23 w - Translate

ဖာရာရီအသင်းနှင့် ရာသီသစ်အတွက် ဟာမီလ်တန် ပြင်ဆင်
......................

ဗြိတိန်ဒရိုက်ဗာ လူးဝစ်ဟာမီလ်တန်ဟာ ဖော်မြူလာဝမ်း ရာသီသစ်အတွက် အသင်းသစ်ဖာရာရီနဲ့အတူ ပြင်ဆင်မှု ‌တွေ ဆက်လက်ပြုလုပ်နေပါတယ်။

ဟာမီလ်တန်နဲ့ ဖာရာရီအသင်းဖော် လက်စ်လားတို့ဟာ စပိန်နိုင်ငံ ဘာစီလိုနာမြို့က ကားပြိုင်ကွင်းမှာ ဖာရာရီအသင်း ပြိုင်ကားကို စမ်းသပ်မောင်းနှင်ခဲ့ကြတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့တစ်ပတ်က အီတလီမှာ ပြိုင်ကားစမ်းသပ်မောင်းနှင်ခဲ့သလို အခု စပိန်မှာလည်း နောက်တစ်ကြိမ်မောင်းနှင်ခဲ့တာပါ။ ဟာမီလ်တန်က ဖာရာရီအသင်းနဲ့အတူ အောင်မြင်မှူရဖို့မျှော်လင့်နေသလို ဖာရာရီအသင်းဘက်ကလည်း ဟာမိလ်တန်အတွက် ပြည့်စုံတဲ့ထောက်ပံ့ပေးမှုတွေပြုလုပ်ပေးသွားမယ်လို့ပြောထားပါတယ်။

ဟာမီလ်တန်နဲ့ လက်စ်လားတို့ဟာ ၂၀၂၃ ဖော်မြူလာဝမ်းရာသီမှာ အသုံးပြုခဲ့တဲ့ ပြိုင်ကားကိုစမ်းသပ်မောင်းနှင်ခဲ့တာ ဖြစ်ပြီး ၂၀၂၅ ရာသီမှာအသုံးပြုမယ့် ပြိုင်ကားကိုတော့ လာမယ့် ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာ တရားဝင်ပြသသွားမယ်လို့ သိရပါတယ်။

image

imageimage
23 w - Translate

NYC လ၀က စီးနင်းမှုများတွင် အမိမြေလုံခြုံရေးဝန်ကြီး ကိုယ်တိုင်ပါဝင်
............
အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ခန့်အပ်လိုက်တဲ့ အမိမြေလုံခြုံရေးဝန်ကြီး ကရစ္စတင်းနိုး(မ်)ဟာ နယူးယောက်မြို့မှာ ပြုလုပ်တဲ့ တရားမဝင်ရွှေ့ပြောင်းအခြေချသူတွေကို စီးနင်းရှာဖွေဖမ်းဆီးမှုမှာ ဖယ်ဒရယ် လ၀က အေးဂျင့်တွေနဲ့အတူ ပါဝင်ခဲ့ပါတယ်။

အင်္ဂါနေ့မနက်က အဲ့ဒီလ၀က စစ်ဆင်ရေးအတွင်း တိုင်းပြည်ထဲ တရားမဝင် ဝင်ရောက်ခဲ့တဲ့ အမျိုးသားတစ်ယောက်ကို ဖယ်ဒရယ် အေးဂျင့်တွေက ဖမ်းဆီးဖို့ ပြင်ဆင်နေတဲ့ ပုံတစ်ခုကို နိုး(မ်) က သူရဲ့ လူမှုကွန်ရက်မှာ တင်ခဲ့ပါတယ်။

NYC မှာ လုပ်တဲ့ တရားဥပဒေစိုးမိုးရေး စစ်ဆင်ရေးအတွင်း ပြန်ပေးဆွဲမှု ၊ ရမ်းကားမှု နဲ့ ဖောက်ထွင်းမှုတွေ ကျူးလွန်ခဲ့တဲ့ နိုင်ငံခြားသားတစ်ယောက်ကို ICE အေးဂျင့်တွေရဲ့ ကျေူးဇူးကြောင့် ဖမ်းဆီးနိုင်ခဲ့ကြောင်း ပို့စ်မှာရေးသားထားတာကို တွေ့ရပါတယ်။ အင်္ဂါနေ့က လုပ်တဲ့နယူးယောက်စစ်ဆင်ရေးမှာ မူးယစ်နှိမ်နင်းရေး (DEA) ၊ လ၀က ၊ အမိမြေလုံခြုံရေးဌာန စုံစမ်းစစ်ဆေးရေးမှူး ၊ ယမကာ ၊ ဆေးရွက်ကြီး ၊ လက်နက် နဲ့ ပေါက်ကွဲစေတတ်သော ပစ္စည်းများရေးရာ ဗျူရို နဲ့ တခြားအာဏာပိုင်တွေ ပါဝင်ခဲ့ကြတယ်လို့ သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ဆင်ရေးအတွင်း လူပေါင်း (၂၀)ကျော်ကို လက်ရှိအချိန်အထိ ဖမ်းမိထားကြောင်းလည်း အမေရိကန် အာဏာပိုင်တွေက ပြောပါတယ်။ အဲဒီစစ်ဆင်ရေးတွေမှာ NYPD လို့ခေါ်တဲ့ နယူးယောက်ရဲတပ်ဖွဲ့က ပါဝင်ခဲ့ခြင်းမရှိဘူးလို့ CNN က ဖော်ပြပါတယ်။

image
23 w - Translate

အိုကလာဟိုးမား၌ ကျောင်းအပ်လျှင် နိုင်ငံသားဖြစ်ရန်လိုအပ်လာ
.........................
အမေရိကန်နိုင်ငံ အိုကလာဟိုးမား ပြည်နယ် ပညာရေးဘုတ်အဖွဲ့က မိသားစုတွေအနေနဲ့ ကလေး ကျောင်းအပ်နှံချိန်မှာ အမေရိကန်နိုင်ငံသားဖြစ်ကြောင်း သက်သေအထောက်အထားပြဖို့ဆိုတဲ့ လိုအပ်တဲ့ စည်းမျဉ်းကို ထုတ်ပြန် လိုက်ပါတယ်။

အဲဒီစည်းမျဉ်းဟာ အကျိုးသက်ရောက်မှုရှိလာအောင် ဥပဒေပြုကဏ္ဍ နဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူး က အတည်ပြုပေးရမှာဖြစ်တယ်လို့ ပြည်နယ်အုပ်ချုပ်ရေးစည်းမျဉ်းစည်းကမ်းအရ သိရပါတယ်။

အဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီး ပညာရေးတာဝန်ခံတစ်ယောက်က အခု ထုတ်ပြန်တဲ့ စည်းမျဉ်းဟာ မီဒီယာတွေမှာ ပြောနေသလို မဟုတ်ဘဲ စာသင်ကျောင်းတွေမှာ တရားမဝင် ရွှေပြောင်းအခြေချ ကျောင်းသားတွေ ဘယ်လောက်ရှိနေသလဲဆိုတာကို စာရင်းပြုစုမှတ်သားဖို့ ဖြစ်တယ်လို့ပြောပါတယ်။

တက်ကြွလှုပ်ရှားသူတွေကတော့ အဲဒီစည်းမျဉ်းဟာ ရွှေ့ပြောင်းအခြေချလာတဲ့ မိသားစုတွေကို စိုးရိမ်ကြောက်လန့်စေမှာဖြစ်ပြီး ဥပဒေအရ နိုင်ငံသားဖြစ်မှုကို ထည့်မစဉ်းစားဘဲ ကလေးငယ်တိုင်းကို ပညာရေးပံ့ပိုးဖို့ ၀တ္တရားရှိတဲ့ စာသင်ကျောင်းတွေနဲ့လည်း ဝေးကွာသွားစေမှာ ဖြစ်တယ်လို့ ဝေဖန်နေကြပါတယ်။

ကျေးလက်ဟာသဇာတ်လမ်းပုံစံ “ကတ်သီးကတ်ဖဲ့ ရွာ ” ဇာတ်လမ်းတွဲ ကန်တော့ပွဲပေး၊ မိတ်ဆက်

ဇန်နဝါရီ ၂၉

MTN Entertainment Video Production ရဲ့ပွဲဦးထွက် ကျေးလက်ဟာသဇာတ်လမ်းပုံစံ “ကတ်သီးကတ်ဖဲ့ ရွာ ” ဇာတ်လမ်းတွဲ ကန်တော့ပွဲပေးမှုနဲ့ မိတ်ဆက်ပွဲကို ဇန်နဝါရီ ၂၈ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ ဗိုလ်တထောင်ဘုရားအောင်မြေနဲ့ The Love Boat မှာ ကျင်းပခဲ့ပါတယ်။

“ကျွန်တော်တို့ ဒီဇာတ်လမ်းတွဲလေးကတော့ ကတ်သီးကတ်ဖဲ့ ရွာ ဆိုတဲ့ အတိုင်းပေါ့ ကျေးလက်ဟာသ ဇာတ်လမ်းလေးပါ။ ကိုနိုင်ကြီး@ကျော်ရဲအောင်က ကျွန်တော့်ရဲ့ ဆရာဆိုလည်း မမှားပါဘူး။ လက်ဦးဆရာနဲ့ အတူ ပြန်လည် ဆုံတွေ့ပြီး အနုပညာလုပ်ခွင့်ရတာပါ။ ယုံကြည်စွာနဲ့ လက်တွဲပေးကြတဲ့ အနုပညာရှင်‌တွေ အကုန်လုံးကိုလည်း ကျေးဇူးတင်ပါတယ်။ ကျေးလက်ဓလေ့နဲ့ ဟာသဇာတ်လေးမို့ ပရိသတ်တွေလည်း ကြိုက်နှစ်သက်လိမ့်မယ်လို့လည်း မျှော်လင်ပါတယ်”လို့ သရုပ်ဆောင် မင်းသူနိုင်က ပြောပါတယ်။

အဆိုပါ ဇာတ်ကားကို ဇာတ်လမ်းအောင်ချစ်၊ ရဲရင့်သစ္စာ ၊ ဇာတ်ညွှန်း ဖိုးကျော်(သန်လျင်)နဲ့ အောင်ချစ်တို့က ရေးသားထားပြီး ရိုက်ကွင်းမန်နေဂျာ ကျော်ကျော် (ထီလာ)၊ ဒါရိုက်တာ ရဲရင့်သစ္စာက ကျေးလက် ဟာသဇာတ်လမ်းပုံစံကို လာမယ့် ဖေဖော်ဝါရီလ ဒုတိယအပတ်လောက်မှာ စတင်ရိုက်ကူးသွားမှာလည်း ဖြစ်ပါတယ်။

သရုပ်ဆောင်တွေဖြစ်တဲ့ မင်းသူနိုင်၊ အကယ်ဒမီ ကျော်ရဲအောင်၊ မင်းသုနိုင်၊ အကယ်ဒမီ မြတ်ကေသီအောင်၊ ရွှေပိုးအိမ်၊ နေဆန်း၊ အကယ်ဒမီမိုးဒီ၊ ငှက်ပျော်ကြော်၊ မင်းသူ၊ မင်းညီ၊ ခင်မိုမို့အေး၊ အောင်ဖြိုးလင်း၊ ဇော်ဝိုင်း၊ အဆိုတော် မင်းထက်၊ ဧည့်သည်သရုပ်ဆောင် မှုံနံ့သာကျော်ရဲအောင်၊ နန်း၊ နန္ဒာဝင်းစတဲ့သူတွေ ပါဝင်ကြမှာ ဖြစ်ပါတယ်။

#celecele

imageimage
+5
23 w - Translate

ဟာသဇာတ်လမ်းပုံစံ ” ရှယ်ယောက္ခမများ” ရုပ်ရှင်ဇာတ်ကားကြီး Red Carpet Show အခမ်းအနားကျင်းပ

ဇန်နဝါရီ ၂၉

အောင်သီရိထုတ်လုပ်ရေးက ဟာသ ဇာတ်လမ်းပုံစံ ” ရှယ်ယောက္ခမများ” ရုပ်ရှင်ဇာတ်ကားကြီး Red Carpet Show အခမ်းအနားကို ယနေ့ ဇန်နဝါရီ ၂၈ ရက် ညနေပိုင်းက ရန်ကုန်မြို့ သမ္မတအဆင့်မြင့်ရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။

“ဒီဇာတ်ကားမှာ ခင်ခင်ချစ်ဆိုတဲ့ စကားမပြောတတ်တဲ့ ကောင်မလေးနေရာက ခြူးလေးက သရုပ်ဆောင်ထားပါတယ်။ နားကတော့ ကြားရတယ်ပေါ့နော်။ စကားပဲ မပြောတတ်တာပါ။ အရမ်းလည်း ချစ်တတ်တဲ့ အချစ်ရူးမလေးပေါ့။ သူချစ်တဲ့ကောင်လေး ပြန်ချစ်ဖို့အတွက်ကို ကြိုးစားထားရတယ်။ ယောက္ခမတွေ အကြိုက်တွေကို လိုက်ပြီး လုံးရတော့တာပေါ့နော်။ ကိုယ်တိုင်လည်း တော်တော်လေးကို ကြိုးစားသရုပ်ဆောင်ထားပါတယ်။ ရုံတင်ရင်လည်း အားပေးကြပါဦး”လို့ သရုပ်ဆောင် ခြူးလေးက ပြောပါတယ်။

ဒီဇာတ်ကားကို ဇာတ်လမ်း၊ ဇာတ်ညွှန်း နတ်ရဲ (ရူပဗေဒ)၊ ရိုက်ကွင်း ဇာတ်ညွှန်းလူညိုချော၊ ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး)က သရုပ်ဆောင်တွေအနေနဲ့ လွှမ်းပိုင်၊ ကျော်ထက်၊ ခင်လှိုင်၊ ခြူးလေး၊ အကယ်ဒမီမို့မို့မြင့်အောင်၊ ခိုင်နှင်းဝေ၊ အကယ်ဒမီတက္ကသိုလ် ဂွမ်းပုံ၊ ဆင်မ၊ သွက်လက်၊ ဘဲတော၊ ဝါဝါအောင် ၊ မျိုးမျိုးခိုင်၊ ရန်ပြေ၊ သီရတီ စတဲ့သူတွေ ပါဝင်ထားကြပါတယ်။

“ရှယ်ယောက္ခမများ”ရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့် ဇန်နဝါရီ ၃၁ ရက်နေ့မှာ တစ်ပြည်လုံးက ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသမှာဖြစ်ပါတယ်။

#celecele

image
image
image
image

မြန်မာ – ထိုင်းနယ်စပ် ​ဖော့ဖရာ့မြို့နယ်အတွင်း တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၂၁ ဦးတွေ့ရှိ ဖမ်းဆီးခံရပြီး တစ်ဦးထံမှ မူးယစ်ဆေးဝါးပါ ဖမ်းမိ

ဇန်နဝါရီ ၂၉

ထိုင်း – မြန်မာနယ်စပ်ဒေသ ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ ဖော့ဖရာ့မြို့နယ်အတွင်း တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၂၁ ဦး ဖမ်းမိခဲ့ရာမှာ မြန်မာနိုင်ငံသားတစ်ဦးထံက စိတ်ကြွရူးသွပ်ဆေးပြား ၃၅ ပြားကိုပါ ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

အမှတ်(၄၂၁)ခြေမြန်တပ်ရင်း ရာမာနု တပ်ဖွဲ့ဝင်တွေ ဖော့ဖရာ့မြို့နယ်ရဲစခန်းကတပ်ဖွဲ့ဝင်တွေနဲ့ အုပ်ချုပ်ရေးတာဝန်ရှိသူတွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ ဇန်နဝါရီ ၂၉ ရက်အကူး နံနက် ၁ နာရီဝန်းကျင်အချိန်မှာ ဖော့ဖရာ့မြို့နယ်အတွင်း မြန်မာ နယ်စပ်နဲ့ထိတွေ့နေတဲ့ ဘန်ဟွေ့နမ့်နတ်ကျေးရွာဘက် ကင်းလှည့်နေချိန် ညည့်နက်မှ အမှောင်အားပြုဝင်လာတဲ့ မြန်မာနိုင်ငံသားတွေကို ဖမ်းမိခဲ့တာလည်းဖြစ်ပါတယ်။

ဖမ်းဆီးခံရတဲ့သူတွေထဲ မြန်မာအမျိုးသား ၁၅ ဦးနဲ့ အမျိုးသမီး ၆ ဦး ပါဝင်ပြီး တရားခံတွေကို စစ်ဆေးမှု ပြုလုပ်ချိန် အမျိုးသားတစ်ဦးရဲ့ အိတ်အနက်ထဲက အနက်ရောင် တိပ်နဲ့ ပတ်ထားတဲ့ ဘောပင်ထဲ သိုဝှက်သယ်ယူလာတဲ့ တရားမဝင် စိတ်ကြွရူးသွပ်ဆေးပြား Methamphetamine ၃၅ ပြားကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

ထိုင်းလုံခြုံရေးပူးပေါင်းအဖွဲ့စစ်ဆေးချက်အရ ဒီ မူးယစ်ဆေးဝါးတွေကို မြန်မာဘက်က ဝယ်ယူလာတာဖြစ်ပြီး တစ်ပြား ဘတ် ၃၀ နဲ့ ဝယ်ယူလာတာလို့ ထွက်ဆိုခဲ့ကြောင်း သိရပါတယ်။

ဖမ်းဆီးခံရတဲ့မြန်မာနိုင်ငံသားတွေက စမွတ်ပရာကန်ကနေ ဘန်ကောက်ကို သွားရောက် အလုပ် လုပ်ကိုင်ဖို့အတွက် ပွဲစားခ တစ်ဦး ထိုင်းဘတ်ငွေ ၁၈၀၀၀ ဘတ် ပေးခဲ့ရတယ်လို့ပါ ထွက်ဆိုခဲ့သလို လက်ရှိမှာတော့ ဖမ်းဆီးခံ မြန်မာနိုငငံသား ၂၁ ဦးကို ဖော့ဖရာ့ရဲစခန်းမှာ ချုပ်နှောင်ထားပြီး သက်ဆိုင်ရာဥပဒေတွေနဲ့အညီ တရားစွဲ အရေးယူသွားမယ်လို့ ကနဦးသိရပါတယ်။

Ref & Photo: เเอก เกียรติศักดิ์ แม่สอด

#centralnewsnaypyitaw

image
image
image
image