ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
တောင်ဝိုင်း တောင်တက် လမ်းလျှောက်ရာသီကို ဒီဇင်ဘာလ (၁)ရက်တွင် စတင်မည်
ဘုရားဖူးရင်း တိမ်ပင်လယ်ကြည့်နိုင်မည့် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ တောင်ဝိုင်း တောင်တက် လမ်းလျှောက်ရာသီကို ဒီဇင်ဘာလ (၁)ရက်တွင် စတင်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ တောင်ဝိုင်းတောင်မှ တောင်တက်လမ်းလျှောက်ရာသီအဖြစ် ဒီဇင်ဘာလမှ စတင်ထားကာ သုံးလ သတ်မှတ်ထားကြောင်း သိရသည်။
ကျန်းမာရေးအတွက် တောင်တက်လမ်းလျှောက်ခြင်းနှင့် ဘုရားဖူးဧည့်သည်တော်များ လာရောက်လည်ပတ်နိုင်ရေးအတွက် ဒီဇင်ဘာလမှ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလအထိ တောင်တက်ရာသီအဖြစ် သတ်မှတ်ထားသည်။
ယင်းတောင်ဝိုင်းတောင်သို့ အစိုးရရုံးပိတ်ရက်များတွင် တစ်နေ့လျှင် တောင်တက်သူဦးရေ (၅၀၀) ခန့်ရှိကြောင်း၊ တောင်ဝိုင်းတောင်ပေါ်သို့တက်ရန် မြေပြန့်မှလမ်းလျှောက်ပြီး တောင်ပေါ်အတက်အကွေ့အနားရှိ စစ်ဆေးရေးဂိတ်တွင် တောင်တက်ချိန်ကို နေ့စဉ်နံနက် (၆) နာရီမှ ညနေ (၆) နာရီအထိ ကန့်သတ်ထားကြောင်း၊ တောင်တက်လမ်းအဝင်တွင်လည်း ကား၊ ဆိုင်ကယ်များ အခမဲ့အပ်နှံနိုင်ရန် ဆောင်ရွက်ပေးထားကြောင်း သိရသည်။
အဆိုပါ တောင်ဝိုင်း တောင်တက် လမ်းလျှောက်ရာသီကို ၂၀၂၂ ခုနှစ်တွင် စတင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရုရှားမှာ အစွမ်းထက်ဒုံးကျည်သစ်တွေ ရှိနေပြီး အသုံးပြုဖို့ အသင့်ဖြစ်နေပြီလို့ ပူတင်သတိပေး
နိုဝင်ဘာ ၂၃
ရုရှားမှာ အစွမ်းထက် ဒုံးကျည်သစ်တွေ သိုလှောင်ထားပြီး အသုံးပြုဖို့ အသင့်ဖြစ်နေပြီလို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က သတိပေး ပြောဆိုလိုက်ပါတယ်။
ယူကရိန်းနိုင်ငံ ဒီနီပရိုမြို့ကို ဒုံးကျည်အမျိုးအစားသစ်နဲ့ တိုက်ခိုက်ပြီးနောက် နောက်တရက်အကြာမှာ အခုလိုပြောဆိုလိုက်တာဖြစ်ပြီး အသုံးပြုခဲ့တဲ့ ဒုံးကျည်ဟာ ကြားဖြတ်ဟန့်တားလို့မရနိုင်ကြောင်းနဲ့ တိုက်ပွဲအခြေအနေအပါအဝင် နောက်ထပ်စမ်းသပ်မှုတွေ ဆက်လုပ်မယ်လို့သူက ပြောပါတယ်။
Oreshnik ဟိုက်ပါဆွန်းနစ်အမျိုးအစား ဒုံးပျံဟာ အသံထက် ၁၀ မြန်ဆန်စွာ ပျံသန်းပစ်ခတ်နိုင်ပြီး ဒုံးကျည်တွေ အများအပြား ထုတ်လုပ်ဖို့ကိုလည်း အမိန့်ပေးထားတယ်လို့ ရုရှားသမ္မတ ပူတင်ကဆိုထားပြီး ဒါဟာ အနောက်မဟာမိတ်တွေကို တုံ့ပြန်တာလို့ ပြောပါတယ်။
အမေရိကန်နဲ့ ဗြိတိန်တို့ရဲ့ တာဝေးပစ်ဒုံးကျည်တွေနဲ့ ရုရှားနိုင်ငံထဲကို ယူကရိန်းက စတင်တိုက်ခိုက်ပြီးနောက် ရုရှားကလည်း သူ့ရဲ့ Oreshnik ဒုံးကျည်အမျိုးအစားသစ်နဲ့ ယူကရိန်းကို တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ဒီတိုက်ခိုက်တွေကြောင့် အဆင့်မြှင့်တင်ထားတဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ ထောက်ပံ့ဖို့ အနောက်အုပ်စုမဟာမိတ်တွေကို ယူကရိန်းသမ္မတ ဇီလန်စကီးက တောင်းဆိုထားပါတယ်။
တက်စ်သတင်းဌာနရဲ့ အဆိုအရ ယူကရိန်းဟာ အမေရိကန်ရဲ့ တက်ဒ် လေကြောင်းရန် ကာကွယ်ရေးစနစ် သို့မဟုတ် ပက်ထရီးယော့ ဒုံးကျည်ကာကွယ်ရေးနစ်ကို အဆင့်မြှင့်ထားတာတွေ ရရှိဖို့ ကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။
Ref:BBC
Photo:Getty Images
#သတင်းဟင်းလေးအိုးကြီး