21 ပတ် - ဘာသာပြန်ပါ။

Now I can play in peace.
ခုမှပဲ နားအေးပါးအေး ဆော့ရတော့မှာ

21 ပတ် - ဘာသာပြန်ပါ။

ကောင်းလိုက်တဲ့ ဆပ်ပြာမှုန့်
စိတ်ဝင်စားသွားပြီဟယ်

21 ပတ် - ဘာသာပြန်ပါ။

​မော်လမြိုင်တွင်သံဃာအပါး(၅၀၀၀)ဆွမ်းကပ်

​မော်လမြိုင်၊သရက်ကုန်း၊မွန်မင်းလမ်းအပန်း​ဖြေနား​နေစခန်းတွင်အလှူရှင် ဦး​သောင်းထွန်း၊​ဒေါ်နန်းရိုစ်လင်းမိသားစု၏ဒုတိယအကြိမ်ပင့်သံဃာအပါး (၅၀၀၀)ဆွမ်းကပ်လှူခြင်းအခန်းအနားကိုနိုဝင်ဘာ လ၂၃ရက်နံနက်ကကျင်းပခဲ့​ကြောင်းသိရသည်။

NOM

image

❝သာကေတ၌ဖြစ်ပွားသည့် စျေးဆိုင်ခန်းများ မီးလောင်မှုအတွင်း သုံးဦးဒဏ်ရာရ❞

နိုဝင်ဘာ ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ (၃)မာန်ပြေ ရပ်ကွက်၊ ယမုံနာလမ်းတွင် ယနေ့(နိုဝင်ဘာ ၂၃ ရက်)နံနက် ၁၀ နာရီ ၁၉ မိနစ်ခန့်က မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ရာ လူသုံးဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

အဆိုပါမီးလောင်မှုသည် ဂတ်စ်အရောင်းဆိုင်မှ ဂတ်စ်အိုးပေါက်ကွဲရာက မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်ဟု သိရပြီး မီးလောင်မှုဖြစ်ပွားရာသို့ သာကေတမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်သုံးစီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့သော်လည်း မီးများလာသဖြင့် နံနက် ၁၀ နာရီ ၂၅ မိနစ်ခန့်တွင် Level 1 ယာဉ်အုပ်စုများ ထပ်မံထွက်ခွာ ငြှိမ်းသတ်ခဲ့ရာ ၁၁ နာရီ ၂၀ မိနစ်တွင် မီးငြိမ်းသွားခဲ့သည်ဟုဆိုသည်။

ယင်းမီးလောင်မှုကြောင့် ဂတ်စ်အရောင်းဆိုင်နှင့် ဘီယာဆိုင်၊ ကော်ဇောဆိုင်တို့အပါအဝင် စုစုပေါင်းစျေးဆိုင်ခန်း လေးခန်းမီးလောင် မီးလောင်ဆုံးရှုံးခဲ့သည်ဟု သိရပြီး ဒဏ်ရာရရှိသူ သုံးဦးကို ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ပေးထားသည်ဟုသိရသည်။

#သတင်းဟင်းလေးအိုးကြီး

image
image
image
image
image
21 ပတ် - ဘာသာပြန်ပါ။

ဘွန်ဒက်လီဂါသွင်းဂိုး ၅၀ အမြန်ဆုံးပြည့်တဲ့သူအဖြစ် ဟာရီကိန်း စံချိန်တင်

နိုဝင်ဘာ ၂၃

အင်္ဂလန်အသင်းခေါင်းဆောင် ဟာရီကိန်းဟာ ဘိုင်ယန်မြူးနစ်အသင်းက အော့စ်ဘက်စ်အသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ဟက်ထရစ်သွင်းယူပြီးနောက် ဘွန်ဒက်လီဂါသွင်းဂိုး ၅၀ အမြန်ဆုံးပြည့်တဲ့သူအဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။

၂၀၂၃ ခုနှစ်နွေရာသီက စပါးအသင်းကနေ ရောက်ရှိလာခဲ့တဲ့ ဟာရီကိန်းဟာ ဘိုင်ယန်မြူးနစ်အသင်းအတွက် ဘွန်ဒက်လီဂါပွဲပေါင်း ၄၃ ပွဲကစားအပြီးမှာ သွင်းဂိုး ၅၀ ပြည့်ခဲ့တာပါ။

ဟာရီကိန်း မတိုင်ခင်က ဘွန်ဒက်လီဂါပြိုင်ပွဲမှာ သွင်းဂိုး ၅၀ အမြန်ဆုံးပြည့်တဲ့သူက ဒေါ့မွန်တိုက်စစ်မှူးဟောင်း ဟာလန်းဖြစ်ပြီး ပွဲ ၅၀ ကစားအပြီးမှာ ဒီမှတ်တမ်းကို ရရှိခဲ့တာဖြစ်ပါတယ်။

အခုအချိန်မှာတော့ ဟာရီကိန်းဟာ ဟာလန်းရဲ့စံချိန်ကို ကျော်ဖြတ်ပြီး စံချိန်သစ်တင်နိုင်ခဲ့တာပါ။

အသက် ၃၁ နှစ်အရွယ်ရှိ ဟာရီကိန်းဟာ ဒီရာသီမှာ ဘိုင်ယန်မြူးနစ်အသင်းအတွက် ပြိုင်ပွဲစုံ ၁၇ ပွဲကစားအပြီးမှာ သွင်းဂိုး ၂၀ သွင်းယူကာ ခြေစွမ်းပြသနေတာဖြစ်ပါတယ်။

ဟာရီကိန်းဟာ စပါးအသင်းကနေ ရောက်ရှိလာပြီးကတည်းက ဘိုင်ယန်မြူးနစ်အသင်းအတွက် ဂိုးအများအပြားသွင်းယူကာ စံချိန်သစ်တွေတင်နေပေမယ့် မနှစ်ကရာသီကို ဆုဖလားလက်မဲ့နဲ့ အဆုံးသတ်ခဲ့ရတာပါ။

ဘိုင်ယန်မြူးနစ်အသင်းဟာ အော့စ်ဘက်စ်အသင်းကို အနိုင်ရခဲ့တာကြောင့် ဒီရာသီ ဘွန်ဒက်လီဂါပြိုင်ပွဲမှာ အဆင့် ၂ နေရာက လိုက်ပ်ဇစ်အသင်းထက် ၁ ပွဲပိုကစားထားပြီး ရမှတ် ၈ မှတ်အသာနဲ့ အမှတ်ပေးဇယားကို ဦးဆောင်ထားပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ ကြားရက်ထဲမှာ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ပီအက်စ်ဂျီအသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။

ဘိုင်ယန်မြူးနစ်အသင်းဟာ ချန်ပီယံလိဂ်ပွဲစဉ် ၄ ပွဲကစားအပြီးမှာ ရမှတ် ၆ မှတ်နဲ့ အဆင့် ၁၇ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

Source: ESPN

ပုံ - ဟာရီကိန်းကိုတွေ့ရစဉ်

#centralnewsnaypyitaw

image
21 ပတ် - ဘာသာပြန်ပါ။

"အီးယူနှင့် တရုတ်တို့သည် EV တင်သွင်းခွန်များနှင့်ပတ်သက်၍ သဘောတူညီမှုရရှိရန် နီးစပ်နေပြီဟု ဦးဆောင်သူ ဥရောပပါလီမန် အမတ်တစ်ဦးမှ ပြောကြားခဲ့သည်။"

ဘရပ်ဆဲလ်နှင့် ပေကျင်းတို့သည် အစုအဖွဲ့ထဲသို့ တရုတ်လျှပ်စစ်ကားတင်သွင်းမှုအပေါ် အခွန်စည်းကြပ်ခြင်းအတွက် အဖြေတစ်ခု နီးစပ်နေပြီဟု ဥရောပပါလီမန်၏ ကုန်သွယ်ရေးကော်မတီ ဥက္ကဋ္ဌက ဂျာမန်ရုပ်သံသတင်းဌာနသို့ ပြောကြားခဲ့သည်။

"ကျွန်တော်တို့ သဘောတူညီချက်တစ်ခုရဖို့ နီးစပ်နေပါပြီ၊ တရုတ်က EU မှာ အီး-ကားတွေကို အနိမ့်ဆုံးစျေးနှုန်းနဲ့ ရောင်းချဖို့ ဆောင်ရွက်နိုင်ပါတယ်" ဟု Bernd Lange က N-tv သို့ အသေးစိပ်မပြောဘဲ ပြောကြားခဲ့သည်။ "ဒါက မမျှတတဲ့ ထောက်ပံ့မှုတွေကြောင့် ပြိုင်ဆိုင်မှုရဲ့ ပုံပျက်ပန်းပျက်ကို ဖယ်ရှားပေးမှာဖြစ်လို့ အခွန်စည်းကြပ်မှုကို မူလက စတင်ခဲ့တာပါ" ဟု ဆိုသည်။

image
21 ပတ် - ဘာသာပြန်ပါ။

ပါကစ္စတန်မှာ ခရီးသွားယာဉ်တန်းကို သေနတ်သမားတွေတိုက်ခိုက်လို့ ၄၀ ကျော်သေ

နိုဝင်ဘာ ၂၃

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း ဝေးလံခေါင်သီသည့်ဒေသမှာ ခရီးသွားယာဉ်တန်းတခုကို အမည်မသိသေနတ်သမားတွေက တိုက်ခိုက်မှုကြောင့် လူ ၄၀ ကျော်သေဆုံးသွားတယ်လို့ ဒေသန္တရတာဝန်ရှိသူတွေက ပြောပါတယ်။

အဲဒီယာဉ်တန်းဟာ ပါကစ္စတန်နိုင်ငံ ကာရာမျိုးနွယ်စုခရိုင်အတွင်း ဖြတ်သန်းသွားလာစဉ် တိုက်ခိုက်ခံရတာဖြစ်ပြီး သေဆုံးသူများထဲမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေ ပါဝင်ကြောင်း ဒေသဆိုင်ရာ လက်ထောက်ရဲမင်းကြီးက ပြောပါတယ်။

သေနတ်သမားတွေဟာ ယာဉ်တန်းရဲအစောင့်အကြပ်တွေကို ကနဦးပစ်မှတ်ထားတိုက်ခိုက်ခဲ့ပြီးနောက် ကျန်ခရီးသွားတွေကို တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ ယခုနှစ်အတွင်း လူဒါဇင်များစွာ သေဆုံးခဲ့တဲ့ လူမျိုးရေးအကြမ်းဖက်မှုများပြီးနောက် အဲဒီဒေသမှာ ယာဉ်တန်းများကို ရဲတပ်ဖွဲက အကာအကွယ်ပေးခဲ့ကြရပါတယ်။

လက်ရှိ တိုက်ခိုက်မှုကြောင့် ၂၀ ထက်မနည်း အပြင်းအထန်ဒဏ်ရာရရှိခဲ့ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေဆဲဖြစ်ပေမယ့် တိုက်ခိုက်ရာမှာ သေနတ်သမား ၁၀ ယောက်ထက်မနည်းပါဝင်တယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။

အဲဒီဒေသဟာ ဆွန်နီနဲ့ ရှိးယိုက်မွတ်ဆလင်မျိုးနွယ်စုတွေအကြား ယခုနှစ်အတွင်း အကြိမ်ကြိမ်ပဋိပက္ခများဖြစ်ပွားခဲ့ပြီး လူမျိုးစုကောင်စီရဲ့ တောင်းဆိုမှုကြောင့် ပဋိပက္ခတွေ လျော့နည်းသွားပေမယ့် ပြီးခဲ့တဲ့လအတွင်းက ခရီးသည်ယာဉ်တန်းတိုက်ခိုက်ခံခဲ့ရပြီး လူ ၁၅ ယောက် သေဆုံးခဲ့ပါတယ်။

Ref:BBC
Photo:AFP/AP

#centralnewsnaypyitaw

image
image
image

တရုတ်လုံခြုံရေးဒုဝန်ကြီးနဲ့ စစ်ကောင်စီလဝကဝန်ကြီး ကူမင်းမှာတွေ့ဆုံ

နိုဝင်ဘာ ၂၃

စစ်ကောင်စီ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးမြင့်ကြိုင်နဲ့ တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေး ဒုတိယဝန်ကြီး မစ္စတာ ရွှီဂန်းလူ တို့ ယူနန်ပြည်နယ် ကူမင်းမြို့မှာ နိုဝင်ဘာ ၂၂ ရက်က တွေ့ဆုံပြီး နယ်စပ်လုံခြုံရေးနဲ့ပတ်သက်လို့ ဆွေးနွေးခဲ့ကြပါတယ်။

တရုတ်မြန်မာနယ်စပ်တကြောကို တိုင်းရင်းသားလက်နက်ကိုင်တွေက ထိန်းချုပ်ထားပြီး တရုတ်ဘက်က နယ်စပ်ဂိတ်တွေကို တင်းတင်းကျပ်ကျပ် ပိတ်ဆို့ထားချိန်မှာ ဒီဆွေးနွေးမှုပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

စစ်ကောင်စီ လဝကဝန်ကြီး ဦးမြင့်ကြိုင်ဟာ တရုတ်နိုင်ငံထဲကတဆင့် မူဆယ် နန်းတော်ဂိတ်ကို ဝင်ရောက်ခဲ့ရပြီး ဌာနဆိုင်ရာတွေနဲ့ နိုဝင်ဘာ ၂၀ ရက်က တွေ့ဆုံခဲ့ပါတယ်။

အဲဒီကတဆင့် ကူမင်းကိုပြန်ပြီး ပြည်သူ့လုံခြုံရေးဝန်ကြီးနဲ့ ဆွေးနွေးကြတာဖြစ်ပါတယ်။

နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် နှစ်နိုင်ငံပူးပေါင်းလုပ်ဆောင်မယ့် ကိစ္စတွေအပြင် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းအတွက် နည်းပညာ ပံ့ပိုးပေးဖို့ကိုလည်း စစ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့က ပြည်သူ့လုံခြုံရေးဝန်ကြီးနဲ့ ဆွေးနွေးခဲ့ကြပါတယ်။

ဝန်ကြီးဦးမြင့်ကြိုင်ဟာ ကူမင်းက နေ လေကြောင်းခရီးနဲ့ ရန်ကုန်ကိုပြန်လာခဲ့ပြီး ရန်ကုန်ကတဆင့် နေပြည်တော်ကို ပြန်မှာဖြစ်ပါတယ်။

Credit - BBC

#သတင်းဟင်းလေးအိုးကြီး

image
image
image
image
21 ပတ် - ဘာသာပြန်ပါ။

သာကေတတွင် ဂတ်စ်ဆိုင် မီးလောင်မှုဖြစ်ပွား

နိုဝင်ဘာ ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ (၃) မာန်ပြေရပ်ကွက်၊ ယမုံနာလမ်းရှိ ဂတ်စ်ဆိုင် တစ်ဆိုင် မီးလောင်မှုဖြစ်ပွားရာ သက်ဆိုင်ရာ မီးသတ်တပ်ဖွဲ့ဝင်များမှ Level - 1 ယာဉ်အုပ်စုများဖြင့် အချိန် (၁)နာရီနီးပါး မီးငြှိမ်းသတ်ခဲ့ရကြောင်း သိရပါတယ်။

ယနေ့ နိုဝင်ဘာ (၂၃) ရက်၊ နံနက် (၁၀)နာရီကျော်ခန့် အချိန်က သာကေတမြို့နယ်၊ ယမုံနာလမ်းတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ သာကေတမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၃)စီး အပါဝင် သက်ဆိုင်ရာ မီးသတ်စခန်းများမှ ထွက်ခွာငြှိမ်းသတ်ခဲ့တယ်လို့ပြောပါတယ်။

ထိုသို့ ထွက်ခွာငြှိမ်းသတ်ခဲ့သော်လည်း မီးလောင်ကျွမ်းမှုများသဖြင့် နံနက် (၁၀)နာရီ (၂၅)မိနစ်အချိန်တွင် Level - 1 ယာဉ်အုပ်စုများ ထွက်ခွာ၍ ဆက်လက် ငြှိမ်းသတ်ခဲ့ရာ နံနက် (၁၀)နာရီ (၃၄)မိနစ်အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး နံနက် (၁၁)နာရီ မိနစ် (၂၀) အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရပါတယ်။

အဆိုပါ မီးလောင်မှု ဖြစ်စဉ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများနှင့် မီးလောင်မှု အကြောင်းအရင်းကို မီးသတ်တပ်ဖွဲ့မှ ဆက်လက်စစ်ဆေးနေကြောင်းသိရပါတယ်။

#centtalnewsnaypyitaw

image
image
image
image
image
21 ပတ် - ဘာသာပြန်ပါ။

ယူနိုက်တက်အတွက် မိမိက မှန်ကန်တဲ့သူလို့ အာမိုရင်ပြော

နိုဝင်ဘာ ၂၃

ပေါ်တူဂီလူမျိုးနည်းပြ အာမိုရင်ဟာ ယူနိုက်တက်အသင်းနည်းပြဘ၀ ပထမဆုံးပြုလုပ်ခဲ့တဲ့ မီဒီယာတွေ့ဆုံမှုမှာ သူဟာ အသင်းအတွက် မှန်ကန်တဲ့သူလို့ ပြောခဲ့ပါတယ်။

အာမိုရင်က "ကျနော်ဟာ အနည်းငယ်စိတ်ကူးယဉ်ဆန်သူဖြစ်ပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိသလို ကလပ်ကိုလည်း ယုံကြည်မှုရှိပါတယ်။ ကျနော်တို့မှာ တူညီတဲ့အယူအဆ၊တူညီတဲ့ခံယူချက်ရှိပြီး ဒါတွေက အသင်းကိုအကူအညီပေးနိုင်မှာပါ။ ကျနော်ဟာ ကစားသမားတွေကို အလွန်ယုံကြည်ပြီး ခင်ဗျားတို့က မယုံဘူးဆိုတာသိပေမယ့် ကျနော်လုပ်ပြမှာပါ။ ကျနော့်ကို နုံအတဲ့သူလို့ခေါ်လို့ရပေမယ့် ကျနော်ဟာ မှန်ကန်တဲ့အချိန်မှာ အသင်းကို ရောက်လာတဲ့မှန်ကန်တဲ့သူလို့ထင်ပါတယ်။ ကျနော်ဟာ မှန်ကန်တဲ့သူဆိုတာ အလွန်ယုံကြည်တယ်"လို့ ပြောခဲ့တာပါ။

အာမိုရင်ဟာ အခုလ အစောပိုင်းကမှ ယူနိုက်တက်အသင်းနည်းပြသစ်အဖြစ် ၂ နှစ်ခွဲစာချုပ်ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။

အာမိုရင်ဟာ စပို့တင်းလစ္စဘွန်းအသင်းကို ကိုင်တွယ်ခဲ့တဲ့ ၄ နှစ်အတွင်းမှာ အောင်မြင်မှုအများအပြားကို ရယူနိုင်ခဲ့တာဖြစ်ပြီး ယူနိုက်တက်အသင်းကိုလည်း ရလဒ်ကောင်းတွေရရှိအောင် လုပ်ဆောင်ပေးနိုင်မယ်လို့ ယုံကြည်နေတာပါ။

အာမိုရင်က ယူနိုက်တက်အသင်း အနေနဲ့ ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်ချင်တယ်ဆိုရင် အပြောင်းအလဲတွေ ယူဆောင်လာရမယ်လို့လည်း ပြောခဲ့ပါတယ်။

အာမိုရင်က "ယူနိုက်တက်မှာ ပွဲတွေကို အနိုင်ယူရမယ်ဆိုတာ ကျနော်သိပါတယ်။ ပရီးမီးယားလိဂ်က ခက်ခဲတဲ့လိဂ်ဖြစ်လို့ အချိန်လိုအပ်ပြီး အမှတ်ပေးဖလားရဖို့ ကြိုးစားတာမှာလည်း ကျနော်တို့ အများကြီး တိုးတက်အောင် လုပ်ရမှာပါ။ အသင်းရဲ့ရုပ်ပိုင်းဆိုင်ရာကို ပြောင်းလဲရမှာဖြစ်ပြီး အချိန်ဘယ်လောက်ကြာမလဲဆိုတာတော့ မသိဘူး"လို့ ပြောခဲ့တာပါ။

အာမိုရင်ဟာ သူ့ကို ပေါ်တူဂီလူမျိုး နည်းပြဖြစ်တဲ့ မော်ရင်ဟိုနဲ့ နှိုင်းယှဉ်တာတွေကို ပယ်ချခဲ့ပြီး မော်ရင်ဟိုက ဥရောပချန်ပီယံဖြစ်ပေမယ့် သူကတော့ ဒီလိုမဟုတ်ဘူးလို့ တုန့်ပြန်ခဲ့ပါတယ်။

ဒါအပြင် အာမိုရင်က သူဟာ ယူနိုက်တက်အသင်းနည်းပြဟောင်း မော်ရင်ဟိုဆီကနေ မက်ဆေ့ချ်ရခဲ့တယ်လို့လည်း ပြောခဲ့ပါတယ်။

အာမိုရင်ဟာ ယူနိုက်တက်အသင်း နည်းပြဘ၀ ပထမဆုံးပွဲစဉ်အဖြစ် နိုဝင်ဘာ ၂၄ ရက်မှာယှဉ်ပြိုင်မယ့် အစ်စဝှစ်ချ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကို စတင်ကိုင်တွယ်သွားမှာ ဖြစ်ပါတယ်။

Source: BBC

ပုံ - နည်းပြ အာမိုရင်ကို တွေ့ရစဉ်

#centralnewsnaypyitaw

image