26 ပတ် - ဘာသာပြန်ပါ။

ပြင်ပြင်ဆင်ဆင်နေသောမိန်းကလေးတယောက်ရဲ့ကုန်ကျစရိတ် -
မျက်နှာသစ် - 10000 - 70000 ဝန်းကျင်
Cleanser - 10000 - 40000 ဝန်းကျင်
Scrub - 13000 - 80000 ဝန်းကျင်
Foundation - 20000 - 100000 ဝန်းကျင်
ပါးနီ - 10000 - 60000 ဝန်းကျင်
Bronzer - 10000 - 60000 ဝန်းကျင်
Eye Shadow - 10000 - 150000 ဝန်းကျင်
Make up sponge - 3500 - 20000 ဝန်းကျင်
Eyeliner - 7000 - 40000 ဝန်းကျင်
Brow pencil - 3500 - 30000 ဝန်းကျင်
Lipstick - 8000 - 110000 ဝန်းကျင်
Shower gel - 7000 - 60000 ဝန်းကျင်
Lotion - 8000 - 70000 ဝန်းကျင်
Shampoo - 5000 - 80000 ဝန်းကျင်
Perfume - 30000 - 250000 ဝန်းကျင်
Skincare set - 35000 - 800000 ဝန်ကျင်
ရှင်တို့က လှတဲ့မိန်းမလည်းလိုချင်သေးတယ် မိန်းမတွေကိုပိုက်ဆံမက်တယ်လည်းပြောသေးတယ် 🙄
ပိုက်ဆံမမက်လို့ အပေါ်ကဟာတွေက မိုးပေါ်ကကျလာမှာလား ?
အပေါ်က ပြောသွားတာ လုံးဝ basic ပဲရှိသေးတယ်နော် 🙄 အဝတ်အစားဖိုး ဖိနပ်ဖိုး အိတ်ဖိုးမပါသေးဘူး 😑
ရှင်တို့လည်း မိန်းမတွေလိုနေရမယ်ဆို မိန်းမတွေထက်တောင်ပိုက်ဆံမက်အုံးမယ် 🙄 စဉ်းစားပြီးမှ မကောင်းကြောင်းပြောချင်ပြော😑😏
- Credit -😁😁

image
26 ပတ် - ဘာသာပြန်ပါ။

ကောင်မလေးက အိမ်မှာ ခေါက်ဆွဲလိုက်စားဖို့ အထာတွေပေးနေသော်လည်း မိမိမှာ တကယ့် ခေါက်ဆွဲကိုပဲ မျှော်လင့်နေသောအခါ
ဘာအထာလဲ ကိုရီးယားအထာပေါ့ 🤣

26 ပတ် - ဘာသာပြန်ပါ။

တစ်ယောက်တည်း ကြိုးစားပမ်းစားဆောက်ခဲ့ရပြီး နေသူမရှိတဲ့ လေထဲကအိမ်။

#ပါရီယာနာ

image
26 ပတ် - ဘာသာပြန်ပါ။

အိမ်ကမိန်းမမသိအောင်Play Station ဝယ်သောအခါ
မိန်းမကြောက်ရတဲ့ ဂိမ်မာ 😥

26 ပတ် - ဘာသာပြန်ပါ။

ရေးထားတာလေးသဘောကျလို့ ပြန်လည်မျှဝေလိုက်ပါတယ်

အရှုံးကို တည်တည်ငြိမ်ငြိမ် ရင်ဆိုင်ရဲသည့် သတ္တိကင်းမဲ့ခြင်း
……………………………...............
မြန်မာနိုင်ငံမှာ အတန်းပိုင်ဆရာမဆီမှာ ကျူရှင်နေတဲ့ကလေးက အဆင့် ၁ ရတဲ့ စနစ်၊ ရာထူးတက်ဖို့ အထက်လူကြီးကို ဂါရတဲ့ စနစ်၊တင်ဒါအောင်ဖို့ တိုင်းမှူးကို ကန်တော့ရတဲ့ စနစ်၊ ဘောလုံးအကယ်ဒမီမှာ ပါဖို့ အကပ်ကောင်းရှိမှရတဲ့ စနစ်တွေ နှစ်ပေါင်းများစွာ ရှင်သန် ကြီးထွားခဲ့တာကြောင့် တရားမျှတတဲ့ ယှဥ်ပြိုင်ခြင်းမျိုးနဲ့ သိပ်မယဥ်ပါးကြတော့ဘူး။
ဒါ့အပြင် “ ရေဗူးပေါက်တာ မလိုချင်ဘူး ..ရေပါတာပဲ လိုချင်တယ် “ ဆိုတဲ့ mindset တွေကိုပါ ရိုက်သွင်းလိုက်တဲ့အခါမှာ လူတွေဟာ ဘယ်လိုနည်းလမ်းနဲ့ပဲ ဖြစ်ဖြစ် အောင်မြင်ဖို့ အနိုင်ရဖို့က အဓိက ဆိုတဲ့ စိတ်ဓါတ်တွေ ရှင်သန် ကြီးထွားလာခဲ့ကြတယ်။ ဒါတွေနဲ့ ဆက်နွယ်ပြီး EQ တွေပါ နိမ့်ပါးကုန်တာကြောင့် နယ်ပယ်အသီးသီးမှာ အရှုံးကို ရင်ဆိုင်ဖို့ ကြောက်တဲ့ သူတွေ များလာခဲ့တယ်။
ဘောလုံးပွဲမှာ ဆိုရင် အိုမန်ဂိုးသမားကို ဂဲ(ခဲ)နဲ့ထုလို့ သုဝဏ္ဏကွင်းပွဲကြည့်စင်မှာ ပိုက်ကွန်တွေ ကာခဲ့ရတယ်။ တိုက်ဂါးဖလားပွဲမှာ ကစားသမားတချို့ ပြိုင်ဘက် ပရိတ်သတ်တွေကိုပါ ရိုင်းစိုင်းစွာ အမူအယာနဲ့ တိုင်းထွာ ပြခဲ့တာကြောင့် မြန်မာဆိုရင် အမေဇုန်တောထဲက လူရိုင်းသာသာလောက်အထိ နိုင်ငံတကာမှာ သတ်မှတ်ခြင်း ခံခဲ့ရတယ်။ ပြည်တွင်းပွဲတွေမှာ အသင်း ရှုံးနေရင် ကစားသမားတွေက လူချတယ်၊ ပရိတ်သတ်က ထိုင်ခုံတွေ ရိုက်ချိုးကြတယ်၊ အသင်းပိုင်ရှင်က ဒိုင်ကို ပြေးထိုးတယ်။
ရိုးရာ လက်ဝှေ့မှာ ဆိုရင်လည်း အရှုံးကို ကျေကျေနပ်နပ် လက်ရဲခံပြီး ပြိုင်ဘက်ကို ချီးကျူးဖို့ ဝန်မလေးကြတဲ့ ဦးရွှေဝါထွန်း၊ ရွှေဓူဝံ၊လုံးချော၊ ဝမ်ချိုင်း စတဲ့ ဂန္ထဝင် ချန်ပီယံကြီးတွေကို အများက လေးစားကြသလို ကိုယ်ရှုံးရင် စနစ်ကို အကြောင်းပြ၊ ပြိုင်ဘက်ရဲ့ ကစားပုံကို အကြောင်းပြ၊ ပွဲစီစဥ်မှုကို အကြောင်းပြ၊ ဒဏ်ရာကို အကြောင်းပြနဲ့ ရှုံးနိမ့်မှုအတွက် အကြောင်းမျိုးစုံပြတတ်တဲ့ ဖိုက်တာတွေလည်း ရှိပါတယ်။
တခြား နယ်ပယ်တွေ ပြိုင်ပွဲတွေမှာလည်း ရှုံးနိမ့်ခြင်းကို ကြုံတဲ့အခါမှာ ကိုယ်က ဘယ်နေရာမှာ အားနည်းသွားတာလဲ၊ ပြိုင်ဘက်က ဘာတွေ သာသွားခဲ့လဲ့ ဆိုတာကို အဖြေရှာသုံးသပ်ပြီး နောက်တစ်ကြိမ်ပြိုင်ပွဲတွေအတွက် ပိုကောင်းအောင် ပြင်ဆင်မှုတွေကို လုပ်ရကောင်းမှန်း မသိကြပါဘူး။
ရှုံးတာနဲ့ ကိုယ်က လုံးဝပထမ ရသင့်ပေမယ့် ပြိုင်ဘက်ကိုဘက်လိုက်လို့ ၊ ဒိုင်မကောင်းလို့ ၊ မြန်မာမို့ နှိမ်တာ စတဲ့ ချည်းကပ်မှုတွေနဲ့ အရှုံးကို ခါးခါးသီးသီး ငြင်းဆန်ကြပြီး ကလေးဆန်ဆန် စရိုက်ဆန်ဆန် ယဥ်ကျေးမှု ခေါင်းပါးတဲ့ အဆင့်နိမ့် အပြုအမူတွေကို နိုင်ငံတကာ မီဒီယာတွေ အလယ်မှာ လုပ်ကြတာ မကြာခဏ တွေ့ရမှာပါ။
စာသင်ကျောင်းတွေမှာ လောကနိတိကို မသင်ခဲ့ရဘူး၊ sportsmanship ဆိုတာ ဘာမှန်း မသိကြဘူး။ မြန်မာတွေဟာ ပျမ်းမျှ အားဖြင့် EQ နိမ့်ပြီး sportsmanship မရှိတဲ့ မနာလိုစိတ်များတဲ့ လူမျိုးတမျိုးအဖြစ် နိုင်ငံတကာက မြင်ထားကြတာဟာ မှားတယ်လို့တော့ ပြန်ချေပဖို့ ခုချိန်မှာခက်ခဲနေတယ်။
..
စိုးနေ့သစ်

image

26 ပတ် - ဘာသာပြန်ပါ။

"မောင် မစဉ်းစားမိဘူးလားကွယ်
မောင်နဲ့တစ်လလောက် ခွဲရမှာကိုပင်
မျက်ရည်ကျမိအောင်
ဝမ်းနည်းထိခိုက်လွယ်သော
ကျွန်မသည်
မောင်နဲ့တစ်သက်လုံး ခွဲရလျှင်
ဘယ်လိုများ နေရစ်ခဲ့ပါ့မလဲဟု
မောင် နည်းနည်းမျှ
ပြန် ငဲ့မကြည့်မိဘူးလား..."

#ဂျူး

image
26 ပတ် - ဘာသာပြန်ပါ။

ခုံမင်ယုယ၊ ချစ်လွန်းကလည်း၊
သောကနောက်ဆုံး ရှိချေ၏.........တဲ့။
အဟင့်...အဟင့် 😿😿😿

image
26 ပတ် - ဘာသာပြန်ပါ။

မျက်လုံးတွေ ရဲလာတယ်
မျက်ခုံးတွေ မို့လာတယ်
ကိုယ့်စိတ္တဇနဲ့ ကိုယ်မပျော်နိုင်ပါဘူး
ကိုအောင်ချိမ့်

မပိုင်ရလဲ ဖြစ်တယ်လို့ ညာနိုင်ပေမဲ့
မလွမ်းမိအောင် နေလို့မှ မရနိုင်တာ..။

#ဒဿ 2024
-pic crd

image
26 ပတ် - ဘာသာပြန်ပါ။

အိုကေ"

image