာတွန်းရုပ်ရှင်လေးပါပဲ။

ဇာတ်ကားလင့်
https://t.me/c/2186686827/333

Channel Join ရန်လင့်
https://t.me/+snaCVmemMMBhNDRl

image

နေအဖွဲ့အစည်း ပြင်ပမှာရှိတဲ့ ကန်ခရီ ၅၅ ဆိုတဲ့ ဂြိုဟ်ကို စိန်ဂြိုဟ်ကြီးလို့ ခေါ်ကြပါတယ်။ ဒီဂြိုဟ်ဟာ ကမ္ဘာထက် ၂ဆခန့် ပိုကြီးပြီး အလင်းနှစ် ၄၀ အကွာအဝေးမှာပဲ ရှိနေတာပါ။ တခြား အလင်းနှစ် ရာချီ ထောင်ချီ သန်းချီတဲ့ ဂြိုဟ်တွေထက်စာရင်တော့ နီးတယ်ဆိုနိုင်ပေမဲ့ ကမ္ဘာမှာ အမြန်ဆုံး အာကာသယာဉ်နဲ့ အရောက်သွားဖို့ဆိုရင်တောင် လူ့သက်တမ်းများစွာ ကြာဦးမှာပါ။
ကန်ခရီ ၅၅ မှာ အပူချိန်မြင့်တက်မှုဟာ ၂၀၀၀ ဒီဂရီဆဲစီးရပ်ကျော် ဖြစ်ပြီး ဖိအားပြင်း ကာဗွန်အမြောက်အများ ပါဝင်တာကြောင့် စိန်ပုံဆောင်ခဲတွေနဲ့ ပြုလုပ်ထားတဲ့ ဂြိုဟ်လို့ ဆိုနိုင်ပါတယ်။ သီအိုရီအရတော့ ငြင်းချက်ထုတ်စရာ မရှိပေမဲ့ ဂြိုဟ်ကို အရောက်သွားပြီး စိန်တွေကို ထုတ်ယူဖို့ဆိုတာ လွယ်ကူဦးမှာ မဟုတ်သလို အာကာသထဲ ဒီလိုဂြိုဟ်တွေ ရှိကြောင်း ရှာဖွေနိုင်ခဲ့တာဟာလည်း လူသားတွေအတွက်တော့ အံ့ဩစရာ တွေ့ရှိချက်ပဲ မဟုတ်ပါလား။

image
124 yrs - Translate

#knowledge #ဗဟုသုတ

image
8 w - Translate

#knowledge #ဗဟုသုတ

image
124 yrs - Translate

ချစ်စရာဇာတ်အိမ်လေးတွေ၊ ချစ်စရာဇာတ်ကောင်လေးတွေအမြဲ
တင်ဆက်တတ်တဲ့ Illumination Entertainment နဲ့ Universal
Pictureတိုရဲ့ နောက်ထပ်ကာတွန်းကားကောင်းလေးတစ်ပုဒ်ကို
ထပ်မံခံစားရဦးမှာပဲဖြစ်ပါတယ်…။
ဇာတ်လမ်းအကြောင်းအရာလေးကတော့ ဘဲခေါင်းစိမ်းမိသားစုလေးတစ်ခု
ဆောင်းရာသီအတွက် ဆောင်းခိုဖို အသိုက်ပြောင်းကြတဲ့အကြောင်း
အရာလေးပါ…။
ဒီဘဲမိသားစု‌လေးဟာဆိုရင် အမေရိကန်မူးစ်ဟတ်ရေအိုင်လေးမှာပဲ
အမြဲအတည်တကျနေထိုင်ခဲ့ကြတာ သူတိုတစ်သက်တာပါပဲ…။
ဘာလိုလည်းဆိုတော့ ရေအိုင်ရဲ့အပြင်မှာဆိုရင် ဘေးဒုက္ခတွေအပြည့်၊
သားရဲတွေအပြည့်ဆိုတာကို ကာကွယ်တတ်လွန်းတဲ့ဘဲဖေဖေကြီးက
ပုံပြင်တွေပြောပြရင်းအမြဲခြောက်လှန့်ထားလိုပါ။
သိုပေမဲ့ စူးစမ်းချင်တဲ့ ဘဲပေါက်လေးနှစ်ကောင်က ငယ်ရွယ်သူတို
သဘာဝအတိုင်း အပြင်လောကကိုစူးစမ်းချင်ကြောင်း ပူဆာတယ်…။
ဘဲမေမေကြီးကလည်း အခြားဘဲခေါင်းစိမ်းတွေ အသိုက်ပြောင်းတာ၊
လောကကြီးထဲခြေဆန့်တာမြင်တော့ စွန့်စားခန်းတွေအားကျမိပြန်ပါတယ်။
သားအမိသုံးယောက် အသိုက်ပြောင်းဖိုဝိုင်းပူဆာတော့ ဘဲဖေဖေကြီးလည်း
မလွန်ဆန်နိုင်တော့ဘဲ လက်ခံလိုက်ပါတယ်…။
ဒီလိုနဲ့ ဘဲခေါင်းစိမ်းမိသားစုလေးတစ်ခု အသိုက်ပြောင်းဖိုထွက်အလာ
လမ်းမှာ ဘယ်လိုအသစ်အဆန်းတွေကြုံတွေရမလဲ၊ ဘယ်လိုစွန့်စားခန်းတွေ
မြင်တွေ့ရမလဲဆိုတာကို စိတ်ဝင်စားဖွယ်မြင်တွေ့ရဦးမယ့် ကားကောင်းလေးပဲ
ဖြစ်ပါတယ်…။

Migration (2023)

ဇာတ်ကားလင့်
https://t.me/c/2186686827/334

Channel Join ရန်လင့်
https://t.me/+snaCVmemMMBhNDRl

image
8 w - Translate

Mavka: The Forest Song (2023)
======================
IMDb Rating – 7.4/10
ဒီတစ်ခါ တင်ဆက်ပေးမှာကတော့ IMDb – 7.4 ရထားတဲ့
အသစ်ထွက် Animation movie တစ်ခုပါ။ အရမ်းလှပတဲ့
graphics တွေနဲ့ scenery အမိုက်စားတွေကို ချပြထားတဲ့
အပြင်ကိုမှ စလယ်ဆုံး မရိုးရတဲ့ plot တစ်ခုကတော့ အဆစ်
ပေါ့။ ကဲ ရှည်ရှည်ဝေးဝေး ဆိုမနေတော့ပါဘူး။ ဇာတ်လမ်း
အညွှန်းလေး စလိုက်ကြရအောင်။
ဟိုးလွန်ခဲ့တဲ့ ဆောင်းရာသီတစ်ခုတုန်းကပေါ့။ အမှောင်တောင်
တန်းကြီးရဲ့ အနောက်ဘက်တောအုပ်ထဲမှာ အစောင့်အရှောက်
နတ်တွေ မှီတင်းနေထိုင်ခဲ့ကြတယ်။ တစ်ရက်မှာ သစ်စက်ပိုင်
ရှင်လူသားတစ်ယောက်က သူ့ရဲ့မွေးကာစရောဂါသည် သမီး
လေးကို ကယ်တင်ဖိုအတွက် တောစောင့်နတ်ကြီးဆီကနေ
ဆေးရည်လေးတစ်ခု လာတောင်းခဲ့တယ်။ ဒီလိုနဲ့ အဲဒီသမီးဖြစ်
သူလည်း အသက်ဆက်ရှင်သွားခဲ့တာပေါ့။ ဒါပေမဲ့ လောဘပိုး
မသတ်နိုင်တဲ့ သစ်စက်ပိုင်ရှင်ကြီးက တောအုပ်ဆီကို စစ်တပ်
ကြီးတစ်ခုနဲ့ ချီတက်လာပြီး ဆေးရည်ထုတ်ပေးတဲ့ သစ်ပင်ကို
အပိုင်သိမ်းဖို ကြိုးစားတော့တာပါပဲ။
အဲဒီမှာပဲ အစောင့်အရှောက်နတ်တွေနဲ့ လူသားတွေရဲ့ ရန်ပွဲတွေ
စတင်လာခဲ့လိုက်တာ မက်ဗ်ကာဆိုတဲ့ နတ်သမီးလေးတိုခေတ်
ထိဆိုပါတော့။ ဒါပေမဲ့ လူးကတ်စ်ဆိုတဲ့ ဂီတပညာရှင်ကောင်
လေးက တစ်စုံတစ်ယောက်ရဲ့ ခိုင်းစေမှုကြောင့် တောအုပ်ထဲကို
အဲဒီသစ်ပင်ရှာဖို ရောက်လာခဲ့ပြီး မက်ဗ်ကာနဲ့ တွေ့ဆုံသွားတဲ့
အချိန်မှာတော့….လူသားတွေနဲ့ အစောင့်အရှောက်နတ်တွေကြား
ဘာတွေဆက်ဖြစ်လာမလဲဆိုတာ ကြည့်ရှုခံစားလိုက်ကြပါဦး။

ဇာတ်ကားလင့်
https://t.me/c/2186686827/335

Channel Join ရန်လင့်
https://t.me/+snaCVmemMMBhNDRl

image

လပေါ်က Heritage စာရင်းဝင်များ

၁၉၆၉ ခုနှစ်မှာ အမေရိကန်နိုင်ငံသား နီးလ်အမ်စတွန်း ဟာ အပိုလို ၁၁ ယာဉ်နဲ့ လကမ္ဘာပေါ် အခြေချခဲ့ရာကစလို့ လူသားတွေရဲ့ အာကာသနဲ့ပတ်သက်တဲ့ စူးစမ်းလေ့လာမှုတွေဟာ ပိုမိုကျယ်ပြန့် တိုးတက်ခဲ့ပါတယ်။ ခက်တာက နီးလ် တို့ဟာ လပေါ်ကို ခြေရာ ချခဲ့ရုံတင်မကပဲ အမှိုက်ပါ ချခဲ့တာ ဖြစ်ပါတယ်။ သူတို့ ချခဲ့တဲ့ အမှိုက်တွေထဲမှာ ဆီးစွန့်ပစ္စည်းတွေ၊ အန်ဖတ်ထည့်တဲ့ အိတ်တွေအပြင် တခြား အပိုင်းအစ ၁၀၀ ကျော် ပါဝင်ပါတယ်။ အဲ့ကစခဲ့တဲ့ အစဉ်အလာဟာ ယနေ့မှာတော့ လမျက်နှာပြင်ပေါ် အမှိုက်တန်ချိန် ၂၀၀ ကျော်လောက် ရောက်နေပါပြီ။

စာရင်းလုပ်ကြည့်မယ်ဆ်ိုရင် -

- Spacecraft ၇၂ ခု ( နိုင်ငံ ၅ခုက ပျက်ကျတဲ့ orbiter တွေကိုပါ ထည့်တွက်ရင်)
- လပေါ်မှာ အကယ်၍ ဂြိုဟ်သားများ ရှိရင် ဆိုပြီး ငြိမ်းချမ်းရေး အထိမ်းအမှတ် ယူသွားကြတဲ့ ရွှေသံလွင်ကိုင်းခက် (ခုတော့ အမှိုက်သာသာ ဖြစ်နေပါပြီ)
- တွန်းလှည်း ၅ စုံ
- အခြောက်ခံ အေးခဲ ထားတဲ့ လူ့အညစ်အကြေး ၉၆ အိတ်
- အာကာသယာဉ်မှူး ချားလ် ထားခဲ့တဲ့ သူ့ရဲ့ မိသားစု ဓါတ်ပုံ
- ဘွတ်ဖိနပ် ၁၂ ရံ
- အစားသောက်ထုပ်တွေ ၊ တစ်ရှူးစိုတွေ

လူမနေတဲ့ လမျက်နှာပြင်ကြီး သန့်ရှင်းသာယာလှပရေးအတွက်ဆိုပြီး ဒေါ်လာသန်းချီ အကုန်ခံ၊ ကမ္ဘာမြေကြီးဆီ အဲ့အမှိုက်တွေ ပြန်ယူလာဖို့ဆိုတာလည်း ဘယ်သူမှ မလုပ်ချင်ကြတဲ့ အလုပ်ပါ။

ဒါပေမဲ့ NASA is NASA - နာဆာကတော့ နာဆာပါပဲ။ အာကာသကို စူးစမ်းလေ့လာနေတဲ့ ဦးနှောက်ပိုင်ရှင်တွေရဲ့ အကြံကောင်းပုံများတော့ ဒီနေရာတွေကို “လပေါ်က ရှေးဟောင်းအမွေအနှစ်များ” လို့ သတ်မှတ် ပေးလိုက်တာပဲ ဖြစ်ပါတယ်။ ဒါကြောင့် လ ပေါ်အလည်သွားလို့ heritage sites တွေ ကြည့်မယ်ဆိုရင်တော့ဖြင့် ဘယ်သူ ဘယ်တုန်းက ရောက်ခဲ့တယ်ဆိုတဲ့နေရာတွေမှာ အဖုအခွက် ထနေတဲ့ မျက်နှာပြင်ပေါ်က အမှိုက်တွေကို စိတ်ဝင်တစား ကြည့်ရှုရမှာပါ။

ဒီအမှိုက်တွေဟာ ပိုးသတ်သန့်စင်ပြီးသားလို့ နာဆာက ပြောပေမဲ့ အနာဂတ် တချိန်မှာ လကမ္ဘာကို ကျူးကျော်လာမယ့် ဂြိုဟ်သားတွေအတွက်တော့ အာကာသယာဉ်မှူးတွေရဲ့ အညစ်အကြေးအိတ်ထဲက ဘက်တီးရီးယားတွေကို တွေ့ခဲ့သည်ရှိသော် ဘာကောင်တွေလဲဟ ဆိုပြီး အထူးအဆန်း သုတေသနလုပ်နေကြမှာ ဖြစ်ပါတယ်။

image

နေမင်းကြီးရဲ့ အော်သံ
ကမ္ဘာပေါ် နျူဗုံး ၁၀ လုံးပဲ ပေါက်ကွဲခဲ့တယ် ဆိုပါစို့။ အဲ့ကနေ ထွက်လာမယ့် အသံဟာ ဘယ်လောက်ကျယ်မယ် ထင်ပါသလဲ။ ဟိုက်ဒရိုဂျင်လောင်စာ အဆမတန်လောင်ကျွမ်းမှုတွေ၊ နျူပေါက်ကွဲမှုတွေလို အင်မတန်ပြင်းထန်တဲ့ ဖြစ်စဉ်တွေ ဖြစ်နေတဲ့ နေမင်းကြီးမှာသာဆိုရင် ဘယ်လောက်ထိ ကျယ်လောင်နေမယ်ဆိုတာ ခန့်မှန်းလို့ ရပါတယ်။ ဒါပေမဲ့ အဲ့ဒီ ဆူညံလွန်းတဲ့ အသံကို ကမ္ဘာကြီးက မကြားရတာပါလိမ့်။
အကြောင်းကတော့ အာကာသရဲ့ လေဟာနယ် ကြောင့် ဖြစ်ပါတယ်၊
အသံလှိုင်းဆိုတာ တနေရာကနေ တနေရာကို ရောက်ဖို့အတွက် လေ သို့မဟုတ် ရေ လိုမျိုး ကြားခံနယ် လိုအပ်ပါတယ်။ အာကာသကြီးကတော့ လေဟာနယ် ဖြစ်နေလို့အသံတွေကို သယ်ဆောင်ပေးမယ့် ကြားခံပစ္စည်း မရှိပါဘူး။ အာကာသထဲ အဆုံးမရှိတဲ့ တိတ်ဆိတ်မှုမျိုးနဲ့ပေါ့။ ဒါကြောင့်မို့ ဟိုက်ဒရိုဂျင်ဗုံးပေါင်း သန်းချီမကတဲ့ ပေါက်ကွဲမှုတွေ စက္ကန့်မလပ်ဖြစ်နေတဲ့ နေမင်းကြီးရဲ့ အော်သံဟာ ကမ္ဘာကို ရောက်မလာနိုင်ပါဘူး။
နေအဖွဲ့အစည်းထဲက ဘယ်သူ တဦးတယောက်မှလည်း နေမင်းကြီးရဲ့ အပြင်းထန်ဆုံး တောက်လောင်သံတွေကို သူတို့ဂြိုဟ်ကနေ ပုံမှန်အားဖြင့် မကြားနိုင်ကြပါဘူး။ နေ အနီးထိရောက်အောင်သွားပြီး စူးစမ်းတာမျိုး၊ ဒါမှမဟုတ် နေပေါ် ဖြစ်နေတဲ့ လှိုင်းတွေကို အသုံးချပြီး
သိပ္ပံပညာနဲ့ အသံလှိုင်းအဖြစ် ပုံဖော်လိုက်တာမျိုးက လွဲရင်ပေါ့။
တကယ်တော့ ကြားခံနယ်ရှိရင်တောင် ကမ္ဘာကြီးက တချို့အသံတွေကို ကြားချင်မှ ကြားကြတာပဲ မဟုတ်ပါလား။

image

ယိုးဒယား သင်္ဘောသီးထောင်း စပ်စပ်လေး ပြုလုပ်နည်း
ပါ၀င်ပစ္စည်းများ
သင်္ဘောသီးစိမ်း - အနေတော် တလုံး
ပုဇွန်ခြောက် - အကောင် ၂၀ခန့်
မြေပဲလှော် - အစေ့၂၀ခန့်
ငရုတ်သီးစိမ်း - ၇တောင့်ခန့် အစပ်ကြိုက်လျှင် ပိုထည့်ပါ
ထန်းလျှက်ခဲ - ကွမ်းသီးဆံအလုံးလောက် ၃ခဲ
ကြက်သွန်ဖြူ- အမွှာကြီးကြီး ၄မွှာ
ဆား - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
ပဲတောင့်ရှည် - ၃တောင့် မရှိလို့မထည့်ထားပါ
ခရမ်းချဉ်သီး - ခပ်ကြီးကြီး တလုံး
သံပုရာသီး - တခြမ်း
ပြင်ဆင်ပုံ
သင်္ဘောသီးကို အခွံခွာပြီး အမြှောင်းရှည်ရှည်လေးတွေ ရအောင်ခြစ်ထားပါ။
ခြစ်ပြီးသော သင်္ဘောသီးများကို သင်္ဘောသီး အစိမ်းနံ့မနံအောင် ရေများများနဲ့ ဆေးပြီးရေစစ်ထားပါ။
ခရမ်းချဉ်သီးကို ၈ စိတ်စိတ်ထားပါ။
မြေပဲလှော်ကို မညက်တညက်ထောင်းပြီး ဖယ်ထားပါ။
ငရုတ်ဆုံ ခပ်ကြီးကြီးထဲမှာ ပုဇွန်ခြောက်ကို မညက်တညက် ထည့်ထောင်းပါ။
ငရုတ်သီးစိမ်းကို မညက်တညက် ရောထောင်းပါ။
ကြက်သွန်ဖြူကို မညက်တညက် ရောထောင်းပါ။
ထန်းလျှက်ခဲကို ညက်နေအောင်ထောင်းပြီးမှ သင်္ဘောသီးကို ထည့်ထောင်းပါ။
ထောင်းသော ကျည်ပွေ့ပေါ် မူတည်ပြီး သင်္ဘောသီးကို ကြည့်ထောင်းပါ။
ကျောက်ကျည်ပွေ့ဆိုပါက ၁၅ချက် အချက်၂၀လောက် ထောင်းရင်ရပါပြီ။
သစ်သားကျည်ပွေ့ဆိုပါက အချက် ၁၀၀ လောက်ထောင်းပေးမှ အရသာ၀င်ပါတယ်။
ထောင်းနေစဉ် သံပုရာရည် ညှစ်ထည့်ပြီး ဆားပါ နည်းနည်းခြင်းဆီ ထည့်ပေးပါ။
သင်္ဘောသီးထောင်းပြီးပါက ပဲတောင့်ရှည်ရှိရင် ချိုးထည့်ပြီး ၅ချက်လောက် ထောင်းပေးပါ။
ခရမ်းချဉ်သီးကိုလဲ ထည့်ပြီး၅ချက်လောက် ထောင်းပေးပြီးရင် ရပါပြီ။
စားပွဲပြင်တဲ့အခါ ပန်းကန်ထဲသို့ ငရုတ်ဆုံကိုမပြီး အရည်များရော အဖတ်များပါ သွန်ချပြီး မြေပဲထောင်း ဖြူးပေးကာ ပြင်ဆင်ရပါမယ်။
စပ်စပ်မွှေးမွှေး ယိုးဒယားသင်္ဘောသီး
ထောင်းလေးလုပ်စားကြရအောင်နော်..။
…………………………..
မုန့်တီထောင်း
ပဲသီး ခရမ်းကြွပ်သီး သဘောၤသီး ခရမ်းချဉ်သီး (နှစ်သက်ရာ) လှီးထားပါ ကြက်သွန်ဖြူ+မြေပဲ ( ကြိုက်ရင်ထည့်ပါ ) ငရုတ်နီထောင့် ထန်းလျက် ကိုထောင်းထား ပြီးတော့ အရည်ပုံစံရစေရန် ထောင်းထားတာထဲရေနွေးအနည်းငယ်ထည့် ( ထိုင်းငပိရည်သုံးတာမကြိုက်သူများအတွက်ပါ ) ငံပြာရည် ပုဇွန်ခြောက်မှုန့် အချိုမှုန့် သံပုရာရည် ထည့်ပြီးအရည်ဖျော်ပါ။ ပြီးမှ မုန့်ဖတ်ထည့်ပြီး အသာလေးသုပ်ပေးပါ။ နှစ်သက်ရာနဲ့တွဲဖက်စားလို့ရပါတယ်။
……………
#မုန့်ဖတ်ထောင်း
#ယိုးဒယားသင်္ဘောသီးထောင်း

image

ဟင်းချို
ရေနွေးဆူဆူထဲမှာ
ကြက်သွန်တခြမ်း
ခရမ်းချဉ်သီးတလုံး(လေးစိတ်ခြမ်း)
ကြက်သွန်ဖြူဓားပြားရိုက်
ထည့်ပါ
ဆား အရသာမှုန့်
အနည်းငယ်စီထည့်ပါ
ခဏအုပ်ထားပေးပါ
အစိမ်းနံ့ပျောက်ပြီဆိုရင်
နှစ်သက်ရာ သီးနှံနဲ့အရွက် ထည့်ပါ မှိုထည့်ပါ
(ဖရုံးသီး အာလူး ဗူးသီး များထည့်လိုက အရင်ထည့်ပြီးအသီးနူးမှ
အရွက်များထည့်ပါ)
အသီးရွက်များနူးပြီး အပေါ့အငံအချို
ကိုယ့်စိတ်ကြိုက်မှာ ငပိထောင်းစပ်စပ်လေးနဲ့တွဲပြီး သုံးဆောင်လို့ရ
ပါပြီ

image