Bang-kitnya Ma-yit: The Da-rk So-ul (2021)
ဒီတစ်ခါမှာတော့ January 14, 2021 က ထွက်ရှိထားပြီး rating 8 အထိ ရရှိထားတဲ့ အင်ဒိုသရဲကားလေးနဲ့ မိတ်ဆက်ပေးမှာဖြစ်ပါတယ်။ မကောင်းဆိုးဝါးရဲ့ ခြောက်လှန့်သတ်ဖြတ်တာခံနေရတဲ့ တောအုပ်ထဲက ရွာတစ်ရွာအကြောင်းကို ရိုက်ကူးထားတာပါ။ လင်မယားနှစ်ယောက် ဟာ ရင်ဂင်လာဝမ် လိုခေါ်တဲ့ မိစ္ဆာဒိဠိအယူဝါဒရှိတဲ့ နေရာကနေ အီမာ့စ် ဆိုတဲ့ ကလေးမလေးတစ်ယောက်ကို မွေးစားဖို ခေါ်လာကြတယ်။ ကံဆိုးချင်တော့ ချမ်းသာချင်တဲ့ လင်မယားနှစ်ယောက် က ကောင်မလေး အရွယ်ရောက်ရင် ပြန်ပေးဆပ်ပါ့မယ်ဆိုပြီး မိစ္ဆာတစ်ကောင်နဲ့ အပေးအယူလုပ်ခဲ့တယ်။ အဲဒီလိုနဲ့ ကောင်မလေး အရွယ်ရောက်လာတဲ့အခါမှာတော့ ပထမဆုံး သူ့ရဲ့ မွေးစားအမေ အသတ်ခံရတယ်။ ထူးခြားတာက ရင်ဂင်လာဝမ် မှာ လူတစ်ယောက် သေပြီဆိုတာနဲ့ နောက်လူတွေပါ သေရာ။ ဒါကြောင့် ရွာသားတွေလည်း ထိတ်လန့်တုန်လှုပ်ကုန်တာပေါ့။ ရွာရဲ့အကြီးအကဲနဲ့ ဘာသာရေးဆရာတို ပေါင်းပြီး ဒီပြဿနာကို အဖြေရှာပြီး အဆုံးသတ်ဖို ကြိုးစားတဲ့အခါမှာတော့ အီမာ့စ် နဲ့ မကောင်းဆိုးဝါးကြားက ဆက်နွှယ်မှုကို သိရှိသွားကြမလား။ ဒုက္ခပေးတဲ့ မိစ္ဆာမကြီးဆီကနေ ဘယ်လိုလွတ်မြောက်အောင် ဘယ်လိုလုပ်ကြမလဲ။
