50 w - Translate

ဒီ မ ပြည့် စုံ မှု တွေ ကြား ထဲ မှာ
အတူတူ ရုန်းကန်မယ်လို့ ပြောပြီး
ရုန်းကန်ရင်းနဲ့ ပိုဝေးသွားကြတဲ့
သာတကတွေကလည်း အများကြီးမို့

လမ်းတဝက်တဖြတ်နဲ့ ကျန်ခဲ့ရမှာကိုတော
အရမ်း ကြောက်မိတယ် ချစ်သောရေ

image
50 w - Translate

🗣မေးသူ: ❝ မက်ဆီရဲ့အာဂျင်တီးနားအပေါ်ထားတဲ့ ချစ်မြတ်နိုးစိတ်နဲ့ ဘာစီလိုနာအပေါ်ထားတဲ့ ချစ်ခင်မှုက တူညီနိုင်မယ်လို့ ခင်ဗျားထင်လား? ❞

🗣ဂီရန်မ် (စာရေးဆရာ): "ဘာစီလိုနာရဲ့ခေါင်းဆောင်တွေအကြောင်းရေးထားတဲ့ ကျနော့်ရဲ့စာအုပ်ထဲမှာပေါ့၊ စာအုပ်ထဲမှာပါတဲ့သူတွေအားလုံးက သူတို့ကိုယ်တိုင် အကြောင်းအရာတစ်ခုခုတော့ ရေးပေးထားတယ်ဗျ။

စာအုပ်ထုတ်ဝေတာက အချိန်နည်းနည်း နောက်ကျသွားတယ်။ ဘာလို့လဲဆိုတော့ လီယိုရဲ့ Script ကရောက်မလာသေးလို့လေ။

အဲ့တာနဲ့ သူ့ကိုဆက်သွယ်ကြည့်တော့ "ရေးပေးမယ်" ဆိုပြီး မဆိုင်းမတွ ပြန်ပြောလာတယ်။

ဒီစာအုပ်က ဘာစီလိုနာရဲ့အကြောင်းဆိုတာနဲ့တင်စာသားတွေကို သူကိုယ်တိုင် ရေးပေးမယ်လို့ လီယိုက သဘောတူခဲ့ပါတယ်။

စာအုပ်ထဲမှာ သူရေးထားတာက "သူက ဘာစီလိုနာရဲ့အစိတ်အပိုင်းတစ်ခုဖြစ်ခဲ့တယ်၊ ယနေ့အချိန်အထိလည်း ဆက်ရှိနေဆဲပဲ။

ဒါကြောင့် အသင်းအပေါ်မှာထားတဲ့ သူ့ရဲ့ချစ်မြတ်နိုးစိတ်က ချွင်းချက်မရှိဘူး၊ တစ်နေ့ကျရင် ဘာဆာကို သူပြန်လာခဲ့ဦးမယ်"တဲ့။ ❞ 🇦🇷💙❤

image

like me :P

50 w - Translate

Nothing ရဲ့ ဘရန်းခွဲ CMF က
ဖုန်းထုတ်ဦးမတဲ့

ဘရန်းသက်တမ်းနုနုလေးက ဘရန်းခွဲတွေနဲ့ဆိုတော့ ဆန်းသားပဲ

ဆက်ရရင်

Render တွေထွက်လာတဲ့ CMF Phone 1 ရဲ့ ပုံ အရတော့ ပြေးမြင်မိတာ iPod Touch တွေပဲ တကယ်ကို ဖုန်းတစ်လုံးဖြစ်သင့်တဲ့ပုံစံဗျာ

ဝမ်းနည်းသွားတာက Compact Phone ဖြစ်မယ်ထင်တာ 6.5-inch Display ကိုသုံးထားနိုင်တယ် တွေ့ရတယ်

Nothing OS နဲ့တော့ မလာလောက်ပဲ Stock Android ကိုပဲသုံးပေးထားမယ်ပြောနေကြတယ် $200 ဝန်းကျင်နဲ့စျေးကွက်ထဲရောက်လာမယ်လို့လဲ
ခန့်မှန်းနေကြပါတယ်

image
50 w - Translate

🍞🍞​ပေါင်မုန့်လိပ် ငှက်ပျောသီးအစာသွပ်ကြော်..

🍞.လတ်လတ်ဆတ်ဆတ်ပေါင်မုန့်တစ်လုံး(အသားအိလေလိပ်ရတာအဆင်ပြေလေပါ)ပေါင်မုန့်ဘေးအနားတွေကိုဖြတ်ပစ်ပါ(ကိုယ်ကြိုက်တော့မဖြတ်တော့ဘူး) ပေါင်မုန့်ချပ်တွေကို တစ်လိမ့်တုံးနဲ့ပြားအောင်လိမ့်ပေးပါ(တစ်လိမ့်တုံးမရှိတော့ပုလင်းနဲ့လိမ့်ပါတယ်).
.🍞.ငှက်ပျောသီးမှည့်မှည့်(မှည့်အိမှပိုစားကောင်းတယ်နော်)ကိုလေးခြမ်းခြမ်းပါ ပေါင်မုန့်နဲ့အနေတော်အရှည်ဖြတ်ပေးထားပါ..
🍞.ကြက်ဥလိုသလောက်ကို နို့ဆီ/သကြားနဲ့ရောထည့်ပြီးခေါက်ထားပါ.
🍞ပေါင်မုန့်ပြားထဲကို ငှက်ပျောသီးခြမ်းထည့်ပြီးလိပ်ပေးထားပါ🍞ခလောက်ထားတဲ့ကြက်ဥရည်ထဲကို လိပ်ထားတဲ့ပေါင်မုန့်နှစ်ထည့်ပြီး(မုန့်ကြွပ်မှုန့်နဲ့လူးရပါတယ် မရှိတော့မသုံးထားပါ) ဆီပူပူမီးဖြေးဖြေးနဲ့ကြော်ပေးပါ .(တူးလွယ်တယ်နော်ကြော်ပြီးပစ်မထားပါနဲ့)
🍞ဆော့အချို နဲ့တို့စားမလား ကော်ဖီပူပူနဲ့စားမလား....
စားကောင်းလို့မကြာခဏ
လုပ်စားဖြစ်ပါတယ်...

image
50 w - Translate

လူငယ်တွေကို လျော့မတွက်နဲ့။ လူငယ်တွေမှာ Power ရှိတယ်။

အခုနောက်ပိုင်း နည်းပညာကုမ္ပဏီတွေရဲ့ Founder နဲ့ CEO တွေက လူငယ်တွေများတယ်။ Microsoft 365 နဲ့ Google Workspace တွေကို ကောင်းကောင်းကြီး ခြိမ်းခြောက်နေတဲ့ Notion ရဲ့ Co-Founder & CEO - Ivan Zhao ဆိုရင် အသက် ၃၇နှစ်ပဲ ရှိသေးတယ်။ အခုဆို ဘီလီယံနာကြီးဖြစ်နေပြီ။

နာမည်ကြီးနေတဲ့ Rabbit R1 (AI Gadget) ကို ထုတ်တဲ့ကုမ္ပဏီရဲ့ Founder & CEO - Jesse Lyu ဆိုရင် အသက် ၃၄နှစ်၊ Crypto လောကမှာ နာမည်ကြီးတဲ့ Ethereum ရဲ့ Co-founder - Vitalik Buterin ဆိုရင် အသက် ၃၁နှစ်၊ Snapchat ရဲ့ Co-founder & CEO - Evan Spiegel ဆိုရင် ၃၃နှစ်ပါ။

ပြောချင်တာက လူငယ်တွေမှာ တီထွင်ဖန်တီးနိုင်စွမ်းတွေ ရှိကြပါတယ်။ ဒါကြောင့် လူငယ်တွေကို
နေရာပေးကြပါ🙄😁

image
50 w - Translate

ထိုင်းသရဲကား(Oh My Ghost)တွေထဲက ရယ်ရတဲ့ ပန်ကိတ်သူ့ကို မိန်းကလေးလို့ ထင်ခဲ့ဘူးကြသူတွေ လက်ထောင်ပါ☺️☺️ ကိုယ်လဲ ထင်ခဲ့တာ.
.
.
.
သူ့ရဲ့ အမည်က KOOTEE လို့ခေါ်ပြီး အသက်က ၄၃နှစ်ပါ ယောက်ျားစစ်စစ်ဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က ချစ်သူနဲ့ လက်ဆက်ခဲ့ပါတယ် သူတို့နှစ်ယောက်ရဲ့ ချစ်ခြင်းကိုပဲ စိတ်ဝင်စားကြပါ ကလေးယူတာမယူတာတွေ စိတ်မဝင်စားပါနဲ့ ကျွန်တော့်မိန်းမ စိတ်ညစ်ညူးရမဲ့ မေးခွန်းတွေ မမေးနဲ့ ဆိုပြီး မီဒီယာတွေကို ဒဲ့ ပြောပြီး မိန်းမကို ကာကွယ်ခဲ့တဲ့ သူကြီးပါ"
မထင်ရဘူးနော် အရမ်းချစ်တတ်တာ

image

image
50 w - Translate

မိနစ်(၉၀)နောက်ပိုင်းမှာ (၁၂)ဂိုးအထိသွင်းယူထားနိုင်ပြီး ရှုံးပွဲမရှိစံချိန်မှတ်တမ်းရယူထားနိုင်တဲ့ လေဗာကူဆင်

ယခုရာသီတွင် လေဗာကူဆင်အသင်းအနေဖြင့် ရှုံးပွဲမရှိမှတ်တမ်းကို (၄၉)ပွဲအထိ ရှေ့ဆက်နိုင်ခဲ့သော်လည်း ပွဲများစွာတွင် ရှုံးလုရှုံးခင် အခြေအနေများကို အကြိမ်ကြိမ်ကြုံတွေ့ခဲ့ရသည်။နှစ်ပေါင်း(၅၉)နှစ်ကြာ တင်ရှိထားသည့် ဘင်ဖီကာအသင်း၏ ပွဲဆက်တိုက်ရှုံးပွဲမရှိစံချိန်ကို ရိုက်ချိုးကျော်ဖြတ်နိုင်ခဲ့သည့် လေဗာကူဆင်အသင်း၏ ယခုရာသီတွင် ရှုံးပွဲကို သရေပွဲ၊ သရေပွဲကို နိုင်ပွဲအဖြစ် ပြောင်းလဲစေခဲ့သည့် မိနစ်(၉၀)နောက်ပိုင်း (ထပ်ဆောင်းအချိန်ပို) သွင်းဂိုး(၁၂)ဂိုးအား ပြန်လည်ဖော်ပြလိုက်ပါသည်။နည်းပြအလွန်ဆိုရ​ဲ့ လေဗာကူဆင်အသင်းဟာ ဘွန်ဒက်စ်လီဂါ(၆)ပွဲ၊ယူရိုပါလိဂ်(၅)ပွဲ နဲ့ ဂျာမန်ပိုကယ်လ်ဖလား(၁)ပွဲ များတွင် သရေ(သို့မဟုတ်)အနိုင်ဂိုးများသွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။

■ မိနစ်(၉၀+၄) ဘိုင်ယန်မြူးနစ် (၂-၂) လေဗာကူဆင် (ဘွန်ဒက်စ်လီဂါ)
■ မိနစ်(၉၀+၄) ကာရာဘတ် (ဝ-၁) လေဗာကူဆင် (ယူရိုပါလိဂ်)
■ မိနစ်(၉၀+၄) အော့စ်ဘတ် (ဝ-၁) လေဗာကူဆင် (ဘွန်ဒက်စ်လီဂါ)
■ မိနစ်(၉၀+၁) လိုက်ပ်ဇစ် (၂-၃) လေဗာကူဆင် (ဘွန်ဒက်စ်လီဂါ)
■ မိနစ်(၉၀+၁) လေဗာကူဆင်(၃-၂) စတုဂတ် (ဂျာမန်ပိုကယ်ဖလား)
■ မိနစ်(၉၀+၂) ကာရာဘတ် (၂-၂) လေဗာကူဆင် (ယူရိုပါလိဂ်)
■ မိနစ်(၉၀+၃) လေဗာကူဆင် (၃-၂) ကာရာဘတ် (ယူရိုပါလိဂ်)
■ မိနစ်(၉၀+၈) လေဗာကူဆင် (၃-၂) ကာရာဘတ် (ယူရိုပါလိဂ်)
■ မိနစ်(၉၀+၁) လေဗာကူဆင် (၂-၁) ဟော်ဖန်ဟိမ်း (ဘွန်ဒက်စ်လီဂါ)
■ မိနစ်(၉၀+၇) ဘိုရပ်ရှားဒေါ့မန် (၁-၁) လေဗာကူဆင် (ဘွန်ဒက်စ်လီဂါ)
■ မိနစ်(၉၀+၇) လေဗာကူဆင်(၂-၂) စတုဂတ် (ဘွန်ဒက်စ်လီဂါ)
■ မိနစ်(၉၀+၇) လေဗာကူဆင်(၂-၂) ရိုးမား (ယူရိုပါလိဂ်)

image
50 w - Translate

ကမ္ဘာ့တန်ဖိုးအကြီးဆုံးကုမ္ပဏီကြီးဖြစ်တဲ့ Microsoft ကတော့ အရှေ့တောင်အာရှနိုင်ငံတွေမှာ ဒေါ်လာတွေရှယ်သုံးပြီး ရင်းနှီးမြှုပ်နှံဖို့ ကြေညာသွားပါပြီ။ မြန်မာတော့ မပါပါဘူး။ ပါဖို့လည်း မမျှော်လင့်ရဲပါဘူး 🥲

ထိုင်း၊ မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတွေမှာ Cloud Server နဲ့ AI Infrastructure တွေကို Microsoft က တည်ဆောက်ပေးသွားမှာဖြစ်ပြီး ဒီကနေတစ်ဆင့် နိုင်ငံအသီးသီးက လူငယ်တွေဟာ AI အတတ်ပညာတွေကိုလည်း လေ့လာဆည်းပူးခွင့်ရရှိမယ်လို့ သိရပါတယ်။

Microsoft က အဲ့ဒီနိုင်ငံတွေရဲ့ ဆိုက်ဘာလုံခြုံရေးကို ပိုအဆင့်မြင့်အောင်လုပ်ဆောင်ပေးသွားမှာဖြစ်သလို Developer Community ကိုလည်း ကူညီပံ့ပိုပေးသွားမယ်လို့ ပြောပါတယ်။

မလေးရှားမှာ ဒေါ်လာ ၂.၂ ဘီလီယံ၊ အင်ဒိုနီးရှားမှာ ဒေါ်လာ ၁.၇ ဘီလီယံ ရင်းနှီးမြှုပ်နှံမှာဖြစ်ပြီး ထိုင်းနိုင်ငံမှာတော့ ဘယ်လောက်ရင်းနှီးမြှုပ်နှံသွားမလဲဆိုတာကို ပြောမသွားပါဘူး။ ဘာပဲဖြစ်ဖြစ် Microsoft လိုမျိူး ကမ္ဘာ့တန်ဖိုးအကြီးဆုံးကုမ္ပဏီကြီးက ဘီလီယံနဲ့ချီတဲ့ ဒေါ်လာတွေကို သုံးစွဲသွားမှာဖြစ်တဲ့အတွက် အဲ့ဒီနိုင်ငံတွေဟာ အလုပ်အကိုင်အခွင့်အလမ်းပေါင်းများစွာကို ဖန်တီးပေးနိုင်မှာဖြစ်သလို နည်းပညာပိုင်းမှာလည်း ပိုပြီးရှေ့ရောက်စေမှာပါ။

Ref: Microsoft

image