Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
မပိုင်ရလည်း သူပျော်ရင်ရပါပြီလို့တွေးခဲ့ပေမယ့်
တကယ်တမ်းကြ ပိုင်ဆိုင်ချင်တယ်..
မထင်ထားလောက်အောင် သဘောကျခဲ့တာမလို့
တစ်ခါလောက် အတ္တကြီးချင်တယ်
ဘယ်သူ့ကိုမှမပေးရက်လောက်အောင်
သူကသိပ်ကို ချစ်စရာလေးရယ်..🥺❤️
#lavenderpan -7 လာဗန်ဒါပန်
အေးအေးဆေးဆေးနေတက်ရုံကလွဲရင် ကိုယ်ကချေမိုးနေတာမဟုတ်ပါဘူး
ရင်းနှီးတဲ့လူတချို့နဲ့ ပေါတောတောနေတက်ပေမယ့်
ကိုယ်က ရောချင်တိုင်းရောလို့ရတဲ့ လူမျိုးမဟုတ်ပြန်ဘူး။
ကိုယ်ကရှင်းတယ် သာလဲမပေါင်းသလို ညာလဲမစားဘူး
စိတ်မပါရင် ဘယ်သူနဲ့မှအရောအဝင်မလုပ်တတ်ဘူး
တခါတလေ အေးစက်တယ်၊ တိတ်ဆိတ်တယ်ဆိုတာက မလိုတဲ့သူတွေအတွက်ပါဘဲ
မေတ္တာဖြစ်စေ၊ စေတနာဖြစ်စေ ထိုက်တန်တဲ့လူတွေကိုဘဲ ပေးတာမို့ တကိုယ်ကောင်းဆန်တယ်လို့ ပြောချင်ပြောနိုင်ပါတယ်။🖤
#sone 🌻🤍
Crd
ဒီရက်တွေမှာ လူရော စိတ်ပါ ပင်ပန်းချက်ပဲ ။
ဘာကိုမှ စိတ်တိုင်းမကျ
" ထားလိုက်ပါတော့ " လို့သာ စိတ်ထဲမှတ်ရင်း သက်ပြင်းချမိတယ် ။
ဘာကြောင့်ရယ်ဆိုတာ ရေရေရာရာမရှိဘူး
ဒီတိုင်း အရာတိုင်းကို စိတ်ပင်ပန်းနေမိတာ ...
တဖြည်းဖြည်းချင်း စိတ်ကုန်လာတာ ...
ဘာတွေကို စိတ်ကုန်ပြီး ဘာတွေကို စိတ်ပင်ပန်းနေမှန်း ကိုယ်တိုင်တောင် မသိပေမယ့် စိတ်အဆင်မပြေတာတော့ တကယ်ပါ ။
#elza
#crd_new_အညာသားလေး
ရှိနေတုန်းက မသိချင်ယောင်
ဆောင်နေတာလည်း ကိုယ်ပါပဲ
မရှိတော့ဘူးဆိုမှ
သတိရနေတာဟာလည်း
ကိုယ်ပါပဲ ။
#ဂန္ဓမာ
သူငယ်ချင်းနဲ့ ချစ်သူ ဒီဆက်ဆံရေးနှစ်ခုမှာ
အမြဲတမ်း လိပ်ပြာလုံတယ်။
ကိုယ်နဲ့ပေါင်းလို့ နစ်နာသွားတယ်ဆိုတာမရှိစေရဘူး။
မရှိအောင်လည်း ကြိုးစားနေထိုင်တယ်။
သာမပေါင်း ညာမစားဘူး။စိတ်နစ်ပြီး ပေါင်းတယ်။
ချစ်ခင်တယ်။ကူညီနိုင်တာဆို တန်းကူညီလိုက်မယ်။
ကိုယ့်ကြောင့် ပျော်ရွှင်တာမျိုးပဲ ဖြစ်စေ ချင်တယ်။
တစ်ခုပဲ မျှော်လင့်တယ်။ကိုယ်ခင်သလို ပြန်ခင်ပေး။
တန်ဖိုးထားပေးဖို့။ သူငယ်ချင်းအများကြီးမထားတတ်တာမို့
ပေါင်းမိတဲ့လူဆိုလည်း ရင်ဘတ်ရင်းပြီး ပေါင်းတယ်။
ချစ်သူဆိုလည်း ဘာတွေဝယ်ပေးဖို့
လုံးဝပူဆာမှာ မဟုတ်ဘူး။အချစ်က ပေးတယ်ဆိုရင်
ချောကလက်တစ်တောင့်လည်း တန်ဖိုးထားတယ်
ဘယ်ပေါင်းသင်းဆက်ဆံရေးမဆို
ကိုယ်ဟာ အမြဲလိပ်ပြာလုံတယ်။
ဘဝထဲ ဝင်လာတဲ့လူတိုင်းကို မေတ္တာစစ်တွေသာပေးခဲ့တာမို့
အကြောင်းဖန်လို့ နှုတ်ဆက်ခွဲခွာသွားရင်တောင်
ကိုယ့်မှာ မျက်နှာပူတယ်ဆိုတာမျိုး မခံစားရဘူး။
တစ်ခုတော့ရှိတာပေါ့နော်။
ကိုယ့်အချစ်ကို တန်ဖိုးမထားဘဲ ဆုံးရှုံးသွားရင်
ပြန်ရဖို့တော့ ခက်လိမ့်မယ်။ 🖤