36 w - Translate

AFC ၏တစ်နှစ်တာအကောင်းဆုံးများပေးအပ်ပွဲ၌ ဆုများချီးမြှင့်ခဲ့သည့် AFC အကြီးတန်း ဒု-ဥက္ကဋ္ဌဦးဇော်ဇော်

အာရှဘောလုံးအဖွဲ့ချုပ်(AFC)၏ တစ်နှစ်တာအကောင်းဆုံးဆုများပေးအပ်ချီးမြှင့်ပွဲအား ယနေ့ အောက်တိုဘာ ၂၉ ရက်ညနေပိုင်းက တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့၌ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားသို့ အာရှဘောလုံးအဖွဲ့ချုပ် ၏ အကြီးတန်း ဒု-ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ ဥက္ကဋ္ဌဦးဇော်ဇော်တက်ရောက်၍ ၂၀၂၃ ခုနှစ်အတွက် အဖွဲ့ချုပ်(Platinum)ဆုကို ဂျပန်ဘောလုံးအဖွဲ့ချုပ်နှင့် AFC Regional Association ဆုကို ဗဟိုအာရှဘောလုံးအဖွဲ့ချုပ်တို့အား ပေးအပ်ချီးမြှင့်ခဲ့သည်။

အာရှဘောလုံးအဖွဲ့ချုပ်(AFC)၏ တစ်နှစ်တာအကောင်းဆုံးဆုများပေးအပ်ချီးမြှင့်ပွဲတွင် အာရှ အကောင်းဆုံးကစားသမားဆု(အမျိုးသား)ကို ကာတာမှ Akram Afif ၊အကောင်းဆုံး ကစားသ မား(အမျိုးသမီး)ဆုကို ဂျပန်နိုင်ငံမှ Kiko Seike (ဂျပန်)တို့ကရရှိခဲ့ကြသည်။

ထို့အတူ ကဏ္ဍအလိုက်အကောင်းဆုံးဆုများကို သက်ဆိုင်ရာ တာဝန်ရှိသူများက ဆက်လက်ချီးမြှင့်ခဲ့ကြသည်။

image
36 w - Translate

အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာနရှိ တက္ကသိုလ်များ၏ ဘွဲ့ကြို၊ ဘွဲ့လွန်သင်တန်းများကို နိုဝင်ဘာ ၂၁ ရက်တွင်ဖွင့်လှစ်မည်

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာနရှိ တက္ကသိုလ်များ၏ ဘွဲ့ကြို၊ ဘွဲ့လွန်သင်တန်းများကို နိုဝင်ဘာ ၂၁ ရက်တွင်စတင်ဖွင့်လှစ်မည်ဟု ဦးစီးဌာနကအသိပေးခဲ့သည်။

အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာနရှိ နည်းပညာတက္ကသိုလ်များ၊ ကွန်ပျူတာတက္ကသိုလ်များနှင့် Polytechnic University များ၏ ၂၀၂၄- ၂၀၂၅ ပညာသင်နှစ်အတွက် ဘွဲ့ကြို၊ ဘွဲ့လွန် သင်တန်းများအားလုံးကို တစ်ပြိုင်ထဲဖွင့်လှစ်သွားမည်ဖြစ်သည်။

ထို့ကြောင့် တက်ရောက်ပညာသင်ကြားမည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နိုဝင်ဘာ ၁၄ ရက်မှစတင်၍ ကျောင်းအပ်နှံနိုင်ကြောင်း အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာနက အသိပေးခဲ့သည်။

image
36 w - Translate

မကျေပွဲတွင် အူဆက်ခ်ကို အနိုင်ရမည်ဟု ဖြူရီ ယုံကြည်
---------------------
လာမယ့် ဒီဇင်ဘာလထဲမှာ ထိုးသတ်မယ့် မကျေပွဲမှာ လက်ရှိချန်ပီယံ အူဆက်ခ်ကို အနိုင်ရမယ်လို့ ယုံကြည် ကြောင်း ဗြိတိန် ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံဟောင်း တိုင်ဆန်ဖြူရီက ပြောကြားလိုက်ပါတယ်။ ပြီးခဲ့တဲ့ မေလ က ဖြူရီနဲ့ အူဆက်ခ်တို့ ပထမအကြိမ်ဆုံတွေ့ခဲ့ရာမှာ ၁၂ ချီပြည့်အထိ အကြိတ်အနယ်ထိုးသတ်ခဲ့ပြီးနောက် အူဆက်ခ်က ဒိုင်အဆုံးအဖြတ်နဲ့အနိုင်ရခဲ့ပြီး ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုတွေကို သိမ်းပိုက်သွား ခဲ့တာဖြစ်ပါ တယ်။

ဒီရှုံးပွဲက တိုင်ဆန်ဖြူရီရဲ့ ပရော်ဖက်ရှင်နယ် ကစားသမားဘဝ ပထမဆုံးရှုံးပွဲလည်း ဖြစ်ခဲ့တာပါ။ အခု သူတို့နှစ် ယောက်ရဲ့ မကျေပွဲကို ဆော်ဒီနိုင်ငံ ရီယာ့ဒ်မြို့မှာ ထိုးသတ်တော့မှာဖြစ်ပါတယ်။ အစောပိုင်းက မကျေပွဲ ကို အောက်တိုဘာလထဲမှာ ထိုးသတ်ဖို့ စီစဉ်ထားခဲ့ပေမယ့် ဒီဇင်ဘာ ၂၁ ရက်နေ့မှာ ထိုးသတ်ဖို့ကို ပြောင်းလဲစီစဉ် ခဲ့တာဖြစ်ပါတယ်။

ဖြူရီကတော့ မကျေပွဲအတွက် အကောင်းဆုံးပြင်ဆင်ထားသလို ပြိုင်ဘက်ကို အနိုင်ယူပြီး ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုတွေကို သိမ်းပိုက်နိုင်ဖို့ ယုံကြည်ချက်အပြည့်ရှိတယ်လို့ ပြောသွားခဲ့ပါတယ်။ တိုင်ဆန်ဖြူရီဟာ ပရိုကစားသမားဘဝ ၃၆ ပွဲထိုးသတ်ခဲ့ရာမှာ ၃၄ ပွဲနိုင် ၁ ပွဲသရေနဲ့ ၁ ပွဲရှုံးမှတ်တမ်းကို ရရှိထားခဲ့တာဖြစ်ပါတယ်။

image
36 w - Translate

A million times over I'll choose you.🫀🩵

image
36 w - Translate

"ရွေးကောက်ပွဲစစ်တမ်းများနှင့် ခန့်မှန်းချက်ဈေးကွက်များတွင် ရီပတ်ဘလီကန်များ အသာစီးရနေကြောင်း အချက်ပြနေသည်။"

သမ္မတရွေးကောက်ပွဲတွင် ဒေါ်နယ်ထရန့်အနိုင်ရရှိရုံသာမက ရီပတ်ဘလီကန်များက အထက်လွှတ်တော်ကိုပါ ပြန်လည်ထိန်းချုပ်ပြီး အောက်လွှတ်တော်ကို ဆက်လက်ထိန်းထားနိုင်မည်ဟုမကြာသေးမီက ကောက်ယူခဲ့သောစစ်တမ်းများနှင့် ခန့်မှန်းချက်စျေးကွက်များက ညွှန်ပြနေသည်။

GOP ရီပတ်ပလီကန်တို့သည် လွတ်တော်နှစ်ရပ်လုံးတွင် အာဏာရရှိပါက Trump ၏အစီအစဉ်များကိုအတည်ပြုရန်ပိုမိုလွတ်လပ်သောအခြေအနေတစ်ရပ်ကို ပေးနိုင်မည် ဖြစ်သည်။ အမေရိကန်သမ္မတများသည် လူဝင်မှုကြီးကြပ်ရေးနှင့် အခွန်အကောက်ဆိုင်ရာ ကျယ်ပြန့်သော အခွင့်အာဏာရှိသော်လည်း အခွန်နှင့် အသုံးစရိတ်ဆိုင်ရာ မူဝါဒများကို ပြုပြင်ပြောင်းလဲရန် လွှတ်တော်၏ အတည်ပြုချက် လိုအပ်မည်ဖြစ်သည်။

image
36 w - Translate

ကိုယ့်နာမည်က ရွှေဝါ
မချစ်တော့ရင်တောင် တွယ်ကပ်နေဦးမှာက ကိုယ်ပါ

image
36 w - Translate

တစ်ယောက်တည်းနေလို့ ဖြစ်သွားတဲ့
အချိန်ဆိုတာ တကယ် ကို ရှိပါတယ် ။

ဘယ်သူ့ဆီက ဘယ်အရာကိုမှ မမျှော်လင့်တော့တဲ့အချိန် နဲ့
ကိုယ့်အနားမှာ ဘယ်သူမှ ကြာကြာနေမှာ မဟုတ်ဘူး
ဆိုတာကို လက်ခံသွားတဲ့ အချိန် ပဲ ။

စစချင်းတော့ ခံစားရဦးမှာပေါ့ ဒါပေမယ့်
အချိန် အတိုင်းအတာ တစ်ခုပါပဲ ။
တစ်ယောက်တည်းနေနိုင်သွားတဲ့ ရက်တွေ
ရောက်လာဦးမှာပါ ။

🖤🍂
#ᗩᒪoᑎᗴ

image
36 w - Translate

ရည်းစားနဲ့ ပြတ်မှ အသဲကွဲတာ မဟုတ်ဘူး
အစာလာတောင်းတဲ့ ခွေး ကို ကျွေးစရာမရှိရင်လည်း
အသဲကွဲရတာပဲ💔💔

image
36 w - Translate

အမေ: မျက်ရည်မထွက်နဲ့နော်
မီ :🥹🥴🥴

image
36 w - Translate

ဘဝမှာ
ကိုယ်မမှားပေမယ့် ရှင်းပြခွင့်မရလို့
ဖွင့်မပြောဖြစ်ခဲ့တဲ့
အမှန်တရားတွေ ရှိဖူးခဲ့တယ်။

ဘဝမှာ
တစ်ခါတစ်လေ ငေးကြည့်နေရုံကလွဲပြီး
ဘာဆို ဘာမှမတတ်နိုင်ခဲ့တဲ့
အရာတွေ ရှိခဲ့ဖူးတယ်။

ဘဝမှာ
နှိမ်ချတတ်သူတွေရဲ့ စကားလုံးကြောင့်
ဆွဲနှုတ်ရခက်တဲ့ မြှားတစ်စင်း စိုက်ဝင် သလိုမျိုးဒဏ်ရာတွေရခဲ့ဖူးတယ်။

ဒါကြောင့်...
ကိုယ့်အနား မနေချင်လို့ ထွက်သွား သူတွေကို တစ်ချက်လောက်တော့ ငဲ့ကြည့် သင့်တယ်လို့ပြန်မတမ်းတတော့ဘူး။

အပြုံးနဲ့ ကြည့်နေသူတွေရဲ့
လက်ထဲကဓါးနောက်ကျောကို ထိုးဖို့လား
ရင်ဘက် ထဲထိုးဖို့လား
ပြန်လှည့် မကြည့်တော့ဘူး။

လက်ကမ်းမလိုနဲ့ လက်ကာသွားသူတွေရဲ့
အရောင်ပြောင်းတတ်တဲ့ စိတ်ထဲမှာ
ကိုယ်ချင်းစာတရား အစအနလေးများ ရှိလေမလားလို့
ဝင်ချောင်းမကြည့်တော့ဘူး။

တစ်ကယ်တော့...
တစ်ချို့ မျက်လုံးနဲ့ ကြည့်လည်း
မမြင်နိုင်တဲ့ အရာတွေကို
ကိုယ်နလုံးသားထဲ မြင်ခဲ့ရပြီးပြီပဲ။

image