နေမင်းကြီးရဲ့ အော်သံ
ကမ္ဘာပေါ် နျူဗုံး ၁၀ လုံးပဲ ပေါက်ကွဲခဲ့တယ် ဆိုပါစို့။ အဲ့ကနေ ထွက်လာမယ့် အသံဟာ ဘယ်လောက်ကျယ်မယ် ထင်ပါသလဲ။ ဟိုက်ဒရိုဂျင်လောင်စာ အဆမတန်လောင်ကျွမ်းမှုတွေ၊ နျူပေါက်ကွဲမှုတွေလို အင်မတန်ပြင်းထန်တဲ့ ဖြစ်စဉ်တွေ ဖြစ်နေတဲ့ နေမင်းကြီးမှာသာဆိုရင် ဘယ်လောက်ထိ ကျယ်လောင်နေမယ်ဆိုတာ ခန့်မှန်းလို့ ရပါတယ်။ ဒါပေမဲ့ အဲ့ဒီ ဆူညံလွန်းတဲ့ အသံကို ကမ္ဘာကြီးက မကြားရတာပါလိမ့်။
အကြောင်းကတော့ အာကာသရဲ့ လေဟာနယ် ကြောင့် ဖြစ်ပါတယ်၊
အသံလှိုင်းဆိုတာ တနေရာကနေ တနေရာကို ရောက်ဖို့အတွက် လေ သို့မဟုတ် ရေ လိုမျိုး ကြားခံနယ် လိုအပ်ပါတယ်။ အာကာသကြီးကတော့ လေဟာနယ် ဖြစ်နေလို့အသံတွေကို သယ်ဆောင်ပေးမယ့် ကြားခံပစ္စည်း မရှိပါဘူး။ အာကာသထဲ အဆုံးမရှိတဲ့ တိတ်ဆိတ်မှုမျိုးနဲ့ပေါ့။ ဒါကြောင့်မို့ ဟိုက်ဒရိုဂျင်ဗုံးပေါင်း သန်းချီမကတဲ့ ပေါက်ကွဲမှုတွေ စက္ကန့်မလပ်ဖြစ်နေတဲ့ နေမင်းကြီးရဲ့ အော်သံဟာ ကမ္ဘာကို ရောက်မလာနိုင်ပါဘူး။
နေအဖွဲ့အစည်းထဲက ဘယ်သူ တဦးတယောက်မှလည်း နေမင်းကြီးရဲ့ အပြင်းထန်ဆုံး တောက်လောင်သံတွေကို သူတို့ဂြိုဟ်ကနေ ပုံမှန်အားဖြင့် မကြားနိုင်ကြပါဘူး။ နေ အနီးထိရောက်အောင်သွားပြီး စူးစမ်းတာမျိုး၊ ဒါမှမဟုတ် နေပေါ် ဖြစ်နေတဲ့ လှိုင်းတွေကို အသုံးချပြီး
သိပ္ပံပညာနဲ့ အသံလှိုင်းအဖြစ် ပုံဖော်လိုက်တာမျိုးက လွဲရင်ပေါ့။
တကယ်တော့ ကြားခံနယ်ရှိရင်တောင် ကမ္ဘာကြီးက တချို့အသံတွေကို ကြားချင်မှ ကြားကြတာပဲ မဟုတ်ပါလား။

image