13 w - Translate

ချစ်ကြည်ရေးဖူဆယ်ဘောလုံးပြိုင်ပွဲကျင်းပ
++++++++++++++++
ရွှေဘဏ်ဖူဆယ်‌ဘောလုံးအသင်းနဲ့ MH.Dreamဖူဆယ်‌ဘောလုံးအသင်းတို့ ချစ်ကြည်ရေး‌ ခြေစမ်းပွဲကစားခဲ့ကြပါတယ်။

ဒီနေ့စက်တင်ဘာလ၂၂ရက်နေ့ ရန်ကုန်မြို့မြောက်ဒဂုံမြို့နယ်၊၄၈ရပ်ကွက်မှာရှိတဲ့ Dream Paradise ဖူဆယ်ကွင်းမှာခြေစမ်းကစားခဲ့ကြတာပါ။

အဲ့ဒီချစ်ကြည်ရေးခြေစမ်းပွဲကို ရွှေဘဏ်ကဦးဆောင်ပြုလုပ်တာဖြစ်ပြီးရွှေဘဏ်ဝန်ထမ်းများပျော်ပွဲရွှင်ပွဲအဖြစ်ကျင်းပပေးတာလည်းဖြစ်ပါတယ်။

ဒီနေ့ကစားခဲ့တဲ့ချစ်ကြည်ရေးခြေစမ်းပွဲမှာ ပါဝင်ကစားခဲ့ကြတဲ့နှစ်ဘက်အားကစားသမား‌ တွေကိုအသင်းတာဝန်ရှိသူ‌ တွေကဂုဏ်ပြုလက်မှတ်နဲ့ အမှတ်တရလက်ဆောင်ပစ္စည်း‌ တွေပေးအပ်ခဲ့ကြပါတယ်။

image
13 w - Translate

😢

image

ဝက်ပင်စိမ်းကြော်နည်းလေးမျှဝေလိုက်ပီနော်😊
==========

ဝက်ကြိတ်သားကို သို့မဟုတ် ဝက်သားကိုအတုံးသေးလေးတွေတုံးပါ
ဆား၊ ဟင်းခတ်မှုန့်၊ ကော်မှုန့်တို့ဖြင့်နှယ်နှပ်ထားပါ။
ပဲတောင့်ရှည်သီး၃တောင့်လှီးထား
ငရုတ်သီး စိမ်း၂တောင့်လှီးထား
ပင်စိမ်းရွက်သို့မဟုတ် ဖက်ကဖောင်းရွက်
အနည်းငယ်ကို ရေဆေးထား။
ကြက်သွန်နီ၊ ဖြူ အနည်းငယ်လှီးထား။
ပဲငံပြာရည်အကြည်၊ ဟင်းခတ်မှုန့်၊
ကော်မှုန့်အနည်းငယ်စီကို ရေဖြင့်ဖျော်ထားပါ။
ကြက်သွန်နီ၊ ဖြူ ကိုအရင်ထည့်ကြော်
ဝက်ကြိတ်သားထည့်မွှေ၊
ပဲသီးနှင့်ငရုတ်သီးထည့်၊
ကျက်ခါနီး ဖျော်ထားသောကော်ရည်လောင်းထည့်၊
ပင်စိမ်းရွက်အုပ်ပြီး ချနိုင်ပါပြီ။သုံးဆောင်နိုင်ပါပြီ။

#ဖိုးသက်kitchen
Credit မူးရင်း

ဝက်ပင်စိမ်းကြော်
==========

ဝက်ကြိတ်သားကို သို့မဟုတ် ဝကျသားကျုလိုသလိုအတုံးသေးတုံး
ဆား၊ ဟင်းခတ်မှုန့်၊ ကော်မှုန့်တို့ဖြင့်နှယ်နှပ်ထားပါ။
ပဲတောင့်ရှည်သီး၃တောင့်လှီးထား
ငရုတ်သီး စိမ်း၂တောင့်လှီးထား
ပင်စိမ်းရွက်သို့မဟုတ် ဖက်ကဖောင်းရွက်
အနည်းငယ်ကို ရေဆေးထား။
ကြက်သွန်နီ၊ ဖြူ အနည်းငယ်လှီးထား။
ပဲငံပြာရည်အကြည်၊ ဟင်းခတ်မှုန့်၊
ကော်မှုန့်အနည်းငယ်စီကို ရေဖြင့်ဖျော်ထားပါ။
ကြက်သွန်နီ၊ ဖြူ ကိုအရင်ထည့်ကြော်
ဝက်ကြိတ်သားထည့်မွှေ၊
ပဲသီးနှင့်ငရုတ်သီးထည့်၊
ကျက်ခါနီး ဖျော်ထားသောကော်ရည်လောင်းထည့်၊
ပင်စိမ်းရွက်အုပ်ပြီး ချနိုင်ပါပြီ။သုံးဆောင်နိုင်ပါပြီ။

image
13 w - Translate

ယနေ့စက်သုံးဆီစျေးနှုန်း (၂၂-၉-၂၀၂၄)

image
13 w - Translate

ဟင် 🥹

image
13 w - Translate

😁

image
13 w - Translate

ဆံပင်ကျွတ် သက်သာအောင် …

⁃ မလျှော်ခင် ရှင်းနေအောင် အရင် ဖြီးပါ

⁃ ဆံပင်ထူတဲ့သူဆို လျှော်နေတုန်း ဆံပင်ကို ကိုင်ထားပေးပါ ဒါမှမဟုတ် တခုခုပေါ် တင်လျှော်ပါ (ရေလောင်းလိုက်ရင် ဆံပင်က လေးသွားပါတယ်)

⁃ မလျှော်ခင် ဆီတမျိုးမျိုးနဲ့ ဦးရေပြားကို ၁၅ မိနစ်ခန့် လိမ်းပြီး ပေါင်းထားတာမျိုး အကျင့်လုပ်ပါ

⁃ လျှော်တဲ့ရက် အတိအကျ သတ်မှတ်ထားပြီး တကယ်လျှော်ပါ

⁃ ဆံနွယ်ကို ခွဲပြီး အခြောက်ခံပါ

⁃ အိပ်တဲ့အခါ ကျစ်ဆံမြီးဖွဖွလေး ကျစ်ထားပေးပါ

⁃ ဦးရေပြားကို အတတ်နိုင်ဆုံး အေးနေအောင် ထားပါ (ချွေးစိုအောင် မထားပါနဲ့)

⁃ ဘီး ကောင်းကောင်း သုံးပါ (အမြဲ အောက်ဆုံးကနေ အရင်ရှင်းပါ)

⁃ ဘီး သန့်ရှင်းရေး လုပ်ပါ (ဆေးပါ)

⁃ ခေါင်းစည်းကြိုးထက် ဖိကလစ် သုံးပါ

⁃ မနက်တိုင်း ဆံပင် ဖြီးပါ

⁃ သဘာဝ Product တွေ သုံးပါ (Chemical နည်းတာ)

ဆံနွယ်ကို တန်ဖိုးထားပါ ... ကျွတ်လျှင် အရမ်းမစိုးရိမ်ပါနှင့်

image
13 w - Translate

နာရန်ဒရာမိုဒီ Quad ထိပ်သီးစည်းဝေးပွဲတက်ရန် အမေရိကန်ရောက်ရှိ
----------------------
အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာ မိုဒီဟာ စက်တင်ဘာ ၂၁ ရက်က အမေရိကန်နိုင်ငံကို ရောက်ရှိသွားပြီး ဒီလာဝဲနေအိမ်မှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ကြိုဆိုခဲ့ပါတယ်။

မိုဒီဟာ သြစတြေးလျ၊ အိန္ဒိယ၊ ဂျပန်နဲ့ အမေရိကန်တို့ရဲ့ Quad အုပ်စု ထိပ်သီးစည်းဝေးပွဲတက်ရောက်ဖို့ အမေရိကန်ကို ရောက်ရှိသွားတာ ဖြစ်ပါတယ်။

အမေရိကန်မှာ သုံးရက်တာလည်ပတ်မယ့် မိုဒီက ဘိုင်ဒင်ရဲ့မွေးရပ်မြေ ဝီလ်မင်တန်မှာလုပ်မယ့် ထိပ်သီးစည်းဝေးပွဲ တက်ရောက်ပြီးနောက် နယူးယောက်ကို ဆက်သွားပြီး ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မိန့်ခွန်းပြောမယ်လို့ x လူမှုကွန်ရက်မှာ ပို့စ်တင်ခဲ့ပါတယ်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ ဂျပန်ဝန်ကြီးချုပ် ဖူမီအို ကီရှီဒါတို့ဟာ တရုတ် သံတမန်နဲ့ ဆွေးနွေးခဲ့ကြပြီး တောင်တရုတ်ပင်လယ်က လှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး သူတို့ရဲ့ တူညီတဲ့ စိုးရိမ်ပူပန်မှုတွေကို Quad ခေါင်းဆောင်တွေရဲ့ ထိပ်သီးဆွေးနွေးပွဲမှာ တင်ပြခဲ့ကြတယ်လို့ အိမ်ဖြူတော်က ထုတ်ပြန်ခဲ့ပါတယ်။

Quad အုပ်စုက ထိပ်သီးတွေ့ဆုံမှုအဆင့် ဖိုရမ်တစ်ခုအဖြစ် ဘိုင်ဒင်က ၂၀၂၁ ခုနှစ်မှာ မြှင့်တင်ခဲ့ပြီးနောက် ခေါင်းဆောင်တွေ တွေ့ဆုံခဲ့မှုဟာ ခြောက်ကြိမ်ရှိပြီ ဖြစ်ပါတယ်။

အဲဒီအထဲမှာ လေးကြိမ်က လူကိုယ်တိုင်တွေ့ဆုံခဲ့ကြတာဖြစ်ပြီး အခုထိပ်သီးစည်းဝေးပွဲကတော့ သမ္မတဘိုင်ဒင်အတွက် နောက်ဆုံးအကြိမ်တွေ့ဆုံမှု ဖြစ်ပါတယ်။

image
13 w - Translate

ဘိုလီးဗီးယားတောမီး ဥရောပသမဂ္ဂနိုင်ငံများ ကူညီငြိမ်းသတ်မည်
------------------
ဘိုလီးဗီးယားနိုင်ငံအတွင်း တောမီးအပြင်းထန်ဆုံးလောင်ကျွမ်းခဲ့တဲ့ ဒေသတစ်ခုဖြစ်တဲ့ အလယ်ပိုင်းဒေသ ဆန်တာကရုဇ်ကို နိုင်ငံတကာအကူအညီတွေ စက်တင်ဘာ ၂၁ ရက်က ထပ်မံရောက်ရှိလာခဲ့ပါတယ်။

ဆန်တာကရုဇ် လေဆိပ်ကို ကနေဒါက ရေ လီတာ ၁၁၃၀၀ လီတာသယ်ဆောင်နိုင်တဲ့ မီးသတ်လေယာဉ်တစ်စီးနဲ့ ပြင်သစ်က ရေ လီတာ ၁၀၀၀ သယ်နိုင်တဲ့ ရဟတ်ယာဉ်တစ်စီး ရောက်လာတယ်လို့ ဘိုလီးဗီးယားသမ္မတ လူးဝစ်အာဆေးက X လူမှုမီဒီယာအကောင့်မှာ ပြောပါတယ်။

မီးလောင်ကျွမ်းမှုကို ကူညီငြိမ်းသတ်ဖို့ စပိန်က မီးသတ်သမား ၄၀ နဲ့ ကျွမ်းကျင်သူ ရှစ်ဦးတို့ ရောက်လာတယ်လို့လည်း ပြောပါတယ်။

ဥရောပရဲ့ ပံ့ပိုးကူညီမှုကို EU နဲ့ အဖွဲ့ဝင် သံရုံတွေ ပါဝင်တဲ့ Team Europe က ညှိနှိုင်းဆောင်ရွက်ပေးပြီး အီးယူမြို့ပြကာကွယ်ရေး လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်ခဲ့တာပါ။

ကနေဒါနဲ့ အီးယူတို့ဟာ တောမီးကူငြိမ်းသတ်ဖို့အတွက် ဘိုလီးဗီးယားကို အထောက်အပံ့တွေ ပေးပို့ရာမှာ ဘရာဇီးနဲ့ ဗင်နီဇွဲလားလို တခြားနိုင်ငံတွေနဲ့ ပူးပေါင်းခဲ့ပါတယ်။

ဘိုလီးဗီးယားဟာ မိုးခေါင်မှုနဲ့ စိုက်ပျိုးရေးတိုးတက်လုပ်ဆောင်ဖို့ မြေရှင်းလင်းမှုတွေကြောင့် အခြေအနေ ပိုမိုဆိုးရွားလာကာ တောမီးလောင်ကျွမ်းမှု စံချိန်တင်မယ့်နှစ်ဖြစ်ဖွယ်ရှိနေပါတယ်။

image
13 w - Translate

ရန်ကုန် - တွံတေးမြို့နယ်
လူသူအရောက်နည်းတဲ့
ကျိုက်ဖူးကျိုက်ပါဘုရား🍀

ခရေပန်းပင်တွေနဲ့ ရုပ်ပွား​တော်တစ်​ထောင်​ကျော်နဲ့ ကျိုက်ဖူးကျိုက်ပါ သက်သက်လွတ်​တောင်🍀

တွံတေးဘောင်းတော်ချုပ်အနီးမှကံ့ကော်တစ်ထောင်ဘုရားများ🍀

တွံတေးဘက်ရောက်ခဲ့ရင်
ဝင်ဖူးကြနော်🙏

တွံတေးမြို့၊ရန်ကုန်တိုင်းဒေသကြီး

image