တနင်္လာ နဲ့ စနေ ဆိုရင်
နေ့နမ်ထဲမှာမှ အကောင်ကြီးနှစ်ကောင်ဖြစ်တာကြောင့်အားပြိုင်မူများပါတယ် ။အဓိကကတော့ ရန်ဖြစ်ရင်သူမလျော့ချင်ကိုယ်မလျော့ချင်ပုံစံမျိုးပါ။ရန်ဖက်လဲမဟုတ်သလို မိတ်ဖက်လဲမဟုတ်ပါ။တယောက်ကအမြဲအလျော့ပေးရင်ပြေနိုင်ပါတယ်။
စနေ နဲ့ ကြာသာပတေး ဆိုရင်
စနေက ယောကျာ်းလေးဖြစ်ပြီး ကြာသာပတေးက မိန်းခလေးဆိုအဆင်မပြေပါ။ကြွက်က နဂါးရဲ့ အစာပါ အမျိုခံရတတ်ပါတယ်🥲။အနိုင်ခံရတာကိုဆိုလိုတာပါ။မိန်းခလေးက စနေဆိုရင် ပြသနာမရှိပါ။မိတ်ဖက်သဘောဖြစ်ပါတယ်။
တနင်္လာ နဲ့ ဗုဒ္ဓဟူး ဆိုရင်
ကျားနဲ့ ဆင် ဖြစ်တာကြောင့်အားကြီးတဲ့နေ့နမ်နှစ်ခုဖြစ်တယ်။ရန်ဖက်မဟုတ်သော်လဲ အကျိုးပြုတဲ့အိမ်ထောင်ဖက်နေ့နမ်နှစ်ခုတော့မဟုတ်ပါ။
ရာဟုနဲ့ ဗုဒ္ဓဟူး ဆိုရင်
ရာဟုနဲ့ဗုဒ္ဓဟူးကို လောကီပညာမှာ ဂဏန်းတူ သတ်မှတ်တဲ့တချို့နေရာတွေရှိပေမဲ့အိမ်ထောင်ဖက် မှာတော့လုံးဝမတည့်တဲ့ရန်ဖက်နေ့နမ်တွေဖြစ်ပါတယ်။(ဝေရီ )အတွဲဖြစ်တာကြောင့် ရန်ဖက် နေ့နမ်တွေပါ။
#lunatarot