23 w - Translate

Crochet 🧶

image
23 w - Translate

Crochet 🧶

imageimage
+7
23 w - Translate

ဖေဖော်ဝါရီလအတွက် ယူရီးယားမြေသြဇာ ရည်ညွှန်းဈေးသတ်မှတ်ထုတ်ပြန်

လာမည့် ဖေဖော်ဝါရီလတွင် ရောင်းချရမည့် ယူရီးယားမြေသြဇာ ရည်ညွှန်းဈေးကို ယူရီးယားမြေသြဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီက သတ်မှတ်ထုတ်ပြန်ထားသည်။

တောင်သူတွေ အဓိကသုံးစွဲနေသည့် မြေသြဇာ (၃) မျိုးအတွက် ဖေဖော်ဝါရီလ (၁)ရက်မှ (၂၈) ရက်အထိ ရန်ကုန်အထိုင်ဈေးကို သတ်မှတ်ထုတ်ပြန်ရာတွင် ယူရီးယားမြေသြဇာ (အလုံးကြီး) ၅၀ ကီလိုတစ်အိတ် (၉၅,၀၀၀) ကျပ်၊ Rock Phosphate အခြေခံ (၁၅) ပတ်လည် တစ်အိတ် (၁၂၄,၀၀၀) ကျပ်၊ Di Ammonium Phosphate အခြေခံ (၁၅) ပတ်လည် တစ်အိတ် (၁၃၅,၀၀၀)ကျပ် သတ်မှတ်ထားသည်။

ထို့ပြင် ဒေသအလိုက် သယ်ယူစရိတ်များအပေါ် မူတည်ပြီး ဈေးနှုန်းအနည်းငယ် ပြောင်းလဲနိုင်ပြီး ရည်ညွှန်းဈေးနှုန်းတွေအတိုင်း မရောင်းချပါက တိုင်ကြားနိုင်ကြောင်း အသိပေးထားသည်။

ယခု ၂၀၂၄ -၂၀၂၅ ဘဏ္ဍာနှစ်အတွက်ပြည်ပမှ ဓာတ်မြေဩဇာတန်ချိန် (၁ ဒသမ ၆) သန်း တင်သွင်းသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

image
23 w - Translate

ရီဂင်လေဆိပ်ဖြစ်စဉ်အတွက် DEI ကို ထရမ့် အပြစ်တင်
--------------------
ရီဂင် အမျိုးသား လေဆိပ်အနီးဖြစ်ခဲ့တဲ့ လေကြောင်းမတော်တဆမှုနဲ့ ပတ်သက်ပြီး ဒီမိုကရက်တွေရဲ့ မတူကွဲပြားမှု ၊ တန်းတူညီမျှမှုနဲ့ အများပါဝင်မှုဆိုင်ရာ (DEI)မူဝါဒအပေါ် အမေရိကန် သမ္မတ ထရမ့်က အပြစ်ဖို့ လိုက်ပါတယ်။ အိမ်ဖြူတော်မှာ ကြာာသပတေးနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထရမ့်က အခုလို ပြောဆိုသွားတာပါ။

အဲဒီဖြစ်စဉ်ကြောင့် တိုင်းပြည်ဟာ ဝမ်းနည်းပူဆွေးနေပြီး အများနည်းတူ ထပ်တူဝမ်းနည်းရကြောင်းနဲ့ အရေးပေါ် တုံ့ပြန်ကယ်ဆယ်ရေး ဆောင်ရွက်ခဲ့သူတွေနဲ့ သေဆုံးသူတွေကို ဂုဏ်ပြုအမှတ်တရ စကားပြောဆိုသွားခဲ့ပါတယ်။ အဲဒီနောက် သူ့ရဲ့ သမ္မတသက်တမ်းဟာ အရင်သမ္မတတွေနဲ့မတူ စာအုပ်ကြီးအတိုင်းမဟုတ် ကွဲပြားခြားနားပြီး စိတ်အားထက်သန်မှုရှိတဲ့ အုပ်ချုပ်မှုဖြစ်မှာဖြစ်ပြီး အပြစ်အနာအဆာတွေကို မြန်မြန်ဆန်ဆန် ထောက်ပြသွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။

အခု လေယာဉ်ပျက်ကျမှုဟာ ဘာကြောင့်လဲဆိုတာကို မသိရသေးပေမဲ့ အိုဘားမားနဲ့ ဘိုင်ဒန်အစိုးရလက်ထက် တွေမှာ လေကြောင်း ထိန်းချုပ်ရေး လုပ်ငန်းတွေကို ငှားရမ်းရာ စံချိန်စံညွှန်းလျှော့ပြီး ငှားရမ်းခဲ့တာကြောင့်လို့ ထင်မြင်ယူဆကြောင်းလည်း ထရမ့်က ပြောပါတယ်။ ထရမ့်နဲ့ သူရဲ့ လုပ်ဖော်ကိုင်ဖက် ရီပတ်ဘလီကန်တွေဟာ ဖယ်ဒရယ်အစိုးရအဖွဲ့အစည်းအတွင်း မတူကွဲပြားမှု၊ တန်းတူညီမျှမှုနဲ့ အများပါဝင်မှု ဆိုတဲ့ DEI အစီအစဉ်ဖော် ဆောင်မှုကို ပုံမှန် ဝေဖန်တိုက်ခိုက်မှု လုပ်လေ့ရှိကြပါတယ်။

ထရမ့်နဲ့ မဟာမိတ်တွေက အဲဒီ DEI အစီအစဉ်တွေဟာ အမေရိကန်ပြည်သူတွေကြား စိတ်ဝမ်းကွဲမှုကိုဖြစ်စေပြီး တိုင်းပြည်ကို အားပျော့ ချိနဲ့ စေတယ်လို့ ဆိုကာ အိမ်ဖြူတော်ကို ပြန်ရောက်တဲ့ ပထမနေ့မှာပဲ အဲဒီ အစီအစဉ် တွေကို ပယ်ဖျက်လိုက်ကြ ပါတယ်။

image
23 w - Translate

ရန်ကုန်ယူနိုက်တက်အသင်း လက်ထောက်နည်းပြ ဦးမင်းဇင်ဦးအား ရန်ကုန်တိုင်း ဘောလုံးအဖွဲ့ချုပ်(၁)နှစ်စာချုပ်ဖြင့် ခေါ်ယူ

ရန်ကုန်ယူနိုက်တက်ယူ-၂၀ အသင်း လက်ထောက်နည်းပြ ဦးမင်းဇင်ဦးအား ရန်ကုန်တိုင်းဘောလုံးအဖွဲ့ချုပ်က (၁)နှစ်စာချုပ်ဖြင့် ခေါ်ယူလိုက်ကြောင်း သိရသည်။

ဦးမင်းဇင်ဦးသည် AFC B လိုင်စင်ရနည်းပြတစ်ဦးဖြစ်ပြီး ကစားသမားဘဝတွင်လည်း အသင်းနှင့်အတူ အောင်မြင်မှုများ ရယူထားနိုင်ခဲ့သူဖြစ်ကာ ယခုနှစ်ဘောလုံးရာသီတွင် ရန်ကုန်တိုင်းအသင်းနှင့်အတူ မြင်တွေ့ရမည်ဖြစ်သည်ဟု ရန်ကုန်တိုင်းဘောလုံးအဖွဲ့ချုပ်က အသိပေးထားသည်။

၎င်းသည် ကစားသမားဘဝကို ဘဏ္ဍာအခွန်အသင်းနှင့်အတူ စတင်ခဲ့ပြီး ပရော်ဖက်ရှင်နယ် ကစားသမားဘဝကို ၂၀၀၉ ခုနှစ်တွင် ရန်ကုန်ယူနိုက်တက်အသင်းနှင့်အတူ စတင်ခဲ့သည်။

ထို့နောက် ၂၀၁၈ ခုနှစ်တွင် နည်းပြဘဝကို ကူးပြောင်းခဲ့ပြီး ရန်ကုန်ယူနိုက်တက်ယူ-၁၉ အသင်း၊ ၂၀၂၃ ဘောလုံးရာသီတွင် ရန်ကုန်ယူနိုက်တက် အမျိုးသမီးဘောလုံးအသင်းနှင့် ၂၀၂၄ ဘောလုံးရာသီတွင် ရန်ကုန်ယူနိုက်တက် ယူ-၂၀ အသင်းတို့တွင် လက်ထောက်နည်းပြအဖြစ် တာဝန်ယူခဲ့သူတစ်ဦး ဖြစ်သည်။

ရန်ကုန်တိုင်းဘောလုံးအဖွဲ့ချုပ်၊ ရန်ကုန်တိုင်းဘောလုံးအသင်းသည် ရန်ကုန်ယူနိုက်တက်လူငယ်အသင်း၏ ဂိုးနည်းပြဖြစ်သူ ဂိုးအောင်ကျော်ကျော်ကို ယခုနှစ် ဘောလုံးရာသီအတွက် ကြိုတင်ပြင်ဆင်မှုအဖြစ် စာချုပ်ချုပ်ဆို ခေါ်ယူထားသေးသည်။

ရန်ကုန်တိုင်းဘောလုံးအဖွဲ့ချုပ်အနေဖြင့် တိုင်းဒေသကြီး၏ ဘောလုံးအားကစားတိုးတက်မြင့်မားစေရေးကိုလည်း ဆောင်ရွက်လျက်ရှိပြီး လူငယ်ကစားသမားများ ပေါ်ထွက်လာစေရေးအတွက် စီမံကိန်းများ ချမှတ်ဆောင်ရွက်သွားမည်ဖြစ်သည်ဟု ရန်ကုန်တိုင်းဘောလုံးအဖွဲ့ချုပ်၏ အသိပေးချက်အရ သိရသည်။

image

ပုစွန်ထုပ်ဆီပြန်

ပုစွန်ထုပ်.............၂၅ကျပ်သား
ကြက်သွန်နီ....... ...၁လုံး
ကြက်သွန်ဖြူ..........၅တက်
ခရမ်းချဉ်သီး...........၃လုံး
နံနံပင်..................အနည်းငယ်

ပုစွန်ထုပ်တွေကိုရေဆေးသန့်စင်ပြီးအခွံခွာ၊ခေါင်းချိုးပါ။အရသာအနည်းငယ်နယ်ပြီးနှပ်ထားပါ။

ကြက်သွန်နီ၊ဖြူ ကိုညှက်အောင်ထောင်းပါ။

ခရမ်းချဉ်သီး ကိုပါးပါးလှီးပါ။နံနံပင်ကိုသန့်စင်ထားပါ။

ဒယ်အိုးတစ်လုံးမှာဆီအနည်းငယ်ကိုအပူပေးပြီးထောင်းထားသောကြက်သွန်အရောကိုနနွင်းမှုန့်၊ငရုတ်စိမ်းမှုန့်အနည်းငယ်တို့ဖြင့်ဆီသတ်ပါ။

အနည်းငယ်နွမ်းလာလျှင်ခရမ်းချဉ်သီးတွေထည့်ပါ။

ပုစွန်ငံပြာရည်၊ဟင်းခတ်မှုန့်တို့ဖြင့်အရသာဖြည့်စွက်ပါ။

ခေတ္တအဖုံးအုပ်ထားပါ။ ဆီပြန်ပြီးအနှစ်ကျလာလျှင်အရသာနယ်ထားတဲ့ပုစွန်တွေထည့်ပါ။

ရေခမ်းပြီးဆီပြန်သည်အထိချက်ပါ။နံနံပင်လေးဖြင့်အလှဆင်ပေးပါ။

image

ပုဇွန်သောက်ဆမ်း

ပုဇွန်အရသာ ချိုပြီးသားမို့ ဟင်းချိုမှုန့် ကြက်သားမှုန့်တွေ သုံးစရာ မလိုပဲ ချဉ်ငံစပ်အရသာ အရည်ကို သောက်သုံးပြီးစားရအောင် , ထမင်းပူပူလေးမှာ ဟင်းရည်ဆမ်းစားလို့ ရအောင်ချက်ပေးပါတယ်ရှင် .

ပုဇွန်သောက်ဆမ်းက ချက်ရတာလွယ်ကူပြီး သိပ်ကြာကြာမစောင့်ရပါပဲ အလွယ်တကူစားသုံးနိူင်တဲ့ ဟင်းပွဲမို့ လူကြိုက်များပါတယ် ..
လတ်ဆတ်တဲ့ ပုဇွန်တွေကို သုံးပြီးချက်တာမို့ ပုဇွန်ဟင်းပွဲတွေထဲမှာ ပုဇွန်သောက်ဆမ်း , ပုဇွန်အစိမ်းရခိုင်သုပ်တွေက အရောင်းရဆုံးဟင်းပွဲတွေ ဖြစ်ပါတယ် ..

#kyaukphruthu

Credit ကျောက်ဖြူသူ

ချက်နည်း
ရေ ငပိစိမ်းစားorပုစွန်ငံပြာရည်ခဲ ကြက်သွန်နီ ဖြူ ငရုတ်စိမ်း ထည့်တည် ဆူလာ ပုစွန် ငရုတ်ကောင်း အရသာမှုန့်ထည့် နံနံ သို့ ရှမ်းနံနံအုပ် စားခါနီးသံပုရည်ညှစ်

image
23 w - Translate

နောက်ဆုံး ၆ ရာသီအတွင်း ၅ ကြိမ်မြောက် ⚔️

• Play-off အဆင့်မှာတင် ရီးရဲလ်မက်ဒရစ်နဲ့ မန်စီးတီးတို့ ထပ်တွေ့ကြပြီး ဆရာကြီးတစ်သင်းတော့ ပြုတ်ကျန်ခဲ့ပါတော့မယ်။

image
23 w - Translate

When u deny cheating but she printed out the screenshot.

image
23 w - Translate

သူများတွေလို ရည်းစာ:လေး နဲ့ ကော်ဖီဆိုင်လေး
အေးဆေးထိုင်ပြီး စကားလေးပြောလိုက်
အာဘွားလေးပေးလိုက် ကော်ဖီလေးသော၊က်လိုက်နဲ့
Coffee date လေးလုပ်ချင်ပေမယ့် ခ၊က်တာက
Coffee မကြိုက်ဘူး 🥲

image