7 w - Translate

𝐎𝐅𝐅𝐈𝐂𝐈𝐀𝐋 🚨🔴🔥
2024/25 ရာသီရဲ့ အက်ဖ်အေဖလားကိုတော့ ခရစ္စတယ်ပဲလေစ့်အသင်းက မန်စီးတီးကိုအနိုင်ရပြီးထိုက်ထိုက်တန်တန်နဲ့ရရှိသွားပါပြီ။ စီးတီးအနေနဲ့ ဦးဆောင်ခံရကတည်းက တစ်ပွဲလုံးတောက်လျှောက်ဖိကစားခဲ့သလို ပယ်နယ်တီလည်းရရှိခဲ့ပေမယ့် ပယ်နယ်တီလည်းမဝင်ခဲ့သလို ပဲလေ့စ်ခံစစ် ဟန်ဒါဆန်ရဲ့ကာကွယ်မှုတွေကြောင့် ပဲလေစ့်က သမိုင်းဝင်ဖလားရရှိခဲ့ပြီး စီးတီးလည်းဖလားမဲ့ နဲ့ ရာသီသိမ်းခဲ့ရပါပြီ

image
7 w - Translate

ဘုန်းမောက်လူငယ်ခံစစ်မှူးလေး Huijsen ဟာ ရီးရဲလ်မက်ဒရစ်ကိုပြောင်းဖို့အတွက် လစာအများကြီးလျှော့ယူခဲ့တာဖြစ်ပါတယ်။ Huijsen ဟာ ရီးရဲလ်မှာ တစ်နှစ် ယူရို 9 သန်းမှ 11 သန်း ထိ ရရှိမှာဖြစ်ပြီး ပရီးမီးယားလိဂ်ကလပ်တွေက သူ့ကိုကမ်းလှမ်းခဲ့တာက ဒီထက် နှစ်ဆလောက်ရှိပါတယ် 👀🚨
[AS]🌖

image
7 w - Translate

ကတ်စ်မဲရိုး - ကစားဖူးခဲ့တဲ့ ဥရောပဖိုင်နယ်ပွဲတိုင်းအနိုင်ရ✅
အိုနာနာ - ကစားဖူးခဲ့တဲ့ ဥရောပဖိုင်နယ်ပွဲတိုင်း ရှုံး ❌
ဘယ်သူ့စံချိန် ဘယ်သူက ချိုးဖြတ်ပြမှာလဲ

image
7 w - Translate

လီဗာပူးလ်အသင်းဟာ လူငယ်ကစားသမားလေး ကော်နာဘရက်လေ ကို နှစ်ရှည်စာချုပ်သစ်ချုပ်ဆိုခဲ့ပါပြီ ✅🔴

image
7 w - Translate

𝐇𝐄𝐑𝐄 𝐖𝐄 𝐆𝐎 🚨🔴
လီဗာပူးလ်အသင်းဟာ လေဗာကူဆင်ကစားသမား ဖရင်ပေါင်ရဲ့ စာချုပ်ဖျက်သိမ်းကြေး ယူရို 35 သန်းကို တရားဝင် ပေးချေခဲ့ပြီဖြစ်ပြီး ကစားသမားကလည်း ငါးနှစ်စာချုပ်ချုပ်ဆိုဖို့သဘောတူညီခဲ့ပါပြီ ✅

image
7 w - Translate

Miss Universe Peru ဝင်ပြိုင်မယ်ဆိုပြီ သတင်းထွက်နေတဲ့

Miss Grand International 2023

Luciana Fuster

Luciana ကိုယ်တိုင်လည်း interview တစ်ခုမှာ New Era ဆိူတော့ စိတ်ဝင်စားတယ်လို့ပြောခဲ့သလို

နဝပ်ကလည်း welcome ပါတဲ့ သူ့သမီးတော်ကိုလည်း

Thailand မှာ ပြန်မြင်ချင်ပါတယ်တဲ့

အကယ်၍ ပြိုင်ဖြစ်မယ်ဆိုရင် Miss Universe ထိရသွားလေမလား

#beautypangent

image
7 w - Translate

နိုင်ငံတကာသတင်းတိုများ

၁။ဂါဇာကိုအစ္စ​ရေးတိုကအကြီးအကျယ်ဗုံးကြဲတိုက်ခိုက်လျက်ရှိသည်။

၂။​မြောက်ကိုးရီးယား​ခေါင်း​ဆောင်ကင်ဂျုံအမ်သည်​မြောက်ကိုးရီးယား​လေတပ်၏စစ်ရေး​လေ့ကျင့်မှုကိုတက်​ရောက်ကြည့်ရှုသည်။

၃။ရော်ဘတ်ဟား၏ ၂၀၂၃ ခုနှစ်က ဘိုင်ဒန်နှင့်ပြုလုပ်ခဲ့သော တွေ့ဆုံမေးမြန်းခန်းမှ အသံဖိုင်များထွက်ရှိလာပြီး ဘိုင်ဒင်သည် စကားလုံးများနှင့် ရက်စွဲများကို မှတ်မိရန် အခက်တွေ့နေပြီး မသက်မသာဖြစ်သော စိတ်ပိုင်းဆိုင်ရာ ချိုယွင်းမှုများကို ထပ်ခါတလဲလဲ ပြသခဲ့သည်။

၄​။ရုရှားသမ္မတပူတင်ကယူကရိန်းသမ္မတဇလင်စကီး၏တူရကီတွင်​တွေ့ဆုံ​ဆွေး​နွေးရန်အဆိုပြုချက်ကိုပယ်ချလိုက်သည်။

၅။ မြန်မာနိုင်ငံဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိင်က ကမ္ဘာ့အာဏာကို တစ်နိုင်ငံတည်းက ချုပ်ကိုင်ထားမှုမျိုး မဖြစ်သင့်ပါ" ဟု RT နှင့် သီးသန့်အင်တာဗျူးတွင် ထည့်သွင်းပြောဆိုခဲ့သည်။ ပဋိပက္ခ ရှောင်ရှားနိုင်ရန် မျှတသော ကမ္ဘာ့စနစ် (multipolar world)သာ အကောင်းဆုံးလမ်းဖြစ်သည်ဟု ၎င်းက မှတ်ချက်ပြုခဲ့သည်။

NOM

7 w - Translate

မိဘ၊ အုပ်ထိန်းသူ၊ ပြည်သူများသို မေတ္တာရပ်ခံချက်

image

အမေရိကန်ကို ရောက်နေတဲ့ မက္ကဆီကိုရေတပ်သင်္ဘော နယူးယောက် ဘရွတ်ကလင်းတံတားကို ဝင်တိုက်
ဝါရှင်တန်၊ မေ-၁၈-၂၀၂၅
ရတီ(VOM)
အမေရိကန်ကို ရောက်ရှိနေတဲ့ မက္ကဆီကိုရေတပ် လေ့ကျင့်ရေးသင်္ဘောကြီးဟာ နယူးယောက်မြို့ရှိ ဘရွတ်ကလင်းတံတားကို တိုက်မိပျက်စီးသွားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
အဲဒီသင်္ဘောဟာ ဒေသစံတော်ချိန် စနေနေ့ညပိုင်းက ကျော်ကြားလှတဲ့ ဘရွတ်ကလင်းတံတားအောက်ကို ခုတ်မောင်းလာစဉ် ကြီးမားတဲ့ ရွက်တိုင်တွေနဲ့ တိုက်မိခဲ့ပါတယ်။ ရွက်တိုင်တွေရဲ့ အစိတ်အပိုင်းတွေဟာ ကုန်းပတ်ပေါ်ကို ပြုတ်ကျပြီးနောက် ဒဏ်ရာရသူတွေရှိတယ်လို့ တာဝန်ရှိသူတွေကို ကိုးကားပြီး သတင်းဌာနတွေက ဆိုပါတယ်။
မက္ကဆီကို ရေတပ်ကလည်း သင်္ဘောပျက်စီးမှုကို အတည်ပြုထားပြီး အဖြစ်အပျက်နဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေတယ်လို့ ပြောပါတယ်။ ဒဏ်ရာရသူတွေကို ကယ်ဆယ်ရေးတုံ့ပြန်ဆောင်ရွက်မှုတွေ လုပ်ဆောင်နေတယ်လို့ နယူးယောက်မီးသတ်ဌာနက ပြောပါတယ်။
လူ၂၂ ယောက်ဒဏ်ရာရခဲ့ပြီး သင်္ဘော သို့မဟုတ် တံတားပေါ်မှာ ထိခိုက်မှုအတိုင်းအတာ ဘယ်လောက်ရှိလဲဆိုတာကိုတော့ အာဏာပိုင်တွေက အသေးစိတ်ထုတ်ပြန်ခြင်းမရှိသေးပါဘူး။ အခြေအနေကို အသေးစိတ် အကဲဖြတ်နေဆဲလို့ ဆိုပါတယ်။
နယူးယောက်မြို့တော်ဝန် အဲရစ်အဒမ်ဟာလည်း အခင်းဖြစ်ပွားရာနေရာကို သွားရောက်ခဲ့ပါတယ်။ မက္ကဆီကို စစ်သင်္ဘောပေါ်မှာ အမှုထမ်း ၂၀၀ ကျော်လိုက်ပါခဲ့ပြီး နယူးယောက်မြို့ကို ချစ်ကြည်ရေး အလည်အပတ် လာရောက်တာလို့ အမေရိကန်သတင်းဌာနတွေက ဖော်ပြထားပါတယ်။
Ref:BBC
Photo:Getty Images

image

#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ ဂါဇာမှ ပါလက်စတိုင်းလူမျိုးတစ်သန်းကို လစ်ဗျားသို့ ရွှေ့ပြောင်းနေရာချရန် အမေရိကန်စီစဉ်နေဟုဆို
ဂါဇာကမ်းမြောင်ဒေသရှိပါလက်စတိုင်းလူမျိုး တစ်သန်းအထိအား လစ်ဗျားနိုင်ငံသို့ပို့ဆောင်၍ အမြဲတမ်းနေရာချထားမည့်အစီအစဉ်တစ်ရပ်ကို သမ္မတဒေါ်နယ်ထရန့်ဦးဆောင်သော အမေရိကန် အစိုးရကရေးဆွဲနေကြောင်း အင်န်ဘီစီသတင်းဌာနက မေ ၁၆ ရက်တွင် ရေးသားတင်ပြထားသည်။
ဂါဇာကမ်းမြောင်ဒေသရှိ ပါလက်စတိုင်းလူမျိုးတစ်သန်းကို လစ်ဗျားသို့ပို့ဆောင်နေရာချထားရေးအတွက် အမေရိကန်အစိုးရက လစ်ဗျားခေါင်းဆောင်များနှင့် ဆွေးနွေးနေကြောင်း သတင်း အရင်းအမြစ်များက မီဒီယာများသို့ထုတ်ဖော်ပြောကြားထားသည်။
လစ်ဗျားနိုင်ငံအနေဖြင့် ပါလက်စတိုင်းလူမျိုးများကို လက်ခံခဲ့ပါက အပြန်အလှန်အနေဖြင့် အမေရိကန်အစိုးရက ထုတ်ယူခွင့်ပိတ်ထားသော လစ်ဗျားနိုင်ငံပိုင် အမေရိကန်ဒေါ်လာငွေကြေးများကို ပြန်ထုတ်ပေးမည်ဖြစ်သည်။
အမေရိကန်ပြည်ထောင်စုအနေဖြင့် ဂါဇာဒေသပိုင်ဆိုင်မှုကို လက်လွှဲရယူ၍ ယင်းဒေသကို လွတ်လပ်မှုဇုန်အဖြစ် ပြောင်းလဲ တည်ဆောက်လိုကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ကာတာခရီးစဉ်အတွင်း ပြောကြားထားသည်။
ပါလက်စတိုင်းလူမျိုး တစ်သန်းကို လစ်ဗျားသို့ ပို့ဆောင်နေရာချထားရေးအစီအစဉ်မှာ ထောက်ပို့ပြဿနာ၊ ဘဏ္ဍာရေး ပြဿနာများနှင့် ရင်ဆိုင်ရနိုင်ကြောင်း သိရသည်။
လစ်ဗျားနိုင်ငံသည် အာဏာရှင်ခေါင်းဆောင်ဟောင်း မွမ်မာကဒါဖီဖြုတ်ချခံခဲ့ရသော ၂ဝ၁၁ ခုနှစ်မှစ၍ ပြည်တွင်းစစ်ရေးပဋိပက္ခများနှင့် ရင်ဆိုင်နေရသည်။ ပါလက်စတိုင်းလူမျိုး တစ်သန်းကို ဂါဇာမှ လစ်ဗျားသို့ ရွှေ့ပြောင်းနေရာချရန် အမေရိကန်အစိုးရက စီစဉ်နေသည်ဟူသော သတင်းများကို အိမ်ဖြူတော်တာဝန်ရှိသူများက တစ်စုံတစ်ရာ တုံ့ပြန်မှုမရှိသေးပေ။
ရိုက်တာ

image