Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
F1 စင်ကာပူဂရန်းပရီတွင် ဗြိတိန်ကားမောင်းသမား လန်ဒို နော်ရစ် ဗိုလ်စွဲ
စက်တင်ဘာ ၂၂ ရက်က ကျင်းပတဲ့ စင်ကာပူဂရန်းပရီ ဖော်မြူလာဝမ်း ကားမောင်းပြိုင်ပွဲမှာ ဗြိတိန်နိုင်ငံသား လန်ဒိုနောရစ်က ချန်ပီယံဖြစ်လာခဲ့ပါတယ်။
ဒါဟာ မက်ကလယ်ရန် အသင်းကိုယ်စားပြု နော်ရစ်အတွက် တတိယအကြိမ်မြောက် ဂရန်းပရီချန်ပီယံဆုလည်း ဖြစ်ပါတယ်။
အခုလိုမျိုးအနိုင်ရတာကြောင့် ဗြိတိန်ကားမောင်းသမားဟာ ရမှတ် ၂၅ မှတ်ကို ပိုင်ဆိုင်နိုင်ခဲ့တဲ့ အပြင် ဖော်မြူလာဝမ်း ချန်ပီယံရှစ်မှာပါ ထိပ်ဆုံးနေရာက ဗာစတပ်ပန်နဲ့ ၅၂ မှတ်သာ ကွာခြားပါတော့တယ်။
ရတ်ဘူးလ်အသင်းရဲ့ ကမ္ဘာ့အဆင့်တစ် ကားမောင်းသမား ဗာစတပ်ပန်ကတော့ အဓိက ပြိုင်ဘက် ဖြစ်တဲ့ နောရစ်ထက် စက္ကန့် ၂၀ လောက် နောက်ကျကာ ဒုတိယအဖြစ်သာ ပန်းဝင်နိုင်ခဲ့ပါတယ်။
မက်ကလယ်ရန်အသင်းရဲ့ နောက်ထပ် ပြိုင်ပွဲဝင်ဖြစ်သူ အော်စကာ ပီယက်စထရီကလည်း မရီနာ ဘေးပတ်လမ်းပြိုင်ပွဲမှာ တတိယဆုကို အရယူနိုင်ခဲ့ ပါတယ်။
ဖော်မြူလာဝမ်းရာသီ ပြီးဆုံးဖို့ နောက်ထပ်ပြိုင်ပွဲကြီး ၆ ပွဲနဲ့ ပြိုင်ပွဲငယ် ၃ ပွဲသာ လိုတော့တဲ့ချိန်မှာ နယ်သာလန်နိုင်ငံသား ဗာစတပ်ပန်ဟာ ရမှတ်ပေါင်း ၃၃၁ မှတ်နဲ့ ဦးဆောင်နေဆဲပဲ ဖြစ်ပါတယ်။
၆၂ ကြိမ်ပတ်ရင်း ယှဉ်ပြိုင်ရတဲ့ ပတ်လမ်းမှာ မတော်တဆဖြစ်ရပ် ကြီးကြီးမားမား မရှိခဲ့တာကြောင့် ဒီပြိုင်ပွဲသမိုင်းတလျှောက် ပထမဆုံးအကြိမ် ဖြစ်တယ်လို့ ဆိုပါတယ်။
နောက်ထပ်နာမည်ကြီး ပြိုင်ပွဲဝင်တွေဖြစ်တဲ့ လူးဝစ်ဟာမီလ်တန်နဲ့ ဖာနန်ဒို အလွန်ဆိုတို့ကတော့ စင်ကာပူဂရန်းပရီရဲ့ အဆင့် ၆ နဲ့ အဆင့် ၈ နေရာမှာသာ အသီးသီး ရပ်တည်နိုင်ခဲ့ကြပါတယ်။
DVB
China’s Geely plans to build cars in Vietnam in US$170 million investment
Published Tue, Sep 24, 2024 · 019 PM
GEELY Auto is planning to assemble vehicles in Vietnam as part of a series of commitments worth nearly US$170 million to expand production in the South-east Asian country.
The Chinese auto brand will build a plant in Vietnam capable of producing 75,000 cars annually in a joint venture with Hanoi-based Tasco Joint Stock Company, Geely said on Tuesday (Sep 24). The automaker will also invest in building out the local supply chain and establish an automotive research and development centre.
The total investment in the project is likely to be around US$168 million, of which Geely will contribute 36 per cent with the rest coming from Tasco, the company said.
Geely’s chief executive officer Gan Jiayue had previously outlined plans to build an assembly plant during a meeting with Vietnam’s Deputy Prime Minister Tran Hong Ha in Hanoi on Monday, according to state broadcaster Voice of Vietnam.
The commitments come soon after Chinese officials urged automakers to export more so-called knock-down kits to their overseas plants, which means producing key parts of a vehicle in China and then sending them for final assembly in their destination market.
Vietnam has attracted a string of pledges from Chinese automakers including Chery Automobile and BYD to invest more in vehicle production in the country. BLOOMBERG
ကမ္ဘာ့အဆင့်ဂျပန်ဖိုက်တာနဲ့ ထိုးသတ်ရမယ့် မြန်မာလူငယ်ဖိုက်တာ သန့်ဇင်
"သူက ကစားသမားကောင်းဆိုတော့ အချိန်ပြည့်ထိုးဖို့ ပြင်ထားတယ်၊ဒါပေမဲ့ အခွင့်အရေးရရင် ရသလိုတော့ ပွဲကိုဖြတ်မယ်"
လာမယ့် စက်တင်ဘာ ၂၇ ရက်မှာ ကမ္ဘာကျော် ဂျပန်ဖိုက်တာ တာကဲရု နဲ့ မြန်မာလူငယ်ဖိုက်တာ သန့်ဇင် တို့ဟာ ONE Friday Fights 81 ပွဲစဥ်မှာ ယှဥ်ပြိုင်ထိုးသတ်ဖို့ရှိနေပါတယ်။
ကမ္ဘာ့အဆင့် ဂျပန်ဖိုက်တာနဲ့ ထိုးသတ်ရမယ့်ပွဲက သူ့အတွက် အရေးအကြီးဆုံးပွဲဖြစ်တယ်လို့ သန့်ဇင်က ဘီဘီစီကပြောပါတယ်။
ထိုင်းနိုင်ငံမှာ လေ့ကျင့်နေတဲ့ မြန်မာဖိုက်တာသန့်ဇင်နဲ့ အစ်ကိုဖြစ်သူ မြန်မာလက်ဝှေ့ကမ္ဘာ့ ချန်ပီယံဟောင်းထွန်းလွင်မိုး တို့ ညီအစ်ကို ၂ ဦးက ဂျပန်ဖိုက်တာနဲ့ပွဲအတွက်ဘယ်လောက်ပြင်ဆင်လေ့ကျင့်နေလဲဆိုတာကို ဘီဘီစီကို ဖြေကြားချက်ကို ဒီရုပ်သံမှာကြည့်ရှုပါ။