7 ပတ် - ဘာသာပြန်ပါ။

Tattoo ideas

image
7 ပတ် - ဘာသာပြန်ပါ။

Tattoo ideas

image
image
image
image
image
7 ပတ် - ဘာသာပြန်ပါ။

Tattoo ideas

image
7 ပတ် - ဘာသာပြန်ပါ။

Tattoo ideas

image
7 ပတ် - ဘာသာပြန်ပါ။

Tattoo ideas

image
7 ပတ် - ဘာသာပြန်ပါ။

Tattoo ideas

image
7 ပတ် - ဘာသာပြန်ပါ။

Tattoo ideas

image
image
image
image
7 ပတ် - ဘာသာပြန်ပါ။

ဒတ်ခ်ျအမှတ်ပေးဖလားနဲ့လွဲချော်ခဲ့ပြီးနောက် ကင်မရာကို ဝက်ဂ်ဟော့စ် ဖြတ်ရိုက်ခဲ့

အိုင်းယက်စ်အသင်းဟာ ဒတ်ခ်ျအမှတ်ပေးဖလားကို လွဲချော်ခဲ့ပြီးနောက် စိတ်ခံစားချက်တွေမကောင်းဖြစ်နေတဲ့ နယ်သာလန်တိုက်စစ်မှူးဝက်ဂ်ဟော့စ်ဟာ သူတို့ကို လာပြီးရိုက်ကူးမှုပြုလုပ်နေတဲ့ ကင်မရာကို ဖြတ်ရိုက်ခဲ့ပါတယ်။ အိုင်းယက်စ်အသင်းဟာ ဒတ်ခ်ျလိဂ်နောက်ဆုံးပိတ်ဆုံးပွဲစဉ်မှာ တွမ်တီးအသင်းကို (၂-၀)ဂိုးနဲ့ အနိုင်ရပြီး ရာသီအဆုံးသတ်ခဲ့တာပါ။

အိုင်းယက်စ်အသင်းဟာ ဒီပွဲအနိုင်ရခဲ့ပေမယ့် အမှတ်ပေးဇယားထိပ်ဆုံးနေရာက PSV အသင်းလည်းအနိုင်ရရှိခဲ့တာကြောင့် ချန်ပီယံဆုရယူနိုင်ဖို့ လုံလောက်ခဲ့ခြင်းမရှိတာဖြစ်ပါတယ်။ ၂၀၂၁-၂၂ ရာသီနောက်ပိုင်း ဒတ်ခ်ျအမှတ်ပေးဖလားကို ရယူနိုင်ဖို့ အလွန်နီးစပ်ခဲ့တဲ့ အိုင်းယက်စ်အသင်းဟာ နောက်ပိုင်းပွဲတွေမှာ နိုင်ပွဲတွေပျောက်ပြီး ရလဒ်တွေဆိုးခဲ့တာပါ။ အဲ့ဒါကြောင့် အိုင်းယက်စ်အသင်းဟာ PSV အသင်းရဲ့ကျော်ဖြတ်ခြင်းကို ခံရကာ ဆုဖလားပါလက်လွှတ်ခဲ့ရတာဖြစ်ပါတယ်။

ပွဲအပြီးမှာ အိုင်းယက်စ်ကစားသမားတွေဟာ တစ်ဦးပခုံးပေါ်တစ်ဦးလက်တင်ကာ စိတ်ပျက်နေတဲ့ပုံစံနဲ့ ကွင်းထဲမှာ ရပ်နေခဲ့ကြတာပါ။ ဒီအချိန်မှာ ကင်မရာကသူတို့ကို အနီးကပ်ရိုက်ကူးမှုပြုလုပ်နေတဲ့အတွက် ဝက်ဂ်ဟော့စ်ဟာ ကင်မရာဘက်ကိုလှည့်ပြီး ဖြတ်ရိုက်ခဲ့တာဖြစ်ပါတယ်။ အိုင်းယက်စ်အသင်းနည်းပြဖာရီအိုလီဟာ ကွင်းထဲမှာ ငိုကြွေးမှုပြုလုပ်နေခဲ့တာကို မြင်တွေ့ခဲ့ရတာပါ။

image
7 ပတ် - ဘာသာပြန်ပါ။

ဟွိင်လန်းက အကယ်ဒမီကနေ မန်ယူနိုက်တက်အသင်းကြီးအတွက် လာကစားသလိုပဲလို့ ရွိုင်ကိန်းထိုးနှက်

ချယ်လ်ဆီးအသင်းက မန်ယူနိုက်တက်အသင်းကို (၁-၀)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်ခဲ့ရတဲ့ မန်ယူနိုက်တက်အသင်းတိုက်စစ်မှူး ဟွိုင်လန်းဟာ အကယ်ဒမီကနေ အသင်းကြီးအတွက်လာရောက်ကစားသလိုပဲလို့ ရုပ်သံဘောလုံးဝေဖန်သူအဖြစ် ဆောင်ရွက်နေတဲ့ ရွိုင်ကိန်းက ထိုးနှက်ခဲ့ပါတယ်။

လွန်ခဲ့တဲ့(၂)နှစ်က အတ္တလန်တာအသင်းကနေ ပေါင်(၇၂}သန်းရောက်ရှိလာခဲ့တဲ့ ဟွိုင်လန်းဟာ ဒီရာသီမှာ မန်ယူနိုက်တက်အသင်းအတွက် ခြေစွမ်းပြသနိုင်ဖို့ရုန်းကန်နေရပြီး ပရီးမီးယားလိဂ်(၃၁)ပွဲမှာ (၄)ဂိုးသာသွင်းယူထားတာဖြစ်ပါတယ်။ ဟွိုင်လန်းဟာ ကစားပုံတည်ဆောက်ဖို့သူ့ရဲ့ကြိုးစားအားထုတ်မှုတွေအတွက် မကြာခဏဆိုသလို ဝေဖန်ခြင်းခံနေရပြီး ချယ်လ်ဆီးအသင်းနဲ့ပွဲအပြီးမှာလည်း ရွိုင်ကိန်းရဲ့ဝေဖန်မှုကို ရရှိခဲ့တာပါ။

ရွိုင်ကိန်းက "မန်ယူနိုက်တက်အသင်းမှာ တိုက်စစစ်မှူးမရှိပါဘူး။ ဟွိုင်လန်းဟာ ဒီပွဲမှာ ချယ်လ်ဆီးအသင်းက လူငယ်ဂျော့ခ်ျနဲ့တူပါတယ်။ သူ့ကိုကြည့်ရတာ အကယ်ဒမီကနေ လာသလိုပါပဲ။ သူ့ရဲ့အပြေး၊အချိန်ကိုက်ရောက်ရှိမှုနဲ့ ဘောလုံးလက်ခံပုံတွေက မမှန်ကန်ပါဘူး။ ဟွိုင်လန်းအနေနဲ့ ပံ့ပိုးမှုလိုပေမယ့် အနည်းငယ်ပိုပြီးကောင်းအောင်လုပ်ရမယ်"လို့ Sky Sports မှာဆိုခဲ့ပါတယ်။

မန်ယူနိုက်တက်အသင်းရဲ့နောက်ထပ်တိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ ဇက်ခ်ဇီဟာ ဒဏ်ရာကြောင့် ဒီရာသီမှာ အသင်းအတွက် ပြန်ပါဝင်ကစားပေးဖို့ မရှိတော့ပါဘူး။ မန်ယူနိုက်တက်အသင်းဟာ ရုန်းကန်နေရတဲ့ တိုက်စစ်အတွက် လာမယ့်နွေရာသီမှာ အားဖြည့်ဖို့ လုပ်ဆောင်နေပြီး ဝုလ်ဗ်စ်အသင်းက ကွန်ညာနဲ့ အစ်ဝှစ်ခ်ျအသင်းက ဒီလပ်တို့ဟာ သူတို့ရဲ့တိုက်စစ်မှူးပစ်မှတ်စာရင်းထဲမှာ ရှိနေတာဖြစ်ပါတယ်။

image
7 ပတ် - ဘာသာပြန်ပါ။

FA ဖလားဗိုလ်လုပွဲမှာ ပယ်နယ်တီမကန် ဖို့ ဆုံးဖြတ်ခဲ့တဲ့ ဟာလန်းကို ဝိန်းရွန်နီဝေဖန်ထိုးနှက်
ခရစ္စတယ်ပဲလေ့စ်အသင်းက မန်စီးတီးအသင်းကို (၁-ဝ)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ FA ဖလားဗိုလ်လုပွဲမှာ မန်စီးတီးအသင်းရရှိခဲ့တဲ့ ပယ်နယ်တီကို မကန်သွင်းဘဲ အသင်းဖော်တိုက်စစ်မှူး အိုမာမာမွတ်ရှ်ကို ကန်သွင်းခွင့်ပေးခဲ့တဲ့ တိုက်စစ်မှူးဟာလန်းရဲ့ဆုံးဖြတ်ချက်ကို မန်ယူနိုက်တက်အသင်းတိုက်စစ်မှူးဟောင်း ဝိန်းရွန်နီက ထိုးနှက်မှုပြုလုပ်ခဲ့ပါတယ်။
ဟာလန်းဟာ ဒီပွဲမှာ မန်စီးတီးအသင်းရရှိခဲ့တဲ့ ပယ်နယ်တီကို ကန်သွင်းဖို့ ဘောလုံးကို ကိုင်ကာ အနမ်းပေးခဲ့တာကြောင့် သူကန်သွင်းမယ်လို့ အားလုံးက ထင်ခဲ့ကြပေမယ့် အသင်းဖော် အိုမာမာမွတ်ရှ်ကို ကန်သွင်းဖို့ ဘောလုံးပေးသွားခဲ့တာဖြစ်ပါတယ်။ အိုမာမာမွတ်ရှ်ရဲ့ကန်သွင်းမှုကို ခရစ္စတယ်ပဲလေ့စ်အသင်းဂိုးသမား ဒင်းန်ဟန်ဒါဆန်က ကာကွယ်သွားနိုင်ခဲ့တာကြောင့် မန်စီးတီးအသင်း ချေပဂိုးရရှိနိုင်မယ့် အခွင့်အရေးဆုံးရှုံးသွားခဲ့တာပါ။

ဟာလန်းဟာ ပြီးခဲ့တဲ့ ဆောက်သမ်တန်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကမှ မန်စီးတီးအသင်းအတွက် ပြန်ကစားနိုင်ခဲ့တာဖြစ်ပြီး ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ ပွဲမှာပွဲချိန်ပြည့်ပါဝင်ကစားခဲ့ပေမယ့် ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။ BBC One မှာ ရုပ်သံဘောလုံးဝေဖန်သူအဖြစ်ဆောင်ရွက်နေတဲ့ ဝိန်းရွန်နီက ဟာလန်းကို မက်ဆီ၊ စီရော်နယ်ဒိုတို့နဲ့ နှိုင်းယှဉ်ပြီး ထိုးနှက်မှုပြုလုပ်သွားခဲ့တာပါ။

image