Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
အကုန်ကျသက်သာပီး စားလို့ကောင်းတဲ့ခုရာသီစာ ခဝဲသီးကြာဇံချက်နဲ့ ငံပြာရည်အစပ်ချက်နည်းလေးပြောပြမယ်နော်
ခဝဲသီးကြာဇံချက် -
ခဝဲသီးကိုအခွံခွာပီးအနေတော်တုံးထားပါ
ပဲကြာဇံရေစိမ်ထားပါ
ကြက်သွန်ဖြူကိုထောင်းပီးနနွင်းမှုန့်နည်းလေးနဲ့
ဆီသပ်ပီးကြက်သွန်ဖြူမွှေးလာပီဆို လှီးထားတဲ့
ခဝဲသီးကြာဇံထည့်ပါ
အရောင်တင်မှုန့်ထမင်းစားဇွန်းတစ်ဇွန်းထည့်ပါ
ရေထည့်ပီးကြာဇံနဲ့ခဝဲသီးအီလာပီဆိုရပါပီနော်
ငံပြာရည်အစပ်ချက်-
ဆီထမင်းစားဇွန်း ငါးဇွန်းထည့်ပါ
ကြက်သွန်နီကို နီလာတဲ့အထိဆီသပ် ပီးရင်
ပုဇွန်ခြောက်နဲ့ကြက်သွန်ဖြူရောပီး ထောင်းထားတာ
ထည့်ပါ အရောင်တင်မှုန့်ထမင်းစားဇွန်း နှစ်ဇွန်းထည့်ပါ
ရေထည့်ပါ ငံပြာရည် ထမင်းစားဇွန်း ခြောက်ဇွန်းထည့်ပါ
ငရုတ်သီးကြမ်းမှုန့်ထည့်ပီး ဆူလာပီဆို ငံပြာရည်အစပ်ချက်လေးရပါပီရှင့်
#crd
တနင်္လာ နဲ့ စနေ ဆိုရင်
နေ့နမ်ထဲမှာမှ အကောင်ကြီးနှစ်ကောင်ဖြစ်တာကြောင့်အားပြိုင်မူများပါတယ် ။အဓိကကတော့ ရန်ဖြစ်ရင်သူမလျော့ချင်ကိုယ်မလျော့ချင်ပုံစံမျိုးပါ။ရန်ဖက်လဲမဟုတ်သလို မိတ်ဖက်လဲမဟုတ်ပါ။တယောက်ကအမြဲအလျော့ပေးရင်ပြေနိုင်ပါတယ်။
စနေ နဲ့ ကြာသာပတေး ဆိုရင်
စနေက ယောကျာ်းလေးဖြစ်ပြီး ကြာသာပတေးက မိန်းခလေးဆိုအဆင်မပြေပါ။ကြွက်က နဂါးရဲ့ အစာပါ အမျိုခံရတတ်ပါတယ်🥲။အနိုင်ခံရတာကိုဆိုလိုတာပါ။မိန်းခလေးက စနေဆိုရင် ပြသနာမရှိပါ။မိတ်ဖက်သဘောဖြစ်ပါတယ်။
တနင်္လာ နဲ့ ဗုဒ္ဓဟူး ဆိုရင်
ကျားနဲ့ ဆင် ဖြစ်တာကြောင့်အားကြီးတဲ့နေ့နမ်နှစ်ခုဖြစ်တယ်။ရန်ဖက်မဟုတ်သော်လဲ အကျိုးပြုတဲ့အိမ်ထောင်ဖက်နေ့နမ်နှစ်ခုတော့မဟုတ်ပါ။
ရာဟုနဲ့ ဗုဒ္ဓဟူး ဆိုရင်
ရာဟုနဲ့ဗုဒ္ဓဟူးကို လောကီပညာမှာ ဂဏန်းတူ သတ်မှတ်တဲ့တချို့နေရာတွေရှိပေမဲ့အိမ်ထောင်ဖက် မှာတော့လုံးဝမတည့်တဲ့ရန်ဖက်နေ့နမ်တွေဖြစ်ပါတယ်။(ဝေရီ )အတွဲဖြစ်တာကြောင့် ရန်ဖက် နေ့နမ်တွေပါ။
#lunatarot
တနင်္လာ နဲ့ စနေ ဆိုရင်
နေ့နမ်ထဲမှာမှ အကောင်ကြီးနှစ်ကောင်ဖြစ်တာကြောင့်အားပြိုင်မူများပါတယ် ။အဓိကကတော့ ရန်ဖြစ်ရင်သူမလျော့ချင်ကိုယ်မလျော့ချင်ပုံစံမျိုးပါ။ရန်ဖက်လဲမဟုတ်သလို မိတ်ဖက်လဲမဟုတ်ပါ။တယောက်ကအမြဲအလျော့ပေးရင်ပြေနိုင်ပါတယ်။
စနေ နဲ့ ကြာသာပတေး ဆိုရင်
စနေက ယောကျာ်းလေးဖြစ်ပြီး ကြာသာပတေးက မိန်းခလေးဆိုအဆင်မပြေပါ။ကြွက်က နဂါးရဲ့ အစာပါ အမျိုခံရတတ်ပါတယ်🥲။အနိုင်ခံရတာကိုဆိုလိုတာပါ။မိန်းခလေးက စနေဆိုရင် ပြသနာမရှိပါ။မိတ်ဖက်သဘောဖြစ်ပါတယ်။
တနင်္လာ နဲ့ ဗုဒ္ဓဟူး ဆိုရင်
ကျားနဲ့ ဆင် ဖြစ်တာကြောင့်အားကြီးတဲ့နေ့နမ်နှစ်ခုဖြစ်တယ်။ရန်ဖက်မဟုတ်သော်လဲ အကျိုးပြုတဲ့အိမ်ထောင်ဖက်နေ့နမ်နှစ်ခုတော့မဟုတ်ပါ။
ရာဟုနဲ့ ဗုဒ္ဓဟူး ဆိုရင်
ရာဟုနဲ့ဗုဒ္ဓဟူးကို လောကီပညာမှာ ဂဏန်းတူ သတ်မှတ်တဲ့တချို့နေရာတွေရှိပေမဲ့အိမ်ထောင်ဖက် မှာတော့လုံးဝမတည့်တဲ့ရန်ဖက်နေ့နမ်တွေဖြစ်ပါတယ်။(ဝေရီ )အတွဲဖြစ်တာကြောင့် ရန်ဖက် နေ့နမ်တွေပါ။
#lunatarot
Bad Genius ဇာတ်ကားထဲက နာမည်ကျော် ထိုင်းမင်းသမီးနဲ့ တွေ့ဆုံခွင့်ရခဲ့တဲ့ သရုပ်ဆောင် ခါရာ 🥰
သူအရမ်းသဘောကျတဲ့ မင်းသမီးလေးတစ်လက်ပါ။ နာမည်ကျော် ထိုင်းဇာတ်ကားဖြစ်တဲ့ Bad Genius ဇာတ်ကားက မြန်မာပရိသတ်တွေကြားမှာလည်း ရေပန်းစားကျော်ကြားခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။ အဆိုပါ ဇာတ်ကားထဲက မင်းသမီးဟာ ထိုင်းနိုင်ငံမှာ ပထမဦးဆုံး Emmy Award ဆုကိုရရှိခဲ့တာဖြစ်တယ်လို့လည်း ခါရာကပြောပြထားပါသေးတယ်။ သူသဘောကျတဲ့ အဆိုပါထိုင်းမင်းသမီးလေးနဲ့ ဇာတ်ကားတစ်ကားလောက် ရိုက်ချင်မိကြောင်း သူ့စိတ်ကူးလေးကိုလည်း ပြောပြလာပါသေးတယ်။
#celenews
အဲရစ်ဆန်ရဲ့နှလုံးအခြေအနေကို အလွန်သတိထားနေရ
ဖေဖော်ဝါရီ ၁၈
ယူနိုက်တက်အသင်းနည်းပြ အာမိုရင်က အသင်းဟာ ကွင်းလယ်လူ အဲရစ်ဆန်ရဲ့ နှလုံးအခြေအနေနဲ့ ပတ်သက်ပြီး အလွန်သတိထား နေရတယ်လို့ ပြောပါတယ်။
အာမိုရင်က “အဲရစ်ဆန်မှာ နှလုံးအခြေအနေရှိလို့ ဒါကို ကျနော်တို့ အလွန်သတိထားနေရပါတယ်။ အခုကတော့ နှလုံးနဲ့ပတ်သက်တဲ့ ကိစ္စမရှိပါဘူး။ အခုအချိန်မှာ သူဟာအဖျားရောဂါရှိနေလို့ သူ့ရဲ့နှလုံးခုန်နှုန်းကို ထိန်းရမယ်”လို့ ပြောခဲ့တာပါ။
ဒိန်းမတ်ကွင်းလယ်လူ အဲရစ်ဆန်ဟာ ယူနိုက်တက်အသင်းက စပါးအသင်းကို ၁ ဂိုး-ဂိုး မရှိနဲ့အရေးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဖျားနာနေတာကြောင့် မပါဝင်နိုင်ခဲ့ပါဘူး။
အဲရစ်ဆန် မပါဝင်နိုင်တာနဲ့အတူ အရန်အင်အားနည်းနေတဲ့ ယူနိုက်တက်အသင်းဟာ စပါးအသင်းနဲ့ပွဲစဉ်မှာ လူငယ်ကစားသမား ၈ ဦးကို အရန်ကစားသမားအဖြစ် ခေါ်ဆောင်လာခဲ့ရတာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းနည်းပြ အာမိုရင်က အဲရစ်ဆန်ရဲ့ ကျန်းမာရေး အခြေအနေကို စွန့်စွားသွားမှာ မဟုတ်ဘူးလို့ ပွဲအပြီးမှာ ပြောခဲ့တာပါ။
အဲရစ်ဆန်ဟာ ၂၀၂၁ ခုနှစ်က ကစားခဲ့တဲ့ ဖင်လန်အသင်းနဲ့ ယူရို ၂၀၂၀ ပြိုင်ပွဲမှာ ကွင်းထဲလဲကျခဲ့ပြီးနောက် နှလုံးထဲမှာ စက်ကိရိယာ တပ်ဆင်ပြီး ကစားနေရတာဖြစ်ပါတယ်။
အဲရစ်ဆန်ဟာ ဘရန်ဖို့ဒ်အသင်းနဲ့အတူ ပရီးမီးယားလိဂ်ပြိုင်ပွဲထံ ပြန်လာပြီး ခြေစွမ်းပြသနိုင်ခဲ့တာကြောင့် ယူနိုက်တက်အသင်းက သူ့ကို ၂၀၂၂ ခုနှစ်နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့တာပါ။
အဲရစ်ဆန်ဟာ ယူနိုက်တက်အသင်းနဲ့ စာချုပ်ကုန်ဆုံးမယ့် ဒီရာသီအကုန်မှာ ထွက်ခွာရဖို့ရှိနေပါတယ်။
ဒီရာသီမှာ ယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံ ၂၁ ပွဲ ပါဝင်ကစားထားပြီး ၄ ဂိုး သွင်းယူထားတဲ့ အဲရစ်ဆန်ဟာ ကျန်းမာရေး အခြေအနေကောင်းမွန်ရင် အဲဗာတန်အသင်းနဲ့ ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ အသင်းအတွက် ပြန်လည်ပါဝင်နိုင်မှာဖြစ်ပါတယ်။
Source: Goal
ပုံ - အဲရစ်ဆန်ကို တွေ့ရစဉ်
#ဘောလုံးသတင်းစုံ
ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ
ဖေဖော်ဝါရီ ၁၈
#ရွှေဈေး
-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၉၀၃ ဒေါ်လာ
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း
- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၅၄၉၀၀၀၀ ကျပ်
ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၆၆၂၀၀၀၀ ကျပ်
ဝယ်ဈေး ၆၅၈၀၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၆၄၂၀၀၀၀ ကျပ်
ဝယ်ဈေး ၆၃၈၀၀၀၀ ကျပ်
“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”
(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)
#နိုင်ငံခြားငွေလဲလှယ်နှုန်း
-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၅၉၃ ကျပ်
ပြင်ပပေါက်စျေး
-အမေရိကန်ဒေါ်လာ
ရောင်းဈေး - ၄၄၈၀ ကျပ်
ဝယ်ဈေး - ၄၄၂၀ ကျပ်
-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၃၆၀ ကျပ်
ဝယ်ဈေး - ၃၂၉၀ ကျပ်
-ယူရို
ရောင်းဈေး - ၄၆၈၀ ကျပ်
ဝယ်ဈေး - ၄၅၆၀ ကျပ်
-ထိုင်းဘတ်
ရောင်းဈေး - ၁၃၂.၄၅ ကျပ်
ဝယ်ဈေး - ၁၂၉.၀၃ ကျပ်
-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၁၅ ကျပ်
ဝယ်ဈေး - ၁၀၀၀ ကျပ်
-တရုတ်ယွမ်
ရောင်းဈေး - ၆၁၅ ကျပ်
ဝယ်ဈေး - ၅၉၉ ကျပ်
-ဂျပန်ယန်း
ရောင်းဈေး - ၂၉.၄၄ ကျပ်
ဝယ်ဈေး - ၂၈.၆၈ ကျပ်
-အိန္ဒိယရူပီး
ရောင်းဈေး - ၅၁.၄၁ ကျပ်
ဝယ်ဈေး - ၅၀.၀၉ ကျပ်
-ကိုရီးယားဝမ်
ရောင်းဈေး - ၃.၁၀ ကျပ်
ဝယ်ဈေး - ၃.၀၂ ကျပ်
-စတာလင်ပေါင်
ရောင်းဈေး - ၅၆၃၀ ကျပ်
ဝယ်ဈေး - ၅၄၉၀ ကျပ်
-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၈၃၀ ကျပ်
ဝယ်ဈေး - ၂၇၆၀ ကျပ်
-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၁၄၅ ကျပ်
ဝယ်ဈေး - ၃၀၆၅ ကျပ်
-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၇၅ ကျပ်
ဝယ်ဈေး - ၅၆၀ ကျပ်
-ယူအေအီး
ရောင်းဈေး - ၁၂၁၇ ကျပ်
ဝယ်ဈေး - ၁၁၈၅ ကျပ်
ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။
#သတင်းဟင်းလေးအိုးကြီး