ဘုန်းမောက်အသင်းနည်းပြ အန်ဒိုနီအီလာယိုလာကအသင်းအနေနဲ့ ၁၁ ပွဲဆက်ရှုံးပွဲမရှိခဲ့ဘဲ နော်တင်ဟမ်ဖောရက်စ်အသင်းကိုအိမ်ကွင်းမှာ ၅-၀ နဲ့အနိုင်ရခဲ့ပြီးနောက်မှာတော့လီဗာပူးလ်အသင်းပရိသတ်တွေအံ့ဩလောက်စေမဲ့အသိပေးပြောစကားဆိုလိုက်ပါတယ်။

ဘာလို့လဲဆိုတော့ ကြိုးကြာနီအသင်းအနေနဲ့လည်း ၈ ပွဲဆက်မရှုံးနိမ့်လာခဲ့ဘဲ ပရီးမီးယားလိဂ်မှာ ဖောရက်စ်အသင်းကိုရှုံးနိမ့်ထားတဲ့တခုတည်းသောအသင်းဖြစ်တာကြောင့်ပါ။

အန်ဒိုနီအီလာယိုလာက သူ့ရဲ့အနေနဲ့ကစားပုံပြောင်းလဲမှာမဟုတ်ဘဲဂိုးတွေဦးဆောင်သွင်းယူဖို့အတွက်ရှေ့ဆက်သွားမယ်လို့အတည်ပြုပြောဆိုခဲ့ပါတယ်။

ငါတို့အနေနဲ့ ကစားပုံကောင်းမွန်တဲ့မာကျောတဲ့အသင်းနဲ့ရင်ဆိုင်နေရတယ်ဆိုတာ ငါတို့သိပါတယ်။ပထမသွင်းဂိုးဟာအရေးပါတဲ့သော့ချက်ပါပဲ့။ဘာလို့လဲဆိုတော့ နောက်ပိုင်းမှာတော့သူတို့အသင်းအနေနဲ့ ပထမပိုင်းသွင်းဂိုးတွေက ပွဲအစပိုင်းကိုအကူအညီဖြစ်စေပြီးငါတို့ပွဲစဉ်ဖြစ်စေပါတယ်။

ငါတို့အနေနဲ့ဘာမှမပြောင်းမလဲဘူးလို့ကျနော်ထင်ပါတယ်။ငါတို့အနေနဲ့တပွဲချင်းစီအာရုံစိုက်ကစားသွားမှာဖြစ်ပြီး နောက်ပွဲစဉ်မှာတော့လီဗာပူးလ်အသင်းနဲ့ရင်ဆိုင်ရပါမယ်။ဒါပေမဲ့ ငါတို့မှာတော့ ဒဏ်ရာပြသနာတွေကြောင့်ရွေးချယ်စရာကစားသမားတွေလျော့နည်းလာပါတယ်။ဒါကြောင့်ငါတို့အနေနဲ့ ဒီပွဲစဉ်အမှီပြန်လည်ထူထောင်လာနိုင်ဖို့ကြိုးစားရပါမယ်။ဒါပေမဲ့ကစားရမဲ့နောက်ထပ်ပွဲစဉ်အများအပြားကျန်ရှိနေသေးပြီး ငါတို့လုပ်ဆောင်နေတဲ့နည်းလမ်းကိုပြောင်းလဲမှာမဟုတ်ပါဘူး။

မလွယ်ကူဖူးခဲ့တဲ့ကစားပုံနဲ့ပရီးမီးယားလိဂ်မှာကစားနေတာအသင်းပရိသတ်တွေပျော်ရွှင်လိမ့်မယ်လို့ကျနော်မျှော်လင့်ပါတယ်။မင်းအနေနဲ့ နိုင်ငံရဲ့အကောင်းဆုံးအသင်းတွေနဲ့တွေ့ရမှာဖြစ်ပြီး ငါတို့ကစားသမားတွေအနေနဲ့လည်းရာနှုန်းပြည့်အာရုံစိုက်ကစားတာကြောင့်ကောင်းမွန်တဲ့ရလဒ်ထွက်ပေါ်လာတာပါ။ငါတို့ဒီလိုမျိုးမလုပ်ဆောင်မဲ့ကာလတွေရှိလာဖွယ်ရှိပေမဲ့လည်း အသင်းပရိသတ်တွေနားလည်နိုင်မယ်လို့ကျနော်ယုံကြည်ပါတယ်။သူတို့အနေနဲ့ အနိုင်ရလဒ်ကိုပဲ့မျှော်လင့်လို့မရပါဘူး။သူတို့လိုချင်တဲ့တခုတည်းသောအရာကတော့ ငါတို့အာရုံစိုက်ကစားဖို့ဖြစ်ပြီး ဒီဟာကလည်းငါတို့အမြဲတစေကြိုးစားနေတဲ့အရာဖြစ်ပါတယ်လို့ပြောဆိုခဲ့ပါတယ်။

ဘုန်းမောက်အသင်းဟာ ဘရိုက်တန်အသင်းကို ၂၀၂၄ နိုဝင်ဘာ ၂၃ ရက်နေ့မှာ ၁-၂ နဲ့ရှုံးပြီးကတည်းက ပြိုင်ပွဲစုံ ၁၂ ပွဲဆက်ရှုံးပွဲမရှိခဲ့ဘဲ လိဂ်မှတ်တမ်းတွေအရလည်း ၂၃ ပွဲကစားထားရာမှာ ၁၁ ပွဲနိုင် ၇ ပွဲသရေ ၅ ပွဲရှုံးရလဒ်နဲ့အတူ ရမှတ် ၄၀ ရထားတာဖြစ်ပါတယ်။

#ဘောလုံးသတင်းစုံ

image
U hla Soe changed his profile cover
23 w

image
23 w - Translate

ဖီနာဘာချီအသင်းသည် အယ်လ်နာဆာအသင်းမှ
ဘရာဇီးလ်တိုက်စစ်မှူး တာလစ္စကာကို ခေါ်ယူပြီး
တစ်နှစ်ခွဲသက်တမ်းရှိစာချုပ် ချုပ်ဆိုခဲ့သည်။

image

ပြည်သူ့စစ်မှုထမ်းဥပဒေအပေါ် မမှန်မကန်ဆောင်ရွက်မှုများရှိကြောင်းတွေ့ရှိပါက ထိရောက်စွာအရေးယူသွားရန် ဗိုလ်ချုပ်ကြီးမောင်မောင်အေးပြောကြား

နေပြည်တော်၊ ဇန်နဝါရီ ၂၉

ပြည်သူ့စစ်မှုထမ်းဥပဒေအပေါ် မမှန်မကန်ဆောင်ရွက်မှုများရှိကြောင်း တွေ့ရှိပါက ထိရောက်စွာအရေးယူသွားရန် ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမောင်မောင်အေးက မှာကြားလိုက်သည်။

ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဗဟိုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ်(၁/၂၀၂၅)ကို ယမန်နေ့မွန်းလွဲပိုင်းတွင် ကာကွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပခဲ့သည်။

ဗိုလ်ချုပ်ကြီးမောင်မောင်အေးက ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ခြင်းနှင့်ပတ်သက်၍ ပြည်သူလူထုအကြား သတင်းမှန်၊ သတင်းမှား မြောက်မြားစွာ ဖြစ်ပေါ်လျက်ရှိနေကြောင်း၊ ရပ်ကွက်၊ ကျေးရွာအဆင့်မှစ၍ မြို့နယ်၊ ခရိုင်စသည့် အဆင့်ဆင့်၏ အားနည်းချက်များကို မီဒီယာများသာမက ပုဂ္ဂလိကတစ်ဦးချင်းကပါ ထောက်ပြပြောဆိုမှုများရှိကြောင်း၊ အများစုသည် သတင်းမှန်အနည်းငယ်ကိုအခြေခံပြီး ပြည်သူလူထုအထင်အမြင်မှားစေရန်၊ စစ်မှုထမ်းဆင့်ခေါ်မှုပုံရိပ် ထိခိုက်ကျဆင်းစေရန် ပုံကြီးချဲ့ဆောင်ရွက်ခြင်းသာဖြစ်ကြောင်း၊ တာဝန်ရှိသူများအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေအပေါ် မမှန်မကန်ဆောင်ရွက်မှုများရှိကြောင်း တွေ့ရှိပါက ထိရောက်စွာအရေးယူသွားရန် လိုအပ်မည်ဖြစ်ကြောင်း၊ မတရားပြုလုပ်ကြောင်း မှန်ကန်သည့်အတွက် ထိရောက်စွာ အရေးယူသွားရန်၊ အရေးယူပြီး၊ အရေးယူဆဲအမှုများလည်းရှိနေကြောင်း၊ အလားတူပြည်သူ့စစ်မှုထမ်းရန်ကိစ္စနှင့် ပတ်သက်၍ မှန်ကန်မှုမရှိဘဲ လုပ်ကြံပြောဆိုဝါဒဖြန့်ခြင်း၊ မမှန်မကန်တိုင်ကြားခြင်းများရှိပါက တိကျစွာဖော်ထုတ်၍ အရေးယူသွားရန်လိုအပ်မည်ဖြစ်ကြောင်း ပြောသည်။


ပြည်သူနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံရသည့် ရပ်၊ ကျေးအုပ်ချုပ်ရေးအဖွဲ့များ၊ မြို့နယ်အဖွဲ့များအနေဖြင့် ပြည်သူနှင့်ဆက်ဆံရေးကောင်းမွန်စေရန်၊ ငွေကြေးဆိုင်ရာမသမာမှုများမရှိစေရန်၊ သတ်မှတ်လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်မှုရှိစေရန်တို့အတွက် တာဝန်ရှိသူအဆင့်ဆင့်က စိစစ်ကြပ်မတ်ရန်လိုကြောင်း၊ ပြည်သူ့စစ်မှုထမ်းဗဟိုအဖွဲ့အနေဖြင့် ပြည်သူများတင်ပြလာသည့် ကင်းလွတ်၊ လျှော့ပေါ့၊ ရွှေ့ဆိုင်းခွင့်များနှင့်စပ်လျဉ်း၍ စိစစ်ခွင့်ပြုပေးလျက်ရှိကြောင်း၊ နိုင်ငံတော်ကာကွယ်ရေးအတွက် နိုင်ငံသားတိုင်းတွင်တာဝန်ရှိပြီး ဥပဒေအရသတ်မှတ်ထားသော အသက်ကန့်သတ်ချက်အတွင်းရှိသူများ သတ်မှတ်ကာလအလိုက် အဆင်ပြေချောမွေ့စွာ တာဝန်ထမ်းဆောင်နိုင်ရေး ဆောင်ရွက်သွားရန် လိုမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီးမောင်မောင်အေးက ပြောသည်။


ဗိုလ်ချုပ်ကြီးမောင်မောင်အေးက သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်အလိုက် ပြည်သူ့စစ်မှုထမ်းဥပဒေပါ သတ်မှတ်အကျုံးဝင်သည့် အရေအတွက်ကို စနစ်တကျမှန်ကန်အောင် ကြိုတင်ပြုစုထားပြီး သက်ဆိုင်သူများသိရှိရေး ဆောင်ရွက်ထားရန် လိုအပ်ကြောင်း၊ သို့မှသာ အမှန်တကယ်စုဆောင်းသည့်အခါတွင် မသမာမှုများမပြုလုပ်နိုင်ဘဲ အများက လက်ခံယုံကြည်နိုင်သည့် အနေအထားတစ်ရပ်ကို ရရှိမည်ဖြစ်ကြောင်း၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ခြင်းသည် ရေရှည်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်တစ်ခုဖြစ်သည့်အတွက် စီမံခန့်ခွဲမှု ကောင်းကောင်းဖြင့် စည်းကမ်းစနစ်တကျ လုပ်ဆောင်ရမည့် ကိစ္စဖြစ်ကြောင်း၊ ပြည်သူ့စစ်မှုထမ်းတစ်ဦးအဖြစ် ကိုယ်တိုင်က နိုင်ငံသားကောင်းပီသစွာ တာဝန်ထမ်းဆောင်နိုင်ရေး ကြိုးစားလုပ်ဆောင် သွားရန်လိုအပ်မည်ဖြစ်ကြောင်း၊ အတင်းအဓမ္မဖိအားပေးစုဆောင်းခြင်းမျိုး မဖြစ်စေဘဲ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းတို့နှင့်အညီ စနစ်တကျ ကြိုးစားစုဆောင်းကြစေရေး အလေးထားဆောင်ရွက်ပေးကြရန် တိုက်တွန်းမှာကြားခဲ့သည်။

#centralnewsnaypyitaw

image
23 w - Translate

Me on February 14th hugging myself because no one deserves me :

image

တောင်ကိုရီးယား ခရီးသည်လေယာဉ်တစင်း ဘူဆန်မှာမီးလောင်လို့ ခရီးသည် ၁၇၆ ယောက်ကို ကယ်ထုတ်

ဆိုးလ်၊ ဇန်နဝါရီ ၂၉

တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့ရှိ လေဆိပ်တခုမှာ အဲဘတ်စ်လေယာဉ်တစင်း မီးလောင်မှုဖြစ်ပွားခဲ့တာကြောင့် ခရီးသည် ၁၇၆ ယောက်ကို ဘေးလွတ်ရာ ကယ်ထုတ်ခဲ့ရတယ်လို့ မီးသတ်တာဝန်ရှိသူတွေက ပြောပါတယ်။

ဘူဆန်လေကြောင်းလိုင်းက ခရီးသည်လေယာဉ်ဟာ နိုင်ငံအရှေ့တောင်ပိုင်းလေဆိပ်မှာ မီးလောင်ခဲ့တာဖြစ်ပြီး အရေးပေါ်လှေကားကနေ ခရီးသည်တွေအရေးပေါ်ဆင်းသက်ရာမှာ လူလေးယောက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ဟောင်ကောင်ကို ထွက်ခွာမယ့် အဲဒီလေယာဉ်ရဲ့ အမြီးပိုင်းကနေ မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး လေယာဉ်ကိုယ်ထည်ထိ ပျံ့နှံ့သွားတဲ့မီးကို မိနစ်ပိုင်းအတွင်းရောက်ရှိလာတဲ့ မီးသတ်သမားတွေက ငြှိမ်းသတ်ခဲ့ရပါတယ်။

ဂျယ်ဂျူလေကြောင်းလိုင်း ခရီးသည်တင်လေယာဉ်တစင်း နိုင်ငံအနောက်တောင်ပိုင်း မူအန်းလေဆိပ်မှာ ပျက်ကျခဲ့ပြီး လူ ၁၇၉ ယောက်သေဆုံးခဲ့တဲ့ အဆိုးရွားဆုံး လေကြောင်းမတော်တဆဖြစ်ပြီး တလမပြည့်ခင်မှာ အခုလို လေယာဉ်မီးလောင်မှု ဖြစ်ပွားခဲ့တာပါ။

မီးလောင်ခဲ့တဲ့ လေယာဉ်ပေါ်မှာ ခရီးသည် ၁၆၉ ယောက်နဲ့ လေယာဉ်အမှုထမ်း ခုနှစ်ယောက်တို့ လိုက်ပါခဲ့ပြီး မီးလောင်ရတဲ့အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေသည်။ ဘူဆန်လေကြောင်းလိုင်းဟာ ဘက်ဂျက်လေကြောင်းလိုင်းတခုဖြစ်ပြီး မိခင်ကုမ္ပဏီကတော့ အေရှာနာ လေကြောင်းလိုင်းဖြစ်ပါတယ်။

Ref:BBC
Photo:AFP

#သတင်းဟင်းလေးအိုးကြီး

imageimage
23 w - Translate

EX ကို မမေ့နိုင်တဲ့သူတွေ အတွက် 🤔

image
23 w - Translate

Yummy

image
23 w - Translate

🦋🦋🦋

image
23 w - Translate

🦋🦋🦋

image