#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ ကမ္ဘာ့အပျော်ရွှင်ရဆုံး မြို့တော်ကြီးများစာရင်း တတိယနေရာတွင် စင်ကာပူရပ်တည်
၂ဝ၂၅ ခုနှစ်၏ အပျော်ရွှင်ရဆုံးကမ္ဘာမြို့တော်ကြီးများ စာရင်းကို ဗြိတိန်နိုင်ငံ လန်ဒန်မြို့တော်အခြေစိုက် ဘဝအရည်အသွေး အင်စတီကျုက မေ ၁၈ ရက်တွင် ထုတ်ပြန်ခဲ့ရာ ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့က ကမ္ဘာ့အပျော်ရွှင်ရဆုံးမြို့တော်အဖြစ် ရပ်တည်နေပြီး ဆွစ်ဇာလန်နိုင်ငံဇူးရစ်မြို့က ဒုတိယမြောက်အပျော်ရွှင်ရဆုံး ကမ္ဘာ့မြို့တော်အဖြစ် ရပ်တည်နေကြောင်း သိရသည်။
အရှေ့တောင်အာရှနိုင်ငံတစ်နိုင်ငံဖြစ်သည့် စင်ကာပူနိုင်ငံ၏ စင်ကာပူမြို့တော်မှာ အပျော်ရွှင်ရဆုံးကမ္ဘာ့မြို့တော်ကြီးများ စာရင်း၌ အဆင့်(၃)နေရာတွင် ရပ်တည်လျက်ရှိသည်။
အလားတူ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်နှင့် တရုတ်(တိုင်ပေ) ကျွန်း တိုင်ပေမြို့တော်တို့မှာ ဆဋ္ဌမမြောက်အပျော်ရွှင်ရဆုံးနှင့် အဋ္ဌမမြောက်အပျော်ရွှင်ရဆုံးကမ္ဘာ့မြို့တော်များအဖြစ် ရပ်တည်နေကြောင်း သိရသည်။
ကမ္ဘာ့အပျော်ရွှင်ရဆုံးမြို့တော်ကြီးများစာရင်း၌ တတိယနေရာတွင် စင်ကာပူမြို့တော်ရပ်တည်နိုင်မှုတွင် ပညာရေးနှင့်တီထွင်ဆန်းသစ်မှုတို့အဓိကအခန်းကဏ္ဍမှ ပါဝင်နေကြောင်း ဘဝအရည်အသွေး အင်စတီကျုက သုံးသပ်ထားသည်။
ဘဝအရည်အသွေး အင်စတီကျုအနေဖြင့်အပျော်ရွှင်ရဆုံးကမ္ဘာ့မြို့တော်ကြီးများ စာရင်းကိုပြုလုပ်ရာတွင် ယင်းမြို့တော်ကြီးများ၌ နေထိုင်သူများ၏ပျော်ရွှင်မှုအပေါ် အကျိုးသက်ရောက်မှုရှိသည့်အချက်များဖြစ်သော နိုင်ငံသား၊ အုပ်ချုပ်မှု၊ သဘာဝပတ်ဝန်းကျင်၊ စီးပွားရေး၊ ကျန်းမာရေးနှင့်လွတ်လပ်စွာ သွားလာနိုင်မှုတို့ကို လေ့လာဆန်းစစ်ပြီးနောက်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
မေ ၁၈ ရက်တွင် ထုတ်ပြန်ခဲ့သောကမ္ဘာ့အပျော်ရွှင်ရဆုံး မြို့တော်ကြီးများ စာရင်းသည် ဘဝအရည်အသွေးအင်စတီကျုက ထုတ်ပြန်ခဲ့သည့် ခြောက်ခုမြောက်စာရင်းဖြစ်သည်။
စီအင်န်အေ

image
7 w - Translate

ငြိမ်ငြိတွယ်-အယ်လီယာ(Rating-4/5)
ငြိမ်ငြိမ်လေးနဲ့ ငြိတွယ်ရတဲ့ဝတ္ထုလေး တစ်ပုဒ်
“ စောင့်မနေလို့ဆိုပြီး အပြစ်မပြောရက်နိုင်တဲ့လူတွေရှိသလို၊ လိုက်မရှာရကောင်းလားဆိုပြီး မငြိုငြင်ရက်တဲ့ လူတွေလဲရှိတယ်။ သူတို့ဟာ ဒီကမ္ဘာမှာ သနားစရာအကောင်းဆုံးပဲ”🥀
ဒီစာအုပ်မှာ ဆရာမရဲ့ ကိုယ်ပိုင်ရေးဟန်ကို ပြန်တွေ့ရပါတယ်💕
ဆရာမရဲ့ပထမဆုံး လုံးချင်းဝတ္ထုဖြစ်တဲ့အပြင်
အရင်ရေးခဲ့ဖူးတဲ့ဝတ္ထုတို ကို ဝတ္ထုရှည်အဖြစ်
ပြောင်းလဲ ရေးခဲ့တယ်လို့ သိရပါတယ်💕
ငယ်ငယ်လေးကတည်း ချစ်ရသူကိုဆုံးရှုံးရပြီး ဘဝကို ဖြစ်သလို ဖြတ်သန်းနေကာ လေနှင်ရာ ရွေ့နေတဲ့
သူမ ဘဝထဲကိုမှ အရင်ကအတိတ်တစ်ချို့ ပြန်ဝင်လာခဲ့တဲ့
-လှိုင်းရိပ်ငြိမ်(အရိပ်)
ကိုယ့်ဆီက ထွက်ပြေးသွားတဲ့ လူတစ်ယောက်ကိုမှ ပြန်လိုက်ရှာရင်း အရိပ်ဆိုတဲ့ ကောင်မလေးနဲ့ တွေ့ကာ အတိတ်ကပြဿနာမှာ သူကအဓိကဖြစ်နေသူ
ပန်းချီဆရာလေး
-မင်းယုမောင်(ဂရေး)
လူအများ လေးစားအားကျရတဲ့ ဆရာဝန်မ
ဖြစ်ပေမဲ့ မောင့်အတွက်ဆို အရာရာပေးဆပ်ရဲပြီး
မောင်နဲ့ဝေးရာကိုထွက်ပြေးနေတဲ့
-ဇလပ်နီ(နီနီ)
သူတို့သုံးဦးရဲ့အချစ်တွေသုံးပွင့်ဆိုင်လာတဲ့အခါ
ဘာတွေဆက်ဖြစ်သွားမလဲ🥺
မထင်မှတ်ထားရတဲ့ဇာတ်လမ်းအချို့အကွေ့တွေနဲ့
ဇာတ်သိမ်းဟာ လုံးဝမထင်မှတ်ပါဘူး🤌
ဆရာမ ထုံးစံအတိုင်း လူကိုမငိုငိုအောင်လုပ်ပါတယ်🥲
ဆရာမရဲ့ပထမဆုံးလုံးချင်းကတော့ လိုအပ်ချက်လေးတွေအနည်းအပါးရှိပေမဲ့ ငြိမ်ငြိမ်လေးနဲ့ငြိတွယ်ခဲ့ရတဲ့စာအုပ်လေးပါဗျာ💕

image

Tom Cruise ကတော့ Top Gun: Maverick ရဲ့ နောက်ဆက်တွဲရုပ်ရှင်လာမယ်လို့ အတည်ပြုလိုက်ပါပြီ။
မင်းသားကြီးက Mission: Impossible ရဲ့ နောက်ဆုံးရုပ်ရှင်ဖြစ်မယ့် The Final Reckoning ပြီးတဲ့နောက်မှာတော့ နောက်ထပ် Project တွေလုပ်နေပြီလို့ သိရပါတယ်။ Top Gun: Maverick (၂၀၂၃) ရဲ့ နောက်ဆက်တွဲရုပ်ရှင်ကို တကယ်လုပ်နေပြီဆိုပေမယ့် ဘယ်တော့ ထွက်မယ်ဆိုတာကိုတော့ သူကိုယ်တိုင်တောင် အတိအကျမသိသေးပါဘူး။
သြစတြေးလျရဲ့ Today တီဗီရှိုးမှာ သူက အခုလိုပြောခဲ့ပါတယ်။ Top Gun: Maverick နောက်ဆက်တွဲကို တကယ်လုပ်နေပြီဆိုပေမယ့် သူ့မှာ လုပ်စရာတွေ အများကြီးရှိတယ်တဲ့။ ဥပမာ၊ ၁၉၉၀ ခုနှစ်က သူ့ရဲ့ အက်ရှင်ရုပ်ရှင် Days of Thunder ရဲ့ နောက်ဆက်တွဲလည်းရိုက်ဖို့ စဉ်းစားနေတယ် လို့ပြောသွားခဲ့ပါတယ်။
“ဟုတ်တယ်၊ ကျနော်တို့ အခုဇာတ်လမ်းအမျိုးမျိုးကို စဉ်းစားနေတယ်၊ ဘာတွေလုပ်လို့ရမလဲ၊ ဘယ်လိုဖြစ်နိုင်မလဲဆိုတာတွေ ဆွေးနွေးနေတယ်။ Top Gun: Maverick ကို လုပ်ဖို့ဆိုတာ ကျနော့်ဘဝမှာ ၃၅ နှစ်လောက် စဉ်းစားခဲ့ရတာလေ။ အခုလည်း Days of Thunder နဲ့ Top Gun: Maverick အပြင် တခြားရုပ်ရှင်တွေလည်း အများကြီး လုပ်နေပါတယ်။ ကျနော်က အမြဲတမ်း ရုပ်ရှင်တစ်ခုခု ရိုက်နေတာ၊ ပြင်ဆင်နေတာ၊ တစ်ခုမဟုတ် တစ်ခုလုပ်နေရမှ ကျေနပ်နေတာလို့ပြောလာပါတယ်။
သူက အခုမကြာခင်က The Revenant ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Alejandro Iñárritu နဲ့အတူ ရုပ်ရှင်တစ်ကား ရိုက်လို့ ပြီးသွားပြီလို့လည်း ပြောပါတယ်။ အဲဒီရုပ်ရှင်က ၂၀၂၆ နှောင်းပိုင်းမှာ ထွက်မယ်လို့သိရပါတယ်။ ပြီးတော့ Mission: Impossible ရုပ်ရှင်အသစ်တွေဆက်ထုတ်ဖို့ ဒါရိုက်တာ Christopher McQuarrie နဲ့ အမြဲလိုလို ဆွေးနွေးဖြစ်နေတယ်လို့ ဆိုပါတယ်။
Mission: Impossible နောက်ထပ်ရုပ်ရှင်ထပ်လုပ်ဖို့ ဖြစ်နိုင်ခြေကိုလည်း သူက လုံးဝလက်မလျော့သေးပါဘူ။ ထပ်ရိုက်လို့ရရင် ထပ်ရိုက်မယ့်အနေထားမှာရှိပါတယ်။ ဒါပေမယ့် အခုထွက်မယ့် Mission: Impossible – The Final Reckoning ကို ပရိသတ်တွေကို အရင်ခံစားစေချင်တယ်လို့ ပြောပါတယ်။ “ပရိသတ်တွေ ဒီရုပ်ရှင်ကို ကြည့်ပြီး ပျော်ရွှင်စရာကောင်းတဲ့ အတွေ့အကြုံကို ရစေချင်ပါတယ်။ ဒါက ပြီးခဲ့တဲ့ ၃၀ နှစ်လောက်က ဇာတ်လမ်းတွေရဲ့ အဆုံးသတ်တစ်ခုလို့ ပြောလို့ရပါတယ်။”
Mission: Impossible – The Final Reckoning က ဗြိတိန်မှာ မေလ ၂၁ ရက်နဲ့ အမေရိကမှာ မေလ ၂၃ ရက်မှာ ရုံတင်ပြသသွားမှာဖြစ်ပါတယ်။

image

The Bondsman ကတော့ Amazon Prime ကနေ ထုတ်တဲ့ Supernatural ဆန်ဆန် Series တစ်ခုဖြစ်ပြီး သရဲတွေနဲ့ နတ်ဆိုးတွေကို လိုက်နှိမ်နင်းရတဲ့ ဇာတ်ကားဖြစ်ပါတယ်။
ဇာတ်လမ်းက လူမိုက်ဂိုဏ်တစ်ခုကို နှိမ်နင်းဖို့သွားရင်းနဲ့ လူမိုက်တွေသတ်တာခံလိုက်ရတဲ့နောက်မှာ သေရွာကနေ အသက်ပြန်ရှင်လာခဲ့ပြီး နတ်ဆိုးက လူ့ပြည်မှာ လွတ်နေတဲ့ နတ်ဆိုးတွေကို လိုက်နှိမ်နင်းဖို့ တာဝန်ပေးတာခံခဲ့ရပါတယ်။
ဒီအက်ရှင်သရဲကားကတော့ Season 1 ရဲ့ အပိုင်း ၈ ပိုင်းလုံးကို Prime Video မှာ ဧပြီလ ၃ ရက်နေ့က စတင်ထုတ်လွှင့်ပြသခဲ့ပါတယ်။ ဒီ Series က ဘယ်လောက် အောင်မြင်လည်းဆိုရင် ပထမအပတ်မှာတင် ထိပ်တန်း streaming ဇာတ်လမ်းတွဲ ၁၀ ခုထဲမှာ နံပါတ် ၉ နေရာမှာ ရပ်တည်ခဲ့တဲ့ Series ဖြစ်ပါတယ်။
ဒီဇာတ်လမ်းမှာ Kevin Bacon က အဓိကဇာတ်ဆောင်ဖြစ်တဲ့ Bondsman အဖြစ် သရုပ်ဆောင်ထားပြီး Jennifer Nettles၊ Damon Herriman၊ Beth Grant၊ Maxwell Jenkins နဲ့ Jolene Purdy တို့လည်း ပါဝင်ထားတယ်။
ဒီ Series ထွက်တုန်းက ဝေဖန်သူ အများစုရဲ့ ကောင်းတဲ့သုံးသပ်ချက်တွေ ရခဲ့ပေမယ့် Variety ရဲ့ Alison Herman ကတော့ “ Season 1 ရဲ့ အပိုင်း ၈ ပိုင်းကို နာရီဝက်စီပဲ ထုတ်လွှင့်ခဲ့ရတာမို့ ‘The Bondsman’ ဟာ ဇာတ်အိမ်တည်ဆောက်မှုကောင်းပေမယ့် အရမ်းမြန်မြန်သွားထားတဲ့အတွက် Character Developed သိပ်မလုပ်လိုက်ရဘူးလို့” ရေးသားခဲ့ပါတယ်။
အမှန်တိုင်း ပြောရရင် Supernatural ပြီးထဲက သရဲနှိမ်နင်းတဲ့ ဇာတ်ကားတွေ မကြည့်ရတာကြာခဲ့ပြီမို့လို့ The Bondsman ကို Amazon ရဲ့ဖျက်သိမ်းလိုက်တဲ့ အပေါ်မှာ ဒီ Series ကိုတော့ နှမြောမိတာတော့ အမှန်ပါပဲ။

image

Christopher Nolan ရဲ့ 'The Odyssey' IMAX ကင်မရာနဲ့ အစအဆုံးရိုက်ကူးမယ့် ပထမဆုံးရုပ်ရှင်အဖြစ် သမိုင်းတွင်တော့မည်
မေလ ၁၅၊ ၂၀၂၅။
နာမည်ကျော် ဒါရိုက်တာ Christopher Nolan ရဲ့ နောက်ဆုံးထွက်ရှိလာမယ့် ရုပ်ရှင် The Odyssey ဟာ ရုပ်ရှင်သမိုင်းမှာ မှတ်တိုင်သစ်တစ်ခု စိုက်ထူတော့မှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ဟာ ဇာတ်လမ်းတစ်လျှောက်လုံးကို IMAX ကင်မရာတွေနဲ့ အပြည့်အဝ ရိုက်ကူးမယ့် ပထမဆုံးသော ဇာတ်ကားရှည် ဖြစ်လာမယ်လို့ သိရပါတယ်။
ဒီသတင်းကို IMAX ပြောရေးဆိုခွင့်ရှိသူတစ်ဦးက PEOPLE မဂ္ဂဇင်းကို မေလ ၁၅ ရက်နေ့မှာ အတည်ပြုပြောကြားခဲ့တာဖြစ်ပြီး၊ IMAX ရဲ့ CEO ဖြစ်သူ Rich Gelfond ကလည်း ၂၀၂၅ ခုနှစ် ကိန်းစ်ရုပ်ရှင်ပွဲတော်မှာ ပြုလုပ်တဲ့ ကုမ္ပဏီရဲ့ နှစ်စဉ်သတင်းစာရှင်းလင်းပွဲမှာ ဒီသမိုင်းဝင်အောင်မြင်မှုကို ကြေညာခဲ့တယ်လို့ ဆိုပါတယ်။ Nolan ရဲ့ ဒီရုပ်ရှင်မှာ Matt Damon က ရှေးဟောင်းဂရိဒဏ္ဍာရီလာ သူရဲကောင်း Odysseus အဖြစ် ပါဝင်သရုပ်ဆောင်ထားတာ တွေ့ရမှာပါ။
The Hollywood Reporter နဲ့ The Wrap တို့ရဲ့ ဖော်ပြချက်တွေအရ၊ Nolan ဟာ ၂၀၂၃ ခုနှစ်က အကောင်းဆုံးရုပ်ရှင်ဆုရရှိခဲ့တဲ့ Oppenheimer ရဲ့ အကြီးအကျယ်အောင်မြင်မှုအပြီးမှာ IMAX ကို သူတို့ရဲ့ကင်မရာတွေရဲ့ အရည်အသွေးကို ပိုမိုကောင်းမွန်အောင်၊ အထူးသဖြင့် ပိုပေါ့ပါးပြီး အသံပိုတိတ်ဆိတ်အောင် ပြုလုပ်ဖို့ စိန်ခေါ်ခဲ့တယ်လို့ သိရပါတယ်။ Gelfond က "ခရစ် (Nolan) က ကျနော့်ကိုခေါ်ပြီး 'ခင်ဗျားတို့သာ ပြဿနာတွေကို ဖြေရှင်းနိုင်ရင် Odyssey ကို IMAX နဲ့ ၁၀၀ ရာခိုင်နှုန်း ရိုက်ကူးမယ်' လို့ ပြောခဲ့တယ်။ အခု ကျနော်တို့ အဲ့ဒီအတိုင်း လုပ်ဆောင်နေပါတယ်" လို့ ကိန်းစ်မှာ ပြောကြားခဲ့ကြောင်း သတင်းတွေအရ သိရှိရပါတယ်။
လက်ရှိမှာ ထုတ်လုပ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေပြီဖြစ်တဲ့ The Odyssey ဟာ ဒီလိုအသစ်စက်စက် IMAX ဖလင်ကင်မရာတွေနဲ့ ရိုက်ကူးတဲ့ ပထမဆုံးရုပ်ရှင်လည်း ဖြစ်လာမှာပါ။ Nolan နဲ့ Universal Pictures တို့က ဒီဇင်ဘာလတုန်းက အသက် ၅၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒီနာမည်ကြီးဒါရိုက်တာဟာ Homer ရဲ့ 'The Odyssey' ကို IMAX နည်းပညာသစ်တွေသုံးပြီး ရုပ်ရှင်အဖြစ် အသက်သွင်းသွားမယ်လို့ ကြေညာခဲ့တာဖြစ်ပါတယ်။ ဒီကျော်ကြားလှတဲ့ ဇာတ်လမ်းဟာ ဒဏ္ဍာရီလာ ထရိုဂျန်စစ်ပွဲအပြီး အိမ်အပြန်ခရီး ၁၀ နှစ်ကြာမြင့်ခဲ့တဲ့ Ithaca ဘုရင် Odysseus ရဲ့ အကြောင်းကို ပုံဖော်ထားတာ ဖြစ်ပါတယ်။
Damon (အသက် ၅၄ နှစ်) နဲ့အတူ ဒီရုပ်ရှင်မှာ Zendaya, Tom Holland, Anne Hathaway, Robert Pattinson, Lupita Nyong’o, Charlize Theron, Mia Goth, Elliot Page, John Leguizamo နဲ့ Benny Safdie တို့လို နာမည်ကြီး သရုပ်ဆောင်များစွာလည်း ပါဝင်ထားတယ်လို့ ဆိုပါတယ်။ Universal က Damon ရဲ့ Odysseus အဖြစ် သံချပ်ကာဝတ်စုံ၊ ခေါင်းဆောင်းနဲ့ ဝတ်ရုံရှည်ကို ဝတ်ဆင်ထားတဲ့ ပထမဆုံးပုံရိပ်ကို ဖေဖော်ဝါရီ ၁၇ ရက်နေ့က ထုတ်ပြန်ခဲ့တာ တွေ့ရပါတယ်။ မတ်လတုန်းကတော့ Damon, Holland နဲ့ Zendaya တို့ အီတလီနိုင်ငံက ရိုက်ကွင်းပေါ်မှာ သရုပ်ဆောင်နေကြတဲ့ ပုံတွေ ထွက်ပေါ်လာခဲ့ပြီး၊ Damon ကတော့ Odysseus အဖြစ် ကြွက်သားအမြောင်းမြောင်းနဲ့ မုတ်ဆိတ်ရှည်၊ ဆံပင်ရှည်တွေနဲ့ အထင်ကြီးလောက်စရာ ပုံစံမျိုးနဲ့ တွေ့ခဲ့ရပါတယ်လို့ သတင်းတွေက ဆိုပါတယ်။
'The Odyssey' ကို အရင်ကလည်း ရုပ်ရှင်နဲ့ TV အတွက် ပုံဖော်ခဲ့ဖူးတာတွေ ရှိခဲ့ပေမယ့်၊ Nolan ရဲ့ ဒီဗားရှင်းကတော့ ရုပ်ရှင်နည်းပညာပိုင်းမှာ ထူးခြားမှုတွေနဲ့ တင်ဆက်လာမှာဖြစ်လို့ စိတ်ဝင်စားစရာကောင်းနေတာ အမှန်ပါပဲ။ The Odyssey ရုပ်ရှင်ကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်နေ့မှာ ရုံတင်ပြသသွားမှာ ဖြစ်ကြောင်း ကြေညာထားပါတယ်။

image
7 w - Translate

"ကိုယ်ကတော့ တစ်လျှောက်လုံးမှာ မင်းအတွက် ဟန်ဆောင်မျက်ရည်မျိုးမကျခဲ့ဖူးပါဘူး ၊ ရင်ထဲ နှလုံးသားထဲက ချစ်မြတ်နိုးပါတယ်"
ဆရာမ အယ်လီယာရဲ့ စာအုပ်ကိုဖတ်လိုက်ရတာကလေ
အလုံပိတ်အခန်းငယ်တစ်ခုတည်းမှာ သူမ ဖန်တီးထားတဲ့ ဇာတ်ကောင်တွေနဲ့ ပျော်မွေ့ခိုင်းနေသလိုဘဲ🥲
မွန်းကြပ်ရသလို ပြီးတော့ အဆုံးအစမရှိတဲ့လမ်းကို စမ်းသဝါးဝါးနဲ့ လျှောက်နေရသလိုပါဘဲ
ဆရာမရဲ့ မူပိုင်ရေးဟန်လို့ပြောလို့ရမဲ့ ဘာသာပြန် ဝတ္ထုပုံစံမျိုး ရေးထားတယ်
စိတ်ကူးယဉ် ဆန်တယ်လို့ပြောလို့ရသလို အပြင်လောကနဲ့လဲ သွေဖီ မနေပြန်ပါဘူး
အခုစာအုပ်လေးရဲ့ အဓိကဇာတ်ဆောင် လို့ပြောလို့ရမဲ့
ဂျွန်နဲ့လောရမ်အကြောင်းလေးဘဲ
အကျဉ်းချုပ်ပြောကြစို့✌️
ဂျွန်ဆိုတဲ့ကောင်လေးဟာ ထင်ရာကိုစိုင်း မိခင်ရဲ့အလိုလိုက်ခြင်းကို ခံထားရပြီး ဖခင်ဖြစ်သူကို သေလောက်အောင်မုန်းနေတဲ့ သူဌေးသားလေးတစ်ယောက်
လောရမ်ဆိုတဲ့ ဆံပင်နီကြောင်ကြောင်နဲ့ ကမ်းရိုးတန်းရွာလေးက မွေးစားအဖွား ငါးစိမ်းသည်မကြီးရဲ့ မြေးမလေး
ငယ်ငယ်ကတည်းက လူတကာရဲ့ အနိုင်ကျင့်တာကို ခံနေရတဲ့ ပေတေတေ ကောင်မလေးတစ်ယောက်
မွေးစားအဖွားဆုံးလို့ မြို့ပေါ်တက် အလုပ်လုပ်ရင်းကျောင်းတက်တဲ့ လောရမ်နဲ့ သူဌေးသားလေး ဂျွန်နဲ့ တွေ့ဆုံရင်း ဒီစာအုပ်လေး ဖြစ်လာခဲ့တယ်
အရာရာကို ပိုက်ဆံနဲ့ဝယ်လို့ရနေတဲ့ ဂျွန်တစ်ယောက်ဟာ ကျောင်းမှာ နွမ်းလျလျဆင်းရဲသူလေး လောရမ်ကိုပါ ဝယ်ဖို့ကြိုးစားပါတော့တယ်
ဖခင်ဖြစ်သူပေးထားတဲ့ စိတ်ဒဏ်ရာကြောင့် လူတစ်ယောက်ယောက် နာကျင်တိုင်း ပျော်ရွှင်တတ်တဲ့ စိတ်ရောဂါခံစားနေရတဲ့ဂျွန် ဟာ လောရမ် ဆိုတဲ့ကောင်မလေးနဲ့တွေ့မှ သူ့စိတ်တွေပြောင်းလဲလာနိုင်ပါ့မလား
ဖတ်နေရင်း အသက်ရှူဖို့အချိန်တောင်မပေးခဲ့တဲ့
ဆရာမ အယ်လီယာရဲ့ ထုံးစံအတိုင်းပေါ့🫠
ဒီ "မျက်ရည်တို့ဖြင့်ချည်နှောင်သော" စာအုပ်လေးက ပေါ့ပေါ့ပါးပါးလဲမဆန်သလို ဖတ်ရတာ အရမ်းလဲမခက်တာမလို့ ဝတ္ထုတစ်ပုဒ်ကို အခုမှ စ Try ပြီးဖတ်ကြည့်ချင်တဲ့ လူတွေကို ဖတ်ကြည့်စေချင်ပါတယ်

image

ကြိက်မီနေဆဲ Heat 1995

image
7 w - Translate

❝ လောကကြီးမှာ
ကျွန်တော် ဘာကိုမှ မလိုချင်ပါဘူး။
ကျွန်တော့် ဒုက္ခ မှန်သမျှကို
လိုက်ကြည့်ပေးပြီး
ဖြစ်မှ ဖြစ်ရလေကွာ လို့ ပြောပေးမယ့်
လူတစ်ယောက်ပဲ လိုချင် တာပါ။
အဲဒီလူ ရှိ/မရှိလည်း
ကျွန်တော် မသိပါဘူး။
ကိုယ့်ကိုသိတဲ့ လူတစ်ယောက်
လောကကြီးမှာ ရှိနေစေချင်တာ
လူတိုင်းရဲ့ အမြင့်မားဆုံးသော ဆန္ဒလို့
ကျွန်တော် ထင်တယ် ❞
ကိုယ်က လူများကို
သိပေးလိုက်ရလေလေ၊
ကိုယ့်ကိုသိတဲ့ လူတစ်ယောက်
ရှိချင်လေလေပါပဲ ။
▫️နီကိုရဲ - ကျွန်ုပ်နှင့်မနက်ဖြန် / မှ

image

The Fantastic Four: First Steps မှာတွေ့ရမယ့် Galactus ရဲ့ First Look ဖြစ်ပါတယ်။
ဒီဇာတ်ကားကို July 25 မှာကြည့်ရမှာဖြစ်ပါတယ်။

image