နေ့စဉ်မိုးလေဝသသတင်း
--------------------------
(၂၀၂၅ ခုနှစ်၊ မေလ ၁၉ ရက်နေ့ နံနက် ၇:၀၀ နာရီအချိန် ထုတ်ပြန်ချက်)
==========================================
ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်၊ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနှင့် အရှေ့အလယ်ပိုင်း တို့တွင် မုတ်သုံလေ အားအနည်းငယ်မှ အားအသင့်အတင့်ရှိနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အသင့် အတင့်မှ တိမ်ထူထပ်နေပါသည်။
ယနေ့ညနေအထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာကျဲကျဲ၊ မကွေးတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေ။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းတွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက် ရှိပြီး၊ အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ် နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုအပ်ပါသည်။
မြန်မာ့ပင်လယ်ပြင်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက် လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေ သည် တစ်နာရီလျှင် မိုင် ၃၀ မှ ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက် နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၇ ပေမှ ၉ ပေခန့် ရှိနိုင်ပါသည်။
နောက် ၂ ရက်အတွက်ခန့်မှန်းချက်။ မြန်မာနိုင်ငံအလယ်ပိုင်းဒေသများတွင် ထစ်ချုန်းမည့် အခြေအနေများ ဆက်လက် ဖြစ်ပေါ်နေမည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

image
7 w - Translate

Good Morning my brothers ❤️

image
7 w - Translate

FULL TIME
အာဆင်နယ် 1-0 နယူးကာဆယ်
သုံးရာသီဆက်တိုက် ဒုတိယလူဘွဲ့ကို အာဆင်နယ်တို့ တရားဝင်ရရှိသွားပြီဖြစ်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်လည်းရရှိသွားပါပြီ။

image
7 w - Translate

ပွဲ 500 ပြည့် ဂိုး 200 သွင်းတဲ့ လက်စတာဂန္တဝင်ကြီး ဗာဒီ 🔵🦊

image
7 w - Translate

"အာဆင်နယ် ပရီးမီးယားလိဂ်မရနိုင်သေးတာ မမျှတ တဲ့ အနီကဒ်တွေ ၊ အဓိကကစားသမားတွေ ဒဏ်ရာရခဲ့တာတွေကြောင့်ပါ။ လာမယ့်ရာသီတွေမှာတော့ ဒီထက်ပိုနီးစပ်မယ့်အခြေအနေရောက်မယ်ဆိုတာသေချာပါတယ်" 👏🔴
🗣️အာတီတာ

image
7 w - Translate

"အာဆင်နယ် ပရီးမီးယားလိဂ်မရနိုင်သေးတာ မမျှတ တဲ့ အနီကဒ်တွေ ၊ အဓိကကစားသမားတွေ ဒဏ်ရာရခဲ့တာတွေကြောင့်ပါ။ လာမယ့်ရာသီတွေမှာတော့ ဒီထက်ပိုနီးစပ်မယ့်အခြေအနေရောက်မယ်ဆိုတာသေချာပါတယ်" 👏🔴
🗣️အာတီတာ

image
7 w - Translate

" ဟာလန်းသာ ပယ်နယ်တီကို ကန်ခဲ့ရင် ဘယ်ဘက် ကျွန်တော်ဖမ်းရမလဲ သိမှာမဟုတ်ပါဘူး။ ဒါပေမယ့် မာမွတ်ရှ် ကန်မယ်ဆိုတာသိလိုက်ကတည်းက သူ့ကန်မယ့်နေရာသိတာမို့ ကျွန်တော်ဖမ်းနိုင်မယ်ဆိုတာ သေချာပေါက်ယုံကြည်ခဲ့ပါတယ်" 🧤
🗣️ဒင်းဟန်ဒါဆန်

image
7 w - Translate

🗣️ဧပြီလတုန်းက စီးတီးကို 5-2 နဲ့ရှုံးတုန်းက ပဲလေစ့်နည်းပြ ဂလက်စ်နာရဲ့ပြောစကား
“ပွဲပြီးတော့ ကျွန်တော် ပက်ကို ပြောခဲ့တယ်။ နောက်တစ်ခါ ထပ်တွေ့ရင် ဒီကစားပုံနဲ့ ကျွန်တော့်ကို ထပ်မရင်ဆိုင်ပါနဲ့။ ဘာလို့ဆို ကျွန်တော် အဲ့ကစားပုံအတွက် အဖြေရအောင်ရှာပြီးအနိုင်ယူသွားမှာ"
တကယ်လည်း ဂလက်စ်နာဟာ ပြောတဲ့အတိုင်း ဂတိတည်ခဲ့ပြီး ပက်ကို ဖလားမဲ့ရာသီဖြတ်သန်းရအောင် စွမ်းဆောင်ပေးခဲ့ပါတယ် 🏆🦅

image
7 w - Translate

သွား လာမခေါ်နဲ့ စိတ်ဆိုးတယ် 😒

image
7 w - Translate

“ရာသီအစတုန်းက ကျွန်တော့်အဖေကို ဆုံးရှုံးခဲ့ရပါတယ်။ ဒီနေ့လည်း သူ့ကို ကျွန်တော်အရမ်းလွမ်းပါတယ်။ ဒါပေမယ့် ဒီနေ့သူကျွန်တော်နဲ့အတူရှိနေမယ်လို့ယုံကြည်ပါတယ်။ ဒီဖလားအောင်မြင်မှုက အဖေ့ကိုရည်းစူးတာပါ။" ❤️
🗣️ဒင်းဟန်ဒါဆန်

image