21 ပတ် - ဘာသာပြန်ပါ။

I'm obsessed 🫶

image
21 ပတ် - ဘာသာပြန်ပါ။

I'm obsessed 🫶

image
21 ပတ် - ဘာသာပြန်ပါ။

I'm obsessed 🫶

image
21 ပတ် - ဘာသာပြန်ပါ။

I'm obsessed 🫶

image
21 ပတ် - ဘာသာပြန်ပါ။

I'm obsessed 🫶

image
21 ပတ် - ဘာသာပြန်ပါ။

I'm obsessed 🫶

image
21 ပတ် - ဘာသာပြန်ပါ။

I'm obsessed 🫶

image
21 ပတ် - ဘာသာပြန်ပါ။

I'm obsessed 🫶

image
21 ပတ် - ဘာသာပြန်ပါ။

I'm obsessed 🫶

imageimage
+6
21 ပတ် - ဘာသာပြန်ပါ။

ချက်နိုင်ငံတစ်ဝန်း အကူအညီလိုအပ်နေသူများအား ကူညီလှူဒါန်းနိုင်ရန် ပရာ့ဂ်မြို့တွင် ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ အလှူဈေးရောင်းပွဲတော် မြန်မာသံရုံးပါဝင်ဆင်နွှဲ

ချက်နိုင်ငံတစ်ဝန်းရှိ အကူအညီလိုအပ်နေသည့် ပြည်သူများအား ကူညီလှူဒါန်းနိုင်ရန် ပရာ့ဂ်မြို့တွင် ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ အလှူဈေးရောင်းပွဲတော်၌ မြန်မာသံရုံးမှ ပါဝင်ဆင်နွှဲ၍ မြန်မာ့ရိုးရာ လက်မှုပစ္စည်းများ၊ ပန်းချီကားများကို ရောင်းချပေးခဲ့ကြောင်း သိရသည်။

ချက်နိုင်ငံ ပရာ့ဂ်မြို့အခြေစိုက် သံရုံးများမှ သံရုံးအကြီးအကဲများ၏ ဇနီး/ခင်ပွန်းများဖြင့် ဖွဲ့စည်းထားသည့် Diplomatic Spouse Association (DSA)၏ အပြည်ပြည်ဆိုင်ရာ အလှူဈေးရောင်းပွဲတော်အား ဒီဇင်ဘာ (၁) ရက်က Prague Congress Centre ၌ ကျင်းပခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဈေးရောင်းပွဲတော်အား ချက်နိုင်ငံ၊ အောက်လွှတ်တော် ဥက္ကဋ္ဌ H.E. Marketa Pekarova Adamova၊ ပရာ့ဂ်မြို့တော်ဝန် H.E. Bohuslav Svoboda၊ ပရာ့ဂ်-၄ မြို့တော် ဝန် H.E. Ondrej Kubin နှင့် DSA ဥက္ကဋ္ဌ Ms. Anne Huisin ga-Paret တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

မြန်မာသံရုံးအနေဖြင့် ပရာ့ဂ်မြို့အခြေစိုက် နိုင်ငံခြား သံရုံးများ၊ အဖွဲ့အစည်းများနှင့်အတူ ချက်နိုင်ငံတစ်ဝန်းရှိ အကူအညီလိုအပ်နေသည့် ချက်ပြည်သူများအား ချက်နိုင်ငံရှိ လူမှုကူညီရေးအသင်းများမှတစ်ဆင့် ထောက်ပံ့လှူဒါန်းနိုင်ရန် မြန်မာ့ရိုးရာ လက်မှုပစ္စည်းများ၊ ပန်းချီကားများကို ရောင်းချခြင်းဖြင့် ပါဝင်ဆင်နွှဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

image