18 w - Translate

#tattooideas

image
18 w - Translate

#tattooideas

image
18 w - Translate

#tattooideas

imageimage
+4
18 w - Translate

ရန်ကုန်မှာ အင်အားအသင့်အတင့်ရှိ ငလျင်လှုပ်၊ နောက်ဆက်တွဲ ငလျင်တွေ ထပ်လာဦးမှာလား
၂၀၂၅ ခုနှစ်၊ မတ်လ (၃) ရက်နေ့၊ မြန်မာစံတော်ချိန် (၁၀)နာရီ၊ (၀၃)မိနစ်၊ (၁၃)စက္ကန့် အချိန် တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ မြောက်-အနောက်မြောက်ဘက် (၂၇)မိုင်ခန့် ကွာဝေးသော မြန်မာ နိုင်ငံပြည်တွင်း (တိုက်ကြီးမြို့၏ အရှေ့တောင်ဘက် (၇) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၁၇.၂၅) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၀၆)ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာ စကေး (၄.၅) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာ ရရှိခဲ့တယ်လို့ မိုးဇလ ဌာနက သတင်း ထုတ်ပြန်ထားပါတယ်။
နောက်ဆက်တွဲ ငလျင်တွေ လာနိုင်တာကြောင့် ရန်ကုန်နေ ပြည်သူများ အထူးဂရုပြုကြပါလို့ တိုက်တွန်းလိုက်ရပါတယ်။
#ရန်ကုန်

image

"ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ Tee Yod "
....
Death Whisperer (တစ်ဖြစ်လဲ) Tee Yod လို့
လူသိများကြတဲ့ ထိုင်းဟော်ရာရုပ်ရှင်ဟာ
ရုပ်ရှင်မဖြစ်လာခင် လွန်ခဲ့သော 2015 ခုနှစ်က
Pantip com ကနေ နာမည်ကြီးလာတဲ့ ဇာတ်လမ်း
တစ်ပုဒ်ပါ
အဲ့ဒီအချိန်တုန်းကစ တရွေ့ရွေ့နဲ့ နာမည်
အတော်ကြီးလာခဲ့ပြီး Tee Yod ဟာ
စာအုပ်စာပေကဏ္ဌမှာတင်မကပဲ
ရေဒီယိုအစီအစဉ်တွေမှာပါ ထုတ်လွှင့်ခံရတဲ့
ပရလောကဇာတ်လမ်းတစ်ပုဒ်ဖြစ်ခဲ့ပါတယ်
Tee Yod ကို ရေးသားခဲ့တဲ့ စာရေးသူ Krittanon က
ဒီဇာတ်လမ်းဟာ သူအသက် 15 နှစ်အရွယ်က
ထိုင်းနိုင်ငံအလယ်ပိုင်း ပြည်နယ်တစ်ခုမှာ
သူ့မိသားစုနဲ့ကိုယ်တိုင်ကြုံခဲ့ရတဲ့
အဖြစ်အပျက်တစ်ခုဖြစ်ကြောင်းပြောထားတဲ့အတွက်
Screenplay အတွက် ပြင်ဆင်ချက်တချို့ကိုသာ
ဖယ်လိုက်ရင် Tee Yod ဟာ ဖြစ်ရပ်မှန်ပါပဲ
Tee Yod ဆိုတဲ့ အဓိပ္ပါယ်ကို မြန်မာပြန်လိုက်ရင်
အနက်ရောင်ဝတ်အမျိုးသမီးပါ ၊ အယူအဆတချို့
ကြောင့် ထိုင်းတွေကြားမှာတောင် မတူညီတဲ့
ထင်မြင်ချက်တွေတချို့ရှိပါတယ်
အဲ့အချက်က
" Tee Yod ဆိုတဲ့ နာမည်ဟာ ရှေးဟောင်းမွန်လူမျိုး
တွေရဲ့ စကားလုံးအသုံးအနှုန်းတစ်ခု
ဖြစ်တယ်ဆိုတာကိုပါ "
ဒီအယူအဆကို လက်ခံကြတဲ့လူရှိသလို
လက်မခံပျက်ရယ်ပြုကြသူ ထော်ကိုင်းတွေလည်း
ရှိပါတယ် ၊ (သူတို့ဘာသာအမြင်မတူနေကြတာပါ
ကိုယ်တွေဆီက ဘယ်သူမှသွားငြင်းမနေဘူးရော)
လက်ရှိမှာတော့ Tee Yod ဟာ Death Whisperer
လို့ လူသိနည်းပြီး Tee Yod လို့ သိသူများကြသလို
ကနဦး နှစ်ကားထွက်ထားပါပြီ
ထိုင်းရဲ့ ရုပ်ရှင်အဆင့်အတန်းတစ်ခုကိုပြန်လည်
ခေါ်ဆောင်နေတဲ့ ဇာတ်လမ်းဖြစ်လို့ သူတို့တစ်နိုင်ငံလုံး
သဲသဲလှုပ်ပါပဲ
ကြည့်ကြည့်တာလည်း တကယ်မဆိုးလှတဲ့
ရုပ်ရှင်ဖြစ်လို့ ကြိုက်ပါတယ်
Tee Yod 1 တုန်းက Plot တွေက ပိုလေးနက်
သလိုခံစားရတယ် ၊ ဇာတ်လမ်းဇာတ်ကွက်
အပိုအလိုသိပ်မရှိဘူးလို့ထင်တယ်
2 မှာကျ ရိုးရာအယူအဆတွေ ဖောဖောသီသီထည့်
သုံးလာတယ် ၊ တအားလိုက်ရှင်းပြတာတွေ
ပိုလာတာတွေရှိလာတယ် ဒါပေမဲ့ ကြည့်ရတာ
ပေါကားတော့မဖြစ်သွားလို့ အချိန်ကုန်ရကျိုးတော့
နပ်ပါတယ်
အာရှဒေသတွင်းဟော်ရာငတ်နေသူတွေအတွက်က
အင်ဒိုနီးရှားရုပ်ရှင်တွေ တစ်ခန်းအရပ်မှာ Tee Yod
ဘက်လှည့်ကြည့်ပေါ့ဗျာ

image
18 w - Translate

အထက်တန်းစားမိန်းမဆိုတာ…
***************************
အထက်တန်းစားမိန်းမ ဖြစ်ချင်ရင် အခုလိုအိမ်အလုပ်တွေ လုပ်တတ်လို့ မိန်းမပီသလှပြီရယ်လို့ အထက်တန်းစား ဖြစ်မယ်မထင်နဲ့။
မိန်းမဆိုတာ ကြောက်သင့်မှ ကြောက်ရမယ် ၊ ရှက်သင့်မှ ရှက်ရမယ် ။
တကယ့်မိန်းမ ဖြစ်ချင်ရင် မိန်းမအမူအယာနဲ့ ယောကျာ်းစိတ် ရှိရမယ် ။နားလည်ရဲ့လား။ယောကျ်ားအမူအရာနဲ့လည်း မိန်းမစိတ် ရှိရမယ်။
အဲ့လိုမှ မရှိရင် အဲဒီမိန်းမဟာ သေရောပဲ၊
အရှင်လတ်လတ်နဲ့ အသုံးမ၀င်ပဲ သေတာကို ပြောတာ ။
ဘာအဖိုးတန်သလဲ၊
မိန်းမကလဲ ဖြစ်ရပြန်၊ကိုယ့်ကိုယ်ကိုယ်လဲ နောက်ပြန်ဆွဲနေပြန်ပြီဆိုရင် ခပ်လည်လည် ခပ်ပွေပွေယောကျာ်းမျိုးရရင် ဒူးနဲ့မျက်ရည် သုတ်နေရပြီပဲ ။
ဂျာနယ်ကျော်မမလေး
( သူလိုမိန်းမ )

image

အော်စကာ အကောင်းဆုံးအထူးပြုလုပ်ချက်ဆုကို Dune: Part Two ရုပ်ရှင်က ဆွတ်ခူးရရှိသွားခဲ့ပါတယ်။
ဒါဟာ Dune: Part Two အတွက် ဒုတိယဆုဖြစ်ပါတယ်။
Congratulations, Dune: Part Two!
#cinemaboulevard #oscars #oscars2025 #duneparttwo
#crd

image

" Patrick Bateman သီအိုရီ"
American Psycho နဲ့ ပတ်သက်ပြီး တစ်ရက်က
ပုံတစ်ပုံတက်လာတာမြင်တော့ Patrick Bateman
ဆိုတဲ့ Investment Banker ဇာတ်ကောင်အကြောင်း
ပြန်တွေးမိတယ်
လူအများကြားမှာ ကူးလူးသွားနေရပေမဲ့
သူ့ကိုယ်တွင်းစိတ်ထဲမှာ တစ်ယောက်တည်း
ပိတ်မိနေတဲ့သူ ၊
ငွေကြေးမဆင်းရဲသော်ငြား စိတ်ပိုင်းဆိုင်ရာအားဖြင့်
သူ့မှာ ဒုက္ခတွေအပုံအပင်နဲ့ရှိနေသူတစ်ယောက်
အကြောင်းပေါ့လေ
ကွင်းဆက်လူ *တ်ကောင် ဇာတ်ရုပ်အများစုဟာ
သနားစရာငယ်ဘဝကိုအခြေပြုထားတာများပေမဲ့
Patrick Bateman ကတော့ ထူးခြားတယ်
ဘာမှလိုလေသေးမရှိနေရသူဖြစ်ပေမဲ့
စိတ်ပိုင်းဆိုင်ရာအားဖြင့် အမှောင်ဘက်မှာ
လူတွေကို ညှင်းပန်းရတာကို သဘောတွေ့နေတယ်
အဲ့အတွက် သူ့ကိုယ်သူအမှန်အမှားမခွဲနိုင်တဲ့စိတ်နဲ့
ရောထွေးနေရတယ် ၊ လက်တွေ့မှာလည်း
မနေနိုင်နေတဲ့စိတ်နဲ့ လူကုံထံနယ်ပယ်က
ဘဝတစ်ခုကို ပိုင်ဆိုင်ထားတဲ့ Psycho တစ်ယောက်ကို
မြင်ရတော့ အပေါ်ဆုံးကပြောခဲ့တဲ့ ခေါင်းစီးကိုပဲ
ကျွန်တော်တွေးတွေးမိနေရော ...
အဲ့မှာ စိတ်ကသိချင်စိတ်ဖြစ်လာတော့
လေ့လာဖတ်မှတ်ကြည့်တဲ့အခါ Patrick Bateman
ဟာ Narcissist Personality Disorder လို့ခေါ်တဲ့
NPD တစ်ယောက်လို့ဆိုတယ်ဗျာ ၊ ကိုယ်ရည်သွေး
စိတ်ကြီးဝင်နေတဲ့ စိတ္တဇဝေဒနာရှင်ပေါ့
ကိုယ်အားဖြင့်မဆင်းရဲနေပေမဲ့ စိတ်အားဖြင့်
ချို့ယွင်းနေသူပေါ့ ဒါပေမဲ့ ယဉ်ယဉ်လေးပဲ
ပြင်ပမှာ အများနဲ့ဘာမှမထူးခြား အများလို
သူသူငါငါ ပဲ
ပြန်ဆက်ရရင်တော့
အထက်ကပြောခဲ့သလိုပဲ စိတ္တဇလူ*တ်ကောင်
ဇာတ်ရုပ်အများစုဟာ မိသားစုပြဿနာကြောင့်
တစ်ဆစ်ချိုးပြောင်းလဲလာရတဲ့ အချိုးခံပန်းတွေပဲ
ဒါပေမဲ့ Patrick ကတော့ ခေတ်စနစ်နဲ့ ပတ်ဝန်းကျင်
ကြောင့် ထိခိုက်ပြောင်းလဲလာခဲ့သူတစ်ယောက်
ဖြစ်တယ်လို့ဆိုရမယ်ထင်ပါတယ်
သီအိုရီတချို့ရှိပါတယ် Patrick တစ်ယောက်
သူ*တ်ခဲ့တဲ့ လူတွေဟာ သူ့အတွေးထဲမှာပဲ
*တ်မိခဲ့တာလို့ ရေးသားကြတာမျိုးရှိပါတယ်
တချို့အမြင်တွေကျတော့လည်း Patrick ဟာ
သူတကယ်လုပ်မိခဲ့တာတွေရဲ့ အပြစ်တွေကိုပြန်မြင်ပြီး
သူခဏခဏဆွဲတတ်တဲ့ ပုံတွေမှာဖော်ပြတာနဲ့
စိတ်ရောထွေးတာတွေဖြစ်တာလို့ဆိုကြပြန်ရော
Open Ending ကြောင့်အမျိုးမျိုးတွေးလို့လည်း
ရနေပြန်ပါတယ်
ဒါပေမဲ့ Patrick Bateman တစ်ယောက်
အေးချမ်းခြင်းမရပါ ဆိုတဲ့ သီအိုရီကတော့
အမှန်ပါပဲ။

image
18 w - Translate

"လိပ်ပြာလုံတယ်"
--------------------------
*ဘယ်သူ့ကိုမှ ဒုက္ခမပေးဘူး ဆိုတဲ့စိတ်နဲ့
အရိုးသားဆုံး နေထိုင်ပါတယ်။
ဒါကြောင့် ကိုယ့်ကိုကိုယ် လိပ်ပြာလုံတယ်။
*အမြင့်ရောက်ဖို့အတွက်
ဘယ်သူ့ကိုမှ ချမနင်းခဲ့သလို
တစ်ပါးသူရဲ့ နာကျင်မှု့နဲ့လည်း
ကိုယ့်ပျော်ရွှင်မှု့ကို မဖန်တီးခဲ့ဖူးဘူး။
ကိုယ်စားမယ့် ထမင်းလုတ်ထဲမှာ
သူတစ်ပါးမျက်ရည်စက်တွေ မပါဘူးဆိုရင်
ကိုယ်ဟာ လူပီသတယ် မဟုတ်လား။
*မလာချင်တဲ့သူတွေကို
ဘဝထဲ အတင်း မခေါ်ခဲ့သလို
မနေချင်တဲ့ သူတွေကိုလည်း
မသွားပါနဲ့လို့ တစ်ကူးတက ဆွဲမထားဘူး။
တကယ်တော့ တစ်ယောက်ထဲနေလို့
အထီးကျန်တယ်ဆိုတာထက်
နှစ်ယောက်ရှိပြီး အဆင်မပြေဖြစ်နေတာက
ပို နာ ကျင် ရ တယ် မ ဟုတ် လား။
*အလိမ်အညာတွေ ခံရဖူးတယ်။
အ သုံး ချ ခံ ခဲ့ ရ ဘူး တယ်။
အထင် အမြင်တွေ လွဲတာခံရဖူးတယ်။
စေတနာတွေ စော်ကားခံရဖူးတယ်။
*မခံမရပ်နိုင်လို့
တစ်ခါတလေ ပေါက်ကွဲတဲ့ အခါကျ
မခံစားဖူးတဲ့ လူတစ်ချို့က ပြောတယ်။
"ဘာမဟုတ်တာလေးနဲ့" တဲ့။
* ဟုတ်ပါတယ်
ဘာမဟုတ်တာလေးတွေပါပဲ။
* ဘာမဟုတ်တာလေးတွေ
တကယ်ဟုတ်လာတဲ့အခါ
တစ်ခါတလေ ကိုယ်ကမ္ဘာပျက်ခဲ့ရတယ်။
တစ်ခါတလေ ဝေဒနာတွေ ဖြစ်ခဲ့ရတယ်။
* အတွေ့အကြုံ့က သင်ပေးခဲ့တဲ့
သင်ခန်းစာတွေကြောင့် ကိုယ်နားလည်ခဲ့ပါပြီ။
*အပြုံးလှလှလေးတွေကိုလည်း
မ တပ် မ က် တော့ သ လို
စကားချိုချိုလေးတွေကို
ရမ်းမယုံတတ်တော့ဘူး။
မျက်နှာချင်းဆိုင်က
အန္တာရာယ်တွေထက်
နောက်ကျောက ဓားတွေကို
ပိုသတိထားတယ်။
*အရင်လိုလဲ သိပ်အားမနာတတ်တော့ဘူး။
မလုပ်နိုင်တာကို တာဝန်မယူတော့ဘူး။
မကြိုက်ရင် မကြိုက်ဘူး။
မပေးနိုင်ရင် မပေးနိုင်ဘူး။
မကူညီနိုင်ရင် မကူညီနိုင်ဘူးပဲ။
ဟန်ဆောင်ပြီး ပြုံးရမယ်ဆိုရင်
ကိုယ့်ကိုကိုယ်တောင် မုန်းတယ်။
*ကိုယ်ဖြစ်ရင် ဘယ်သူခံရမှာလဲ။
ကိုယ်ဖြစ်ရင် ကိုယ်ဘဲခံရမှတော့
ဘယ်သူဘာပြောပြော
ကိုယ်ကြိုက်တာပဲ ကိုယ်လုပ်မယ်။
အ ရေး ကြီး တာ က
ကိုယ်ကျင့်တရား မပျက်ဖို့ပဲမဟုတ်လား။
#စာပေ

image

Keanu Reeves ဟာ အဲ့အချိန်က သရုပ်ဆောင်ဘဝကိုပဲအာရုံစိုက်နေတာမလို့ငြင်းပယ်ခဲ့ပါတယ် ။

image