21 ပတ် - ဘာသာပြန်ပါ။

မီဒီယာများကို ရွေးကောက်ပွဲကာလ သုံးပိုင်းလုံး၌ စနစ်တကျ သတင်းရယူခွင့်ပြုမည်ဟု UEC ဥက္ကဋ္ဌ ပြော

ဖေဖော်ဝါရီ ၁၅

မီဒီယာများကို ရွေးကောက်ပွဲကာလ သုံးပိုင်းလုံး၌ စနစ်တကျသတင်းရယူခွင့်ပြုမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ဥက္ကဋ္ဌ ဦးကိုကိုက မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဒေါက်တာတင်ထွန်းဦးနှင့်တွေ့ဆုံစဥ် ပြောကြားခဲ့သည်။

အဆိုပါ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ နှင့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဦးဆောင်သောအဖွဲ့တို့သည် ဖေဖော်ဝါရီ ၁၄ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး ဧည့်တွေ့ခန်းမဆောင်၌ တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။

တွေ့ဆုံစဉ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ဆောင်ရွက်ထားရှိမှု၊ ရွေးကောက်ပွဲတွင် သတင်းမီဒီယာများအား သတင်းရယူခွင့်ပြုနိုင်ရေး၊ ယခင်ဆောင်ရွက်ခဲ့သည့် သတင်းမီဒီယာသမားများအတွက် ရွေးကောက်ပွဲ လမ်းညွှန်စာအုပ်ကို ပိုမိုပြည့်စုံစေရန် ညှိနှိုင်းဆောင်ရွက်ရေး၊ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလုပ်ငန်း များဆောင်ရွက်သွားရေး အပါအဝင် သတင်းမီဒီယာဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးပြောကြားခဲ့သည်။

ထို့အတူ လာမည့်အထွေထွေရွေးကောက်ပွဲ၌ ကော်မရှင်နှင့် သတင်းမီဒီယာ ရင်းရင်းနှီးနှီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ကော်မရှင်၏ ဆောင်ရွက်ချက်များ၊ ကော်မရှင်ဝန်ထမ်းများ၏ တာဝန်ထမ်းဆောင်မှုများနှင့်စပ်လျဉ်း၍ သိရှိလိုသည်များနှင့် ပြောကြားလိုသည်များရှိပါက ကော်မရှင်ကို တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင် သကဲ့သို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့မှတစ်ဆင့် မေးမြန်းနိုင်သည်ကိုလည်း အသိပေးပြောကြားခဲ့သည်။

ထို့ပြင် ကော်မရှင်နှင့် သတင်းမီဒီယာကောင်စီတို့ညှိနှိုင်း၍ မီဒီယာလုပ်ငန်းလမ်းညွှန်ကို ထုတ်ပြန်ပေးရန် ဆန္ဒရှိကြောင်း၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ကော်မရှင်အနေဖြင့် နာမည်ပျက်ခဲ့ရပါကြောင်း၊ လာမည့်ရွေးကောက်ပွဲတွင် ယင်းကဲ့သို့ မဖြစ်စေရပါကြောင်း၊ တရားမျှတသော၊ ဥပဒေနှင့်ညီသော ရွေးကောက်ပွဲ ဖြစ်စေရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီဥက္ကဋ္ဌနှင့် ဒုတိယ ဥက္ကဋ္ဌများသည် သတင်းမီဒီယာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီမှ ဆောင်ရွက်နေမှု၊ ရွေးကောက်ပွဲများကျင်းပရာတွင် သတင်းမီဒီယာများ သတင်းရယူနိုင်ရေးနှင့် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီအနေဖြင့် ကူညီဆောင်ရွက်ပေးနိုင်မည့် အခြေအနေတို့ကို ဆွေးနွေးပြောကြားကြပြီး ရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။

#centralnewsnaypyitaw

image
21 ပတ် - ဘာသာပြန်ပါ။

Kalea Gameplay
New Hero Kalea ရဲ့ Game Play
ကြမ်းလားမကြမ်းလားကတော့ကြည့်လိုက်တော့

21 ပတ် - ဘာသာပြန်ပါ။

ဖေဖော်ဝါရီလ (၁၅) ရက်နေ့ ပြည်တွင်းစက်သုံးဆီဈေးနှုန်းများ +++++

image

သဘောတူညီချက်အတိုင်း ဓါးစာခံတွေ ပြန်လွှတ်ပေးမယ်လို့ ဟားမတ်စ်ကြေညာ

တဲလ်အဗစ်၊ ဖေဖော်ဝါရီ ၁၅

အစ္စရေးနဲ့ ဟားမတ်စ်တို့အကြား အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် ပျက်ပြားမှာကို စိုးရိမ်မှုတွေရှိနေချိန်မှာ ပါလက်စတိုင်းအကျဉ်းသားတွေနဲ့ လဲလှယ်ဖို့ ပြန်လွှတ်ပေးမယ့် ဓါးစာခံသုံးယောက်ရဲ့ နာမည်တွေကို ဟားမတ်စ်အဖွဲ့က ကြေညာလိုက်ပါတယ်။

ပြန်လွှတ်ပေးမယ့်သူတွေကတော့ ရုရှား-အစ္စရေး နိုင်ငံသား အလက်ဇန်းဒါးထရိုဖန်နော့ဗ်၊ အာဂျင်တီးနား-အစ္စရေးနိုင်ငံသား ယာဟွန်းနဲ့ အမေရိကန်-အစ္စရေးနိုင်ငံသား ဆာဂူဒီကယ်ချန်းတို့ ဖြစ်ပါတယ်။

ဓါးစာခံသုံးယောက်ကို စနေ့နေ့မှာ အချိန်မီပြန်မလွှတ်ဘူးဆိုရင် ဂါဇာမှာ ဗုံးကြဲတိုက်ခိုက်မှုတွေ ပြန်လည်စတင်မယ်လို့ အစ္စရေးက ခြိမ်းခြောက်ထားပါတယ်။ အစ္စရေးက အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်တယ်ဆိုကာ ဓါးစာခံတွေ ပြန်လွှတ်ပေးရေးကို ဟားမတ်စ်တို့က ဆိုင်းငံ့ကြောင်း ကြေညာပြီးနောက်မှာ အစ္စရေးက သတိပေးခဲ့တာဖြစ်ပါတယ်။

ဂါဇာကမ်းမြှောင်ဒေသသမှာ အဖမ်းခံထားရတဲ့ ဓါးစာခံတွေကို စနေ့နေ့မှာ ပြန်လွှတ်မပေးရင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ဖျက်သိမ်းသင့်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားထားပါတယ်။

အပစ်အခတ်ရပ်စဲရေး စတင်ခဲ့တဲ့ ဇန်နဝါရီ ၁၉ ရက်မှစတင်ပြီး အစ္စရေးဓါးစာခံ ၂၁ ယောက်နဲ့ ပါလက်စတိုင်း အကျဉ်းသား ၇၆၆ ယောက်ကို လဲလှယ်ခဲ့ပြီးဖြစ်ပါတယ်။ အပစ်အခတ်ရပ်စဲရေး ပထမအဆင့် သီတင်းခြောက်ပတ်တာကာလအတွင်း ဓါးစာခံ ၃၃ ယောက်နဲ့ ပါလက်စတိုင်းအကျဉ်းသား ၁၉၀၀ ကို လဲလှယ်ဖို့ သဘောတူထားပါတယ်။

၂၀၂၃ ခုနှစ်အောက်တိုဘာ ၇ ရက်မှာ အစ္စရေးကို ဟားမတ်စ်တို့ရဲ့ နယ်စပ်ဖြတ်ကျော်တိုက်ခိုက်မှုအတွင်း လူ ၁၂၀၀ သေဆုံးပြီး ၂၅၁ ယောက်ကို ဓါးစာခံအဖြစ် ဂါဇာဒေကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။ အစ္စရေးရဲ့ လက်တုံ့ပြန်တိုက်ခိုက်မှုကြောင့် ဂါဇာမှာလူပေါင်း လေးသောင်းရှစ်ထောင်ကျော် သေဆုံးခဲ့ရပါတယ်။

Ref:BBC
Photo: Hostages and Missing Families Forum

#သတင်းဟင်းလေးအိုးကြီး

image
21 ပတ် - ဘာသာပြန်ပါ။

မော်လမြိုင်နွေဉီးအလှ

image
21 ပတ် - ဘာသာပြန်ပါ။

မော်လမြိုင်နွေဉီးအလှ

image
21 ပတ် - ဘာသာပြန်ပါ။

မော်လမြိုင်နွေဉီးအလှ

image
21 ပတ် - ဘာသာပြန်ပါ။

မော်လမြိုင်နွေဉီးအလှ

image
21 ပတ် - ဘာသာပြန်ပါ။

မော်လမြိုင်နွေဉီးအလှ

image
21 ပတ် - ဘာသာပြန်ပါ။

မော်လမြိုင်နွေဉီးအလှ

image