မိန်းမရဲတောင်🙏☁️🌳💚

合作频道(如下)
澳门威尼斯人
缅甸今日头条频道

image

မိန်းမရဲတောင်🙏☁️🌳💚

合作频道(如下)
澳门威尼斯人
缅甸今日头条频道

image

မိန်းမရဲတောင်🙏☁️🌳💚

合作频道(如下)
澳门威尼斯人
缅甸今日头条频道

image

မိန်းမရဲတောင်🙏☁️🌳💚

合作频道(如下)
澳门威尼斯人
缅甸今日头条频道

image

မိန်းမရဲတောင်🙏☁️🌳💚

合作频道(如下)
澳门威尼斯人
缅甸今日头条频道

image

မိန်းမရဲတောင်🙏☁️🌳💚

合作频道(如下)
澳门威尼斯人
缅甸今日头条频道

image

မိန်းမရဲတောင်🙏☁️🌳💚

合作频道(如下)
澳门威尼斯人
缅甸今日头条频道

imageimage
+4

မြန်မာဘက်က ကျားဖြန့်တွေဆီ လျှပ်စစ်မီးပေးကာ အကျိုးအမြတ်ရှာနေသည့်ထိုင်းနိုင်ငံက ပေးနေသည့် လျှပ်စစ်မီးဖြတ်တောက်ရေး ယနေ့ဆွေးနွေးမည်

ဖေဖော်ဝါရီ ၃

ထိုင်း-မြန်မာနယ်စပ်တလျှောက်က အွန်လိုင်းလိမ်လည်မှု တရုတ်ကျားဖြန့်ဂိုဏ်းတွေဆီ အကျိုးအမြတ်ရှာဖို့ ထိုင်းနိုင်ငံပေးထားတဲ့ လျှပ်စစ်ဓာတ်အား ပြန်လည် ဖြတ်တောက်မှု အကဲဖြတ်ဖို့အတွက် ဒီနေ့ ဖေဖော်ဝါရီ ၃ ရက်မှာ အဓိကကျတဲ့အစည်းအဝေးကို ထိုင်းနိုင်ငံ အမျိုးသားလုံခြုံရေးကောင်စီ အထွေထွေ အတွင်းရေးမှူးချုပ်က ဦးဆောင်ကျင်းပမယ်လို့ သိရပါတယ်။

အဆိုပါ အစည်းအဝေးမှာ ထိုင်းနိုင်ငံက အာဏာပိုင်အဖွဲ့အစည်းတွေဖြစ်တဲ့ ထိုင်းတော်ဝင် တပ်မတော်၊ နိုင်ငံခြားရေးနဲ့ လျှပ်စစ် အာဏာပိုင်တွေ အပါအဝင် ဌာနဆိုင်ရာအေဂျင်စီ ရှစ်ခုနဲ့ လုံခြုံရေး အချက်အလက်တွေ အကဲဖြတ်ဖို့နဲ့ ဒီကိစ္စအပေါ် ပြည်နယ် လျှပ်စစ် အာဏာပိုင်အဖွဲ့ထံ အကြံပြုချက် မထုတ်ပြန်မီ၊ တာဝန်ရှိသူတွေက ကျားဖြန့်ဂိုဏ်းတွေဆီ လျှပ်စစ်မီးပေးနေတဲ့ သက်ဆိုင်ရာကဏ္ဍအသီးသီးက ​ပါဝင်ပတ်သက်သူတွေအားလုံးကို အရေးယူဆောင်ရွက်ဖို့ကိုလည်း ဥပဒေလုပ်ထုံးလုပ်နည်းအတိုင်း အလေးထားဆောင်ရွက်သွားမယ်လို့ ဆွေးနွေးပွဲမတိုင်မီ အခြေအနေအပေါ် Khaosod သတင်းဌာနက ဖော်ပြထားပါတယ်။

ထိုင်းနိုင်ငံက ပြည်နယ်လျှပ်စစ်အာဏာပိုင် (PEA)ဟာ မြန်မာနိုင်ငံဘက်က ဘုရားသုံးဆူ၊ ​တာချီလိတ်က နေရာနှစ်ခုနဲ့ မြဝတီဘက်က နေရာနှစ်ခု စုစုပေါင်း ၅ ခုတို့ကို လျှပ်စစ်ဓာတ်အားပေးနေတာဖြစ်ပြီး ဒီအထဲမှာ မြန်မာနိုင်ငံဘက်က ကျားဖြန့်ဂိုဏ်းတွေရှိရာဒေသတွေဆီကို ရောင်းချထားတဲ့ လျှပ်စစ်အဖိုးအခဟာ အခြားနိုင်ငံတွေဆီကို ရောင်းချထားမှုထက် များပြားနေတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပြီး ၂၀၂၃ မေလမှာ ထိုင်းနိုင်ငံဟာ KNU ဥက္ကဋ္ဌ ပဒိုကွယ်ထူးဝင်းလက်မှတ်ရေးထိုးလုပ်ဆောင်နေတဲ့ တရုတ်ကျားဖြန့်ဂိုဏ်း KK Park တစ်ခုတည်းက ထိုင်းဘတ် သန်း ၃၀ ကျော် ရရှိခဲ့သလို ဒီကျားဖြန့်ဂိုဏ်းတွေဆီကနေ ထိုင်းနိုင်ငံဟာ လစဥ်ဘတ်သန်းရာချီ အကျိုးအမြတ်ရနေတယ်လို့လည်း ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ် လူမှုဗေဒနဲ့ မနုဿဗေဒ ဌာနမှ တွဲဖက်ပါမောက္ခ Pinkaew Laungaramsri က ဝေဖန်ထားကြောင်း Thai Enquirer သတင်းဌာနက ဖော်ပြထားပါတယ်။

#centralnewsnaypyitaw

imageimage

ပြင်ဦးလွင်-မန္တလေးအဆင်းလမ်းတွင် ပြောင်းဆံတင်လာသော ၁၂ ဘီးယာဉ် ဘရိတ်ပေါက်၍ တိမ်းမှောက်ရာမှ ယာဉ်နောက်လိုက်သေဆုံး

ဖေဖော်ဝါရီ ၃

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ပြင်ဦးလွင် – မန္တလေး အဆင်းလမ်း၊ မိုင်တိုင် ၂၆ မိုင်တွင် ဖေဖော်ဝါရီလ ၂ ရက် ညနေ ၅နာရီ ၅၀ မိနစ်ခန့်က ပြောင်းဆံများတင်လာသော ၁၂ ဘီးယာဉ် ဘရိတ်ပေါက်၍ တိမ်းမှောက်ရာမှ ယာဉ်နောက်လိုက်တစ်ဦး သေဆုံးခဲ့ကြောင်း ကယ်ဆယ်ရေးဆောင်ရွက်သူများထံမှ သိရသည်။

နောင်မွန်မှ မန္တလေးသို့ ပြောင်းဆံများ တင်ဆောင်မောင်းနှင်လာသော Nissan အမျိုးအစား ၁၂ ဘီး မော်တော်ယာဉ်မှာ ဘရိတ်ပေါက်၍ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းမှာ ထိခိုက်ဒဏ်ရာ မရရှိခဲ့သော်လည်း ယာဥ်နောက်လိုက် အသက် ၅၈ နှစ်အရွယ် ဦးခင်မောင်ဆွေမှာ ညာဘက်ဦးခေါင်း သွေးထွက်ဒဏ်ရာနှင့် ဘယ်ဘက်ခြေထောက်ပြတ်ရှ ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။

“ယာဥ်နောက်လိုက်နဲ့ ယာဉ်မောင်းက သာစည်မြို့နယ်ကပါပဲ။ မောင်းလာတုန်း ဘရိတ်ပေါက်ပြီး ကားရဲ့အရှိန်ကို မထိန်းနိုင်တော့ဘဲ လမ်းရဲ့ ညာဘက်ခြမ်းကို မှောက်သွားတာ။ ယာဥ်နောက်လိုက်ကတော့ နေရာမှာတင် ဆုံးသွားတယ်”ဟု ကယ်ဆယ်ရေးဆောင်ရွက်သူ တစ်ဦးက ပြောသည်။

ယာဉ်တိမ်းမှောက်မှုဖြစ်ပွားရာနေရာသို့ ပြင်ဦးလွင်မြို့နယ် မီးသတ်စခန်းအုပ်ချုပ်မှုယာဉ် ၁ စီးနှင့် ရတနာပုံမြို့သစ်နယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၁ စီးဖြင့် မီးသတ်တပ်ဖွဲ့ဝင်များက ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြသည်။

သေဆုံးသူ ယာဉ်နောက်လိုက် အမျိုးသား၏ ရုပ်အလောင်းကို ရွှေမြင်သာ လူမှုကူညီရေးအသင်း၏ သူနာတင်ယာဉ်ဖြင့် ပြင်ဦးလွင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ယာဥ်တိမ်းမှောက်ကာ လူသေဆုံးမှုကြောင့် အသက် ၃၃ နှစ်အရွယ် ယာဉ်မောင်းဖြစ်သူ ဦးရဲခိုင်ဦးကို ရာဇသတ်ကြီးပုဒ်မ ၃၀၄(က)၊ ၃၃၈တို့ဖြင့် ပြင်စာနယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

(Photo -May Myo Fire Station)

#သတင်းဟင်းလေးအိုးကြီး

imageimage
Apu Lay shared a post  
22 w

22 w

ရခိုင်ကို" အဖပြည်"ဟု ဘာကြောင့်ခေါ်ကြသလဲ?

အဖပြည် ( fatherland ) ဟုခေါ်သော နိုင်ငံ ကမ္ဘာမှာအနည်းငယ်သာရှိသည် (အဖ ဂျာမန်) (အဖ နယ်သာလန်)စသည်ဖြင့် ၄နိုင်ငံလောက် သာရှိပြီး အဖပြည် (နိုင်ငံ)ဟု ခေါ်သောလူမျိုးစုမှာလည်း အနည်းမျှသာရှိသည်။အဲဒီထဲမှာ ရခိုင်ဟာ လည်း အပါအဝင်ဖြစ်သည်။

တစ်ခါ က ဗမာမိတ်ဆွေတစ်ယောက် မေးဖူးသည် ငါတို့က ငါတို့ပြည်ကို အမိဗမာပြည် လို့ခေါ်ပြီး မင်းတို့ရခိုင်တွေ ရခိုင်ပြည်ကို အဖပြည်လို့ ဘာလို့ခေါ်တာလဲ တဲ့ "" ကျနော်လည်း စမ်းတဝါးဝါးနဲ့ ရခိုင်တွေဟာ အိမ်းဦးနတ်ဖြစ် တဲ့ အဖေ ကို ကိုယ်စားပြုလို့ အဖပြည်လို့ ခေါ်တာလို့ အလွယ်ဖြေဖူးခဲ့တယ်""
အဲဒီတုန်းက ကျဘန်းဖြေလိုက်တာပါ သမိုင်းတွေဘာတွေ ရှင်းပြရအောင်လည်း ကျနော်ကိုယ်တိုင်က ဘာမှမသိသေးသောကြောင့်ပင်--

ရခိုင်တွေ "အဖရခိုင်ပြည်"လို့ ဘာလို့ခေါ်ကြတာလဲ?
ပထမ ဓညဝတီကို တည်ထောင် သော
အိန္ဒိယနိုင်ငံ ကပ္ပိလဝတ်ပြည်မှ အဇ္ဇုနဘုရင် ( ရသေ့) ၏သားတော် "မာရယု"မင်း လက်ထက်မှ ဒုတိယ မြောက်ဦးခေတ် အဆုံးထိ ရခိုင်ကို သကျသာကီဝင်များက အုပ်ချုပ်ခဲ့ကြသည်။
အဖေဘုရင် ကွယ်လွန်လျှင် သားဖြစ်သူ ထီးနန်းဆက်ခံ ပြီး အဖေ့ရဲ့ ထီးနန်းအမွေကိုယူကာ ရခိုင်ထီးနန်းအဆက်ဆက် အုပ်ချုပ် ကြသဖြင့် အဖရခိုင် ( father land ) ဟုခေါ်ကြသည်(အဖေကို လည်လှီးပီး သားနန်းတက်ခဲ့တဲ့ ဘုရင်တပါးမှမရှိခဲ့)

ထို့ကြောင်းရခိုင်နိုင်ငံကို တည်ထောင် အုပ်ချုပ်ခဲ့သော မင်းများမှာ အိန္ဒိယမှ ဆင်းသက်လာကြသူ သကျသာကီဝင်များဖြစ်သည်
သကျသာကီဝင်များသည် အမျီုး သီလကိုစောင့်ရှောက်သည် အိမ်ထောင်ပြုသည့်အခါ မိမိ အမျိုးကိုသာ အိမ်ထောင်ပြုကြသည်
မောင်သား ညီမသမီး ပေးစားသည်မှာ ရခိုင်လူမျိုး များတွင်သာရှိသည်.ဥပမာ.. (ယသောဓရာနဲ့ သိဒ္ဒတ္ထ)

ရခိုင် ဘုရင်အမျိုးများသည် အိန္ဒိယမှ မာရယုအမျိုးမှ ဆင်းသက်လာသောကြောင့် အမည်ယူသည်ကား အဖအမည် အဖမျိုးရိုးအမည်သာယူကြ သုံးစွဲကြသောကြောင်း
အဖနိုင်ငံ အဖပြည်ဟု ခေါ်ကြခြင်းဖြစ်သည် ။

(မင်းပြားသိန်းဇံရေးသော
ရခိုင်သည် အဖပြည်လော အမိပြည်လောမှ ကောက်နှုတ်ချက်)

#rakhine Media
#crd

image