25 w - Translate

တရုတ်-လာအိုရထားလမ်းကနယ်စပ်ဖြတ်ကျော်ခရီးသည်ဝန်ဆောင်မှုကိုတိုးတက်စေခဲ့

ဗီယန်ကျင်း၊နိုဝင်ဘာ ၁

လာအို-တရုတ်မီးရထားကုမ္ပဏီလီမိတက် (LCRC) သည် ခရီးသွားလုပ်ငန်းကိုမြှင့်တင်ရန်ရည်ရွယ်၍ တရုတ်နိုင်ငံ ရှီယန်းဘာနာနှင့် လာအိုနိုင်ငံမှ လွမ်ပရာဘွမ်အကြား လူစီးရထားပြေးဆွဲမှုအခေါက်ရေကို အောက်တိုဘာလ ၂၉ ရက်မှစတင်၍ တိုးမြှင့်ပြေးဆွဲခဲ့သည်။

ယခုအခါ အဆိုပါကုမ္ပဏီသည် ယခင်ကတစ်ပတ်လျှင် လေးရက်သာပြေးဆွဲပေးခဲ့ရာမှ ယခုအခါ တစ်ပတ်လျှင် ခြောက်ရက်အထိတိုးမြှင့် ပြေးဆွဲလျက်ရှိသည်။

ယခုကဲ့သို့တိုးချဲ့ပြေးဆွဲထားသည့် အချိန်ဇယားနှင့်အစီအစဉ်သည် နှစ်နိုင်ငံ၏ လူကြိုက်များသောနေရာနှစ်ခုအကြားတွင် ခရီးသည်များပိုမိုသွားလာနိုင်စေမည်ဖြစ်ကာ ခရီးသွားလုပ်ငန်းသည် တိုးတက်လာမည်ဖြစ်သည်။

အဆိုပါရထားလမ်းဖြင့် ၂၀၂၃ ခုနှစ် ဧပြီလ ၁၃ ရက်နေ့တွင် ခရီးသည်ဝန်ဆောင်မှုကိုစတင်ခဲ့ပြီး စတင်ပြေးဆွဲချိန်မှစ၍ ကုန်ကျစရိတ်သက်သာမှု၊ အဆင်ပြေမှုနှင့် သက်သောင့်သက်သာရှိမှုတို့ကြောင့် နိုင်ငံတကာခရီးသည်များအကြား ရေပန်းစားလာသောရထားလမ်းလည်းဖြစ်လာခဲ့သည်။

ယခုနှစ် ဧပြီလ ၁၃ ရက်နေ့တွင်မူ တရုတ်နှင့်လာအို မီးရထားအာဏာပိုင်များသည် နိုင်ငံတကာခရီးသည်ဝန်ဆောင်မှုများအတွက် နောက်ထပ်ရထားတွဲတစ်တွဲကိုထပ်တိုးပြေးဆွဲခဲ့သည်ဟုလည်းသိရသည်။

image

ရန်ကုန်-မန္တလေးအမြန်လမ်းအစမှာ အဝေးပြေး ကားငါးစီး ဆင့်တိုက်မှု ယာဉ်မယ်တစ်ဦး သေဆုံး

နိုဝင်ဘာ ၃၊ နေပြည်တော်။

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းပေါ်က သုညမိုင်မှာ တိုးဂိတ်ဖြတ်ဖို့ စောင့်ဆိုင်းနေတဲ့ ခရီးသည်တင်ကား ၅ စီး နိုဝင်ဘာ ၃ ရက် ဒီနေ့မနက်အစောပိုင်းမှာ ဆင့်တိုက်မှုဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

တိုးဂိတ်ဖြတ်ဖို့ နောက်ဆုံးကနေ ဝင်လာတဲ့ အဝေးပြေးကားက ရှေ့မှာ တန်းစီနေတဲ့ အဝေးပြေးကားတွေကို ဝင်တိုက်ရာကနေ ငါးစီးဆင့်တိုက်မှုဖြစ်ခဲ့တာလို့ ကူညီကယ်ဆယ်ရေးမှာ ပါဝင်သူတွေက ပြောပါတယ်။

ယာဥ်တိုက်မှုအတွင်း နောက်ဆုံးက ဝင်တိုက်တဲ့ခရီးသည်တင်ယာဥ်က ယာဉ်မယ်တစ်ဦး သေဆုံးပြီး ယာဉ်မောင်းအပါအဝင် ၄ ဦး ဒဏ်ရာရခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးမှာပါခဲ့တဲ့ Medical လူငယ်လူမှုကူညီရေးအသင်း လှည်းကူးရုံးခွဲ ဥက္ကဋ္ဌ က ဘီဘီစီကို ပြောပါတယ်။

“ကားကြားညပ်နေတဲ့ ယာဥ်မောင်းနဲ့ ယာဉ်မယ်ကို အပျက်အစီးထဲက ဆွဲထုတ်တာ ၂ နာရီခွဲ လောက်ကြာမှ ထုတ်လို့ရတယ်။ ယာဥ်မောင်းက‌တော့ ခြေထောက် ၂ ဖက်လုံး ကျိုးသွားတယ်” လို့ သူက ပြောပါတယ်။

ထိခိုက်ဒဏ်ရာရသူတွေကို ဆေးကုသမှုခံယူနိုင်အောင် လှည်းကူးဆေးရုံကို ပို့ဆောင်ပေးထားတယ်လို့ မြန်မာနိုင် ငံမီးသတ်တပ်ဖွဲ့ထုတ်ပြန်ချက်မှာဆိုထားပါတယ်။

ကားငါးဆင့်တိုက်မှုမှာ ရှေ့ကားတွေကတော့ ကားနောက်ပိုင်း ထိခိုက်တာကလွဲရင် လူထိခိုက်တာ မရှိဘူးလို့ ကူညီကယ်ဆယ်ရေးအသင်းတွေက ဆိုပါတယ်။

Credit - BBC

#သတင်းဟင်းလေးအိုးကြီး

image
25 w - Translate

ASEAN Futsal Championship 2024 ပြိုင်ပွဲဝင်အသင်းအား MFF ဥက္ကဋ္ဌ ဦးဇော်ဇော် တွေ့ဆုံအားပေး

ASEAN Futsal Championship 2024 ပြိုင်ပွဲဝင်အသင်းအား ယမန်နေ့ နိုဝင်ဘာ (၂) ရက်တွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က သွားရောက်တွေ့ဆုံအားပေးခဲ့ကြောင်း ဖူဆယ်ကော်မတီထံမှသိရသည်။

ယနေ့ နိုဝင်ဘာ (၃) ရက်၊ နံနက် (၇) နာရီအချိန်တွင် ထိုင်းနိုင်ငံ Nakhon Ratchasima သို့ ရောက်ရှိနေပြီဖြစ်သော မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် ပြိုင်ပွဲကျင်းပမည့် Terminal 21 Korat တွင် Official Training အဖြစ် လေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် ၂၀၂၄ အာဆီယံ ဖူဆယ် ချန်ပီယံရှစ် ပြိုင်ပွဲတွင် အုပ်စု (ခ)တွင် ပါဝင်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး၊ နိုဝင်ဘာ (၄) ရက်တွင် ဩစတြေးလျ အသင်း၊ နိုဝင်ဘာ (၅) ရက်တွင် ကမ္ဘေဒီးယား၊ နိုဝင်ဘာ (၆) တွင် အင်ဒိုနီးရှား အသင်းတို့နှင့် အုပ်စုပွဲစဉ်များ ယှဉ်ပြိုင်ကစားသွားရမည် ဖြစ်သည်။

ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် အုပ်ချုပ်နည်းပြ (၁၀) ဦး ကစားသမား (၁၄) ဦးဖြင့် ပြိုင်ပွဲကျင်းပမည့် Nakhon Ratchasima မြို့သို့ ရောက်ရှိနေပြီဖြစ်သည်။

image
25 w - Translate

ဝရံတာထွက်လိုက်တာနဲ့ 🙄
နိဗ္ဗာန်ရောက်နိုင်မယ့် အိမ် 😁😁🏠

image

#ဝက်သားလုံးဟင်း

အဆီမပါ ဝက်သားကို နူတ်နုတ်စင်းပါ။ပြီးရင် အရသာမှုန့်
ဆား၊ဆနွင်းမှုန့်၊ကော်မှုန့် ၂ဇွန်းလောက်ထည့်နယ်ပါ
ပြီးရင် ဂျင်းသွန်ဖြူကို ညက်ညက်ထောင်းပြီး စင်းထားတဲ့
ဝက်သားကိုထည့်ထောင်းပါ။ထောင်းပြီးရင် အလုံးလေး
တွေလုပ်ပါ။
ကြက်သွန်နီ၊အဖြူ၊ဂျင်းတို့ကို ထောင်းထားပါ။ခရမ်းချဉ်
သီးပါးပါးလှီးထားပါ။ပြီးရင် ဆီအိုးတည်ပြီး ကြက်သွန်ထောင်းထားတာနဲ့ခရမးချဉ်သီးကို ဆီသတ်ပါ
ဆနွင်းမှုနိ့၊အရောင်တင်မှုန့်ထည့်ပြီး ခရမ်းချဉ်သီးကြေ
အောင်ဆီသတ်ပါ။ပြီးရင် ပဲငံပြာရည်အနောက်နဲနဲထည့်ပါ
ဝက်သားလုံးတွေကို ထည့်လုံးပါ။နဲနဲတင်းလာမှ တဖက်ကို
လှန်ပါ။လုံးရေကုန်ရင် ရေထည့်ပြီး ကျက်အောင်ချက်ပါ
ဆီပြန်ရင်ရပါပြီ။

image
25 w - Translate

ဒီလိုလူကိုရှောင်ပါ

သူ့အတွက် ဘာမှမလိုဘူးလို့ မကြာခဏ
နှုတ်ကတဖွဖွပြောတတ်သူကို ရှောင်ပါ။

ဒီလိုလူက သူကလွဲရင် အားလုံးကို
ဒုက္ခရောက်စေနိုင်တယ်။

ထွန်းဦး

image

image
25 w - Translate

ယနေ့စက်သုံးဆီစျေးနှုန်း (၃-၁၁-၂၀၂၄)

image

တပ်ကုန်းမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

နေပြည်တော်၊ နိုဝင်ဘာ ၃

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ နိုဝင်ဘာလ ၂ ရက်နေ့ ၁၅၀၀ အချိန် တပ်ကုန်းမြို့နယ်၊ သဖန်းချောင်ကျေးရွာအနီးတွင် အောင်ဇော်မင်း(ခ) အောင်မင်း မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၉,၇၅၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၉၅ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် အောင်ဇော်မင်း(ခ)အောင်မင်း(၃၁)နှစ်အား တပ်ကုန်းမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။


#သတင်းဟင်းလေးအိုးကြီး

image
25 w - Translate

"အမေရိကန်သမ္မတရွေးကောက်ပွဲ- တိုက်ရိုက်ရလဒ်များ"

နိုဝင်ဘာ ၅ ရက်နေ့တွင် အမေရိကန်သည် ၎င်း၏နောက်ထပ် သမ္မတနှင့်အောက်လွှတ်တော်နှင့် အထက်လွှတ်တော်၏ သုံးပုံတစ်ပုံကို ရွေးချယ်မည်ဖြစ်သည်။ ဤနေရာမှတိုက်ရိုက်ရလဒ်များနှင့် ခွဲခြမ်းစိတ်ဖြာမှုများကို ထုတ်ပြန်ပေးသွားမည်ဖြစ်သည်။

မဲရုံပိတ်ချိန်များ ပုံပါအတိုင်းဖြစ်သည်။

image