Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ဗီယက်နမ်နိုင်ငံဟာ အမေရိကန်နဲ့ တရုတ်နိုင်ငံကို ကျော်ဖြတ်ပြီး ကမ္ဘာပေါ်မှာ လူဦးရေအချိုးအစားအရ လျှပ်စစ်ကား အားသွင်းရုံ အများဆုံးရှိရာနိုင်ငံ ဖြစ်လာခဲ့ပါတယ်။ ဗီယက်နမ်နိုင်ငံရဲ့ ထိပ်တန်းလျှပ်စစ်ကားထုတ်လုပ်ရေးကုမ္ပဏီက လူဦးရေသန်း ၁၀၀ အတွက် လျှပ်စစ်ကားအားသွင်းရုံ ၁၅၀၀၀၀ တည်ဆောက်လျက်ရှိပြီး အဲဒီအချိုးအစားအရ ဗီယက်နမ်နိုင်ငံသား ၁၀၀၀၀ အတွက် လျှပ်စစ်ကားအားသွင်းရုံ ၁၅ ခု ခွဲတမ်းရမယ့်သဘော ရှိနေပါတယ်။
ဒီပမာဏဟာ အမေရိကန်နိုင်ငံထက် ၅ ဆ၊ တရုတ်နိုင်ငံထက် ၁၂ ဆ ပိုများပါတယ်။ VinFast ဟာ ဗီယက်နမ်နိုင်ငံရဲ့ ပြည်နယ်နဲ့မြို့ပေါင်း ၆၃ ခုမှာ လျှပ်စစ်ကားအားသွင်းရုံတွေ တည်ဆောက်လျက် ရှိပါတယ်။
Ref: Vietnam in the race to cover electric vehicle infrastructure