လူရွေးမှန်မမှန်ဆိုတာကလေ စားသောက်ဆိုင်မှာ ထိုင်ခုံပြင်ပေးတာ၊ ရေဘူးဖွင့်ပေးတာ၊ surprise တွေပေးတာ စတဲ့အပေါ်ယံတွေကိုကြည့်ရမှာမဟုတ်ဘူး။ အဓိကက ကိုယ့်ကိုယ်ကိုယ်ပြန်ကြည့်ပြီးဆုံးဖြတ်ရမှာ။ ဒီလူနဲ့လက်တွဲပြီးမှ ပျော်ရတဲ့အချိန် ပိုများလာလား၊ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ တိုးတက်ကောင်းမွန်လာလား၊ တစ်ပတ်မှာ ၁၅ရက် မျက်ရည်နဲ့မျက်ခွက်ဖြစ်နေလား၊ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုပိုရှိလာလား၊ အရေးအကြောင်းဆိုရင် လက်တွဲထားတဲ့သူဆီက Emotional Support ရလား၊ သူ့ကြောင့်ပိုစိတ်ဖိစီးရလား၊ စိတ်လုံခြုံမှုရလား အဲ့ဒါတွေကိုကြည့်ပြီးဆုံးဖြတ်ရမှာ။ အပေါ်ယံတွေကလူတိုင်းလုပ်နိုင်တယ်၊ အချစ်ခံရတဲ့ခံစားချက်၊ တစ်ခုခုဆို သူရှိတယ်ဆိုပြီးလုံခြုံနေတဲ့ခံစားချက်က လူတိုင်းမပေးနိုင်ဘူး။

image