32 w - Translate

ငါမရီချင်ဘူးကွာ
ဆိုက်ဂိတ်ကတော့ ထူးမခြားနားပါပဲ

32 w - Translate

Hair Clips ✨

image
32 w - Translate

Hair Clips ✨

image
32 w - Translate

Hair Clips ✨

image
32 w - Translate

Hair Clips ✨

image
32 w - Translate

Hair Clips ✨

image
32 w - Translate

Hair Clips ✨

image
image
image
image
image
32 w - Youtube

32 w - Translate

သီရိလင်္ကာ၌သဘာဝဘေးများကြောင့် လူ ၁၅,၀၀၀ ကျော်ထိခိုက်ခံစားခဲ့ရ

ကိုလံဘို၊နိုဝင်ဘာ ၂၄

သီရိလင်္ကာနိုင်ငံ၌ မိုးနှင့် ဆက်စပ်သည့် သဘာဝဘေးများကြောင့် လူပေါင်း ၁၅,၀၀၀ ကျော် ထိခိုက်ခံစားခဲ့ရကြောင်း နိုင်ငံ၏ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဗဟိုဌာနက နိုဝင်ဘာ ၂၄ ရက်နေ့ကပြောကြားခဲ့သည်။

နိုင်ငံမြောက်ပိုင်းနှင့်အနောက်မြောက်ပိုင်းဒေသများအပါအဝင် ခရိုင် ၇ ခုမှ မိသားစုပေါင်း ၄,၃၀၇ စုမှ စုစုပေါင်းလူ ၁၅,၉၅၄ ဦးသည် ရေကြီးရေလျှံမှု၊လေပြင်းတိုက်ခတ်မှုနှင့်သစ်ပင်ကျိုးကျမှုအစရှိသည့် သဘာဝဘေးဒဏ်များကိုခံစားခဲ့ရသည်ဟုလည်းသိရသည်။

နိုင်ငံမြောက်ပိုင်းရှိ ဂျက်ဖ်နာပြည်နယ်သည် အဆိုးရွားဆုံးထိခိုက်ခဲ့သည့်ဒေသတစ်ခုဖြစ်ပြီး လူပေါင်း ၇,၀၁၀ ဦး ကို ထိခိုက်ဆုံးရှုံးမှုများဖြစ် စေခဲ့သည်ဟုလည်း သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဌာန၏ အာဏာပိုင်များကသတင်းထုတ်ပြန်ကြေငြာခဲ့သည်။

image
32 w - Translate

ယူကရိန်းသို့ မြေမြှု-ပ်မိုင်းများ ထောက်ပံ့ပေးမှုကို ဂူတာရက်စ် ရှုတ်ချ

ယူကရိန်း ပဋိပက္ခမှာ မြေမြှု-ပ်မိုင်း အသုံးပြုမှုအပေါ် ရှုတ်ချကြောင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ပြောကြားသည်။

"မြေမြှု-ပ်မိုင်းတွေဟာ အရပ်သားတွေအတွက် အန္တရာယ်ကို ကိုယ်စားပြုပါတယ်။ တိုက်ပွဲတွေ ရပ်သွားရင်တောင်မှ ဒီကြောက်စရာကောင်းတဲ့ လက်နက်တွေ ကျန်ရှိနေနိုင်ပြီး မျိုးဆက်ပေါင်းများစွာ ပြည်သူတွေကို ကြောက်ရွံ့ထိတ်လန့်စေပါတယ်” ဟု ကုလသမဂ္ဂ၏ ဝက်ဘ်ဆိုက်တွင် ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

နိုင်ငံပေါင်း ၁၆၄ နိုင်ငံက ၁၉၉၉ ခုနှစ်တွင် သဘောတူလက်မှတ်ရေးထိုး အတည်ပြုခဲ့ကြသည့် မြေမြှု-ပ်မိုင်း တားဆီးရေး ကုလသမဂ္ဂ ကွန်ဗင်းရှင်းတွင် ပါဝင်ရန် အတွင်းရေးမှူးချုပ်က တိုက်တွန်းခဲ့သည်။

ယူကရိန်းတွင် မြေမြှု-ပ်မိုင်းအသုံးပြုမှုကို အမေရိကန် အစိုးရက ခွင့်ပြုထားကြောင်း နိုဝင်ဘာ ၂၀ ရက်တွင် ပင်တဂွန်က အတည်ပြုခဲ့သည်။ နိုဝင်ဘာလ ၂၁ ရက်နေ့တွင် အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနက ကိယက်ဗ် အစိုးရထံ မြေမြှု-ပ်မိုင်း အသစ်များ ပေးပို့နိုင်ရန်ကို အကြံပြုခဲ့သည်။

သမ္မတဘိုင်ဒင် က ယူကရိန်းသို့ မြေ-မြှုပ်မိုင်းများ ပို့ဆောင်ခြင်းကို ခွင့်ပြုခဲ့ပြီး ကိုရီးယားကျွန်းဆွယ်အပြင်ဘက်တွင် အမေရိကန် မြေမြှု-ပ်မိုင်းများ လွှဲပြောင်းခြင်းနှင့် အသုံးပြုခြင်းကို တားမြစ်ထားသည့် ၎င်း၏ အစိုးရ၏ အစောပိုင်းမူဝါဒကို ပြောင်းပြန်လှန်ခဲ့ကြောင်း The Washington Post သတင်းစာက ရေးသားဖော်ပြခဲ့သည်။ ယူကရိန်းနိုင်ငံသည် မြေမြှုပ်မိုင်း တားဆီးရေး ကုလသမဂ္ဂ ကွန်ဗင်းရှင်းတွင် လက်မှတ်ရေးထိုးထားသည့် နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း ရုရှားအစိုးရ ပြောခွင့်ရပုဂ္ဂိုလ် Dmitry Peskov ကပြောသည်။

image